ညက အေအမ်ပီ ချက်ရုန်းမာ စကားပြောကတ်နီကတ်ယင်း ကလိမေသျှေတယောက်က မီးခွန်းတခုမီးလာရေ။ ယကေလေ့ ယင်းအချိန်မာ ချက်ချင်းပြန်ဖြေဖို့မရခဘာ။ ဇာဖြစ်လို့လဲဆိုကေ မီးရေကလိမေသျှေကလေ့ ကြက်ချခုတ်စားထားလားမသိ…အဆက်မပြတ်မီးစွာကတကြောင်း၊ အကျွန့်မာလေ့ လုပ်စရာစိချေ ဟိနီစွာကတကြောင်း၊ အင်္ဂလိပ်စာမတတ်စွာလေ့တကြောင်း…..နန့် အကြောင်းပေါင်းများစွာကြောင့် မဖြေပီးနိုင်ခဘာ။ ဂနိအချိန်ရလို့ သူ့မီးခွန်းကိုအေမာဖြေပီးလိုက်ပါရေ….။
အမီး။ ။ ရခိုင်ပြည်ကို ဗမာတိလေ့တိုက်ခရေ၊ အင်္ဂလိပ်တိလေ့ တိုက်ခရေ။ မုန်းစရာဟိကေ အင်္ဂလိပ်ကိုပါ ဗမာကိုပါ မုန်းရဖို့။ အဂု ရခိုင်တိက အင်္ဂလိပ်ကို မမုန်းဘဲ ဗမာကိုမ ဇာဖြစ်လို့ရွီးပြီးကေ မုန်းကတ်စွာပါလဲ?
အဖြေ။ ။ မသျှေမီးခွန်းကို အစ်ကို ဓါးမြ(၂)ကောင်နန့် ဥပမာသျှေတခု ပြောပြမေ။
ပထမ ဓါးမြတကောင်က မသျှေရို့အိမ်ကို ဓါးမြတိုက်တေ။ ပြီးကေ အဖကိုလေ့သတ်တေ၊ အိမ်ကိုလေ့မီးတိုက်ပစ်ခရေ။ အီးယောင်ကိုလေ့ အားဓမ္မသိမ်းပနာ မိသားစုတခုလုံးကို ပထွီးဘ၀နန့် အုပ်ချုပ်တေ။
နောက်တခါ အိမ်မာ ဘိုးစိုင်ဘောင်ဆက် ကိုးကွယ်ထားရေ ဘုရားကိုလေ့ သူ့အမျိုးတိဟိရေ ရွာကိုပို့ပလိုက်တေ။ အဖိုးသျှင်၊ အဘောင်သျှင်ရို့ကိုလေ့ မတရားသဖြင့် သတ်ပလိုက်တေ။ အိမ်မာဟိသမျှ အမွီအနှစ်တိကို ချင်ပိုင်ဖြုန်းတီးနီကေလေ့ မသျှေရို့အိမ်သားတိကို ထမင်းချေတလုပ်တောင် ၀အောင်မကျွေး….ညီသျှေ၊ ညမသျှေတိ ၀မ်းဆာလို့ ငိုကေ ဆဲရေ၊ သတ်တေ…..နိစိုင်နန့်အမျှ…..။
ဒုတိယ ဓါးမြတကောင်က မသျှေရို့ရွာကို ၀င်ဘနာဓါးမြတိုက်လားခရေ။ မသျှေရို့ မိသားစုလေ့ တရွာသားလုံးခံပိုင် ခံလိုက်ကတ်ရရေ။ ယေလေ့ ယင်းဓါးမြက သူလိုချင်စွာရပြီးစွာနန့် ရွာကပြန်ထွက်လားခရေ….ယင်းချင့်ကတော့ ကြာယာ။
ဒေ ဓါးမြ (၂)ကောင် အကြောင်းကို အသေအချာစိုင်းစားကြည့်ကေ မသျှေမီးရေ မီးခွန်းကို မသျှေကိုယ်တိုင် သိလာပါလိမ့်မေ…..
Free4waddy
tirsdag 17. november 2009
tirsdag 10. november 2009
onsdag 4. november 2009
" လွတ်လပ်ခြင်း" ဖိတ်ခေါ်ကဗျာပြိုင်ပွဲ
၂၂၅ နှစ်မြောက် အဖရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနိန့်အထိမ်းအမှတ်
“လွတ်လပ်ခြင်း” ဖိတ်ခေါ်ကဗျာပြိုင်ပွဲ
# ဇာသူမဆို ၀င်ရောက်ယှဉ်ပြိုင် နိုင်ပါရေ။
# ရခိုင်စာ အရွီးအသား ဖြစ်ရပါဖို့။
# စာမူတိကို ဒီဇင်္ဘာလ(၂၅) ရက် ခရစ်စမတ်နိထိ နောက်ဆုံးထားလို့ လက်ခံလားဘာဖို့။
# ဆုရရေ ကဗျာကို ဒီဇင်္ဘာလ (၃၁)တရက်နိန့် ညဇာဖက် ကြော်ငြာပီးလားဘာဖို့။
# ဆုကြေး မတည်ထားရေဖေ့သာ ၁၀၀ ၀၀၀ ကျပ် (တသိန်းကျပ်)။ (စိတ်ဝင်စားရေလူတိက တတ် နိုင်သလောက် ဖေ့သာထည့်ပီးဂတ်ဖို့ဆိုကေ ဆုငွေပိုလာနိုင်ဘာရေ။ ဆု အမျိုးအစားတိလေ့ ပိုလာ နိုင်ဘာရေ။
ဒုတိယ အဆင့်အနီနန့်…..
အဆင်ပြေရေအချိန်မာ ပြိုင်ပွဲဝင်ကဗျာတိကို စာအုပ်အဖြစ် ထုတ်ဝီလားပါဖို့။
ဒေအစီအစိုင် ပိုပြီးကေအသက်ဝင် ဟြင်သန်လာအောင် ညီအကို မောင်နှမတိအားလုံးကို တတူတူ လက်တွဲလုပ်ကတ်ဖို့ ဖိတ်ခေါ်ဘာရေ။
- လူအား
- ဖေ့သာအား
- အကြံဥာဏ်အားတိ အားလုံးကို စောင့်နီဘာရေ….။
“ရခိုင်စာပီ ပြန်ဟြင်သန်လာရဖို့”
Abonner på:
Innlegg (Atom)
















