torsdag 6. september 2012

ရှေးဟောင်းရခိုင် သုတေသန ပညာသျှင် ဦးစံသာအောင် (၁၉၂၅-၁၉၈၁)။


ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု သုတေသန နယ်ပယ်တွင် နိုင်ငံခြား သုတေသီ ပညာသျှင် အတော်များများ ပေါ်ထွက်ခပါသည်။ မြန်မာ တိုင်းရင်းသားများထဲမှမူ လက်ချိုး ရေတွက်ကြည့်လျှင် လက်တဖက်ပင် ပြည့်မည် မထင်ပါ။ အထူးသဖြင့် ရခိုင်ခေတ်ဦး ကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးပြားစာ၊ ဒင်္ဂါးများနှင့် ပတ်သက်၍ စနစ်တကျ သုတေသန ပြုသူ အလွန် နည်းပါးခသည်။ ရခိုင် တိုင်းရင်းသားများထဲမှ ဦးစံရွှေဘု၊ ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၊ ဦးအောင်သာဦး ရို့သာ ထင်ထင်ရှားရှား ဟိခသည်။ ဦးစံရွှေဘုမှာ စစ်မဖြစ်မီက ရခိုင်ပြည်နယ် ဂုဏ်ထူးဆောင် ရှေးဟောင်း သုတေသီ (Archaecologist) တဦး ဖြစ်၍၊ ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (The Journal of Burma Research Society) တွင် အင်္ဂလိပ် ဘာသာဖြင့် သုတေသန စာတမ်းများ ရွီးခသူ ဖြစ်သည်။ အခြား ထင်ရှားသူ တဦးမှာ ရန်ကုန် တက္ကသိုလ် ရူပဗေဒ ပါမောက္ခ၊ နောင်တွင် အထက်တန်း ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသူ ရခိုင် အမျိုးသား ဦးစံသာအောင် (၁၉၂၅-၁၉၈၁) ဖြစ်သည်။ ဦးစံသာအောင်သည် ရှေးဟောင်း ပျူ၊ မွန်၊ မြန်မာ အက္ခရာရင်းမြစ် ပညာသျှင် ဦးသာမြတ်ကို စံပြု၍ သိပ္ပံပညာ နယ်ပယ်မှ ဝိဇ္ဇာပညာရပ် နယ်ပယ်သို့ ကူးပြောင်းလာသူ တဦး ဖြစ်သည်။ ဦးသာမြတ်သည် စိုက်ပျိုးရေး သိပ္ပံဘွဲ့ရ လယ်သာ စိုက်ပျိုးရေး ညွှန်ကြားရေးဝန် ဘဝမှ ယဉ်ကျေးမှု ဗိမာန် ညွှန်ကြားရေးဝန်၊ မြန်မာစာပေ ဘာသာစာကားနှင့် ယဉ်ကျေးမှု သုတေသန ပညာသျှင် အဖြစ် ထင်ရှားခသူ ဖြစ်သည်။ ထို့အတူ ဦးစံသာအောင်သည်လည် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ ရူပဗေဒဖြင့် မဟာသိပ္ပံဘွဲ့ A.M. (Physics) ရ၍ ရူပဗေဒ ပါမောက္ခ၊ အထက်တန်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ထမ်းဆောင်ခသော်လည်း ရှေးဟောင်း ရခိုင်သမိုင်းနှင့် ယဉ်ကျေးမှု ပညာသျှင် အဖြစ် ပိုမို ထင်ရှားခပါသည်။

ရှေးဟောင်း ရခိုင်သမိုင်းနှင့် ပတ်သက်၍ မြန်မာ့သမိုင်းတွင် ခေတ်အဆက်ဆက် စနစ်တကျ တူးဖော်မှု အားနည်းခသည်။ ထို့ပြင် ရခိုင် ရာဇဝင်သည်လည်း အခြားသော ရာဇဝင်များ နည်းတူ ဒဏ္ဍာရီဆန်သော ရှေးဟောင်း အစဉ်အလာ ပြောစကားများ၊ ထူးကဲ အံ့သြဖွယ်ရာများနှင့် ဆက်နွှယ်နီရာ ခိုင်မာမှု မဟိလှချေ။ သို့သော် အေဒီ ၇၂၉ ဝန်းကျင်တွင် ရေးထိုးခသည်ဟု ယူဆသော အာနန္ဒစဏ္ဍန္ဒ ကျောက်စာကို ရခိုင်ပြည်နယ် မြောက်ဦးဟိ သျှစ်သောင်းဘုရား၌ တွိ့ဟိခရာမှ ခေတ်ဦး ရခိုင် သမိုင်းသည် ပိုမို ပီပြင်လာပါသည်။ အာနန္ဒစန္ဒြ ကျောက်စာကို သျှစ်သောင်းဘုရား အနီးတွင် တွိ့သောကြောင့် သျှစ်သောင်းဘုရား ကျောက်စာ ဟုလည်း ခေါ်ဝေါ်ခကတ်သည်။ ဤကျောက်စာကို ရခိုင်ဘုရင် မင်းဗာကြီး (၁၅၃၁-၁၅၅၃) လက်ထက်တွင် ဝေသာလီမြို့ နန်းတော်ရာကုန်း အနီးမှ မြောက်ဦးမြို့ သျှစ်သောင်းဘုရား အနီး ပြောင်းရွှေ့ထားခခြင်း ဖြစ်သည်။ အာနန္ဒစန္ဒြ ကျောက်စာအရ ရခိုင် ဝေသာလီမြို့ဟောင်းသည် မြန်မာ့သမိုင်းတွင် အစောဆုံး မြို့ပြနိုင်ငံများဟု ယူဆသော ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာရို့နှင့် ခေတ်ပြိုင်ဟု ပညာသျှင်များက သတ်မှတ်ခကတ်သည်။

အာနန္ဒစန္ဒြ ကျောက်စာကို ပထမဦးဆုံး အဓိပ္ပာယ် ဖော်ထုတ်၍ စာတမ်းရွီးသားခသော ပညာသျှင်မှာ အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်၊ ဘေလီယာ ကောလိပ်မှ အရှေ့တိုင်း ပညာပါမောက္ခ ဒေါက်တာ အီး၊ အိပ်ခ်ျ၊ ဂျွန်စတင် ( Dr.E.H. Johnston) ဖြစ်သည်။ ဂျွန်စတင်နှင့် ခေတ်ပြိုင် လေ့လာသူ တဦးမှာ အိန္ဒိယ ကျောက်စာဝန် ဒေါက်တာ ဒီ၊ စီ၊ ဆာကား (Dr. D. C. Sircar) ဖြစ်သည်။ ဂျွန်စတင်၏ စာတမ်းသည် ဂျွန်စတင် ကွယ်လွန်ပြီးမှ ဆာရစ်ချတ်ဘန်း (Sir Richard Bum) နှင့် ပါမောက္ခ ဂျီ၊ အိပ်ခ်ျ၊ လုစ် (G. H. Luce) ရို့၏ ကြိုးစား တည်းဖြတ်မှုဖြင့် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဂျွန်စတင်၏ 'ရခိုင်ပြည်နယ်ဟိ သက္ကတ ကျောက်စာအချို့' Some Sanskrit Inscriptions of Arakan စာတမ်းကို ၁၉၄၄ ခုနှစ်ထုတ် အရှေ့တိုင်းနှင့် အာဖရိက ပညာ လေ့လာရေး စာစောင် အတွဲ ၁၁၊ အပိုင်း၂၊ Bulletin of the School of Oriental and African Studies, Vol. 11, Pt. 2 (1944) တွင် တွိ့နိုင်ပါသည်။ ဒေါက်တာ ဆာကားသည် ရခိုင်ကျောက်စာများ အကြောင်းကို အိန္ဒိယ အက်ပီဂရမ်ဖီယာ India Epigraphia, Vol. 32 (1975) နှင့် Vol. 37 (1967) ရို့တွင် ရွီးသားခသည်။

အာနန္ဒစန္ဒြ ကျောက်စာသည် ခေတ်ဦး ရခိုင် သမိုင်းအတွက် အလွန် အရေးပါ လှပါသည်။ ထို့ကြောင့် ဆရာ မင်းသုဝဏ်သည် ၁၉၅၁-၅၂ ခုနှစ်ထုတ် ဓညဝတီမဂ္ဂဇင်း၌ 'အာနန္ဒစန္ဒြ၊ သျှစ်ရာစု ရခိုင်မင်းတပါး' အမည်ဖြင့် လည်းကောင်း၊ ရှေးဟောင်း သုတေသန အရာဟိ မွန်ဘိုကေသည် ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ ၂၊ အမှတ် ၇ (မတ် ၁၉၅၇) တွင် 'သျှစ်သောင်းဘုရားမှ သက္ကတ ကျောက်စာတိုင်' ဆောင်းပါးဖြင့် လည်းကောင်း၊ ဒေါက်တာ သန်းထွန်းသည် ၁၉၆၄ ခုနှစ်ထုတ် ခေတ်ဟောင်း မြန်မာရာဇဝင်တွင် 'ရခိုင်ခေတ်ဦး' အမည်ဖြင့် လည်းကောင်း၊ ဦးအောင်သာဦးသည် ၁၉၆၆ ခုနှစ်ထုတ် ရခိုင် ယဉ်ကျေးမှု စာစောင်၊ အတွဲ ၁၊ အမှတ် ၁ တွင် 'ဝေသာလီ' ဟူသော အမည်ဖြင့် လည်းကောင်းရီးသားခကတ်သည်။ ၁၉၆၈ ခုနှစ်တွင် ကျင်းပရေ တတိယ အကြိမ်မြောက် သုတေသန ကွန်ဂရက်တွင် မန္တလေး တက္ကသိုလ် ပါဠိဌာနမှ ဆရာမြင့်ဆွေ သည် 'အာနန္ဒစန္ဒြ သက္ကတကျောက်စာ' အမည်ဖြင့် သုတေသန စာတမ်း ဖတ်ကြားခ၍ စာပနှီင့် လူမှုရေး သိပ္ပံဂျာနယ်၊ အတွဲ ၂၊ အမှတ် ၃၊ စက်တင်ဘာ ၁၉၆၉ တွင် ပုံနှိပ် ဖော်ပြခသည်။ အာနန္ဒစန္ဒြ ကျောက်စာနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် အဦးဆုံး ကျယ်ကျယ်ပြန့်ပြန့် သုတေသန ပြုထားသော စာတမ်း ဖြစ်သည်။ မြန်မာဘာသာဖြင့် အပြည့်အစုံဆုံး သုတေသန လက်ရာ ပြပါဆိုလျှင် ၁၉၇၅ ခုနှစ်တွင် ထုတ်ဝီခရေ ဦးစံသာအောင်၏ 'အာနန္ဒစန္ဒြ၊ ရှစ်ရာစု ရခိုင်ဝေသာလီမင်း' စာအုပ်ကို ပြရပါသည်။

ဦးစံသာအောင်၏ စာအုပ်တွင် အခန်း ၁၄ ခန်း ခွဲထားသည်။ အခန်း (၁) တွင် ကျောက် စာတိုင် တည်နီရာနှင့် ရွီးထိုးထားသော စာများ၊ အခန်း (၂) တွင် ဝေသာလီ၊ အခန်း (၃) တွင် အာနန္ဒစန္ဒြ ကျောက်စာကို ဖတ်ခြင်းများ၊ အခန်း (၄) တွင် အာနန္ဒစန္ဒြမင်း ကျောက်စာ ဓာတ်ပုံများ၊ အခန်း (၅) တွင် အာနန္ဒစန္ဒြမင်း ကျောက်စာသုံး ဗျည်းအစ သရအလယ် သရ နှစ်လုံးဆင့်များနှင့် အသတ်များ၊ အခန်း (၆) တွင် တကြောင်းချင်း ယခုခေတ် မြန်မာ အက္ခရာဖြင့် ဖလှယ်ခြင်း၊ အခန်း (၇) တွင် ကျောက်စာစာကိုယ် ဝေါဟာရ အဖွင့်နှင့် မြန်မာပြန်၊ အခန်း (၈) တွင် ခေတ်ဦးကာလ ရခိုင်မင်းဆက်၊ အခန်း (၉) တွင် ဒုတိယခေတ် မင်းဆက်၊ အခန်း (၁ဝ) တွင် တတိယခေတ် မင်းဆက်၊ အခန်း (၁၁) တွင် အာနန္ဒစန္ဒြမင်း၊ အခန်း (၁၂) တွင် မှတ်သားဖွယ်ရာများ၊ အခန်း (၁၃) တွင် ဝေသာလီမှ စေတီသည် ကျောက်စာငယ်၊ အခန်း (၁၄) တွင် ဝေါဟာရ အညွှန်း ဟူ၍ စနစ်တကျ တင်ပြထားသည်။ လိုအပ်သော ဓာတ်ပုံ၊ မြေပုံ၊ ရုပ်ပုံများ အပြည့်အစုံ ပါဝင်သည်။ ကျောက်စာကို တလုံးချင်း အဓိပ္ပာယ် ဖလှယ်၍ ကျောက်စာ ဖတ်ပုံ နည်းစနစ်ကို ယှင်းလင်းထားသည်။ ထို့ပြင် ခေတ်ဦး ရခိုင်မင်းဆက် အမည်များကို ကျောက်စာပါ သက္ကရာဇ်များနှင့် ညှိနှိုင်းထားရာ ရခိုင်သမိုင်း၊ ဒင်္ဂါးနှင့် ဗုဒ္ဓ အနုပညာ လေ့လာလိုသူများ အတွက်ပါ အထူး အသုံးဝင်လှပါသည်။

ခေတ်ဦးရခိုင်နှင့် ပတ်သက်၍ ဦးစံသာအောင်၏ ပထမဦးဆုံး သုတေသန လက်ရာမှာ ၁၉၇၄ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝီခသော 'အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည် သုံးအက္ခရာ' စာအုပ် ဖြစ်သည်။ ဤစာအုပ်နှင့် ပတ်သက်၍ စာရေးသူက နိဒါန်းတွင် -

"ဤစာအုပ်တွင် ရှေးအိန္ဒိယနိုင်ငံသုံး ဗြာဟ္မီ အက္ခရာအကြောင်းကို လည်းကောင်း၊ ဗြာဟ္မီ အက္ခရာများ အကြောင်းကို လည်းကောင်း ဖော်ပြထားပါသည်။ ယင်းတို့ မည်သို့ ဆင့်ကဲေ ပြာင်းလဲလာပုံကိုလည်း ယှင်းလင်းထားပါသည်။ ယင်းနောက် ရခိုင်ပြည်နယ်တွင် တွိ့ရသော ကျောက်စာများ၊ ခေါင်းလောင်းစာများ၊ ဒင်္ဂါးစာများ၊ ကြေးနီပြားစာ စသည်ရို့ကို သမိုင်း အကျဉ်းချုပ်နှင့်တကွ မူရင်းစာကိုပါ ယနေ့သုံး မြန်မာ အက္ခရာဖြင့် ပြန်ဆို ကူးရေး၍လည်း ဖော်ပြထားပါသည်။ ယင်းရို့ကို စုစည်းပြီး ၆ ရာစု မတိုင်မီ ရခိုင်ပြည်နယ်သုံး ဗျည်းနှင့် သရရို့ကို ထုတ်ယူ၍ ဖော်ပြထားပါသည်" ဟု ယှင်းလင်းထားပါသည်။

ထိုသို့ ယှင်းလင်းရာတွင် ဗြာဟ္မီ အက္ခရာများ ခေတ်အဆက် ဆက်ပြောင်းလဲလာပုံ ဇယား၊ ဓာတ်ပုံ၊ အဓိပ္ပာယ် ယှင်းလင်းချက်၊ မှတ်ချက်များနှင့် စနစ်တကျ ဖော်ပြသည်။ တဖန် ယင်းရို့ကို ခြုံငုံ သုံးသပ်၍ ရခိုင်ပြည်နယ်သုံး အက္ခရာများသည် ပျူအက္ခရာနှင့် လည်းကောင်း၊ ကဒံဗ၊ ပလ္လ အက္ခရာများနှင့် လည်းကောင်း ကွဲပြား ခြားနားသည်။ ဆင့်ပွား မဟုတ်ဟု တင်ပြထားပါသည်။

မည်သို့ ဆိုစေ ရှေးဟောင်း ရခိုင် အက္ခရာရင်းမြစ် ပြောင်းလဲလာပုံနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် စနစ်တကျ လေ့လာ တင်ပြထားသော သုတေသန လက်ရာ တရပ် ဖြစ်သည်။

ဦးစံသာအောင်၏ တတိယမြောက် သုတေသန လက်ရာမှာ ၁၉၇၉ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော 'ရခိုင် ဒင်္ဂါးများ' ဖြစ်သည်။ ယင်းစာအုပ်ကို ဦးစံသာအောင် ကွယ်လွန်ပြီးနောက် ၁၉၈၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ Lancashire and Chesice Numismatic Spciety မှ 'Arakanse Coins' အမည်ဖြင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝီခသည်။ ဘာသာပြန်သူမှာ မစ္စတာ ရော်ဘင်ဆင် (Mr. Robinson) နှင့် အေးဆက် (Aye Set) ရို့ ဖြစ်သည်။

ဦးစံသာအောင် မတိုင်မီကပင် ရခိုင်ဒင်္ဂါးများနှင့် ပတ်သက်၍ နိုင်ငံခြားသား သုတေသီ ပညာသျှင်များသည် စာအုပ် စာတမ်းများရွီးသားခပါသည်။ သောမတ်စ်လတ္တား (Thomas Latter) ၏ 'ရခိုင်ဒင်္ဂါးများ' The Coins of Arakan စာတမ်းကို ၁၈၄၆ ခုနှစ်ထုတ် တော်ဝင် အာရှရေးရာ စာစောင် The Joumal of the Royal Asiatic Society of Brngal, Vol. 15 (1846) တွင် လည်းကောင်း၊ ယင်းစာစောင်မှာပင် ဆာ အာသာ ဖယ်ယာ (Sir Arhtur P. Phayre) ၏ 'ရခိုင်ဒင်္ဂါးများ' The Coins of Arakan : the historical coins ကို လည်းကောင်း၊ ၁၈၇၂ ခုနှစ်ထုတ် ယင်းစာစောင် အတွဲ ၄၁ တွင် ဂျီ၊ အီး၊ ဖရိုင်ယာ (G. E. Fryer) ၏ 'ရခိုင် ဒင်္ဂါးမှတ်စု' Note on Arakanese Coins စာတမ်း၊ ၁၈၉၂ ခုနှစ်ထုတ် ယင်းစာစောင် အတွဲ ၆၁၊ အပိုင်း ၁ တွင် ဒဗလျူ၊ သီအိုဘဲ (W. Theobald) ၏ 'ရခိုင် ဝေသာလီခေတ် အမှတ်တံဆိပ်ပါ ဒင်္ဂါးများ' On a symbolical Coins of the Wethali Dynasty of Arakan စာတမ်း၊ ၁၉၂၈ ခုနှစ်ထုတ် အင်ဒိယန်း အင်တီကွာရီ The Indian Antiquary, Vol. 57 (1928) တွင် ဆာ ရစ်ချက်တင်ပယ် (Sir Richard Temple) 'မြန်မာနိုင်ငံတွင် တွိ့ရသော ဒင်္ဂါးများဆိုင်ရာ မှတ်စု' Notes on Currency and Coinage among the Burmese စာတမ်း၊ ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နိန့်ထုတ် နေးချိန်း၊ တနင်္ဂနွေ အချပ်ပို (The Nation Sunday Supplement) တွင် ရပ်စတင် (C. A. Rouston) ၏ 'ရခိုင်ဒင်္ဂါး အချို့' (Some Coins of Arakan ဆောင်းပါးများနှင့် ၁၈၈၂ ခုနှစ်တွင် ဆာ အာသာဖယ်ယာ၏ 'မြန်မာ ပဲခူးနှင့် ရခိုင်ဒင်္ဂါးများ' Coins of Arakan of Pegu and Burma လုံးချင်း စာအုပ်များ ထွက်ပေါ် လာခပါသည်။

သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ ပင်မလာဂတ်မန်း (Pamela Gutman) သည်လည်း ပါရဂူဘွဲ့ အတွက် 'ခေတ်ဦးရခိုင်' Ancient Arakan စာတမ်းကို ၁၉၇၆ ခုနှစ်တွင် တင်သွင်းခသည်။ ရခိုင် ဒင်္ဂါးများနှင့် ပတ်သက်၍ မြန်မာဘာသာဖြင့် ရခိုင်ပဏ္ဍိတ် ဦးဦးသာထွန်း၏ (ဝေသာလီခေတ် ဒင်္ဂါးများ) ဆောင်းပါးကို ပြည်ထောင်စု ယဉ်ကျေးမှု စာစောင်၊ အတွဲ ၄၊ အမှတ် ၂ (ဧပြီ ၁၉၆၃) နှင့် ဦးအောင်သာဦး၏ 'ရခိုင်ဒင်္ဂါးသမိုင်း'ကို ရခိုင်တန်ဆောင် မဂ္ဂဇင်း (၁၉၇၂) တွင် တွိ့နိုင်ပါသည်။

ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' စာအုပ်တွင် အခန်း ၁ဝ ခန်းခွဲ၍ ပြုစုထားသည်။ အခန်း (၁) တွင် ဒင်္ဂါးများ ပေါ်ပေါက်လာရေး၊ အခန်း (၂) တွင် ရှေးဟောင်း ရခိုင်ဒင်္ဂါးများ၊ အခန်း (၃) တွင် ရခိုင် ဝေသာလီ ဒင်္ဂါးများကို ရခိုင် ရာဇဝင်များနှင့် ညှိခြင်း၊ အခန်း (၄) တွင် အာနန္ဒစဏ္ဍန္ဒမင်း ကျောက်စာပါ ရှေးမင်းများ၊ အခန်း (၅) တွင် မင်္ဂလာ အမှတ်လက္ခဏာပုံများ၊ အခန်း (၆) တွင် မင်္ဂလာ အမှတ်လက္ခဏာပုံများ မပါသော ရခိုင်ဒင်္ဂါးများ၊ အခန်း (၇) တွင် မြောက်ဦးမင်းဆက်များ၏ အတ္ထုပ္ပတ္တိ အကျဉ်း၊ အခန်း (၈) တွင် မြောက်ဦး မင်းဆက်များ၊ အခန်း (၉) တွင် ဒင်္ဂါးစာများ ဖတ်ရန် ဗျည်းနှင့် သရများ၊ အခန်း (၁ဝ) တွင် ပြုလုပ်သော ပစ္စည်း၊ အရွယ်အစားနှင့် အလေးချိန်ရို့ပါဝင်သည်။ နောက်ဆက်တွဲ အဖြစ် ရခိုင်ဒင်္ဂါး ၁၄၈ ပြား၏ ဓာတ်ပုံများ ပါသည်။ ထို့ကြောင့် ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' စာအုပ် ထွက်ပေါ်လာသော အခါ ပညာရေး တက္ကသိုလ် လက်ထောက် ကထိက ဦးတိုးလှ (တက္ကသိုလ်များ သမိုင်းသုတေသန ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တိုးလှ) က တက္ကသိုလ် ပညာပဒေသာ စာစောင်တွင် -

"… မစ္စတာ ဒူရွိုင်ဆယ် စီစဉ်သော ဖယ်ယာပြတိုက်ဟိ'ဒင်္ဂါးများစာရင်း' ခေါ် စာအုပ်နှင့် ဆာ အသာဖယ်ယာ ပြုစုသော 'ရခိုင်၊ ပဲခူးနှင့် မြန်မာနိုင်ငံ ဒင်္ဂါးများ' ဟူသော စာအုပ်ရို့ကို ပုံနှိပ်ပြီး ဖြစ်သော်လည်း ယင်းစာအုပ်ရို့မှာ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထား၍ လွန်စွာလည်း ရှေးကျ၍ နိန်သော စာအုပ်များ ဖြစ်ချေသည်။ ထို့ကြောင့် အနည်းဆုံး မြန်မာနိုင်ငံတော် အတွင်း၌ ရှေးက သွန်းခတ် ထုတ်လုပ်ခသော ဒင်္ဂါးများ အကြောင်းကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် အသစ် ထပ်မံ ရေးသား ပြုစုရန် လိုအပ်ပေသည်။"

အထက်ပါ စာပိုဒ်ကို ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန်၏ ၁၉၅၇-၅၈ ခုနှစ်အတွက် နှစ်ချုပ် အစီရင်ခံစာ (စာ-၄) မှ ထုတ်နုတ် ဖော်ပြပါသည်။

"ရွှေငုံးမင်း အမြီးမျှော်သလို အနှစ် ၂ဝ စောင့်မျှော်ခဲ့ပါပြီ။ မပေါ်လာသေးတကား။ မမျှော်လင့်သော နေရာမှ မျှော်လင့် မှန်းဆ ကြည့်နိုင်တတ်သည်ထက် ပို၍ကောင်းသော၊ ရခိုင်ဒင်္ဂါး သမိုင်း ကျမ်းတစောင် ထွက်ပေါ်လာပေပြီ။ ယင်းကား ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' ပင်တည်း။ “ ရှေးဟောင်း ဒင်္ဂါးတပြားသည် ခေတ်တခေတ်၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စာပီ အနုပညာနှင့် ကိုးကွယ် ယုံကြည်မှု ဆိုင်ရာ ယဉ်ကျေးမှုကြီး တရပ်လုံးကို လွှမ်းခြုံထားရကား အမျိုးသား သမိုင်းကို သိလိုသူတိုင်း ဒင်္ဂါးသမိုင်းကို လေ့လာကြရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ထိုသို့သော သမိုင်းအတွက် ဦးစံသာအောင်၏ 'ရခိုင်ဒင်္ဂါးများ' သည် ပုဗ္ဗမင်္ဂလာပင် ဖြစ်တော့သည်။ သက္ကတဘာသာ ကျွမ်းဝင်လိုသူများ၊ ရှေးဟောင်း အက္ခရာ လက်ရေးပညာကို လေ့လာလိုသူများ၊ သမိုင်းပညာသျှင်များ၊ ဘောကဗေဒ ပညာရှင်များ စသည်ရို့ လေ့လာထိုက်သည့် ကျမ်းတဆူ ဖြစ်သည်" ဟု လှိုက်လှိုက်လှဲလှဲ ကြိုဆို ဝေဖန်ထားပါသည်။

ဦးစံသာအောင်၏ နောက်ဆုံးလက်ရာမှာ ၁၉၇၉ ခုနှစ်တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ် ထုတ်ဝီခရေ ခေတ်ဟောင်း ရခိုင် ဗုဒ္ဓ အနုပညာလက်ရာများ 'The Buddhist Art of Ancient Arakan' စာအုပ် ဖြစ်သည်။ ဤစာအုပ်တွင် အေဒီ ၈ ရာစု အာနန္ဒြမင်း မတိုင်မီ ရခိုင် ရာဇဝင်လာ မင်းဆက်များကို ခေတ်သုံးခေတ် ပိုင်းခြား၍ မင်းဆက် ဇယားများနှင့် တင်ပြသည်။ ထို့နောက် ဓညဝတီနှင့် ဝေသာလီမြို့ဟောင်းရို့ကို မြေပုံအညွှန်းနှင့် အသေးစိတ် လေ့လာ တင်ပြထားသည်။ ထိုမှတဆင့် ရခိုင်ဒေသမှ တူးဖော် တွိ့ရသော ဗုဒ္ဓ ယဉ်ကျေးမှု ဆိုင်ရာ ရုပ်ပွားတော်များ၏ မုဒြာဟန် အမျိုးမျိုးကို ဆွေးနွေး တင်ပြသည်။ ထို့ပြင် ထူးခြားသော မကိုဋ်ဆောင်း ရုပ်ပွားတော်များနှင့် ပြည့်ဖြိုးဟန် (ဗိုက်ပူ) ရုပ်ပွားတော်များကို လေ့လာ ယှင်းလင်းထားသည်။ ဗုဒ္ဓ ရုပ်ပွားတော်များ အပြင် ရခိုင် ရှေးဟောင်းဒင်္ဂါးများ၊ အုတ်ခွက်များ၊ ကြေးနီပြား၊ ကြေးခေါင်းလောင်းနှင့် ကြေးဆီမီးတိုင် ရုပ်တု အမျိုးမျိုး ဓာတ်ပုံ၊ မြေပုံ၊ ကျောက်စာ မိတ္တူများ ပါဝင်ရာ ခေတ်ဦးရခိုင် ဗုဒ္ဓ အနုပညာနှင့် ပတ်သက်၍ အားရဖွယ် ကျမ်းတစောင်ဟု ပညာသျှင်များက သုံးသပ်ခသည်။

ဦးစံသာအောင်ကို အဖ အငြိမ်းစား စက်ရှင် တရားသူကြီး ဦးသာဇံဦး (K.S.M., A.T.M.) နှင့် အမိ ဒေါ်မဘု ရို့မှ ၁၉၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နိန့်တွင် ဖွားမြင်သည်။ မိခင်မှ ကိုလိုနီခေတ်ဦး အလွန် ထင်ရှားသော ရခိုင်သူဌေးကြီး ဦးရဲကျော်သူ၏ အနွယ် ဖြစ်သည်။

ငယ်စဉ်က ရန်ကုန် တီတီစီကျောင်း၊ သာယာဝတီ၊ မြင်းခြံ၊ စစ်တွေ အစိုးရ စာသင်ကျောင်းများတွင် ပညာသင်၍ ၁၉၄ဝ ပြည့်နှစ်တွင် တန်းမြင့် ကျောင်းထွက် စာမေးပွဲကို စစ်တွေ အစိုးရ အထက်တန်းကျောင်းမှ အောင်မြင်သည်။ ရူပဗေဒနှင့် ဓာတုဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးရသည်။ ၁၉၄ဝ-၄၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၊ ၁၉၄၅-၄၇ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်ရို့တွင် ပညာသင်ကြား၍ ၁၉၄၉ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဘီအက်စ်စီ ရူပဗေဒ ဂုဏ်ထူးတန်းကို ပထမ အဆင့်မှ အောင်မြင်သည်။ ၁၉၅၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဟားဗတ် တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (A.M.) ကို ရူပဗေဒဖြင့် ရခသည်။

၁၉၅ဝ-၅၁ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန သရုပ်ပြဆရာ၊ ၁၉၅၁-၅၄ တွင် လက်ထောက်ကထိက၊ ၁၉၅၄-၆၄ တွင် ကထိက၊ ၁၉၆၄-၇ဝ ပါမောက္ခ၊ ၁၉၇ဝ-၇၂ တွင် တက္ကသိုလ်များ အုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး၊ ၁၉၇၂-၈၁ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် တာဝန်များ ထမ်းဆောင်ခသည်။ ၁၉၄၈ ခုနှစ်၊ ရခိုင် ကျောင်းသူ ကျောင်းသားများ အသင်း ဥက္ကဋ္ဌ၊ ရခိုင်တန်ဆောင် အင်္ဂလိပ်စာ အတိုင်ပင် ခံစာတည်း၊ ၁၉၆၆-၇ဝ တွင် တက္ကသိုလ်များ တိုင်းရင်းသား စာပီနှင့် ယဉ်ကျေးမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ၁၉၇ဝ-၈၁ ခုနှစ်တွင် နာယက၊ တက္ကသိုလ်များ အားကစား အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ သုတေသန အသင်း အမှုဆောင်၊ သုတေသန လုပ်ငန်းများ ဆိုင်ရာ မူဝါဒအဖွဲ့ အတွင်းရေးမှူး၊ တက္ကသိုလ် ပညာပဒေသာ စာစောင်နှင့် တက္ကသိုလ် သုတေသန စာစောင် အုပ်ချုပ်မှု စာတည်းအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် ဆောင်ရွက်ခပါသည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရခိုင်ပြည်နယ် စစ်တွေ မဲဆန္ဒနယ်မှ ရွေးချယ် ခံရသည်။

၁၉၅၄-၇ဝ ခုနှစ် အတွင်း အိန္ဒိယ၊ တရုတ်၊ သြစတြီးယားရို့တွင် ကျင်းပသော အဏုမြူ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်၍ ၁၉၆၄ ခုနှစ်၊ တရုတ်ပြည် ပီကင်းတွင် ကျင်းပသော အပြည်ပြည် ဆိုင်ရာ သိပ္ပံပညာရှင်များ နှီးနှော ဖလှယ်ပွဲတွင် Aims and Paractice of Physics Teaching in Burma (Myanmar) စာတမ်းကို တင်သွင်းခသည်။ ပညာရေး လေ့လာရေး ခရီးစဉ်ဖြင့် ဂျပန်နိုင်ငံ (၁၉၇၃)၊ အမေရိကန်ပြည်ထောင်စု (၁၉၇၅)၊ ဆိုဗီယက်ယူနီယံ (၁၉၇၇) နိုင်ငံများသို့ လားရောက်ခသည်။

ပုံနှိပ် ထုတ်ဝီခသော သိပ္ပံပညာ ဆိုင်ရာ စာအုပ်များမှာ ဒေါက်တာ မောင်မောင်ခနှင့် တွဲ၍ 'အခြေပြု ရူပဗေဒ' (၄ တွဲ) (၁၉၇၁)၊ 'ရူပဗေဒအကြောင်း သိကောင်းစရာ' (၁၉၇၁)၊ 'ကွန်ပျူတာ' (၁၉၇၃)၊ 'အက်တမ်နှင့် နျူကလီးယား စွမ်းအင်' (၁၉၇၄) ရို့ရွီးသား၍၊ 'ရူပဗေဒအကြောင်း သိကောင်းစရာ' စာအုပ်ဖြင့် ၁၉၇၁ ခုနှစ်၊ အမျိုးသား စာပီဆုကို သိပ္ပံနှင့် အသုံးချ ဘာသာရပ် အတွက် ရခသည်။ စာပေဗိမာန်မှ ဦးဆောင် ကျင်းပသော သိပ္ပံ စာပီ နှီးနှော ဖလှယ်ပွဲတွင် 'လူထုအတွက် သိပ္ပံစာပီ' စာတမ်း တင်သွင်း၍ ပုံနှိပ် ထုတ်ဝီခသည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝီသော Working People's Daily, The Guardian ရို့တွင် ရူပဗေဒ သိပ္ပံပညာ ဆောင်းပါးများနှင့် ရခိုင်သမိုင်း အနုပညာ ဆောင်းပါးများကို အင်္ဂလိပ်ဘာသာဖြင့် အများအပြားရွီးသားခသည်။ အချို့မှာ စာအုပ် အဖြစ် ထုတ်ဝီရန် ကျန်ရှိနိန်သီးသည်။ သာဓက ပြရသော် ဂါဒီးယန်း သတင်းစာတွင်ရွီးသားခသော ရခိုင် မဟာမုနိ ဘုရားသမိုင်း (Legend of Mahamuin) ဖြစ်သည်။

ဦးစံသာအောင်သည် ဌာနဆိုင်ရာ လုပ်ငန်းများ၊ ရှေးဟောင်း ရခိုင်သမိုင်း ယဉ်ကျေးမှု ဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်နီစဉ် ၁၉၈၁ ခုနှစ်၊ မေ ၂၅ ရက်နိန့်တွင် ရုတ်တရက် ကွယ်လွန်ခပါသည်။
အညွှန်း
မောင်ဇေယျာ [မိုးဂျာနယ်၊ အမှတ် ၆၊ ဇွန် ၂ဝဝ၅]
၁။ စောထွန်းအောင်၊ ဒေါက်တာ။ 'ဦးစံသာအောင်နှင့် ဘဝမှတ်တိုင်များ'၊ ရခိုင်တန်ဆောင်၊ အမှတ် ၁၉ (၁၉၆၆) စာ ၁၅-၂၃။ ၂။ စံသာအောင်၊ ဦး။ 'အေဒီ ခြောက်ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံး အက္ခရာ'။ ရန်ကုန်၊ ဥမ္မာအောင်စာပေ၊ ၁၉၇၄။ ၃။ တိုးလှ၊ ဦး။ 'ရခိုင်ဒင်္ဂါးများ၊ စာအုပ်ဝေဖန်ချက်'၊ တက္ကသိုလ် ပညာပဒေသာ စာစောင်။ တွဲ ၁၃၊ မှတ် ၅ (စက်တင်ဘာ ၁၉၇၉) စာ ၁၇ဝ-၁၇၂။ ၄။ Embree, John F.Biliography of the People's and cultures of Mainland Southeast Asia, by John F. Embree and Lillian Ota Dotson. New Haven: Yale University, 1950.

torsdag 7. juni 2012

ကုလား(၃)ကောင်နန့် တစ်စိ (၃) လုံး

ရခိုင်ပြည်မာ ဖြစ်ပျက်နီရေ ပြဿနာတိကို စုံစမ်းဖော်ထုတ်ဖို့ အဖွဲ့တခုဖွဲ့ထားယာဆိုစွာကို လူတိုင်းသိကတ်ယာထင်ပါရေ။ ဒေမာလေ့ ခံစားချက်တိကို ရင်ထဲမာဟိကေ ဟိရေအတိုင်းဖော်ပြနီကတ်တေ။ တချို့လေ့ ဗီဒီယိုဖိုင်ချေတိနန့် စနစ်တကျလုပ်ဘနာ တင်ပြနီကတ်ပါရေ။ ပြဿနာတိ အထွီးလိုက်ဖြစ်နီလို့ စိတ်တိခြူနီရကေလေ့ တဖက်မာ ရခိုင်လူမျိုးနန့်ရခိုင်ပြည်ကိုထိဂေ အသဲကပင်နာကတ်စွာတိမြင်ရလို့ အားရမိပါရေ။ယကေလေ့ ပြောနီ၊ ဆိုနီဂတ်တေနီရာမာ အဓိကအရေးအကြီးဆုံးတချက် ကျန်နီသိမ့်ရေ။ အကျွန်လေ့ ဒေနိသတင်းစာတစောင်ကောက်ဖတ်မိလို့ သတင်းတခုကိုမြင်မိခါမ ဗြုန်းခနဲစိတ်ထဲမာပေါ်လာစွာပါ။ ယကေလေ့ အချိန်နောက်မကျသိမ့်။ ရသိမ့်ရေ။ ဖတ်မိရေသတင်းကို အတိုရှုံးပြောရဖို့ဆိုဂေ - အယ်လ်ခိုင်းဒါးအဖွဲ့စွာ အသီခံဗုံးခွဲသမားတိကို ကုလားအင်တာနက်တိမာ လျှောက်လွှာခေါ်နီစွာပါ။ အရည်အခြင်းတိကတော့ လူသတ်ဝံ့ရဖို့၊ အစ္စလမ်ဘာသာဝင်မဟုတ်တေလူတိကို သတ်ဖြတ်ဖူးကြောင်း ပြရဖို့…….အစ..အစ ဟိရေစွာတိ။ အဓိက တိုက်ခိုက်ရဖို့နိန်ရာတိကတော့ အမေရိကန်၊ အစ္စရေးနန့် ပြင်သစ် ဖြစ်တေ။ (ကိုယ့်လူတိ ကြောက်လားဂတ်လတ်မေ ကြောက်လို့)ဒေသတင်းကို ဖတ်ပြီးစွာနန့် အထက်ဆုံးက အပိုဒ်ကစွာကို လားအတွက်ပေါ်ရေ။ နဂိုကပင်လေ့ သံသယစကေ ဟိရေ။ သံသယက တခြားစွာမဟုတ်။ ယင်းကုလား(၃)ကောင်ကို ဖမ်းမိစွာနန့် ဇာကြောင့်မသီတာထွေးကိုသတ်ရရေဆိုရေ အကြောင်းပြချက် ချက်ချင်းထွက်လာရေ။ မယားယူဖို့ဖေ့သာမဟိလို့ ပစ္စည်းတိကို ယူချင်လို့လတ်။ ဒေအကြောင်းပြချက်စွာ လုံးဝယုတ္တိမဟိရေအပြင် နောက်ကွယ်ကကြိုးကိုင်ရေအကောင်တိ ကြိုတင်အကွက်ချသင်ပီးထားစွာဖြစ်ရဖို့လို့ ယူဆရေ။ ဗမာပြည်က အယောင်ဆောင် မဟာသူတော်စင်၊ သူတော်စင်မအပေါင်းရို့ကို ကုလားဥာဏ်ပြဘနာ လမ်းလွှဲပီးလိုက်စွာဖြစ်တေ။အကျွန်ရို့အတွက် အဓိကနန့် အရေးအကြီးဆုံးလုပ်ရဖို့အလုပ်က ကုလား(၃)ကောင်ကို သီဒါဏ်ပီးရေး၊ မပီးရေးထက် ယင်းကုလား(၃)ကောင်နောက်မာ ဇာမူဆလင်အကြမ်းဖက်သမားအဖွဲ့ ဟိနီလဲဆိုစွာဖော်ထုတ်နိုင်ဖို့ ကဂေါင်းအရေးကြီးရေ။ ဒေကိစ္စစွာ ရခိုင်တိ နောက်တဆင့်အောင်ပွဲတခုအတွက် အဓိကသော့ချက်ဖြစ်တေ။ ယင်းဇူးနန့် အဂုအသစ်ဖွဲ့ထားရေ စုံစမ်းရေးအဖွဲ့ကို ဒေကိစ္စကိုဖော်ထုတ်ပီးဖို့ ပြည်တွင်း၊ ပြည်ပက ရခိုင်တိ အဓိကတောင်းဆိုဂတ်ရပါဖို့။ တောင်းဆိုဂတ်ပါလို့လည်း တခါတည်းတိုက်တွန်းလိုက်ပါယင့်……။Free4waddy

torsdag 3. mai 2012

အောက်ချီးဥာဏ် အမြင်မှန်ဇီ

ALP ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ စစ်တွေကိုရောက်ပြီးရေနောက်ပိုင်းမာ ကုလားဇာတ်လမ်း တစခန်းပြန်ထလာရေ။ မိုးလင်းလေ့ ကုလား၊ နီဝင်လေ့ ကုလား၊ ဖေ့ဘုတ်ဝင်ကြည့်ကေလေ့ ကုလား၊ အီးမေးလ်ဖွင့်ကေလေ့ ကုလားနန့် အယင်ထက် ပွဲဆူလာရေ။ ပွဲဆူအောင် အချိန်ကိုက်လုပ်ပီးလိုက်စွာက ပြည်ပအခြီစိုက် မဟာဗဟာဝါဒီ မီဒီယာတိဖြစ်တေ။ ယင်း မဟာဗမာဝါဒီတိကြီးစိုးရေ ပြည်ပအခြီစိုက် မီဒီယာတိစွာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကို ပြည်တွင်း၊ ပြည်ပရခိုင်လူမျိုးတိ သိန်းနန့်ချီဘနာ ရင်ထဲ၊ အသဲထဲက လလှိုက်လလှဲကြိုဆိုကတ်စွာကိုမြင်ဘနာ ဘဘြန်းဆာလို့လန့်လားခရေပိုင် အခြားတဖက်မာ သူရို့လူမျိုးဂေါင်းဆောင်ကို ယင်းပိုင်မကြိုဆိုရကောင်းလားဆိုဘနာ မနာလိုဖြစ်တေ။ ဒေချင့်တိစွာ အကြောင်းမဲ့ မနာလိုလို့ပြောစွာမဟုတ်။ ဂနိအချိန်တိ ယင်းအောက်ချီးမီဒီယာတိမာ ပြန်လှန်ကြည့်လိုက်ကတ်။ ယင်းသတင်းကို မထည့်မကောင်းလို့ တကြောင်းနှစ်ကြောင်းထည့်ပီးစွာကလွဲလို့ ရခိုင်လူမျိုးတိကြိုဆိုထောက်ခံစွာ တခုမာလေ့မရွီးဝံ့ကတ်။ ဧရာဝတီမာ လူထုတိ “ သောင်းချီဘနာ “ ဆိုရေ တကြောင်းတွိလိုက်တေ။ (စကားချပ် - ၀ါကျီးမကို လူငါးရာကြိုဂေ ငါးထောင်၊ ငါးသောင်းရွီးနီကတ်တေအကောင်တိ) ရခိုင်လူမျိုးတိ ဇာချင့်ကို ငတ်မွတ်တမ်းတလိုချင်နီဂတ်လဲဆိုစွာကို ကကွက်ကကွင်း မြင်လားရေ။ ရခိုင်ပြည်ရာ လွတ်လပ်လားခဂေ ယင်းကောင်တိ ထန်းရည်သောက်ဘနာ မြက်ခြောက်စားရကိန်းဆိုက်ဖို့ ဆိုစွာကိုသိရေ။ ရခိုင်ပြည်သူတိ ရခိုင့်တော်လှန်ရေးနန့် လွတ်လပ်ရေးကိုအာရုံစိုက်လာစွာကို စိတ်ပညာ(စိတ်ဓါတ်ရေးရာအရ) လမ်းကြောင်းလွှဲဖို့ အသဲအသန်လိုပါလတ်တေ။ အခြားတဖက်မာ ဇာကိုပြလိုက်လဲဆိုဂေ “ ငရို့တိကို ပုန်ကန်ဖို့မချောင်းကေ့ ဒေမာမြင်မလား” ဆိုဘနာ ကုလားတိနန့် မျောက်ခြောက် ခြောက်ပြလိုက်တေ။ ဒေအကွက်က ယင်းကောင်တိ ကဇတ်နီကျအကွက်တိ။ ပစဟလောက်ကပင် ချဂြောင်းကို ကြောင်းလို့မြင်ဖို့လိုရေ။ ဇာဖြစ်လို့ ဒေပိုင်လုပ်ကတ်လဲလို့မီးကေ အဖြေက ရှရှင်းချေယာ။ “ ဗမာဖြစ်လို့ ဒေပိုင်လုပ်တေ”။ချက်ချင်း ကုလားတကောင်ကို အိန်တာဗျူးလုပ်ပနာ ငါးစာချရေ။ ယင်းကုလားအသံကိုကြားစွာနန့် ရခိုင်တိကလေ့ ထဘနာမိုးကြိုးပလိုက်ကတ်စွာ နားတိပူ၊ မျက်စိတိမာ အမှုန့်ဝင်ဘနာ ငြောင့်ခံနီရေ။ အကျိုးအမြတ်က အောက်ချီးတိဆင်ထားရေအကွက်ကို လေးဂွင်နင်းဘနာ ၀င်လားခကတ်တေ။ ကိုယ်ရို့ ရရိုက်စစိုက်လုပ်စရာ ကိုင်စရာဟိစွာတိကို တခုလေ့မလုပ်နိုင်ဘဲနန့် ကုလားသံဖက်ဝင်လားခဂတ်တေ။ကုလားဆိုရေအမျိုးကို အယင်ခေါက်ကလေ့ မကြောက်ခ၊ အဂုလေ့ ကြောက်စရာမလိုပိုင် အနာဂါတ်မာလေ့ ကြောက်စရာအကြောင်းမဟိ။ ဂနိလက်ဟိအခြေအနေအရ ယင်းကုလားတိကို ဗမာပြည်မာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပီးဖို့ဆိုရေကိစ္စကို ဘန်ကီးမွန်း၊ EU, USA, ASIAN မကလို့ သကြားမင်းလာပြောကေလေ့ လက်ဟိအစိုးရနန့် ပြည်သူတိလက်မခံ။ ကိစ္စက ပြတ်နီယာ။ နိုင်ငံတိုင်းမာ သူ့ဥပဒေနန့်သူ သီးသန့်ဟိရေ။ မင်းရို့ ဥပဒေကို ဟိုပိုင်ပျင်၊ ဒေပိုင်ပြောင်းဆိုဘနာ ကုလသမဂမာလေ့ ပြောခွင့်မဟိ။ ကုလားဆိုရေအကောင်တိကို ငရို့ရခိုင်တခုတည်းရာလက်မခံစွာမဟုတ်။ ကမ္ဘာကြီးမာ ဥရောပ၊ အမေရိက စရေတိုင်းပြည်တိမာ ကုလားဆန့်ကျင်ရေးအဖွဲ့တိ တရက်ထက်တရက် တိုးပါလတ်တေ။ နိုင်ငံအများစုမာ ကုလားဆန့်ကျင်ရေးအဖွဲ့တိ ဟိနီကတ်ယာ။ ယင်းဇူးနန့် ငရို့စွာတကောင်ကြွက် မဟုတ်။ယင်းချင့်ထက် တဆင့်တက်လာရေ တချို့က ရခိုင်ပြည်လွတ်လပ်ရေးရကေ ကုလားရန်ကို တိန်လိန်စွတ် အာဂါပြိုကျဖို့စွာကြောက်လို့ ခြီထောက်အထက်ထောင်လို့အိပ်တေပိုင် စိုင်းစားဘနာ ကြောက်နီကတ်တေလူတိလေ့ ဟိရေ။ အထက်မာ ပြောခရေပိုင် နိုင်ငံတိုင်းမာ သူ့ဥပဒေနန့်သူဟိပြီးသား။ ရခိုင်ပြည်မာလေ့ ယင်းဥပဒေဆိုစွာဟိလာဖို့။ ယင်းဥပဒေအောက်မာတခါ နိုင်ငံကိုကာကွယ်ဖို့ ကြီး၊ ရီ၊ လီ စစ်တပ်ဟိလာဖို့။ ယင်း ကုလားစုတ်တကောင်နှစ်ကောင်လောက်ကို နရွက်ဆွဲဘနာ ခခဲမွှိသတ်ပစ်လို့ရရေ။ နောက်ဆုံး လမိုက်စကားနန့်ပြောရကေ ကိန်းကဇတ်တေပိုင် ရခိုင်နန့်ကုလား တကောင် တကောင်ချင်းစားပလိုက်ကေတောင်မ ရခိုင်လူမျိုးနိုင်ရေ။ ရခိုင်မာ စကားပုံတခုဟိရေ “ ချစားစုန်း အသက်စွာ ကုလာမဇခြုံမာရာဟိရေ” ဆိုပိုင် “ ကုလား အသက်စွာလေ့ ရခိုင်လက်ထဲမာရာဟိရေ” ယေ။ ယင်းဇူးနန့် ကုလားတိကို သတိပီးချင်စွာကလေ့ မင်းရို့ “ အမေစု၊ အောက်ချီးစားဖားတိနန့် နိုင်ငံတကာကို အသနားခံနီဖို့တက်စား၊ မင်းရို့ ကုလားဖရားကို တရက်မာ ဇာနှစ်ခါဟြိခိုးလဲ၊ (၅)ခါခိုးကေ ရခိုင်တိကိုလေ့ တရက်မာ(၅)ခါ ခိုး” ။ အထက်ကပြောခရေလူတိ မင်းရို့ကိုဇာပိုင်ပင် သတ်မှတ်သတ်မှတ်၊ ရခိုင်လူမျိုးတိက “ လူ” လို့ မပြောမချင်း မင်းရို့လူမဖြစ်လို့။အေး…..ယင်းတွက်နန့် ကိုယ်ရို့လုပ်စရာဟိရေအလုပ်၊ လားစရာဟိရေလမ်းကို ဆက်လားကတ်မေဖိ မိတ်ဆွေရို့။Free4waddy

mandag 9. april 2012

အလုပ်တခုကို လုပ်ကတ်ဖို့ဆိုကေ…..

ခေတ်မီတိုးတက်ရေနိုင်ငံတိကလူတိနန့် အကျွန်ရို့ကြားမာ စိုင်းစားပုံစိုင်းစားနည်းတိ၊ အတွေးအခေါ်တိ ဇာပိုင်ကွာခြားကတ်လဲ ဆိုစွာတိကို အတွက်ပေါ်ရေပိုင် တခုချင်းစီ တင်ပြပီးပါမေ။

အလုပ်တခုခု (သို့) လုပ်ငန်းစီမံကိန်းတခုခုလုပ်ကတ်ဖို့ဆိုကေ အကျွန်ရို့တိမာ -

“ အေး………စမ်းကြည့်ကတ်မေပယေ” လို့စီပြောကတ်တေ။ (သူသူငါငါ)
အဓိပ္ပါယ်က ဖြစ်ချင်ကေလေ့ ဖြစ်ဖို့။ မဖြစ်လာကေလေ့ မတတ်နိုင်(ကံယာ)လို့ ဆိုလိုရေ။
- ဖြစ်ကိုဖြစ်ရဖို့ ဆိုရေ ရည်မှန်းချက်စွာမဟိ။ ၅၀-၅၀ ရာဟိရေ။
- ဖြစ်နိုင်ဖို့၊ မဖြစ်နိုင်ဖို့ ဆိုစွာကို အတွိအကြုံအရဖြစ်စီ၊ နည်းပညာအရဖြစ်စီ အားနည်းလို့ အဖြစ်နိုင်ဆုံး(အပါးဆုံး)အဖြေတခုခုကို မဟြာတတ်ကတ်။
- ယင်းတိအကျိုးဆက်က ယုံကြည်မှုအဆင့်လေ့ ၅၀ ရာခိုင်နှုန်းလောက်ကျဆင်းလားရေ။ နောက်ဆုံး မအောင်မြင်ခကေလေ့ ကံကိုပုံချလိုက်ကတ်တေ။ ဒေချင့်တိက အကျွန်ရို့စရိုက်၊ လုပ်ပုံလုပ်နည်း နန့် စိုင်းစားပုံစိုင်းစားနည်းဖြစ်တေ။

ခေတ်မီတိုးတက်တေ နိုင်ငံတိကလူတိအတွက် အလုပ်တခုခု(သို့) လုပ်ငန်းတခုခုကိုလုပ်ဖို့ဆိုကေ-

- ပဌမဆုံး ဖြစ်နိုင်ခြေဟိ၊ မဟိ ဒေါင့်ပေါင်းစုံကျအယင်သုံးသပ်တေ။
- ဖြစ်နိုင်ခြေဟိရေလို့ ယူဆစွာနန့် ဖြစ်နိုင်ဖို့နည်းလမ်းတိကို အစီအစိုင်ဆွဲရေ။ အစီအစိုင်ဆွဲရေနီရာမာ တခုတည်းကိုပုံသီမထားဘဲ အကြမ်းဖျင်း (၃)မျိုးလောက်ထားရေ။ ဥပမာ အစီအစိုင်(က၊ ခ၊ ဂ)။ ဆိုလိုစွာက ပဌမဦးစားပီးဖြစ်တေ အစီအစိုင်(က)နန့် မအောင်မြင်ခကေ၊ ဒုတိယအစီအစိုင်(ခ)နန့် တဆက်တည်း တပ်စားထိုးဘနာ ဆက်လုပ်ဖို့၊ အစီအစိုင်(ခ)နန့် အဆင်မပြေသိမ့်ကေ အစီအစိုင်(ဂ)နန့် ဆက်လုပ်နိုင်အောင် လုပ်ငန်းတိကို အကောင်အထည်မဖော်ခါကပင် တနည်းနန့်မရဂေ တနည်းနန့်လုပ်ဖို့ဆိုဘနာ အစီအစိုင်တိကို စနစ်တကျနန့် ကြိုတင်ပြင်ဆင်ထားကတ်တေ အကျင့်ဟိရေ။
- ယင်းဇူးနန့် ဒေသူရို့တိမာ အလုပ်တခုခုလုပ်ယာဆိုကေ အောင်မြင်ဖို့ဆိုစွာကို (၁၀၀)ရာခိုင်နှုန်း မဟုတ်ကေလေ့ အကျွန်ရို့တိထက်အများကြီးပိုရေ။

ဇာနည်းလမ်းက ပိုကောင်းရေ၊ မကောင်းဆိုစွာကိုတော့ စာဖတ်တေလူတိ ကိုယ့်အသိဥာဏ်နန့်စိုင်းစားလီကတ်ပါ။ ရခိုင်လူမျိုးတိုင်း တိုးတက်အောင်မြင်နိုင်ကတ်ပါစီ။

Free4waddy

onsdag 21. mars 2012

ဘ၀ရည်မှန်းချက်

အကျွန်ရို့တိစွာ စကားစပြောတတ်တေအရွယ်၊ ကျောင်းစနီရေအရွယ်တိလောက်ကပင် လူတိုင်းအမီးခံဖူးရေ မီးခွန်းတခုဟိရေ။ ယင်းချင့်က “ ကြီးလာဂေ ဇာလုပ်ဖို့လဲ” လတ်။ ယင်းအချိန်က စိတ်မာဖြစ်ချင်ခစွာတိကို ဖြေဖူးခကတ်တေ လူတိဂျေးယာ။ ယကေလေ့ လက်တွိမာ ဖြစ်ချင်ခစွာနန့်ဖြစ်နီရရေဘ၀ တခြားစီဖြစ်နီရရေလူက ရခိုင်နှုန်းကဂေါင်းများလီဖို့ထင်ရေ။ ဒေပိုင်ဖြစ်လာရစွာရေ တိုင်းသူပြည်သားတိ ညံ့ဖျင်းလို့မဟုတ်။ အခြေခံအကျဆုံးတရားခံက ယင်းတိုင်းပြည်၏ ပညာရေးစနစ်ကြောင့်ဖြစ်ရစွာဖြစ်တေ။

တိုးတက်ထွန်းကားရေတိုင်းပြည်တိမာ လူတိုင်းကိုယ်ဖြစ်ချင်စွာကို လုပ်လို့ရရေ။ ယင်းပိုင်လုပ်နိုင်အောင်လေ့ ယင်းတိုင်းပြည်တိ၏ ပညာရေးစနစ်တိက အထောက်အကူပြုပီးထားရေ။ မိခင်ဘာသာစကား၊ အင်္ဂလိပ်၊ သမိုင်း၊ ပထ၀ီ၊ သိပ္ပံ အခြေခံဘာသာရပ်တိအပြင် တခြားဘာသာရပ်တိဖြစ်တေ ကွန်ပြူတာ၊ ပန်းချီ၊ လက်သမား၊ ပန်းထိုး၊ အချက်အပြုတ်၊ အားကစား အစဟိရေဘာသာရပ်တိကို အတန်းအလိုက် အခြေခံပညာကျောင်းတိမာသင်ပီးရေ။ ယင်းချင့်တိအပြင် ကျောင်းသား/သူ တယောက်ချင်းစီလိုက်လို့ သူရို့တိဝါသနာပါစွာကို လုပ်နိုင်အောင် ကျောင်းတိကလမ်းကြောင်းချပီးရေ။

ဥပမာ ကျောင်းသား/သူ တယောက်ယောက် ဓါတ်ပုံရိုက်ဖို့ ၀ါသနာပါရေဆိုပါဖိ။ ယင်းအချေအတွက် အချိန်စရင်းသီးသန့်ဆွဲဘနာ ဓါတ်ပုံပညာရှင်တိဘားက စာတွိလက်တွိပညာသင်ယူနိုင်အောင် ကျောင်းတိကစီစိုင်ပီးရေ။ တခြားဘာသာရပ်တိလေ့ ထိုနည်းအတိုင်းယာ။ ယင်းပိုင် သင်ပီးလိုက်တေ အသျှေတိစွာ အခြေခံပညာကျောင်း မပြီးခင်အချိန်မာ ကိုယ့်ကျောင်းက တခြားအတန်းအငယ်တိက အသျှေတိကို ယင်းဘာသာရပ်တိနန့်ပတ်သက်လို့ တဆင့်ခံပြန်လို့ ပို့ချပီးရရေ။ အခြေခံပညာကျောင်းအဆင့်မာလောက်ကပင် ယင်းအချေတိစွာ ကိုယ်ရို့ဖြစ်ချင်ရေစွာကို လမ်းတ၀က်လောက်ထိ ရောက်လားခရေလို့ ပြောလို့ရရေ။ ကိုယ်ရို့လားချင်ရေ၊ လုပ်ချင်ရေစွာကို အပူအပင်မဟိဘဲနန့် လလွတ်လလပ်လားနိုင်အောင် ဖန်တီးပီးထားရေ။

အခြေခံပညာအဆင့်ပြီးစွာနန့် တက္ကသိုလ်၊ ကောလိပ်ကို တခါတည်းဆက်တက်လို့မရ။ တက္ကသိုလ်၊ ကောလိပ်ကိုဆက်တက်ဖို့အတွက် ကြားခံကျောင်းတခုကို (၃)နှစ် ဆက်တက်ရရေ။ ဒေကြားခံကျောင်း(၃)နှစ်တက်တေ အချိန်မာ ကျောင်းသားတိစွာ ကိုယ်ရို့စိတ်ဝင်စားရေအလုပ်ကို ပိုလို့စာတွိ၊ လက်တွိ လုပ်လာနိုင်ရေပိုင် နွီရာသီကျောင်းပိတ်ရက်တိမာ သူရို့စိတ်ဝင်စားရေအလုပ်တိမာ ဖေ့သျှာဝင်ငွေရအောင် ၀င်လုပ်ကတ်ရရေ (ကျောင်းပိတ်ထားရေအချိန်မာ အစိုးရအထောက်အပံ့မပီးလို့)။ ပုလိပ်အလုပ်ကိုစိတ်ဝင်စားရေလူက ပုလိပ်ဌာနမာ အလုပ်သင်ဆင်း၊ ဈီးရောင်းဖို့ဝါသနာပါရေလူက စူပါမားကတ်တိမာ အရောင်းစရေးလုပ် ၀င်လုပ်ကတ်ရရေ။ ယင်းပိုင် လုပ်နိုင်အောင်လေ့ ကျောင်းတိ၊ ကုမ္ပံဏီတိနန့် အစိုးရကြားမာ ပူးပေါင်းဆောင်ရွက်မှုတိနန့် ချိတ်ဆက်ထားရေ။

ဗမာပြည်က ပညာရေးစနစ်တိနန့် နှိုင်းယှဉ်ရဖို့ကေ အကျွန်ကဒေပိုင်မြင်ရေ။ ခရီးတခု၊ ပန်းတိုင်တခုကို အတူတူလားကတ်စွာမာ တိုးတက်တေနိုင်ငံတိကအချေတိက ကိုယ့်စိတ်ကြိုက်လားခွင့်ရပြီးကေ ဗမာပြည်ကကျောင်းသားတိက ဇာနန့်တူလဲဆိုဂေ ဗိုက်စကုတိထဲမာ နာဇီတိက ဂျူးတိကို ရထားတွဲတိမာအလုံပိတ်ဘနာ သီမင်းစခန်းသို့ လားပို့စွာနန့်တူနီပိုင် တွိရေ။ အခြေခံပညာအဆင့်မာလေ့ တခုလေ့မသင်ပီးခ။ အခြေခံပညာပြီးလို့ အဆင့်မြင့်ပညာကိုရောက်ပါလတ်ကေလေ့ သူရို့သတ်မှတ်ထားရေ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထ၀ီ၊ သိပ္ပံ အစဟိရေ ရထားတွဲတိမာ ငပိသိပ်၊ ငချိုင်သိပ် အလုံပိတ်ဘနာ B.A, B.sc ဆိုရေ ဘူတာကိုပို့ရေ။ ဂိတ်ဆုံးကိုရာ ရောက်လားခရေ လမ်းတလျှောက်မာဟိနီရေ သဘာဝအလှတိကို မခံစားခရရုံတင်မက လမ်းမာ တောင်ဟိလား၊ ချောင်းဟိလား၊ ဂူခေါင်းဟိလား တခုချေလေ့ မသိခ။ ယင်းပိုင်နန့် အကျွန်ရို့တိစွာ တခေတ်ပြီးတခေတ် အသိပညာ၊ အတတ်ပညာ၊ နည်းပညာတိ ဆုတ်ယုတ်ပြီးယင်း ဆုတ်ယုတ်လာဂတ်တေ။

ယင်းချင့်တိထက်ပိုဆိုးစွာ ကိုယ့်တိုင်းပြည်မာ ကိုယ်မနီနိုင်ဘဲ သူများနိုင်ငံတိမာ ရရေအလုပ်ကိုဝင်လုပ်နီဂတ်ရရေ။ ရခိုင်ပြည်မာ ပန်းထိမ်ခွပ်နီခလူက တခြားတိုင်းပြည်တပြည်ရောက်ပါလတ်ကေ စိုက်ပျိုးရေးခြံမာ လုပ်ချင်ဂေလုပ်ရရေ၊ မိရိုးဖလာလယ်လုပ်နီခရေလူက ငါးဖမ်းဘုတ်တိမာ လိုက်ရရေ၊ ကျောင်းဆရာလုပ်နီခလူက အထည်ချုပ်စက်ရုံမာလုပ်နီရရေ။ ဘ၀မာ ငါ” ဇာဖြစ်ချင်ရေ” ဆိုရေ စိတ်ဓါတ်တိကို ရစရာမဟိအောင် အဖျက်စီးခံလိုက်ကတ်ရရေ။ အသက်မသီရုံတမယ် သိက္ခာမဟိ ဘ၀တိကိုရုန်းကန်နီဂတ်ရရေ။ ဇာသူ့ကြောင့်လဲ အကျွန်မပြော။ အစွန်းရောက်တေလို့ အပြောခံရလတ်မေကြောက်တေ။ စာဖတ်လူတိ စိုင်းစားကတ်ပါဖိ။

အကျွန့်မာ ” တနိန့်နိန့် တချိန်ချိန် ငရို့ရခိုင်ပြည်လွတ်လပ်ခဂေ” ဆိုရေ မျှော်လင့်ချက်ချေတခုဟိရေ။ ယင်းဇူးနန့် သူများတိုင်းပြည်တိက ပညာရေးစနစ်တိကို ဥာဏ်မီသလောက်လေ့လာရေ၊ မှတ်ထားရေ။ တချိန်ချိန်ကျဂေ ကိုယ့်အသျှေတိကို တခြားကမ္ဘာကအချေတိနန့် တန်းတူဖြစ်အောင်လုပ်ပီးချင်ရေ ဆန္ဒတိဟိရေ။ စကားလုံးတိ ကောင်းကြီးကျယ်လားယာလားမသိ။ စိတ်ကူးသလောက် လုပ်နိုင်ဖို့၊ မလုပ်နိုင်ဖို့စွာကို ကံသီ၊ ကံမပြောလို့မရကေလေ့ ဒေချင့်တိစွာ ရင်ထဲကဆန္ဒအမှန်တိပါရာ။ စကား ဆိုစွာက မပြောဘဲနီကေ တခုလေ့မဖြစ်။ ပြောမိလိုက်လို့ ပြောပိုင်မလုပ်နိုင်ဂေ ကိုယ့်ထမင်းကိုယ်စားလို့ လူများဘားမာ အထင်သေးခံရရေ။ ဇာပင်ဖြစ်ဖြစ် ဒေမှန်ကန်ရေသစ္စာစကားကြောင့် “ ရခိုင်ပြည် လွတ်လပ်ရေး ရဘာဇီ “

တခြားညီအကိုမောင်နှမတိကိုလေ့ ကိုယ်ရို့လက်ဟိကျင်လည်နီရရေဘ၀ပါတ်ဝန်းကျင်က အတွိအကြုံ၊ သင်ခဏ်းစာကို တနိန့်နိန့်တချိန်ချိန်မာ အဖရခိုင်ပြည်အတွက် ကောင်းရာကောင်းကျိုးပြန်လို့ မျှဝီပီးနိုင်အောင် လေ့လာဂတ်ပါလို့တိုက်တွန်းယင်း ဒေမာတံ့လိုက်ပါမေ။

Free4waddy

lørdag 10. mars 2012

ငရို့လားဖို့လမ်း




စာဖတ်တေလူတိ မညီးရအောင် အတိုချေ အတိုချေ အပိုဒ်ချေတိခွဲဘနာ တင်ပြပီးပါမေ။ စာရှည်ဖို့စွာကြောက်လို့ တချို့နီရာတိမာ တတုံးတတိုက်ရွီးထားမိစွာတိပါပါရေ။ စာဖတ်တေလူတိကို အားမနာလို့၊ မလေးစားလို့မဟုတ်ပါ။ ကြိုပြီးကေ တောင်းပန်ပါယက်။ နားလည်ပီးနိုင်ကတ်လိမ့်မေလို့လေ့ မျှော်လင့်ပါရေ။

အချင်းချင်း အားပီးကတ်ရဖို့…….

အကျွန်က အချေကပင် ဘောလုံးပွဲ၊ ဘော်လီဘောပွဲ၊ ဘောစိန်ပွဲ ယင်းပိုင်ပြိုင်ပွဲတိကို ကောင်းဝါသနာပါရေ။ အဂုလေ့ ဘောလုံးပွဲတိကို အမြဲတမ်းကြည့်ဖြစ်တေ။ ကြည့်ယင်းကြည့်ယင်းနန့် ဇာတခုသတိထားမိလာလဲဆိုဂေ နိုင်ငံတနိုင်ငံ၏ ဘောလုံးအဆင့်အတန်းဇာလောက်ဟိဖို့လဲဆိုစွာကို ယင်းနိုင်ငံတိက ဘောလုံးပွဲတိမာ ပွဲကြည့်ပရိတ်ဿတ် (အားပီးရေလူ) ဇာလောက်ဟိလဲဆိုစွာနန့် အကြမ်းဖျင်းပြောလို့ရဖို့ထင်ရေ။ ကမ္ဘာ့ထိပ်သီးနိုင်ငံတိကပွဲတိမာ ပွဲတိုင်းလူပြည့်နီကေလေ့ တချို့နိုင်ငံတိကပွဲတိမာ ကွင်းထဲမာ ဆိတ်ဆီခြောက်ဖို့စွာတောင် ကြောက်ရရေ။ လက်ခုပ်သံတိစွာ အရှုံး၊ အနိုင်ကို ဖန်တီးနိုင်စွမ်းဟိရေဆိုစွာကို သတိထားကတ်ပါ။ ရှုံးနီခါ ဘောလုံးပွဲတောင်လာမကြည့်ဘဲနန့် ဒိုင်းရခါမ အလံကိုင်ဘနာ ဟြိဆုံးကရွာထဲဝင်ချင်ရေလူမျိုးတိ မဖြစ်ရအောင် ကြိုးစားကတ်ပါ။ အချင်းချင်း ရခိုင်ဆိုရေအသိနန့် အားပီးကတ်ပါ။

တူညီရေ စိတ်သဖောထား (common sense) တခု ထားကတ်ရဖို့…….

ရခိုင်လူမျိုးတိစွာ ဇာနီရာ၊ ဇာဒေသမာပင်နီနီ အဖရခိုင်ပြည်နန့် အမျိုးကိုချစ်တေဆိုရေ အခြေခံစိတ်ဓါတ်စွာ လူတိုင်းမာ အနည်းနန့်အများဟိကတ်တေ။ တယောက်နန့်တယောက် လားရေလမ်းကြောင်းချင်း၊ လုပ်ပုံလုပ်နည်းချင်း မတူလို့ တယောက်ကိုတယောက်၊ တဖွဲ့ကိုတဖွဲ့အပြစ်ဖို့နီကတ်ဖို့တပ်စား “ ငရို့တိအားလုံး အဖရခိုင်ပြည်နန့် ရခိုင်လူမျိုးတိအတွက် လုပ်နီကတ်စွာ” ဆိုရေ အခြေခံတူညီရေစိတ်ခံစားမှုတခု မွီးနိုင်ကေ၊ တယောက်နန့်တယောက်၊ တဖွဲ့နန့်တဖွဲ့၊ တပါတီနန့်တပါတီ အချင်းချင်းပူးပေါင်းလုပ်ဆောင်နိုင်မှုတိမာ ပိုအားကောင်းလာဖို့။

အချင်းချင်း ယုံကြည်စိတ်မွီးကတ်ရဖို့………

အသားနာကေ တချက်ချေယာ။ အချင်းချင်းကြားမာ တယောက်ကိုတယောက် သံသယစိတ်ဝင်လားယာဆိုကေ စိတ်ခံစားမှုဆိုစွာ ကဂေါင်းဖြေဖျောက်ရခက်တေအမျိုးဖြစ်တေ။ အ၀ီးကြီးကိုလားကြည့်စရာမလို၊ ဂနိ ဗမာပြည်ဖွတ်ခေါင်းဆိုးဘ၀ကျရောက်နီရစွာရေ အချင်းချင်းတယောက်ကိုတယောက် ယုံကြည်မှုမဟိလို့၊ သံသယတိဖုံးလွှမ်းနီလို့ဆိုကေ အကျယ်ချဲ့မပြောယာ။ နားလည်ကတ်ဖို့ထင်ရေ။ အစ္စရေးထောက်လှမ်းရေးတိ ကမ္ဘာကျော်လူသတ်တရားခံ အိုက်ခမန်းကို အာဂျင်တီးနားနိုင်ငံသို့ လားဖမ်းရေ စစ်ဆင်ရေးမာ အခြေအနေအရ လူအင်အားမလုံလောက်။ ယေခါ စစ်ဆင်ရေးကိုဦးစီးရေလူက ယင်းစစ်ဆင်ရေးမာသုံးဖို့လူတယောက်ဟြာခိုင်းစွာမာ “ ဂျူးလူမျိုးဆိုကေ ကျီယာ” လို့ စကားချေတခွန်းပြောခရေ။ ယင်းစကားချေတခွန်းစွာ သာမန်ကြည့်ကေ တခုလေ့မဟုတ်ကေလေ့ အစ္စရေး(ဂျူး)တိရေ ကိုယ်ရို့လူမျိုးအချင်းချင်း ဇာလောက်ထိယုံကြည်ဂတ်လဲဆိုစွာ မြင်နိုင်ရေ။ ယင်းပိုင်အချင်းချင်းယုံကြည်မှုဟိလို့၊ အလုပ်လုပ်တေနီရာတိမာ စိစပ်သေချာလွန်းအားကြီးလို့ ကမ္ဘာကျော်လူသတ်ကောင် အိုက်ခမန်းကို အာဂျင်တီးနားနိုင်ငံထဲမာ ကြက်ချေ၊ ငှက်ချေပိုင် ဖမ်းဖမ်းဘနာ အစ္စရေးနိုင်ငံထဲထိရောက်အောင် ခိုးထုတ်လာနိုင်ခရေ။

တော်လှန်ရေးနန့် နိုင်ငံရေး

တိုင်းရေးပြည်ရာကိစ္စကို ပြည်သူတိဆုံးဖြတ်ကတ်တေခါ သဖောထားတိအမျိုးမျိုးဟိလာဂတ်ဖို့စွာမာ ဓမ္မတာပါ။ ယကေလေ့ ဒီမိုကရေစီကျင့်စိုင်နန့်အညီ အများစုဆန္ဒကို ပထမဦးစားပီးရဖို့။ ဇာဖြစ်လို့(ပထမဦးစားပီး)လို့ရွီးလဲဆိုကေ လူနည်းစုတိဆန္ဒကိုလေ့ ဥပေက္ခာပြုပစ်လို့မရ။ လူနည်းစုဆန္ဒကိုလေ့ အသိအမှတ်ပြုရဖို့ပိုင် ဒုတိယဦးစားပီးအဆင့်အတန်းမာ ထားသင့်ရေ။
ရခိုင်တိ နိုင်ငံရေးမလုပ်ခင် အယင်တော်လှန်ရေးလုပ်သင့်ရေလို့မြင်ရေ။ နိုင်ငံရေးနန့်တော်လှန်ရေးဆိုစွာ လုံးထွီးနီပိုင်ဖြစ်နီကေလေ့ ရခိုင်တိအနီနန့် လက်ဟိအချိန်မာ တော်လှန်ရေးနန့် နိုင်ငံရေးကို ကဂြင်းလလင်း သျှင်းလို့မြင်ဖို့လိုရေ။ ဆိုလိုစွာက ဗမာကျွန်ဘ၀ကလွတ်မြောက်အောင် တမျိုးသားလုံးအတိုင်းအတာနန့် ကိုယ်စီကိုယ်ငှ ကျရေအခန်းကဏ္ဍက ၀ိုင်းလို့ကြိုးစားကတ်ဖို့လိုရေ။ ဒေနီရာမာ မေသည်သူက ဆရာဝန်ဖြစ်လို့၊ မေ၀ါသူက ကျောင်းဆရာဖြစ်လို့၊ မေနံသာသူက စစ်သား၊ ပုလိပ်ဖြစ်လို့ တော်လှန်ရေးလုပ်လို့မရဆိုစွာ မဟိ။ အဆုံးစွန်ဆုံး စကားကိုပြောရကေ ရွာထဲကအရက်ပုန်းသည်မတောင် တော်လှန်ရေးလုပ်လို့ရရေ။ ဥပမာ - ရန်သူစစ်သားတိ အရက်လာသောက်စွာမာ အဆိပ်ခတ်ထည့်ပလိုက်လို့ သီလားခရေဆိုပါဖိ။ ဒေချင့်စွာ တော်လှန်ရေးဖြစ်တေ။ ဒေနီရာမာ တချို့က လုပ်ရပ်တိကို စောဒကတက်ချင်ကေ တက်ကတ်လိမ့်မေ။ ယကေလေ့ ဇာဘင်ဖြစ်ဖြစ် တော်လှန်ရေးဆိုစွာ အောင်မြင်အောင်လုပ်တေအလုပ်ဖြစ်လို့ ရရေနည်းနန့်နိုင်အောင်လုပ်ရဖို့။ အဓိက ရန်သူကို ဂုတ်ချိုးဘနာ အနိုင်ရဖို့ရာလိုရေ။
ဒေပိုင် ရရေနည်းနန့်တော်လှန်လို့ ရခိုင်ပြည်က မြို့တိုင်း၊ ရွာတိုင်း၊ လမ်းတိုင်းမာ ရန်သူတိခြီမချဝံ့ယာဆိုခါ……တနည်းအားဖြင့် တော်လှန်ရေးအောင်မြင်ယာဆိုခါ……..ယင်းခါမ ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိကို ဇာနိုင်ငံရေးစနစ်နန့် အုပ်ချုပ်ဖို့လဲဆိုစွာကို ပြည်သူတိသဖောထားကို မီးရဖို့။ အဲ….ယင်းခါမ ရခိုင်ပြည်ထဲမာ ဒီမိုကရေစီပါတီထောင်ထောင်၊ ဖွံ့ဖြိုးရေးပါတီထောင်ထောင်၊ ထောင်ချင်ပါတီ ထောင်လီဂတ်။ တော်လှန်ရေးကာလမာ ငရို့ဇာလမ်းကို လားဖို့လဲဆိုစွာ ကဂေါင်းအရေးကြီးရေ။

လမ်း……….

ဒီမိုကရေစီ/ ဖက်ဒရယ်လမ်းစိုင်နန့် လွတ်လပ်ရေးလမ်းစိုင်ကို ရောဘနာ ဗလုံးဗထွီးစိုင်းစားပလိုက်ကေ ကကောင်းကားမကွာလို့ ထင်ချင်ကေထင်လားနိုင်ရေ။ ဖက်ဒရယ်စနစ်နန့်နီရကေလေ့ လွတ်လပ်ရေးနန့် ကောင်းမကွာပါကားလို့လေ့ ထင်ချင်ကေ ထင်လားနိုင်ရေ။ အမှန်မာ ယင်းလမ်းစိုင်နှစ်ခုစွာ သုံးနန့်လေး (၃-၄)ပိုင်ကွာရေ။ ဇာဖြစ်လို့လဲဆိုကေ ရည်ရွယ်ချက်ချင်းကိုယ်က ဆန့်ကျင်ဖက်ဖြစ်နီလို့ဖြစ်တေ။ တတိုင်က ဗမာနန့်ပေါင်းနီဖို့ဆိုရေစိတ်ကူးနန့် တတိုင်က ဗမာကျွန်ဘ၀က လွတ်မြောက်အောင်ခွဲထွက်ဖို့ဆိုရေ စိတ်ကူးတိကြောင့်ဖြစ်တေ။ ယင်းထက်ပိုလို့ရှင်းအောင်ပြောရကေ အင်္ဂလိပ်လက်ထက်မာ ဗမာပြည်မာဖြစ်ခရေပိုင် တွဲရေး၊ ခွဲရေး ပြဿနာဖြစ်တေ။
ယင်းဇူးနန့် ဂနိခါ ပြည်တွင်း၊ ပြည်ပမာဟိနီကတ်တေ တော်လှန်ရေး၊ နိုင်ငံရေးပါတီတိ အားလုံးက “ ငရို့…ဇာလမ်းကိုလားဖို့လဲ” ဆိုစွာကို ပြည်သူတိကို ပပွင့်လလင်းမီးဖို့အချိန်ကျနီယာဖြစ်တေပိုင် တိုင်းသူပြည်သားတိဖက်ကလေ့ ကိုယ်လားချင်ရေလမ်းကြောင်းကို ပြတ်ပြတ်သားသားဆုံးဖြတ်ကတ်ရဖို့။ ရခိုင်လူမျိုးအတွက် အချိန်မဟိယာ။ ဒေနီရာမာ ရခိုင့်လူမှုရေး၊ သာရေးနာရေးအသင်းတိစွာ ပါတီတိနန့်ပြည်သူကြားမာ ပေါင်းကူး၊ ကြားခံ စေတနာပေါက်လုပ်ကိုင်ပီးရေ အဖွဲ့တိဖြစ်နီရဖို့လိုရေ။ အချိန်အတိုင်းအတာတခု သတ်မှတ်လို့ ဒေကိစ္စကိုလုပ်ပြီးလားစွာနန့် -

အားကောင်းမောင်းသန်
ရခိုင့်မာန်နန့်
ရခိုင့်စည်သံ
ဗြိန်းစောင်းညံလို့
ကလိမေချေ
အရွေ့ဆိုဂေ
ဟန်စိလေ………ဟန်စွလေ………..။

ရခိုင်ပြည် ကျွန်ဘ၀က လွတ်ကို လွတ်မြောက်ရဖို့။
Free4waddy

mandag 13. februar 2012

အအီးချချမ်းနီ၊ ငါပြောရေပိုင်လုပ်၊ ငါလုပ်တေပိုင် လိုက်မလုပ်ကေ့!

ငါလားရေ ဂျီဟတ်လမ်းစိုင်ကို မလိုက်ကတ်ကေ့။ အနောက်နိုင်ငံတခုခုကိုလားဘနာ ပညာသင်ကတ်ဆိုဘနာ အိုဆမာဘိန်လာဒိန်က သူ့သားသမီးတိကို မှာခရေလို့ ဗြိတိန် တနင်္ဂနီတိုင်းမ် (Sunday Times) နန့် အင်တာဗျူးတခုမာ သူ့ယောက်ဖ Zakaria al-Sadah က ပြောရေ။

အိုဆမာဘိန်လာဒိန်က သူ့သားသမီးတိကို -
မင်းရို့တိ ဥရောပ (သို့) အမေရိကားမာ ပညာတခုကဂေါင်းသင်ယူဂတ်၊ မင်းရို့တိ ပညာသင်ဘနာ အအီးချချမ်းနီကတ်ပါ။ ငါလုပ်စွာတိကို လိုက်မလုပ်ကတ်ကေ့။ (ငါပြောရေပိုင်လုပ်၊ ငါလုပ်ပိုင် လိုက်မလုပ်ကေ့)

Zakaria al-Sadah ဆိုစွာ (၅)ယောက်မြောက် မယားမာ မောင်ဖြစ်တေ။ ဘိန်လာဒိန်မယားတိထဲက (၃)ယောက်နန့် အချေ (၉)ယောက်ကို ပါကစ္စတန်အာဏာပိုင်တိက လုံခြုံရေးအစောင့်အရှောက်တိနန့် ထိမ်းသိမ်းထားရေ။

ယောက်ဖသည်စွာမကြာခင်က သူ့အစ်မနန့်တွိခွင့်ရခပြီးကေ သတင်းစာကိုပြောပြစွာက -
လွန်ခရေနှစ် မေလ(၂)ရက်နိန့်က အမေရိကန်အထူးစစ်သားတိက်အိမ်ကိုဝင်စီးဘနာ အဖသေကိုသတ်လားခရေနောက်ပိုင်းကပင် အဂုအချိန်ထိ အချေတိစွာ ကြောက်ကြီးသန်ဖက်ဝင်နီတုန်းသိမ့်။

သူ့အစ်မသေလေ့ စစ်ဆင်ရေးလုပ်တေအချိန်မာ ဒူးဆစ်မာသနပ်ဒါဏ်ရာ ရခသိမ့်ရေ။ လုံခြုံရေးအစောင့်အရှောက်တိနန့် သူ့အစ်မကို (၂)ခါ တွိခွင့်ရထားပြီးယာ။ Zakaria al-Sadah က သူ့အစ်မသေကို ရာဇ၀တ်မှုကျူးလွန်မှုတိနန့် ပါကိစ္စတန်အစိုးရက အပြစ်ပီးခံရဖို့စွာကို စိုးရိမ်နီရေ။ ပထမတခေါက် အစ်မသည်ဘားကိုလားလည်ခီရေလောက်ကပင် သူ့အနီနန့်အချေတိကို သူနန့်အတူတူ ယီမင်နိုင်ငံကိုပြန်ခေါ်ယူလာလို့ ရနိုင်ရေလို့ထင်ခဂေလေ့ ပါကိစ္စတန်အာဏာပိုင်တိက အချေတိပစပို့စာအုပ်ကိုပီးဖို့ အဂုအချိန်ထိ ငြင်းဆန်နီတုန်းဖြစ်ပါရေ။

ယင်းအချေတိစွာ အဖသေအသတ်ခံရစွာကို ကိုယ်တင်မြင်တွိခကတ်ပြီးကေ ဒေအချိန်မာ ပြုစုစောင့်ရှောက်ပီးဖို့ အသိုင်းအ၀ိုင်းတခု လိုအပ်နီရေ။ ထောင် မဟုတ်ပါ။ သူရို့တိအဖ ဇာပင်လုပ်ခခ ဒေချင့်တိစွာ သူလုပ်ခစွာတိရာဖြစ်တေ။ ဒေအချေတိစွာ ပုံမှန်ဘ၀မာ တခါချေလေ့ မနီဖူးကတ်သိမ့်။ အချေတိစွာ နီရောင်ခြည်ကို ဇာပိုင်ကြည့်ရဖို့၊ ပန်းခြံထဲမာ ဇာပိုင်ပြီးတမ်းလိုက်တမ်း ကဇတ်ဖို့ဆိုစွာကိုတောင် မသိကတ်ပါ။ သူရို့တိကို မြင်ရစွာ အလှပလှ ကြီကွဲဖို့ ကောင်းပါရေလို့ ယောက်ဖသည် Zakaria al-Sadah က သတင်းစာနန့် အိန်တာဗျူးလားခဘာရေ……….။

ဒေလင့်ခ်ကို ရခိုင်ပိုင်ပြန်ထားစွာပါ။
http://www.dagbladet.no/2012/02/12/nyheter/osama_bin_laden/utenriks/al-qaida/20206489/

free4waddy