lørdag 11. mai 2013

ချစ်လီ၊ ညီလီ၊ စည်းရုံးလီ

ဒေစကားစွာ ရခိုင်လူမျိုးတိ လက်သုံး။ အတိတ်မာလေ့ စည်းလုံးညီညွတ်မှုမဟိလို့ တိုင်းပြည်ပျောက်ခဖူးရေ။ တော်လှန်ရေးသမားတိုင်း၊ နိုင်ငံရေးသမားတိုင်း၊ မျိုးချစ်ပြည်ချစ် ရခိုင်လူမျိုးတိတိုင်း ပြောကတ်တေ။ တချို့က ပြောကတ်တေ ရခိုင်တိညီညွတ်ကေ တိုင်းပြည်တ၀က် ရယာလတ်။ ယကေလေ့ ယင်းညီညွတ်ရေးကို တယောက်လေ့ ထထိရရောက်မလုပ်နိုင်ကတ်သိမ့်။ တချို့ဂေါင်းဆောင်တိ ကြိုးစားဖူးခကတ်တေ။ ယကေလေ့ ယင်းညီညွတ်ရေးစွာ သန္ဓေတည်ရေလောက်ကပင် မျိုးရိုးဗီဇမှန်ခလို့ (၉၆)ပါးရောဂါနန့် မွီးပါလတ်တေ။ ရခိုင်ပြည်သူ ပြည်သားတိ ဆန္ဒမဟိဘဲနန့် NGO အလိုကျ လုပ်လိုက်ရရေ အမျိုးသားညီညွတ်ရေးဖြစ်လို့ တာဟြည်မခံခစွာဖြစ်တေ။ လုပ်ခရေလူတိကို အပြစ်ပြောစွာမဟုတ်။ အဖြစ်အပျက်တိထဲက သင်ခဏ်းစာယူစရာကို ထောက်ပြစွာရာဖြစ်တေ။ စည်းရုံးရေး၊ ညီညွတ်ရေးဆိုစွာကို လူကြားကောင်းအောင် ပြောနီကတ်ရုံလောက်နန့် အလုပ်မဖြစ်။ ပါးစပ်ကပြောရေပိုင် လက်တွိလေ့အကောင်အထည်ဖော်ဖို့လိုရေ။ မဟုတ်ကေ တခါလေ့ ရလီဖို့မဟုတ်။ ယပြီးကေ ဒေနိအချိန်မာ ပိုလို့အရေးကြီးစွာတခုက တပါတီနန့် တပါတီ၊ တဖွဲ့နန့်တဖွဲ့ သပုပ်လီလွင့်တိုက်ခိုက်နီကတ်စွာတိကို ရပ်သင့်ယာ။ ကိုယ့်အတွက်လေ့အကျိုးမဟိ၊ အများအတွက်လေ့ အကျိုးမဟိဆိုကေ ယင်းစကားတိကို မပြောစွာအကောင်းဆုံး။ ဆွေးနွေးကတ်တေအခါ Compromise တိကို အတက်နိုင်ဆုံး လျှော့ချဖို့၊ ရှောင်ရှားဖို့လိုရေ။ ငါလိုချင်စွာ၊ ငါဖြစ်ချင်စွာကိုရမှ စကားပြောဖို့ ဆွေးနွေးဖို့ဆိုရေ မလိုအပ်တေ အတ္တ၊ မာနတိကို ခ၀ါချဘနာ အမျိုးသားအကျိုးစီးပွါးကို ကာကွယ်ဖို့ဆိုရေ အခြီခံရပ်တည်ချက်မာ ရပ်တည်ဖို့လိုပါလတ်တေ။ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းမာ ပါတီကွဲ၊ အဖွဲ့အစည်းကွဲတိဟိကတ်တေ။ ယကေလေ့ အမျိုးသားအကျိုးစီးပွါးကို ကာကွယ်ရေနီရာမာ ဘုံရပ်တည်ချက်တခုနန့် အလုပ်တွဲလုပ်လို့ရကတ်တေ။ ဒေနီရာမာ အထက်ကပြောလားခရေ Compromise နန့် မတူရေချဉ်းကပ်မှုတခုကို တရုတ်ဂေါင်းဆောင်ကြီး မော်စီတုံးကျင့်သုံးလားခစွာတခုကို သတိထားမိရေ။ ဂျပန်ကို တိုက်ဖို့အတွက် မော်စီတုံးဦးဆောင်ရေ တရုတ်ပြည်ကွန်မြူနစ်ပါတီနန့် ရှန်ကေချိတ်ဦးဆောင်ရေ ကူမင်တန်ပါတီ ပူးပေါင်းဖို့လိုပါလတ်တေခါ မော်စီတုံးက - ပြည်တွင်းစစ်ကို ရပ်စဲဖို့၊ ဒီမိုကရေစီလွတ်လပ်မှုတိပီးဖို့၊ အမျိုးသားညီလာခံကျင်းပဖို့၊ ဂျပန်ကိုခုခံဖို့အတွက် အယင်ဆုံးပြင်ဆင်ဖို့နန့် ပြည်သူတိ နီထိုင်မှုဘ၀ကောင်းမွန်အောင်လုပ်ပီးဖို့ ဆိုရေဂတိ(၅)ချက်ကို မင်းရို့လုပ်ပီး။ ငရို့ဖက်ကလေ့ နိုင်ငံရေးအာဏာ(၂)ရပ် အတိုက်အခံဖြစ်နီစွာတိကို ပါယ်ဖျက်ဖို့၊ တပ်နီတော်ကိုလေ့ နာမေပြောင်းဖို့၊ တော်လှန်ရေးအခြီခံဒေသတိမာ ဒီမိုကရေစီစနစ်သစ်ကျင့်သုံးဖို့၊ မြီရှင်တိပါးက မြီယာတိသိမ်းယူထားစွာတိကို ရပ်တံ့ဖို့ဆိုဘနာ ဂတိ(၄)ချက်ပီးရေ။ ဒေချင့်စွာ စည်းလုံးရေး၊ ညီညွတ်ရေးအတွက် တခြားလူမျိုးတိ ဇာပိုင်လုပ်ခကတ်လဲဆိုစွာတိထဲက ဥပမာချေတခုရာဖြစ်တေ။ တခြား အစ္စရေးက ဂျူးတိမာလေ့ ဟာဂါးနားတပ်ဖွဲ့၊ အိုင်ယာဂန်တပ်ဖွဲ့တိကြားမာ အာရပ်တိရန်ကိုကာကွယ်ဖို့ အပီးအယူလုပ်ခကတ်ရစွာတိဟိရေ။ ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိကို စေတနာအမှန်နန့် ငရို့ရခိုင်အဖွဲ့အစည်းတိ၊ ပါတီတိ ညီညွတ်ဖို့လိုယာ ဆိုစွာကို အပြောသက်သက်မဟုတ်ဘဲ အလုပ်နန့်လက်တွိလုပ်ကတ်ဖို့ဆိုကေ (၃) နှစ်ဆိုရေ အချိန်တောင် ကောင်းကြာဖို့လားမသိထင်ရေ။ ရခိုင်ပြည်က လူရိုသေ၊ သျှင်ရိုသေ အဖွဲ့ချေတဖွဲ့ ဖွဲ့ဘနာလုပ်ကေ ရခိုင်လူမျိုးတိုင်းလိုချင်တောင့်တနီရေ ညီညွတ်ရေးကို မရနိုင်ဆိုစွာမဟိ။ နော်ဝေးလူမျိုးတိမာ စကားပုံတခုဟိရေ။ အဓိပ္ပါယ်ကတော့ “အလုပ်တခုခုလုပ်ဖို့ဆိုကေ ယင်းအလုပ်ထဲကို ခြီချေတလှမ်း အယင်ဝင်ကြည့်လိုက်ပါ” လတ်။ ရခိုင်သားတိလေ့ ညီညွတ်ရေးကိုလိုချင်ရေဆိုကေ ညီညွတ်ရေးအလုပ်ထဲကို ခြီချေတလှမ်း စ၀င်လိုက်ကတ်ပါ။ အားလုံးညီညွတ်လာကတ်ပါလိမ့်မေ။ Free4waddy

Read more...

mandag 15. april 2013

အားကေ စာဖတ်ကတ်

ဂိုးဘဲလ်ဆိုရေလူစွာ အငယ်ချေကပင် သသွက်လလက်နန့် ဥာဏ်ပညာလေ့ ထက်မြက်တေ။ ယကေလေ့ အသက်(၅)နှစ်သားလောက်မာ ကံဆိုးမိုးမှောင်ကျဘနာ လီငန်းလိုက်လားပြီးကေ ခွဲစိတ်ကုသမှုခံလိုက်ရရေ။ ဆီးပညာတိကလေ့ ဂနိအချိန်ခါပိုင် မတိုးတက်သိမ့်ရေအတွက် ယင်းခွဲစိတ်ကုသမှုကြောင့် ဘယ်ဖက်ခြီထောက်စွာ ညာဖက်ခြီထောက်ထက် (၄)လက္မ တိုလားခဘနာ ထော့ကျိုးဘ၀ကို နိချင်းရက်ချင်းရောက်လားခရေ။ ယင်းပိုင် ထော့ကျိုးဘ၀ကိုရောက်လားခရေအတွက် ကျောင်းမာ အပေါင်းအသင်းတိကြားထဲမာ အနှိမ်ခံဘ၀နန့် ပေါင်းဖို့သင်းဖို့လူမဟိ။ နောက်ဆုံး အကို(၂)ယောက်တောင် သူ့ကြောင့်မျက်နှာငယ်ရရေဆိုဘနာ အပေါင်းအသင်းမလုပ်ကတ်။ ယကေလေ့ ဂိုးဘဲလ်မာ မိတ်ဆွေအစစ်တိကို ဟြာလို့တွိခီရေ။ ယင်းမိတ်ဆွေအပေါင်းအသင်းတိစွာ သက်ဟိလူတိတော့မဟုတ်။ သက်မဲ့စာအုပ်တိဖြစ်တေ။ သူစွာတချိန်လုံး ထပ်ခိုးအခန်းချေထဲမာနီဘနာ တချိန်လုံးစာဖတ်တေ။ တွိသမျှစာအုပ်၊ ရသမျှစာအုပ်၊ စာအုပ်ဆိုကေ ဇာစာအုပ်ပင်ဖြစ်ဖြစ် အားလုံးကိုဖတ်တေ။ စွယ်စုံကျမ်းတိကို အစကနီအဆုံးထိ ရွီလို့မရအောင် အခေါက်ပေါင်းအများကြီးဖတ်တေ။ ယင်းပိုင်နန့် သူစွာရေ ဒုတိယကမ္ဘာစစ်အတွင်းမာ ဟစ်တလာမဟိဘဲ ဂိုးဘဲလ်ဆိုရေလူ ဟိနိုင်ဖို့မဟုတ်ပိုင် ဂိုးဘဲလ်မဟိဘဲနန့်လေ့ ဟစ်တလာဆိုစွာ ဒေလောက်ထိ ဘုန်းတဂိုးကြီးလီဖို့မဟုတ်လို့ ပြောရလောက်အောင် နာဇီပါတီမာ စည်းရုံးရေး၊ ၀ါဒဖြန့်ချီရေး၊ ပြန်ကြားရေးဝန်ကြီးအဖြစ်နန့် ဂျာမဏီမာ ဟစ်တလာပြီးကေ အတော်ဆုံးလူတယောက်ဖြစ်တေ။ အကျွန့်ကိုယ်တွိအဖြစ်အပျက်ချေတခုကို ထပ်လို့တင်ပြရဖို့ဆိုကေ အကျွန်တပ်ပေါင်းစုတခုမာ တာဝန်ထမ်းဆောင်နီခရေအချိန်က လူမျိုးစုချေတခုကို တပ်ပေါင်းစုမာ အဖွဲ့ဝင်အဖြစ်သွင်းဖို့အတွက် တပ်ပေါင်းစုအဖွဲ့ဝင်ဂေါင်းဆောင်တယောက်က စကားကြုံ(ပွဲစားလုပ်ဘနာ) ယူလာလတ်တေ။ ယင်း Agenda ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမာ အဆိုတင်သွင်းရေ။ ယေခါ ယင်းလူမျိုးစုချေနန့် သက်ဆိုင်ရေလူမျိုးစုက ယင်းလူမျိုးစုချေစွာ ငရို့လူမျိုးရာဖြစ်တေဆိုရေအကြောင်းကို သမိုင်းအချက်အလက်နန့် ချက်ကျလက်ကျ ပြန်လို့ချေပလိုက်နိုင်ရေအတွက် ယင်းလူမျိုးစုချေကို အဖွဲ့ဝင်အဖြစ် လက်မခံဖို့ သဘောထားကျလားရေ။ အဆိုတင်သွင်းလာရေလူထက် ပြန်လို့ချေပရေလူစွာ စာတိအများကြီးဖတ်ထားလို့၊ အတွိအကြုံဗဟုသုတများလို့ ကိုယ်ဖြစ်စီချင်စွာကို ဖြစ်အောင်လုပ်နိုင်လိုက်စွာဖြစ်တေ။ အကျွန်ရို့ ရခိုင်လူမျိုးတိအနီနန့် အထက်မာဖော်ပြခရေပိုင် အဖြစ်အပျက်ချေတိ တနိန့်မဟုတ်ကေတနိန့် အောက်သား(သို့)ကုလားတိနန့် ပြောကိုပြောလာကတ်ရဖို့။ ယင်းဇူးနန့် အကျွန်ရို့တိ ယင်းသူရို့တိထက်ပိုလို့ သိထား၊ တတ်ထားဖို့လိုရေ။ ယင်းပိုင် ယှဉ်လို့မပြောနိုင်ခလို့ ဘင်္ဂလားပင်လယ်အော် တပိုင်းပဲ့ပါလားခယာ။ ဒေတခါဆိုကေ ရခိုင်ပြည်ပါပျောက်လားနိုင်ရေ။ ဒေမာဟိရေ ညီအကိုမောင်နှမတိကို အားရေအချိန်တိမာ စာဖတ်ကတ်ဖို့ တိုက်တွန်းချင်ဘာရေ။ အမိ၊ အဖတိကိုလေ့ အချေတိကို စာဖတ်ဖို့အကျင့်ဟိလာအောင် လေ့ကျင့်ပီးကတ်ပါ။ ကာတွန်းစာအုပ်၊ ၀ထုစာအုပ်ဖတ်ကေ ရည်းစားထားဖို့တတ်တေဆိုရေ စုတ်ပီစုတ်ပက် အတွေးအခေါ်တိကို ဂုကပင်စလို့ ဂေါင်းထဲက ထုတ်ပလိုက်ကတ်ဖိ။ Free4waddy

Read more...

søndag 20. januar 2013

ငရို့ အိမ်ပြန်ဂတ်ရဖို့

ဂနိ ကမ္ဘာကြီးမာ Globalization ခေတ်စားနီရေ။ ယင်း Globalization ကြောင့် ယိုင်ကျေးမှုတိကအစ အပြန်အလှန် ရောထွီးယှက်တင်ဖြစ်ပါလတ်ကတ်တေ။ ဒေချင့်စွာ သဘာဝရီစီးကြောင်း၊ ခေတ်ရီစီးကြောင်းဖြစ်တေအတွက် တယောက်လေ့ ဟန့်လို့မရ။ ဖြစ်ပျက်နီရေလောကထဲမာ ကိုယ်ရို့အတွက် အကျိုးအပြစ်၊ အဆိုးအကောင်း စိစစ်ဘနာ ယူသုံးတတ်ဖို့ရာလိုရေ။ ယေဘူယျပြောရဖို့ဆိုဂေ အနောက်တိုင်းယိုင်ကျေးမှုတိ အဟြိဖက်ကို အသာအသာရောက်ပါလတ်ကတ်တေ။ Happy Birthday, Happy New Year, Marry Christmas, Valentine day အစ….အစ ဟိရေ ယိုင်ကျေးမှုတိ ရီပန်းစားပါလတ်တေ။ ဒေချင့်တိကို ကောင်းရေ၊ ဆိုရေ မဝေဖန်ချင်။ ပြုလုပ်တေ ကာယကံသျှင်၏ စိတ်မာမူတည်နီစွာဖြစ်လို့ ကိုယ့်ကြောင့်လူများတိအပျော်ကို မဖျက်ဆီးပစ်ချင်။ ယကေလေ့ ဒေနီရာမာ လူအများစု သတိမထားမိ၊ သတိထားမိကေလေ့ လူအများသိအောင်မချပြ၊ မရွီးပြသိမ့်ရေ ယိုင်ကျေးမှုတခုဟိသိမ့်ရေ။ ယင်း ယိုင်ကျေးမှုစွာ ဒေနိအကျွန်ရို့လူမျိုး၊ လူမှုအသိုင်းအ၀ိုင်းအတွက် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ပယောဂတိကြောင့် လုပ်ကိုလုပ်ရဖို့ ပွဲတောင်းပါလတ်တေ။ ယကေလေ့ အထက်မာပြောခရေ ပွဲချေတိ၊ ပါတီချေတိကို တရက်နှစ်ရက်ကြိုတင်ပြင်ဆင်လိုက်ကေ ဖြစ်နိုင်ကေလေ့ ဒေဂုအကျွန်ပြောဖို့ အလုပ်ကတော့ အနည်းဆုံးတနှစ်လောက် အချိန်ယူပြင်ဆင်မ အဆင်ပြေနိုင်ဖို့။ စကားပလ္လင်ခံစွာ များလားယာလားမသိ။ ပြောမေဖိ ယကေး) အနောက်တိုင်းယိုင်ကျေးမှုမာ မွီးနိတိ၊ ခရိစမတ်ပွဲတော်၊ နှစ်သစ်ကူးနိတိစွာ သူရို့အတွက် ကဂေါင်းအရေးကြီးရေ နိထူးနိမြတ်တိဖြစ်တေပိုင် ယင်းချင့်တိနန့် နောက်ဆက်တွဲကတ်ပါလာစွာက အနောက်နိုင်ငံသားတိစွာ ကမ္ဘာကြီးဇာနီရာကိုပင် ရောက်နီလီပတ်စီ ခရိစမတ်ပွဲတော်ကျဂေ ကိုယ့်အိမ်ကိုရောက်အောင်ပြန်ဂတ်တေ။ (လုံးဝ အလုပ်မအား၊ ခွင့်ယူလို့မရရေလူကလွဲဂေ) ဒေယိုင်ကျေးမှု အလေ့အထကို အကျွန်ရို့တယောက်လေ့ မယူနိုင်ကတ်သိမ့်။ အများစုက ယူနိုင်ကတ်တေ အခြေအနေမာလေ့ ဟိလီဖို့မထင်။ အိမ်ကထွက်လားခရေဆိုရေ လိပ်ကိုရီမာလွှတ်လိုက်တေပိုင် ပြန်ပေါ်မလာဂတ်စွာက များရေ။ အကျွန်ကိုယ်တိုင် နှစ်ပေါင်း(၂၀)ကျော်လားခယာ။ အိမ်တခေါက် မပြန်နိုင်ရေ ဘ၀။ မပြန်နိုင်စွာကို ပြန်နိုင်အောင်၊ မဖြစ်နိုင်စွာကို ဖြစ်လာနိုင်အောင် အကျွန်ရို့တော်လှန်ဂတ်ရဖို့အချိန်ကျလာယာ။ အကျွန်ရို့ ဒေပိုင်အိမ်မပြန်နိုင်ဂတ်လို့ လူမျိုးခြားတိဘားမာ မတရားအနိုင်ကျင့်ခံလိုက်ကတ်ရရေ၊ ခံနီဂတ်ရရေ ဆိုရေအသိတိကို ဂေါင်းထဲမာ ငယက်ဂေါင်းသံမှိုကို ဆယ်ပေါင်တူနန့်ထုဘနာ သွင်းထားဂတ်ရဖို့ အချိန်ကိုရောက်ပါလတ်ယာ။ ဒေချင့်က နိုင်ငံရေးအပိုင်းဖြစ်တေ။ လူမှုရေးအရ ပြန်ကြည့်ကေလေ့ ကိုယ့်ပြည်၊ ကိုယ့်ရွာပြန်ရောက်လားခလို့ မိဖ၊ ညီအစ်ကို၊ မောင်နှမတိ၊ အမျိုးတိ၊ သငယ်ချင်းမိတ်ဆွေတိနန့် ပြန်တွိကတ်ရဖို့ ဆိုရေ ခံစားမှုစွာ တခုနန့်လေ့ ဖလို့မရ။ စိတ်ကူးကြည့်မိစွာနန့်ပင် ဖော်ပြဖို့မတတ်အောင် ကြည်နူးမိရေ။ ဖေ့သျှာဆိုစွာ လက်နှစ်ချောင်း၊ ခြီနှစ်ချောင်း အကောင်းဟိဂေ ဟြာလို့ရရေ။ မိဖ၊ ညီအကိုမောင်နှမတိ၊ အမျိုးတိ၊ သငယ်ချင်းမိတ်ဆွေတိဆိုစွာ ဆုံးယှုံးလားဂေ ပြန်ဟြာလို့မရ။ စီးပွါးရေးအမြင်အရ ကြည့်ဂေလေ့ အကျွန်ရို့တိ နိုင်ငံခြားမာဟြာလို့ရလာရေဖေ့သျှာတိကို ရခိုင်ပြည်မာ ပြန်သုံးရေဆိုလောက်ကပင် ရခိုင်ပြည်စီးပွါးရေးအတွက် တဖက်တလမ်းက အထောက်အကူပြုစွာဖြစ်တေ။ လမ်းဘေးမာ မုန့်တီချေတခွက်သောက်လိုက်ကေလေ့ မုန့်တီသည်မအတွက် အမြတ်ရရေ။ နိုင်ငံတကာမာ ခရီးလားလုပ်ငန်းတိက နှစ်စိုင်ဒေါ်လာဘီလီယံနန့်ဝင်နီဂတ်စွာရေ ဒေချင့်တိကဖြစ်တေ။ အကျွန်ရို့ တနှစ်မာ အယောက် (၁၀၀၀) ပြန်ဘနာ တယောက်ကို ဒေါ်လာ (၁၀၀)ဖိုးရာ ရခိုင်ပြည်မာ သုံးပစ်ခ။ ရခိုင်ပြည်အတွက် ဒေါ်လာ တသိန်းကျန်ခဖို့။ ဒေချင့်စွာ ဖေ့သျှာစီးပွါးရေးအရ အကျိုးအမြတ်သိမ့်။ တခြား နည်းပညာတိ၊ အတွိအကြုံတိ အများကြီးဟိသိမ့်ရေ။ ကိုယ်လုပ်ပီးနိုင်ဂေ လုပ်ပီးနိုင်သလောက် ကိုယ့်ပြည်ကိုယ့်လူမျိုးအတွက် အကျိုးဟိရေ။ ယင်းဇူးနန့် အကျွန်ရို့ ၀ါကျွတ်ခါပင်ဖြစ်ဖြစ်၊ သင်္ကြန်ကျခါပင်ဖြစ်ဖြစ်၊ နိကြီး၊ ရက်ကြီး တရက်ရက်မာ အိမ်ပြန်လည်သင့်ရေ။ ယင်းပိုင်လားလည်ဖို့အတွက် အထက်မာပြောခရေပိုင် အချိန်ယူဘနာ အစီအစိုင်နန့်လုပ်ကေ လူတိုင်းအတွက် ဖြစ်နိုင်ရေ။ မဖြစ်နိုင်ဆိုစွာ မဟိ။ မဖြစ်နိုင်ဆိုရေ ဝေါဟာရစွာ ငပျင်းတိအတွက် ဖန်တီးပီးထားရေ ဆင်ခြီရာဖြစ်တေ။ အကျွန်(၂)နှစ်အတွင်းမာ ရောက်အောင်လားလည်ဖို့ အစီအစိုင်ဆွဲထားရေ။ တတည့်ဝင်လို့မရဂေ စောင်းဂန်းဝင်ဖို့။ ရောက်အောင် လားဖို့။ မိတ်ဆွေရို့လေ့ ပြန်လို့ အလည်လားနိုင်အောင် စီစိုင်ဂတ်စီချင်ဘာရေ။ အဖရခိုင်ပြည်မာ အားလုံးအတူတူ ပပျော်ဟဟြွင် ပြန်တွိဂတ်ပါမေ။ ငရို့ အိမ်ပြန်ဂတ်မေ……………….. Free4waddy

Read more...

søndag 30. september 2012

အကျွန်နန့် အရက်

အမှန်တရားဆိုစွာ ဖုံးထား၊ ၀ှတ်ထားလို့ရရေ အမျိုးမဟုတ်။ ရကေလေ့ တချက်ချေရာ။ နောက်တခုက သူများကိုရာ လိမ်လို့ရချင်ကေ ရဖို့။ ကိုယ့်စွာကိုယ် တခါလေ့ လိမ်လို့မရ။ အကျွန်ပဌမဆုံး အရက်ကိုစသောက်ဖူးစွာ (၄)တန်းနှစ်ကထင်ရေ။ သင်္ကြန်တရက်မာ အစ်ကိုဝမ်းကွဲတိ တိုက်လို့အရက်ကို ပဌမဆုံးစသောက်ဖူးရေ။ နောက် (၁၀)တန်းနှစ်လောက်မာ အပေါင်းအသင်းတိနန့် ခိုးကြောင်ခိုးဝှတ် သောက်တတ်လာရေ။ ကြိုတင် အချိန်းအချက်လုပ်ဘနာ အိမ်ကမသိအောင် ဆိုင်တိမာ ခိုးသောက်ဖို့တတ်လာရေ။ အရက်သောက်မ လူရာဝင်ရေ၊ အပေါင်းအသင်းဆန့်ရေ၊ ခေတ်မှီရေဆိုရေ အတွေးအခေါ်တိက ခေတ်ရီစီကြောင်းနန့်အညီ ၀င်ပါလတ်တေ။ ပတ်ဝန်းကျင်မာလေ့ ယင်းအတိုင်းဖြစ်နီရေ။ ယင်းချင့်ထက် တဆင့်ပိုတက်လာစွာက အိမ်ကထွက်လာရေ၊ ရခိုင်ပြည်ကထွက်လာရေနောက်ပိုင်းမာ ပိုဆိုးလာရေ။ ဘ၀မာ ဖြစ်ချင်ခရေစွာတခုကို မဖြစ်နိုင်ယာလို့ သိလိုက်ရရေအချိန်(၁၉၉၅ လောက်မာ) ‘ဘ၀မာ ဖြစ်ချင်စွာမဖြစ်ကေ….ဖြစ်ချင်စွာ ဖြစ်လီဖိ..’ ဆိုဘနာ ဘ၀ကို အလိဇီထိုးဘနာ အလျှော့ပီးပလိုက်တေပိုင်ဖြစ်လားခါ အရက်သောက်တေအရှိန်က ဒီဂရီအမြင့်ဆုံးကိုရောက်လားရေ။ ပြောဆိုဆုံးမဖို့လူမဟိ။ ကိုယ်က အဖော်မညှိကေ သူကအဖော်လာညှိရေ..သူမလာကေ ကိုယ်လားခေါ်ရေ။ မိတ်ဆွေအပေါင်းအသင်းတိနန့် ယင်းပိုင် ဘတပြန် ကျားတပြန် စိတ်ဟိတိုင်း လွတ်ချင်ပိုင်လွတ်ပလိုက်စွာ နောက်ဆုံးအရက်သမားဘ၀ ရောက်လားခရေ။ မသောက်ရကေ လက်တိခြီတိ တုန်ရေအဆင့်ထိရောက်လားရေ။ မိတ်ဆွေအပေါင်းအသင်းတိကြားမာ ယစ်ဖွေ ဆိုရေအကြည့်မျိုးတိနန့် အကြည့်ခံရရေ။ ရခိုင်မိတ်ဆွေတိက ယူကျုံးမရ၊ အားမရရေ လီသံတိနန့် တွိကေတွိရေနီရာမာ ပြောဆိုဆုံးကတ်တေ။ ယကေလေ့ သူရို့ဆုံးမစွာတိ ဘယ်ဖက်နားက၀င်ကေ ညာဖက်နားက ပြန်ထွက်လားခရေ။ ယင်းပိုင်သောက်ပါလတ်တေ အခြေအနေက ပတ်ဝန်းကျင်အသစ်၊ နီရာအသစ်တခုကိုရောက်ပါလတ်တေ အချိန်မာ အတုယူဖို့ကောင်းရေအကျင့်ချေတခုကို ယင်းသူရို့တိဘားမာ ဘွင်းခနဲတွိလိုက်ရရေ။ ဒေနီရာသစ်ကိုရောက်တေ အချိန်ထိ အကျွန်စွာ ညဥ့်တိုင်းဝီစကီသောက်တေ။ တရက်ကို ပျမ်းမျှဝီစကီ တအာဒါလောက် သောက်တေ။ ကျောင်းတက်ကေလေ့ သောက်တေ။ အလုပ်လုပ်ကေလေ့ သောက်တေ။ ပျက်တေနိလို့မဟိ။ ကျောင်းတက်၊ ကျောင်းကပြန်ကေ အရက်ဆိုင်ကိုဝင်၊ ၀ီစကီ တအာဒါ (သို့) တပုလင်းဝယ်၊ အိမ်ပြန်ရောက်ကေ ကျောင်းကပီးရေအိမ်စာတိလုပ်ပြီးစွာနန့် အသောက်လုပ်ငန်းစရေ။ ယင်းပိုင်နိန့်စိုင်နန့်အမျှသောက်လာရေ ယစ်ဖွေ ၂၀၁၀ခုနှစ်မာ လုံးဝစတိုင်လ်ပြောင်းပလိုက်တေ။ တနည်းပြောရကေ သောက်နှုန်း တပါတ်မာ (၇)ရက်သောက်နီစွာက (၂)ရက်ထိ လျှော့ချပလိုက်တေ။ ဒေချင့်စွာ အဂုနားက အကျွန်ပြောခရေ ကျနော့်လက်ဟိပါတ်ဝန်းကျင်က အတုခိုးယူလိုက်စွာ။ အနောက်တိုင်း ယိုဉ်ကျေးမှုလို့ ပြောကေလေ့ရရေ။ ဒေသူရို့တိစွာ အလုပ်ကိုလုပ်တေအချိန်မာ အလုပ်ကိုကြိုးစားပြီးကေ နားရေအချိန်မာလေ့ တန်အောင်စည်းစိမ်ခံစားကတ်တေ။ ဇိမ်ခံကတ်တေ။ တနင်္လာကပင် သောက်ကြာနိန့်ထိ အလုပ်လုပ်တေ။ သောက်ကြာနိန့်ညစာသားရောက်တေ၊ အလုပ်ချိန်ပြီးယာဆိုစွာနန့် ကိုယ်ပိုင်အချိန်မာ လလွတ်လလပ်ဇိမ်ခံရေ။ အရက်သောက်ကတ်တေ၊ ၀ိုင်သောက်ကတ်တေ၊ ဘီယာသောက်ကတ်တေ။ ကိုယ်ကြိုက်စွာကိုယ်သောက်ကတ်တေ။ အလုပ်လုပ်တေရက်တိမာ မသောက်ကတ်။ အကျွန်ယင်းအကျင့်ကို အတုခိုးယူလိုက်တေ။ ယင်းဇူးနန့် အကျွန်ဖေ့သာ ဇာလောက်သက်လာလားလဲဆိုကေ တရက်ကို (၁၀၀) နှုန်းနန့်တွက်ကေတောင် တလအတွက် (၃၀၀၀) သက်သာလားရေ။ ကိုယ့်စွာကိုယ် ယုံကြည်မှု ပိုရလားရေ။ ကိုယ့်လူမျိုးတိအတွက် ကောင်းရာကောင်းကြောင်း လုပ်ပီး၊ ပြောပီး၊ ရွီးပီးနိုင်ဖို့ ပိုအချိန်ရလာရေ။ အရက်ကြိုက်တတ်တေ၊ အရက်သောက်နီရေလူတယောက်ကို လုံးဝမသောက်ကေ့လို့ ပြောစွာရေ လက်တွိမကျရေပိုင် ဖြစ်လေ့ကောင်းမဖြစ်နိုင်။ အခန့်မသင့်ကေ အဆဲတောင်ခံရနိုင်ရေ။ ယင်းဇူးနန့် အကျွန်က မသောက်ကေ့လို့မပြော။ သောက်ကတ်၊ အကျွန်သောက်တေပိုင် သောက်ကတ်၊ အလုပ်လုပ်တေနိတိမာ မသောက်ကေ့၊ အလုပ်အားရေနိန့်တိမာ အီးလို့ပပျော်ပပါး သောက်ကတ်လို့ အကြံပြုချင်ရေ။ အကျွန်ပြောရေ အစီအစိုင်ကို ရခိုင်သားထဲက တယောက်လိုက်နာကေ တယောက်အတွက် အကျိုးဟိရေ။ ရခိုင်သားတိုင်းလိုက်နာကေ ရခိုင်တပြည်လုံးအတွက် အကျိုးဟိဖို့။ ယကေလေ့ အထက်ဆုံးမာ အကျွန်ပြောခရေပိုင် “ လူများကို လိမ်လို့ရရေ၊ ကိုယ့်စွာကိုယ် မလိမ်ကတ်ပါကေ့” Free4waddy

Read more...

torsdag 27. september 2012

လစ်ဘရယ်ဝါဒ

လစ်ဘရယ်ဝါဒစွာ ပုံစံအမျိုးမျိုးဟိရေ - (၁) ကိုယ်နန့်သိရေလူ၊ တရွာတည်းသား၊ ကျောင်းနီဖက်၊ ရင်းနှီးရေမိတ်ဆွေ၊ ချင်ခင်ရေလူ၊ လုပ်ဖော်ကိုင်ဖက်ဟောင်း၊ လက်အောက်ငယ်သားဟောင်းဖြစ်နီလို့ သူရို့တိမှားနီမှန်းသိဂေလေ့ မူအရ ငြင်းခုံဆွေးနွေးစွာတိမလုပ်ဘဲ အအီးချချမ်းနန့် မိတ်မပျက်အောင်ဆိုဘနာ မသိကွန်ဆောင်နီခြင်း။ အပြတ်မဖြေယှင်းဘဲ ဟုတ်ရူဘရူလောက်ရာဖြေယှင်းခြင်း။ ဒေပိုင်လုပ်စွာတိရေ အဖွဲ့အစည်းအတွက်တင်မက လူတယောက်ချင်းစီအတွက်ပါ အကျိုးယုတ်စီရေ။ (၂) အဖွဲ့အစည်းကို တတက်ကကြွအကြံမပီးဘဲ ကွယ်ရာမာ ဘရဗရီဝေဖန်ရေ၊ ဟြိမာ မပြောဘဲ ကွယ်ရာမာ ပေါက်ကရပြောရေ၊ အစည်းအဝေးမာ မပြောဘဲ အစည်းဝေးပြီးမ ပြောရေ၊ ပူးပေါင်းလုပ်ကိုင်စွာတိကို အရေးမထားဘဲနန့် ကိုယ်ထင်စွာလျှောက်လုပ်တေ။ (၃) ကိုယ်နန့်မဆိုင်ဆိုဘနာ ဘေးချိတ်ထားလိုက်တေ။ မှားမှန်းသိကေလေ့ တတိန်းချေနီကေ အပြစ်လွတ်တေဆိုရေသဖောနန့် နီတတ်တေ။ နတ်ယောင်ဂါး၊ လပါးဝဘနာ အန္တရာယ်ကကင်းနန့် အမှားလွတ်အောင် ရှောင်နီတတ်တေ။ (၄) အမိန့်ကို မနာခံတတ်ဘဲ ကိုယ့်ထင်မြင်ချက်ကိုရာ ဦးစားပီးလုပ်တတ်တေ။ အဖွဲ့အစည်း၏ ပြုစုစောင့်ယှောက်မှုကိုရာလိုလားဘနာ အဖွဲ့အစည်း၏ စည်းကမ်းတိကို မလိုက်နာ။ (၅) ညီညွတ်ဖို့၊ တိုးတက်ဖို့နန့် လုပ်ငန်းတိကောင်းကောင်းလုပ်နိုင်ဖို့အတွက် မှားနီရေထင်မြင်ချက်တိကို တိုက်ခိုက်ငြင်းခုံရဖို့တပ်စား ပုဂိုလ်ရေးအရ တိုက်ခိုက်တေ၊ အလိဇီထိုးရေ၊ အငြိုးနန့်လုပ်တေ၊ လက်စားချေဖို့ကြံရေ။ ဒေချင့်စွာ ပဉ္စမအမျိုးအစားဖြစ်တေ။ (၆) မမှန်ရေပြောသံတိကို ကြားနီရကေလေ့ ပြန်မပြော။ တန်ပြန်တော်လှန်ရေးသမတိပြောစွာတိကိုကြားရကေတောင် ဆိုင်ရာကိုမတိုင်ဘဲ ဖာသိဖာသာနီရေ။ (၇) လူတိနန့်တွိရေခါ တခုလေ့မပြော၊ ၀ါဒမဖြန့်၊ မလှုံ့ဆော်၊ မစုံစမ်း၊ မမြီးမြန်း၊ လူထုတိအခက်အခဲကို ဂရုမစိုက် မသိကွန်ဆောင်ရေ။ (၈) လူထုအကျိုးကို ထိခိုက်နစ်နာအောင်လုပ်နီစွာတိကိုမြင်ကေလေ့ ဒေါသလေ့မထွက်၊ မုန်းရေစိတ်လေ့မပေါ်၊ ဖျောင်းလေ့ မဖျောင်းဖျ၊ ဟန့်လေ့ မဟန့် ကိုယ်နန့်မဆိုင်ပိုင်နီရေ။ (၉) အလုပ်လုပ်တေနီရာမာ မစိစပ်၊ မသေချာ။ စီမံကိန်းနန့် ဦးတည်ချက် အတိအကျမဟိ။ ဖြစ်တေပိုင်လုပ်တေ။ ၀တ်ကျီတန်းကျီ ဟရူဘရူလုပ်တေ။ (၁၀) ကိုယ့်စွာကိုယ် တော်လှန်ရေးအတွက် အကျိုးပြုခရေလူလို့ ယူဆဘနာ ၀ါရင့်ရေလူအဖြစ် ဂိုက်ထုတ်တေ။ တာဝန်ကြီးတိကိုလေ့ မထမ်းဆောင်နိုင်။ တာဝန်ချေတိကိုလေ့ ထမ်းဆောင်ချင်စိတ်မဟိ။ အလုပ်ကို ကကြိုးစစားမလုပ်။ ပပေါ့ဆဆလုပ်တေ။ (၁၁) ကိုယ်မှားနီမှန်းသိဂေလေ့ ပြင်ချင်စိတ်မဟိ။ ကိုယ့်ကိုကိုယ် လစ်ဘရယ်ဝါဒ ကျင့်သုံးရေ။ ဒေချင့်တိအပြင် တခြားအကြောင်းတိဟိသိမ့်ကေလေ့ ဒေ(၁၁)ချက်ကတော့ အဓိကဖြစ်တေ။ (မော်စီတုန်း အတွဲ(၂)က ကူးယူဖော်ပြသည်။) Free4waddy

Read more...

torsdag 6. september 2012

ရှေးဟောင်းရခိုင် သုတေသန ပညာသျှင် ဦးစံသာအောင် (၁၉၂၅-၁၉၈၁)။


ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု သုတေသန နယ်ပယ်တွင် နိုင်ငံခြား သုတေသီ ပညာသျှင် အတော်များများ ပေါ်ထွက်ခပါသည်။ မြန်မာ တိုင်းရင်းသားများထဲမှမူ လက်ချိုး ရေတွက်ကြည့်လျှင် လက်တဖက်ပင် ပြည့်မည် မထင်ပါ။ အထူးသဖြင့် ရခိုင်ခေတ်ဦး ကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ဒင်္ဂါးများနှင့် ပတ်သက်၍ စနစ်တကျ သုတေသန ပြုသူ အလွန် နည်းပါးခသည်။ ရခိုင် တိုင်းရင်းသားများထဲမှ ဦးစံရွှေဘု၊ ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၊ ဦးအောင်သာဦး ရို့သာ ထင်ထင်ရှားရှား ဟိခသည်။ ဦးစံရွှေဘုမှာ စစ်မဖြစ်မီက ရခိုင်ပြည်နယ် ဂုဏ်ထူးဆောင် ရှေးဟောင်း သုတေသီ (Archaecologist) တဦး ဖြစ်၍၊ ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (The Journal of Burma Research Society) တွင် အင်္ဂလိပ် ဘာသာဖြင့် သုတေသန စာတမ်းများ ရွီးခသူ ဖြစ်သည်။ အခြား ထင်ရှားသူ တဦးမှာ ရန်ကုန် တက္ကသိုလ် ရူပဗေဒ ပါမောက္ခ၊ နောင်တွင် အထက်တန်း ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ ရခိုင် အမျိုးသား ဦးစံသာအောင် (၁၉၂၅-၁၉၈၁) ဖြစ်သည်။ ဦးစံသာအောင်သည် ရှေးဟောင်း ပျူ၊ မွန်၊ မြန်မာ အက္ခရာရင်းမြစ် ပညာသျှင် ဦးသာမြတ်ကို စံပြု၍ သိပ္ပံပညာ နယ်ပယ်မှ ဝိဇ္ဇာပညာရပ် နယ်ပယ်သို့ ကူးပြောင်းလာသူ တဦး ဖြစ်သည်။ ဦးသာမြတ်သည် စိုက်ပျိုးရေး သိပ္ပံဘွဲ့ရ လယ်သာ စိုက်ပျိုးရေး ညွှန်ကြားရေးဝန် ဘဝမှ ယဉ်ကျေးမှု ဗိမာန် ညွှန်ကြားရေးဝန်၊ မြန်မာစာပေ ဘာသာစာကားနှင့် ယဉ်ကျေးမှု သုတေသန ပညာသျှင် အဖြစ် ထင်ရှားခသူ ဖြစ်သည်။ ထို့အတူ ဦးစံသာအောင်သည်လည် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ ရူပဗေဒဖြင့် မဟာသိပ္ပံဘွဲ့ A.M. (Physics) ရ၍ ရူပဗေဒ ပါမောက္ခ၊ အထက်တန်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ထမ်းဆောင်ခသော်လည်း ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု ပညာသျှင် အဖြစ် ပိုမို ထင်ရှားခပါသည်။

ရှေးဟောင်း ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာ့သမိုင်းတွင် ခေတ်အဆက်ဆက် စနစ်တကျ တူးဖော်မှု အားနည်းခသည်။ ထို့ပြင် ရခိုင် ရာဇဝင်သည်လည်း အခြားသော ရာဇဝင်များ နည်းတူ ဒဏ္ဍာရီဆန်သော ရှေးဟောင်း အစဉ်အလာ ပြောစကားများ၊ ထူးကဲ အံ့သြဖွယ်ရာများနှင့် ဆက်နွှယ်နီရာ ခိုင်မာမှု မဟိလှချေ။ သို့သော် အေဒီ ၇၂၉ ဝန်းကျင်တွင် ရေးထိုးခသည်ဟု ယူဆသော အာနန္ဒစဏ္ဍန္ဒ ကျောက်စာကို ရခိုင်ပြည်နယ် မြောက်ဦးဟိ သျှစ်သောင်းဘုရား၌ တွိ့ဟိခရာမှ ခေတ်ဦး ရခိုင် သမိုင်းသည် ပိုမို ပီပြင်လာပါသည်။ အာနန္ဒစန္ဒြ ကျောက်စာကို သျှစ်သောင်းဘုရား အနီးတွင် တွိ့သောကြောင့် သျှစ်သောင်းဘုရား ကျောက်စာ ဟုလည်း ခေါ်ဝေါ်ခကတ်သည်။ ဤကျောက်စာကို ရခိုင်ဘုရင် မင်းဗာကြီး (၁၅၃၁-၁၅၅၃) လက်ထက်တွင် ဝေသာလီမြို့ နန်းတော်ရာကုန်း အနီးမှ မြောက်ဦးမြို့ သျှစ်သောင်းဘုရား အနီး ပြောင်းရွှေ့ထားခခြင်း ဖြစ်သည်။ အာနန္ဒစန္ဒြ ကျောက်စာအရ ရခိုင် ဝေသာလီမြို့ဟောင်းသည် မြန်မာ့သမိုင်းတွင် အစောဆုံး မြို့ပြနိုင်ငံများဟု ယူဆသော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာရို့နှင့် ခေတ်ပြိုင်ဟု ပညာသျှင်များက သတ်မှတ်ခကတ်သည်။

အာနန္ဒစန္ဒြ ကျောက်စာကို ပထမဦးဆုံး အဓိပ္ပာယ် ဖော်ထုတ်၍ စာတမ်းရွီးသားခသော ပညာသျှင်မှာ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်၊ ဘေလီယာ ကောလိပ်မှ အရှေ့တိုင်း ပညာပါမောက္ခ ဒေါက်တာ အီး၊ အိပ်ခ်ျ၊ ဂျွန်စတင် ( Dr.E.H. Johnston) ဖြစ်သည်။ ဂျွန်စတင်နှင့် ခေတ်ပြိုင် လေ့လာသူ တဦးမှာ အိန္ဒိယ ကျောက်စာဝန် ဒေါက်တာ ဒီ၊ စီ၊ ဆာကား (Dr. D. C. Sircar) ဖြစ်သည်။ ဂျွန်စတင်၏ စာတမ်းသည် ဂျွန်စတင် ကွယ်လွန်ပြီးမှ ဆာရစ်ချတ်ဘန်း (Sir Richard Bum) နှင့် ပါမောက္ခ ဂျီ၊ အိပ်ခ်ျ၊ လုစ် (G. H. Luce) ရို့၏ ကြိုးစား တည်းဖြတ်မှုဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဂျွန်စတင်၏ 'ရခိုင်ပြည်နယ်ဟိ သက္ကတ ကျောက်စာအချို့' Some Sanskrit Inscriptions of Arakan စာတမ်းကို ၁၉၄၄ ခုနှစ်ထုတ် အရှေ့တိုင်းနှင့် အာဖရိက ပညာ လေ့လာရေး စာစောင် အတွဲ ၁၁၊ အပိုင်း၂၊ Bulletin of the School of Oriental and African Studies, Vol. 11, Pt. 2 (1944) တွင် တွိ့နိုင်ပါသည်။ ဒေါက်တာ ဆာကားသည် ရခိုင်ကျောက်စာများ အကြောင်းကို အိန္ဒိယ အက်ပီဂရမ်ဖီယာ India Epigraphia, Vol. 32 (1975) နှင့် Vol. 37 (1967) ရို့တွင် ရွီးသားခသည်။

အာနန္ဒစန္ဒြ ကျောက်စာသည် ခေတ်ဦး ရခိုင် သမိုင်းအတွက် အလွန် အရေးပါ လှပါသည်။ ထို့ကြောင့် ဆရာ မင်းသုဝဏ်သည် ၁၉၅၁-၅၂ ခုနှစ်ထုတ် ဓညဝတီမဂ္ဂဇင်း၌ 'အာနန္ဒစန္ဒြ၊ သျှစ်ရာစု ရခိုင်မင်းတပါး' အမည်ဖြင့် လည်းကောင်း၊ ရှေးဟောင်း သုတေသန အရာဟိ မွန်ဘိုကေသည် ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ ၂၊ အမှတ် ၇ (မတ် ၁၉၅၇) တွင် 'သျှစ်သောင်းဘုရားမှ သက္ကတ ကျောက်စာတိုင်' ဆောင်းပါးဖြင့် လည်းကောင်း၊ ဒေါက်တာ သန်းထွန်းသည် ၁၉၆၄ ခုနှစ်ထုတ် ခေတ်ဟောင်း မြန်မာရာဇဝင်တွင် 'ရခိုင်ခေတ်ဦး' အမည်ဖြင့် လည်းကောင်း၊ ဦးအောင်သာဦးသည် ၁၉၆၆ ခုနှစ်ထုတ် ရခိုင် ယဉ်ကျေးမှု စာစောင်၊ အတွဲ ၁၊ အမှတ် ၁ တွင် 'ဝေသာလီ' ဟူသော အမည်ဖြင့် လည်းကောင်းရီးသားခကတ်သည်။ ၁၉၆၈ ခုနှစ်တွင် ကျင်းပရေ တတိယ အကြိမ်မြောက် သုတေသန ကွန်ဂရက်တွင် မန္တလေး တက္ကသိုလ် ပါဠိဌာနမှ ဆရာမြင့်ဆွေ သည် 'အာနန္ဒစန္ဒြ သက္ကတကျောက်စာ' အမည်ဖြင့် သုတေသန စာတမ်း ဖတ်ကြားခ၍ စာပနှီင့် လူမှုရေး သိပ္ပံဂျာနယ်၊ အတွဲ ၂၊ အမှတ် ၃၊ စက်တင်ဘာ ၁၉၆၉ တွင် ပုံနှိပ် ဖော်ပြခသည်။ အာနန္ဒစန္ဒြ ကျောက်စာနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် အဦးဆုံး ကျယ်ကျယ်ပြန့်ပြန့် သုတေသန ပြုထားသော စာတမ်း ဖြစ်သည်။ မြန်မာဘာသာဖြင့် အပြည့်အစုံဆုံး သုတေသန လက်ရာ ပြပါဆိုလျှင် ၁၉၇၅ ခုနှစ်တွင် ထုတ်ဝီခရေ ဦးစံသာအောင်၏ 'အာနန္ဒစန္ဒြ၊ ရှစ်ရာစု ရခိုင်ဝေသာလီမင်း' စာအုပ်ကို ပြရပါသည်။

ဦးစံသာအောင်၏ စာအုပ်တွင် အခန်း ၁၄ ခန်း ခွဲထားသည်။ အခန်း (၁) တွင် ကျောက် စာတိုင် တည်နီရာနှင့် ရွီးထိုးထားသော စာများ၊ အခန်း (၂) တွင် ဝေသာလီ၊ အခန်း (၃) တွင် အာနန္ဒစန္ဒြ ကျောက်စာကို ဖတ်ခြင်းများ၊ အခန်း (၄) တွင် အာနန္ဒစန္ဒြမင်း ကျောက်စာ ဓာတ်ပုံများ၊ အခန်း (၅) တွင် အာနန္ဒစန္ဒြမင်း ကျောက်စာသုံး ဗျည်းအစ သရအလယ် သရ နှစ်လုံးဆင့်များနှင့် အသတ်များ၊ အခန်း (၆) တွင် တကြောင်းချင်း ယခုခေတ် မြန်မာ အက္ခရာဖြင့် ဖလှယ်ခြင်း၊ အခန်း (၇) တွင် ကျောက်စာစာကိုယ် ဝေါဟာရ အဖွင့်နှင့် မြန်မာပြန်၊ အခန်း (၈) တွင် ခေတ်ဦးကာလ ရခိုင်မင်းဆက်၊ အခန်း (၉) တွင် ဒုတိယခေတ် မင်းဆက်၊ အခန်း (၁ဝ) တွင် တတိယခေတ် မင်းဆက်၊ အခန်း (၁၁) တွင် အာနန္ဒစန္ဒြမင်း၊ အခန်း (၁၂) တွင် မှတ်သားဖွယ်ရာများ၊ အခန်း (၁၃) တွင် ဝေသာလီမှ စေတီသည် ကျောက်စာငယ်၊ အခန်း (၁၄) တွင် ဝေါဟာရ အညွှန်း ဟူ၍ စနစ်တကျ တင်ပြထားသည်။ လိုအပ်သော ဓာတ်ပုံ၊ မြေပုံ၊ ရုပ်ပုံများ အပြည့်အစုံ ပါဝင်သည်။ ကျောက်စာကို တလုံးချင်း အဓိပ္ပာယ် ဖလှယ်၍ ကျောက်စာ ဖတ်ပုံ နည်းစနစ်ကို ယှင်းလင်းထားသည်။ ထို့ပြင် ခေတ်ဦး ရခိုင်မင်းဆက် အမည်များကို ကျောက်စာပါ သက္ကရာဇ်များနှင့် ညှိနှိုင်းထားရာ ရခိုင်သမိုင်း၊ ဒင်္ဂါးနှင့် ဗုဒ္ဓ အနုပညာ လေ့လာလိုသူများ အတွက်ပါ အထူး အသုံးဝင်လှပါသည်။

ခေတ်ဦးရခိုင်နှင့် ပတ်သက်၍ ဦးစံသာအောင်၏ ပထမဦးဆုံး သုတေသန လက်ရာမှာ ၁၉၇၄ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝီခသော 'အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည် သုံးအက္ခရာ' စာအုပ် ဖြစ်သည်။ ဤစာအုပ်နှင့် ပတ်သက်၍ စာရေးသူက နိဒါန်းတွင် -

"ဤစာအုပ်တွင် ရှေးအိန္ဒိယနိုင်ငံသုံး ဗြာဟ္မီ အက္ခရာအကြောင်းကို လည်းကောင်း၊ ဗြာဟ္မီ အက္ခရာများ အကြောင်းကို လည်းကောင်း ဖော်ပြထားပါသည်။ ယင်းတို့ မည်သို့ ဆင့်ကဲေ ပြာင်းလဲလာပုံကိုလည်း ယှင်းလင်းထားပါသည်။ ယင်းနောက် ရခိုင်ပြည်နယ်တွင် တွိ့ရသော ကျောက်စာများ၊ ခေါင်းလောင်းစာများ၊ ဒင်္ဂါးစာများ၊ ကြေးနီပြားစာ စသည်ရို့ကို သမိုင်း အကျဉ်းချုပ်နှင့်တကွ မူရင်းစာကိုပါ ယနေ့သုံး မြန်မာ အက္ခရာဖြင့် ပြန်ဆို ကူးရေး၍လည်း ဖော်ပြထားပါသည်။ ယင်းရို့ကို စုစည်းပြီး ၆ ရာစု မတိုင်မီ ရခိုင်ပြည်နယ်သုံး ဗျည်းနှင့် သရရို့ကို ထုတ်ယူ၍ ဖော်ပြထားပါသည်" ဟု ယှင်းလင်းထားပါသည်။

ထိုသို့ ယှင်းလင်းရာတွင် ဗြာဟ္မီ အက္ခရာများ ခေတ်အဆက် ဆက်ပြောင်းလဲလာပုံ ဇယား၊ ဓာတ်ပုံ၊ အဓိပ္ပာယ် ယှင်းလင်းချက်၊ မှတ်ချက်များနှင့် စနစ်တကျ ဖော်ပြသည်။ တဖန် ယင်းရို့ကို ခြုံငုံ သုံးသပ်၍ ရခိုင်ပြည်နယ်သုံး အက္ခရာများသည် ပျူအက္ခရာနှင့် လည်းကောင်း၊ ကဒံဗ၊ ပလ္လ အက္ခရာများနှင့် လည်းကောင်း ကွဲပြား ခြားနားသည်။ ဆင့်ပွား မဟုတ်ဟု တင်ပြထားပါသည်။

မည်သို့ ဆိုစေ ရှေးဟောင်း ရခိုင် အက္ခရာရင်းမြစ် ပြောင်းလဲလာပုံနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် စနစ်တကျ လေ့လာ တင်ပြထားသော သုတေသန လက်ရာ တရပ် ဖြစ်သည်။

ဦးစံသာအောင်၏ တတိယမြောက် သုတေသန လက်ရာမှာ ၁၉၇၉ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော 'ရခိုင် ဒင်္ဂါးများ' ဖြစ်သည်။ ယင်းစာအုပ်ကို ဦးစံသာအောင် ကွယ်လွန်ပြီးနောက် ၁၉၈၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Lancashire and Chesice Numismatic Spciety မှ 'Arakanse Coins' အမည်ဖြင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝီခသည်။ ဘာသာပြန်သူမှာ မစ္စတာ ရော်ဘင်ဆင် (Mr. Robinson) နှင့် အေးဆက် (Aye Set) ရို့ ဖြစ်သည်။

ဦးစံသာအောင် မတိုင်မီကပင် ရခိုင်ဒင်္ဂါးများနှင့် ပတ်သက်၍ နိုင်ငံခြားသား သုတေသီ ပညာသျှင်များသည် စာအုပ် စာတမ်းများရွီးသားခပါသည်။ သောမတ်စ်လတ္တား (Thomas Latter) ၏ 'ရခိုင်ဒင်္ဂါးများ' The Coins of Arakan စာတမ်းကို ၁၈၄၆ ခုနှစ်ထုတ် တော်ဝင် အာရှရေးရာ စာစောင် The Joumal of the Royal Asiatic Society of Brngal, Vol. 15 (1846) တွင် လည်းကောင်း၊ ယင်းစာစောင်မှာပင် ဆာ အာသာ ဖယ်ယာ (Sir Arhtur P. Phayre) ၏ 'ရခိုင်ဒင်္ဂါးများ' The Coins of Arakan : the historical coins ကို လည်းကောင်း၊ ၁၈၇၂ ခုနှစ်ထုတ် ယင်းစာစောင် အတွဲ ၄၁ တွင် ဂျီ၊ အီး၊ ဖရိုင်ယာ (G. E. Fryer) ၏ 'ရခိုင် ဒင်္ဂါးမှတ်စု' Note on Arakanese Coins စာတမ်း၊ ၁၈၉၂ ခုနှစ်ထုတ် ယင်းစာစောင် အတွဲ ၆၁၊ အပိုင်း ၁ တွင် ဒဗလျူ၊ သီအိုဘဲ (W. Theobald) ၏ 'ရခိုင် ဝေသာလီခေတ် အမှတ်တံဆိပ်ပါ ဒင်္ဂါးများ' On a symbolical Coins of the Wethali Dynasty of Arakan စာတမ်း၊ ၁၉၂၈ ခုနှစ်ထုတ် အင်ဒိယန်း အင်တီကွာရီ The Indian Antiquary, Vol. 57 (1928) တွင် ဆာ ရစ်ချက်တင်ပယ် (Sir Richard Temple) 'မြန်မာနိုင်ငံတွင် တွိ့ရသော ဒင်္ဂါးများဆိုင်ရာ မှတ်စု' Notes on Currency and Coinage among the Burmese စာတမ်း၊ ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နိန့်ထုတ် နေးချိန်း၊ တနင်္ဂနွေ အချပ်ပို (The Nation Sunday Supplement) တွင် ရပ်စတင် (C. A. Rouston) ၏ 'ရခိုင်ဒင်္ဂါး အချို့' (Some Coins of Arakan ဆောင်းပါးများနှင့် ၁၈၈၂ ခုနှစ်တွင် ဆာ အာသာဖယ်ယာ၏ 'မြန်မာ ပဲခူးနှင့် ရခိုင်ဒင်္ဂါးများ' Coins of Arakan of Pegu and Burma လုံးချင်း စာအုပ်များ ထွက်ပေါ် လာခပါသည်။

သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပင်မလာဂတ်မန်း (Pamela Gutman) သည်လည်း ပါရဂူဘွဲ့ အတွက် 'ခေတ်ဦးရခိုင်' Ancient Arakan စာတမ်းကို ၁၉၇၆ ခုနှစ်တွင် တင်သွင်းခသည်။ ရခိုင် ဒင်္ဂါးများနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၏ (ဝေသာလီခေတ် ဒင်္ဂါးများ) ဆောင်းပါးကို ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ ၄၊ အမှတ် ၂ (ဧပြီ ၁၉၆၃) နှင့် ဦးအောင်သာဦး၏ 'ရခိုင်ဒင်္ဂါးသမိုင်း'ကို ရခိုင်တန်ဆောင် မဂ္ဂဇင်း (၁၉၇၂) တွင် တွိ့နိုင်ပါသည်။

ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' စာအုပ်တွင် အခန်း ၁ဝ ခန်းခွဲ၍ ပြုစုထားသည်။ အခန်း (၁) တွင် ဒင်္ဂါးများ ပေါ်ပေါက်လာရေး၊ အခန်း (၂) တွင် ရှေးဟောင်း ရခိုင်ဒင်္ဂါးများ၊ အခန်း (၃) တွင် ရခိုင် ဝေသာလီ ဒင်္ဂါးများကို ရခိုင် ရာဇဝင်များနှင့် ညှိခြင်း၊ အခန်း (၄) တွင် အာနန္ဒစဏ္ဍန္ဒမင်း ကျောက်စာပါ ရှေးမင်းများ၊ အခန်း (၅) တွင် မင်္ဂလာ အမှတ်လက္ခဏာပုံများ၊ အခန်း (၆) တွင် မင်္ဂလာ အမှတ်လက္ခဏာပုံများ မပါသော ရခိုင်ဒင်္ဂါးများ၊ အခန်း (၇) တွင် မြောက်ဦးမင်းဆက်များ၏ အတ္ထုပ္ပတ္တိ အကျဉ်း၊ အခန်း (၈) တွင် မြောက်ဦး မင်းဆက်များ၊ အခန်း (၉) တွင် ဒင်္ဂါးစာများ ဖတ်ရန် ဗျည်းနှင့် သရများ၊ အခန်း (၁ဝ) တွင် ပြုလုပ်သော ပစ္စည်း၊ အရွယ်အစားနှင့် အလေးချိန်ရို့ပါဝင်သည်။ နောက်ဆက်တွဲ အဖြစ် ရခိုင်ဒင်္ဂါး ၁၄၈ ပြား၏ ဓာတ်ပုံများ ပါသည်။ ထို့ကြောင့် ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' စာအုပ် ထွက်ပေါ်လာသော အခါ ပညာရေး တက္ကသိုလ် လက်ထောက် ကထိက ဦးတိုးလှ (တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တိုးလှ) က တက္ကသိုလ် ပညာပဒေသာ စာစောင်တွင် -

"… မစ္စတာ ဒူရွိုင်ဆယ် စီစဉ်သော ဖယ်ယာပြတိုက်ဟိ'ဒင်္ဂါးများစာရင်း' ခေါ် စာအုပ်နှင့် ဆာ အသာဖယ်ယာ ပြုစုသော 'ရခိုင်၊ ပဲခူးနှင့် မြန်မာနိုင်ငံ ဒင်္ဂါးများ' ဟူသော စာအုပ်ရို့ကို ပုံနှိပ်ပြီး ဖြစ်သော်လည်း ယင်းစာအုပ်ရို့မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား၍ လွန်စွာလည်း ရှေးကျ၍ နိန်သော စာအုပ်များ ဖြစ်ချေသည်။ ထို့ကြောင့် အနည်းဆုံး မြန်မာနိုင်ငံတော် အတွင်း၌ ရှေးက သွန်းခတ် ထုတ်လုပ်ခသော ဒင်္ဂါးများ အကြောင်းကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် အသစ် ထပ်မံ ရေးသား ပြုစုရန် လိုအပ်ပေသည်။"

အထက်ပါ စာပိုဒ်ကို ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန်၏ ၁၉၅၇-၅၈ ခုနှစ်အတွက် နှစ်ချုပ် အစီရင်ခံစာ (စာ-၄) မှ ထုတ်နုတ် ဖော်ပြပါသည်။

"ရွှေငုံးမင်း အမြီးမျှော်သလို အနှစ် ၂ဝ စောင့်မျှော်ခဲ့ပါပြီ။ မပေါ်လာသေးတကား။ မမျှော်လင့်သော နေရာမှ မျှော်လင့် မှန်းဆ ကြည့်နိုင်တတ်သည်ထက် ပို၍ကောင်းသော၊ ရခိုင်ဒင်္ဂါး သမိုင်း ကျမ်းတစောင် ထွက်ပေါ်လာပေပြီ။ ယင်းကား ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' ပင်တည်း။ “ ရှေးဟောင်း ဒင်္ဂါးတပြားသည် ခေတ်တခေတ်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စာပီ အနုပညာနှင့် ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ ယဉ်ကျေးမှုကြီး တရပ်လုံးကို လွှမ်းခြုံထားရကား အမျိုးသား သမိုင်းကို သိလိုသူတိုင်း ဒင်္ဂါးသမိုင်းကို လေ့လာကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထိုသို့သော သမိုင်းအတွက် ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' သည် ပုဗ္ဗမင်္ဂလာပင် ဖြစ်တော့သည်။ သက္ကတဘာသာ ကျွမ်းဝင်လိုသူများ၊ ရှေးဟောင်း အက္ခရာ လက်ရေးပညာကို လေ့လာလိုသူများ၊ သမိုင်းပညာသျှင်များ၊ ဘောကဗေဒ ပညာရှင်များ စသည်ရို့ လေ့လာထိုက်သည့် ကျမ်းတဆူ ဖြစ်သည်" ဟု လှိုက်လှိုက်လှဲလှဲ ကြိုဆို ဝေဖန်ထားပါသည်။

ဦးစံသာအောင်၏ နောက်ဆုံးလက်ရာမှာ ၁၉၇၉ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ် ထုတ်ဝီခရေ ခေတ်ဟောင်း ရခိုင် ဗုဒ္ဓ အနုပညာလက်ရာများ 'The Buddhist Art of Ancient Arakan' စာအုပ် ဖြစ်သည်။ ဤစာအုပ်တွင် အေဒီ ၈ ရာစု အာနန္ဒြမင်း မတိုင်မီ ရခိုင် ရာဇဝင်လာ မင်းဆက်များကို ခေတ်သုံးခေတ် ပိုင်းခြား၍ မင်းဆက် ဇယားများနှင့် တင်ပြသည်။ ထို့နောက် ဓညဝတီနှင့် ဝေသာလီမြို့ဟောင်းရို့ကို မြေပုံအညွှန်းနှင့် အသေးစိတ် လေ့လာ တင်ပြထားသည်။ ထိုမှတဆင့် ရခိုင်ဒေသမှ တူးဖော် တွိ့ရသော ဗုဒ္ဓ ယဉ်ကျေးမှု ဆိုင်ရာ ရုပ်ပွားတော်များ၏ မုဒြာဟန် အမျိုးမျိုးကို ဆွေးနွေး တင်ပြသည်။ ထို့ပြင် ထူးခြားသော မကိုဋ်ဆောင်း ရုပ်ပွားတော်များနှင့် ပြည့်ဖြိုးဟန် (ဗိုက်ပူ) ရုပ်ပွားတော်များကို လေ့လာ ယှင်းလင်းထားသည်။ ဗုဒ္ဓ ရုပ်ပွားတော်များ အပြင် ရခိုင် ရှေးဟောင်းဒင်္ဂါးများ၊ အုတ်ခွက်များ၊ ကြေးနီပြား၊ ကြေးခေါင်းလောင်းနှင့် ကြေးဆီမီးတိုင် ရုပ်တု အမျိုးမျိုး ဓာတ်ပုံ၊ မြေပုံ၊ ကျောက်စာ မိတ္တူများ ပါဝင်ရာ ခေတ်ဦးရခိုင် ဗုဒ္ဓ အနုပညာနှင့် ပတ်သက်၍ အားရဖွယ် ကျမ်းတစောင်ဟု ပညာသျှင်များက သုံးသပ်ခသည်။

ဦးစံသာအောင်ကို အဖ အငြိမ်းစား စက်ရှင် တရားသူကြီး ဦးသာဇံဦး (K.S.M., A.T.M.) နှင့် အမိ ဒေါ်မဘု ရို့မှ ၁၉၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နိန့်တွင် ဖွားမြင်သည်။ မိခင်မှ ကိုလိုနီခေတ်ဦး အလွန် ထင်ရှားသော ရခိုင်သူဌေးကြီး ဦးရဲကျော်သူ၏ အနွယ် ဖြစ်သည်။

ငယ်စဉ်က ရန်ကုန် တီတီစီကျောင်း၊ သာယာဝတီ၊ မြင်းခြံ၊ စစ်တွေ အစိုးရ စာသင်ကျောင်းများတွင် ပညာသင်၍ ၁၉၄ဝ ပြည့်နှစ်တွင် တန်းမြင့် ကျောင်းထွက် စာမေးပွဲကို စစ်တွေ အစိုးရ အထက်တန်းကျောင်းမှ အောင်မြင်သည်။ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးရသည်။ ၁၉၄ဝ-၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၊ ၁၉၄၅-၄၇ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်ရို့တွင် ပညာသင်ကြား၍ ၁၉၄၉ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအက်စ်စီ ရူပဗေဒ ဂုဏ်ထူးတန်းကို ပထမ အဆင့်မှ အောင်မြင်သည်။ ၁၉၅၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (A.M.) ကို ရူပဗေဒဖြင့် ရခသည်။

၁၉၅ဝ-၅၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန သရုပ်ပြဆရာ၊ ၁၉၅၁-၅၄ တွင် လက်ထောက်ကထိက၊ ၁၉၅၄-၆၄ တွင် ကထိက၊ ၁၉၆၄-၇ဝ ပါမောက္ခ၊ ၁၉၇ဝ-၇၂ တွင် တက္ကသိုလ်များ အုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး၊ ၁၉၇၂-၈၁ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် တာဝန်များ ထမ်းဆောင်ခသည်။ ၁၉၄၈ ခုနှစ်၊ ရခိုင် ကျောင်းသူ ကျောင်းသားများ အသင်း ဥက္ကဋ္ဌ၊ ရခိုင်တန်ဆောင် အင်္ဂလိပ်စာ အတိုင်ပင် ခံစာတည်း၊ ၁၉၆၆-၇ဝ တွင် တက္ကသိုလ်များ တိုင်းရင်းသား စာပီနှင့် ယဉ်ကျေးမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ၁၉၇ဝ-၈၁ ခုနှစ်တွင် နာယက၊ တက္ကသိုလ်များ အားကစား အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သုတေသန အသင်း အမှုဆောင်၊ သုတေသန လုပ်ငန်းများ ဆိုင်ရာ မူဝါဒအဖွဲ့ အတွင်းရေးမှူး၊ တက္ကသိုလ် ပညာပဒေသာ စာစောင်နှင့် တက္ကသိုလ် သုတေသန စာစောင် အုပ်ချုပ်မှု စာတည်းအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် ဆောင်ရွက်ခပါသည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရခိုင်ပြည်နယ် စစ်တွေ မဲဆန္ဒနယ်မှ ရွေးချယ် ခံရသည်။

၁၉၅၄-၇ဝ ခုနှစ် အတွင်း အိန္ဒိယ၊ တရုတ်၊ သြစတြီးယားရို့တွင် ကျင်းပသော အဏုမြူ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်၍ ၁၉၆၄ ခုနှစ်၊ တရုတ်ပြည် ပီကင်းတွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ သိပ္ပံပညာရှင်များ နှီးနှော ဖလှယ်ပွဲတွင် Aims and Paractice of Physics Teaching in Burma (Myanmar) စာတမ်းကို တင်သွင်းခသည်။ ပညာရေး လေ့လာရေး ခရီးစဉ်ဖြင့် ဂျပန်နိုင်ငံ (၁၉၇၃)၊ အမေရိကန်ပြည်ထောင်စု (၁၉၇၅)၊ ဆိုဗီယက်ယူနီယံ (၁၉၇၇) နိုင်ငံများသို့ လားရောက်ခသည်။

ပုံနှိပ် ထုတ်ဝီခသော သိပ္ပံပညာ ဆိုင်ရာ စာအုပ်များမှာ ဒေါက်တာ မောင်မောင်ခနှင့် တွဲ၍ 'အခြေပြု ရူပဗေဒ' (၄ တွဲ) (၁၉၇၁)၊ 'ရူပဗေဒအကြောင်း သိကောင်းစရာ' (၁၉၇၁)၊ 'ကွန်ပျူတာ' (၁၉၇၃)၊ 'အက်တမ်နှင့် နျူကလီးယား စွမ်းအင်' (၁၉၇၄) ရို့ရွီးသား၍၊ 'ရူပဗေဒအကြောင်း သိကောင်းစရာ' စာအုပ်ဖြင့် ၁၉၇၁ ခုနှစ်၊ အမျိုးသား စာပီဆုကို သိပ္ပံနှင့် အသုံးချ ဘာသာရပ် အတွက် ရခသည်။ စာပေဗိမာန်မှ ဦးဆောင် ကျင်းပသော သိပ္ပံ စာပီ နှီးနှော ဖလှယ်ပွဲတွင် 'လူထုအတွက် သိပ္ပံစာပီ' စာတမ်း တင်သွင်း၍ ပုံနှိပ် ထုတ်ဝီခသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝီသော Working People's Daily, The Guardian ရို့တွင် ရူပဗေဒ သိပ္ပံပညာ ဆောင်းပါးများနှင့် ရခိုင်သမိုင်း အနုပညာ ဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် အများအပြားရွီးသားခသည်။ အချို့မှာ စာအုပ် အဖြစ် ထုတ်ဝီရန် ကျန်ရှိနိန်သီးသည်။ သာဓက ပြရသော် ဂါဒီးယန်း သတင်းစာတွင်ရွီးသားခသော ရခိုင် မဟာမုနိ ဘုရားသမိုင်း (Legend of Mahamuin) ဖြစ်သည်။

ဦးစံသာအောင်သည် ဌာနဆိုင်ရာ လုပ်ငန်းများ၊ ရှေးဟောင်း ရခိုင်သမိုင်း ယဉ်ကျေးမှု ဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်နီစဉ် ၁၉၈၁ ခုနှစ်၊ မေ ၂၅ ရက်နိန့်တွင် ရုတ်တရက် ကွယ်လွန်ခပါသည်။
အညွှန်း
မောင်ဇေယျာ [မိုးဂျာနယ်၊ အမှတ် ၆၊ ဇွန် ၂ဝဝ၅]
၁။ စောထွန်းအောင်၊ ဒေါက်တာ။ 'ဦးစံသာအောင်နှင့် ဘဝမှတ်တိုင်များ'၊ ရခိုင်တန်ဆောင်၊ အမှတ် ၁၉ (၁၉၆၆) စာ ၁၅-၂၃။ ၂။ စံသာအောင်၊ ဦး။ 'အေဒီ ခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ'။ ရန်ကုန်၊ ဥမ္မာအောင်စာပေ၊ ၁၉၇၄။ ၃။ တိုးလှ၊ ဦး။ 'ရခိုင်ဒင်္ဂါးများ၊ စာအုပ်ဝေဖန်ချက်'၊ တက္ကသိုလ် ပညာပဒေသာ စာစောင်။ တွဲ ၁၃၊ မှတ် ၅ (စက်တင်ဘာ ၁၉၇၉) စာ ၁၇ဝ-၁၇၂။ ၄။ Embree, John F.Biliography of the People's and cultures of Mainland Southeast Asia, by John F. Embree and Lillian Ota Dotson. New Haven: Yale University, 1950.

Read more...

torsdag 7. juni 2012

ကုလား(၃)ကောင်နန့် တစ်စိ (၃) လုံး

ရခိုင်ပြည်မာ ဖြစ်ပျက်နီရေ ပြဿနာတိကို စုံစမ်းဖော်ထုတ်ဖို့ အဖွဲ့တခုဖွဲ့ထားယာဆိုစွာကို လူတိုင်းသိကတ်ယာထင်ပါရေ။ ဒေမာလေ့ ခံစားချက်တိကို ရင်ထဲမာဟိကေ ဟိရေအတိုင်းဖော်ပြနီကတ်တေ။ တချို့လေ့ ဗီဒီယိုဖိုင်ချေတိနန့် စနစ်တကျလုပ်ဘနာ တင်ပြနီကတ်ပါရေ။ ပြဿနာတိ အထွီးလိုက်ဖြစ်နီလို့ စိတ်တိခြူနီရကေလေ့ တဖက်မာ ရခိုင်လူမျိုးနန့်ရခိုင်ပြည်ကိုထိဂေ အသဲကပင်နာကတ်စွာတိမြင်ရလို့ အားရမိပါရေ။ယကေလေ့ ပြောနီ၊ ဆိုနီဂတ်တေနီရာမာ အဓိကအရေးအကြီးဆုံးတချက် ကျန်နီသိမ့်ရေ။ အကျွန်လေ့ ဒေနိသတင်းစာတစောင်ကောက်ဖတ်မိလို့ သတင်းတခုကိုမြင်မိခါမ ဗြုန်းခနဲစိတ်ထဲမာပေါ်လာစွာပါ။ ယကေလေ့ အချိန်နောက်မကျသိမ့်။ ရသိမ့်ရေ။ ဖတ်မိရေသတင်းကို အတိုရှုံးပြောရဖို့ဆိုဂေ - အယ်လ်ခိုင်းဒါးအဖွဲ့စွာ အသီခံဗုံးခွဲသမားတိကို ကုလားအင်တာနက်တိမာ လျှောက်လွှာခေါ်နီစွာပါ။ အရည်အခြင်းတိကတော့ လူသတ်ဝံ့ရဖို့၊ အစ္စလမ်ဘာသာဝင်မဟုတ်တေလူတိကို သတ်ဖြတ်ဖူးကြောင်း ပြရဖို့…….အစ..အစ ဟိရေစွာတိ။ အဓိက တိုက်ခိုက်ရဖို့နိန်ရာတိကတော့ အမေရိကန်၊ အစ္စရေးနန့် ပြင်သစ် ဖြစ်တေ။ (ကိုယ့်လူတိ ကြောက်လားဂတ်လတ်မေ ကြောက်လို့)ဒေသတင်းကို ဖတ်ပြီးစွာနန့် အထက်ဆုံးက အပိုဒ်ကစွာကို လားအတွက်ပေါ်ရေ။ နဂိုကပင်လေ့ သံသယစကေ ဟိရေ။ သံသယက တခြားစွာမဟုတ်။ ယင်းကုလား(၃)ကောင်ကို ဖမ်းမိစွာနန့် ဇာကြောင့်မသီတာထွေးကိုသတ်ရရေဆိုရေ အကြောင်းပြချက် ချက်ချင်းထွက်လာရေ။ မယားယူဖို့ဖေ့သာမဟိလို့ ပစ္စည်းတိကို ယူချင်လို့လတ်။ ဒေအကြောင်းပြချက်စွာ လုံးဝယုတ္တိမဟိရေအပြင် နောက်ကွယ်ကကြိုးကိုင်ရေအကောင်တိ ကြိုတင်အကွက်ချသင်ပီးထားစွာဖြစ်ရဖို့လို့ ယူဆရေ။ ဗမာပြည်က အယောင်ဆောင် မဟာသူတော်စင်၊ သူတော်စင်မအပေါင်းရို့ကို ကုလားဥာဏ်ပြဘနာ လမ်းလွှဲပီးလိုက်စွာဖြစ်တေ။အကျွန်ရို့အတွက် အဓိကနန့် အရေးအကြီးဆုံးလုပ်ရဖို့အလုပ်က ကုလား(၃)ကောင်ကို သီဒါဏ်ပီးရေး၊ မပီးရေးထက် ယင်းကုလား(၃)ကောင်နောက်မာ ဇာမူဆလင်အကြမ်းဖက်သမားအဖွဲ့ ဟိနီလဲဆိုစွာဖော်ထုတ်နိုင်ဖို့ ကဂေါင်းအရေးကြီးရေ။ ဒေကိစ္စစွာ ရခိုင်တိ နောက်တဆင့်အောင်ပွဲတခုအတွက် အဓိကသော့ချက်ဖြစ်တေ။ ယင်းဇူးနန့် အဂုအသစ်ဖွဲ့ထားရေ စုံစမ်းရေးအဖွဲ့ကို ဒေကိစ္စကိုဖော်ထုတ်ပီးဖို့ ပြည်တွင်း၊ ပြည်ပက ရခိုင်တိ အဓိကတောင်းဆိုဂတ်ရပါဖို့။ တောင်းဆိုဂတ်ပါလို့လည်း တခါတည်းတိုက်တွန်းလိုက်ပါယင့်……။Free4waddy

Read more...

About This Blog

About This Blog

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP