lørdag 31. mai 2014

ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)သို့ ဂုဏ်ပြုကဗျာ



ငရို့အလှည့်မာ
သမိုင်းတခေတ်ထုဆစ်ဖို့
သန္တာမြီ ကမ်းခြီမာ
အဖြီဟြာဖို့ စုနီကတ်ယာထော....။

အဖပြည်သာယာဖို့
အဖပြည်တိုးတက်ဖို့
ရက္ခိတရို့ အိမ်မက်
ရက္ခိတရို့ အသက်
မာန်တက်အားကြိုး
စည်းလုံးရေအမျိုး
ရန်စွယ်ဆိုးတိကို ဖြိုခွင်းဖို့
ငရို့ စုနီကတ်စွာဒေ.....။

ဒေက အလွန်
နက်ဖန်ရောက်ကေ
ငရို့ ကံကြမ္မာ
ငရို့ မဖန်တီးနိုင်ပါလို့
ဇာသူ အာမခံနိုင်ဖို့လဲယေ........။

Free4waddy

မိဖ မေတ္တာ...





ဒေနိန့် ရခိုင်ပြည်တပ်မတော် (AA) က ဒုစစ်ဦးချုပ် ဒေါက်တာ ညိုထွန်းအောင်ဓါတ်ပုံတိကိုမြင်ရလို့ ရင်ထဲမာဆို့လားပိုင်တွိပြီးကေ အမိမျက်နှာကိုပြီးမြင်မိလားရေ။ အမိတိုင်းစွာ သားတိကို ဇာလောက်ယုံကြည်မှုဟိရေ၊ သားတိ ယုံကြည်ချက်၊ ခံယူချက်နန့် တထပ်တည်းဟိပါရေ။ လိုအပ်လာကေ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမာ ကိုယ်တိုင်မတိုက်နိုင်ကေတောင် နောက်တန်းကနီဘနာ သားတိအတွက် ထမင်းချက်၊ ရိက္ခာပို့ အမိတိဖြစ်တေမလားဂုလို့ ခံစားမိရေ။ အာဂ အမိတိ။ သားတိဆန္ဒကို ပစနန့်မပြောကေ့ အမူအရာချေနန့်တောင် မပြရေ အမိတိ။

ရပ်ထဲ ရွာထဲမာ၊ ကိုယ့်လူမှုပတ်ဝန်းကျင်မာ သားသမီးတိကို လူစံမီအောင်အနိုင်နိုင် ကြိုးစားပြုစုပျိုးထောင်ပီးလာရေ မိဖနှစ်ပါးလက်အောက်မာ အကျွန်ကြီးပြင်းခရစွာပါ။ အကျွန် ကုန်ခရေနှစ်က လားလည်ခီလို့ အကျွန်အိမ်က ပြန်ထွက်ဖို့နိန့် မိုးထစစောဆယ်ချက်တီးလောက်မာအမိမာ ဇာခါကပင် ကျစ်ဘနာ စုထားရေ ဒဂါင်္းတိလေ့မသိ
(၅၀၀၀)တန် တထပ်ကိုင်လာဘနာ " လမ်းမာ လိုလိုမေမေသုံးဖို့ ယူလားလီ" ဆိုဘနာ လာပီးရေ။ ဖော်ပြဖို့ မတတ်အောင် ရောဂါဝေဒနာတိကို ခံစားလိုက်ရရေ။

အမိအဖကို မသိတတ်တေသား၊ ညီအကိုမောင်နှမတိကို မသိတတ်တေသား၊ မိသားစုကို မျက်ကွယ်ပြုဘနာ နှစ်ပေါင်း(၂၃)နှစ်ကျော် စာချေတစောင် မရွီး၊ သီလားပျောက်လား မသိနိုင်ခရေသားဆိုး....

" မယူ မေမေ....မောင်မာ သုံးဖို့စွာဟိပါရေ" ပြန်လာခရရေ။

Free4waddy

ခြိင့်ထဲက ကြက်





လူတချို့ကိုကြည့်ဘနာ ဟိုးးးးလွန်ခရေ လေးငါးခြောက်နှစ်လောက်က WAO အစည်းဝေးတခုမာ ကိုဘအေး(ဂျပန်) ဥပမာပီးပြောလားခရေ အကြောင်းချေတခုကို ပြန်စိုင်းစားမဘနာ သံဝေဂ ရလာပိုင်တွိရေ။

ဒေနိ ရခိုင်လူမျိုးတိဘ၀စွာ စစ်တေ-ဘူးသီးတောင်သင်္ဖောထက်က ထမင်းဆိုင်မာချက်ရောင်းဖို့ပါလာရေ ခြိုင့်ထဲကကြက်တိနန့်တူရေ။ အချိန်တန်ကေ အိုးထဲရောက်ဖို့ဆိုစွာမသိဘဲ တကောင်ကိုတကောင် ဂေါင်းဆိတ်လိုက်၊ အချင်းချင်းခွပ်လိုက်နန့် ရန်ဖြစ်နီကတ်တေ။

ဒေဂု ဒေမာ ရခိုင်သားတချို့လေ့ ဘူးသီးတောင်သဖောင်္ထက်က ခြိုင့်ထဲကကြက်တိနန့် တူပိုင်မြင်လာရေ။

Free4waddy

ရခိုင်စာပီနန့် အသားထဲက လောက်ကောင်တိ





ရခိုင်စာပီပြန်လို့ အညွန့်ချေတလူလူပြန်တက်လာစွာ လွန်ခရေ နှစ်စိကေချေကသိမ့်။ အကျွန်မှတ်မိသလောက်ပြောရဖို့ဆိုကေ Arakanese Meeting Point (AMP) ပေါ်လာပြီးမ အွင်လိုင်းထက်မာ ရခိုင်စာပီဆိုစွာ ပြန်လို့အသင်ဝင်လာရေလို့ပြောကေ ပိုမှန်ဖို့ထင်ရေ။ အပြင်လောကမာ ဂနိထက်ထိ ရခိုင်စာအုပ်၊ စာပီထုတ်ဝီမှုတိ ဇာလောက်အားနည်းနီကတ်သိမ့်လဲဆိုစွာ အားလုံးသူအသိဖြစ်တေ။ ထုတ်ဖြစ်တေ စာအုပ်တိကိုလေ့ တချို့က အလှမ်းဝီးလို့ မဖတ်ရ၊ တချို့က ဆင်းရဲလို့ မ၀ယ်နိုင်၊ တချို့က စာဖတ်ဖို့စိတ်မ၀င်စားလို့ မဖတ်။ အကြောင်းအမျိုးမျိုးကြောင့် ရခိုင်စာပီနန့် ရခိုင်လူမျိုးကြားမာ ကွင်းဆက်ပြတ်နီသိမ့်ရေ အခြေအနေမာရာသိမ့်။

အပြင်လောကမာထက်စာကေ အွင်လိုင်းရခိုင်စာပီက ပိုလို့ဟြိကိုရောက်နီရေ။ ညက ရခိုင်သမသျှေတယောက် ရခိုင်စာပို့စ်တပုဒ်တင်ရေ။ ယင်းချင့်ကို တောင်ကုတ်ကလို့ပြောရေ မြင့်စိုးဆိုရေတယောက်က အောက်ချီးစာနန့် ရွီးတင်ဖို့ တိုက်တွန်းရေ။ သူ့အကြောင်းပြချက်က ရခိုင်ပိုင်ရွီးကေ လူအနည်းချေရာ နားလည်ဖို့၊ အောက်ချီးပိုင်ရွီးကေ မြန်မာပြည်က လူသန်းပေါင်းအများကြီးနားလည်နိုင်ဖို့ ဆိုဘနာ ဆရာကြီးယောင်ယောင်၊ သဘာကြီးယောင်ယောင် လာ comment ပီးရေ။

အကျွန့်စိတ်ထဲမာ ဟုန်းခနဲဒေါသထွက်လားပြီးကေ " သူ့ဟာသူ ဘယ်ဘာသာနဲ့ဘဲ ရေးရေး မင်းအပူလား။ ရွီးရာရွီးညမသျှေ...ဒေပိုင်ပွင့်လင်းစွာကိုကြိုက်တေ" ဆိုဘနာ comment လားပီးလိုက်တေ။ အကျွန် အစခါ ယင်းတိုင်သျှင်ကို အောက်ချီးထင်ဘနာ မဟာမဗာဝါဒီ၊ ဗမာမှု့ပြုရေလို့ စိတ်မာထင်ဘနာ ယင်းပိုင် comment ပီးလိုက်တေ။ (တောင်ကုတ်က ဆိုစွာကို နောက်သူ့ comment မာတွိရမ သိစွာ) အကျွန့်ကို ဇာပိုင်လာပြန်ပြောလဲဆိုကေ " ခိုင်ထွန်းထွန်းက ရခိုင်မဖြစ်နိုင်ဘူး၊ ရခိုင်လူမျိုးမာ ဒီလိုရိုင်းတဲ့လူမရှိဘူး" ဆိုဘနာ ပြန်လာရွီးရေ။ အကျွန် ရွံလို့ပြန်မရွီးလိုက်ယာ။

စာလေ့စကေ ဟြည်လားယာ။ အဓိကပြောချင်စွာက လုပ်တေလူတိတတိုင်က ကြိုးစား၊ပမ်းစား နိုင်သလောက်လုပ်နီကတ်တေ။ ဖျက်ဖို့အကောင်တိကလေ့ အဆင်သင့် အကြောင်းအမျိုးမျိုးပြနာ ဖျက်လိုဖျက်ဆီးလုပ်နီကတ်တေဆိုစွာကို သိထားကတ်ဖို့ ဒေစာကိုရွီးလိုက်ရစွာဖြစ်တေ။

" ရခိုင်စာပီ ဒေထက်မက အဆတစ်ရာ တိုးတက်အောင်မြင်ဘာဇီ"

Free4waddy

အောက်သားအလိုကျဖို့ အရေးကြီးရေ

အောက်သား အလိုကျဖို့ အရေးကြီးရေ

တနိန့်တခြားတိုးတက်လာရေ ကမ္ဘာကြီးမာ အစစအရာရာတိ ပြောင်းလဲတိုးတက်လာရေ။ ခေတ်စနစ်လိုအပ်ချက်အရ သဘာဝအလျောက်ပြောင်းလဲလာစွာတိဟိရေပိုင် နည်းပညာတိနန့် တီထွင်ကြံဆလို့ ပြောင်းလဲလာစွာတိလေ့ ဟိကတ်တေ။ တချို့နီရာတိမာ သဘာဝလွန် ပြုပြင်ပြောင်းလဲမှုတိလေ့ ဟိနီကတ်တေ။ လူမျိုးတမျိုးက လူမျိုးတမျိုး၏ ဘာသာစကား၊ စာပီ၊ ယိုင်ကျေးမှု၊ အနုပိုင်ညာ အစဟိရေ တန်ဖိုးဖြတ်လို့မရနိုင်ရေစွာတိကို သူရို့လူမျိုးဘောင်ထဲသို့ အားနန့်ဖြစ်ဖြစ်၊ နည်းပရိယာယ်အရဖြစ်ဖြစ် မရကေရအောင် သိမ်းသွင်းခံနီကတ်ရရေ။ ဒေအထဲမာ ရခိုင်ရို့ဘ၀စွာ အဆိုးဆုံးဖြစ်တေ။ ဆင်တူရိုးမှား ဘာသာစကား၊ စာပီ၊ ယိုင်ကျေးမှု၊ အနုပိုင်ညာတိကို မသိမသာချေနန့် သိမ်းယူလာနီစွာ မကြာရေကာလတခုမာ မြန်မာပြည်အတွက် ဒုတိယမြောက်" ပျူ " လူမျိုးအဖြစ် ရာဇ၀င်မာ စာရာကျန်ခဖို့ အခြေအနေဖြစ်ပါလတ်တေ။ နိုင်ငံတကာက ဘောလုံးသမားတိနာမေကို ဘောလုံးပွဲကြည့်ရေလူတိုင်းမြင်ဖူးကတ်ဖို့။ နာမေတိကို ရောမ(သို့)အင်္ဂလိပ် အက္ခရာနန့် ရွီးထားရေဆိုကေလေ့ သူရို့အသံထွက်အတိုင်း သူရို့နာမေကို မူရင်းမပျက်အောင်ရွီးကတ်တေ။ ရခိုင်တိမာ ကိုယ့်မူရင်းဘာသာစကားကို အောက်ချီးအကြိုက်၊ အောက်ချီးအလိုကျလိုက်ရွီးပါလတ်ကတ်လို့ ဒေနိန့်အချိန်မာ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း မဟိကတ်ယာ။ အတုကို အစစ်ထင်၊ အစစ်ကို အတုထင်ဘနာ အားလုံးခခဲမွိနီကတ်တေ။ ရခိုင်စာပီကို စကေတဘွေလိုက်စားပါရေလို့ ဆိုနီကတ်တေလူတိကပင် ယင်းပိုင်ဖြစ်နီကတ်တေ။ ရခိုင့်ရာဇ၀င်မာ သမိုင်းနန့်ချီလို့ ရခိုင်ရို့ခေတ်အဆက်ဆက်သုံးလာခရေ အဓိပ္ပါယ်ကလေ့ လိပ်နောက်ကုန်းနန့်တူရေကျောက်တိဟိလို့ "ဂစ္ဆပ" မြစ်လို့ ခေါ်ရေဆိုဘနာ ပြောကတ်တေ။ ယင်းမြစ်က အဂု "ကစ္ဆပ" ဖြစ်နီယာ။ အကျွန်ရို့ စာရွီးဖို့တတ်စချေ အချေကပင် ဂနိထက်ထိ တသက်လုံး " ဂစ္ဆပ" နဒီလို့ရာ ရွီးလာရေ။ အရာလေ့ မသီမချင်း တသက်လုံး ရွီးဖို့သိမ့်။ ကစ္ဆပနဒီလို့ ရွီးရေလူတိ ယင်း ကစ္ဆပ အဓိပ္ပါယ်ကို ဖွင့်ကတ်ပါ။ က နန့် ဂ ကို အသံလီး၊ အသံပေါ့ ကြောင့်ဆိုကေ ဆင်ခြီ၊ ဆင်လက်တိကို မလိုချင်။ အက္ခရာ တလုံးချင်းစီမာ အားလုံးသူ့အဓိပ္ပါယ်နန့်သူ၊ သူ့နီရာနန့် သူ ဟိရေ။ အဲ ယင်းပိုင်ရာမဟုတ်ဘဲ ကိုယ့်ဘာသာစကား၊ စာပီကို မျက်ကွယ်ပြုဘနာ အောက်သားတိအလိုကျ၊ အောက်သားတိစိတ်ကြိုက်လိုက်ဘနာ ရွီးလိုက်ရပါရေ ဆိုကေတော့ခါ အောက်ကမြို့နာမေတိအပါအ၀င် တခြားစွာတိကိုပါ အားလုံးယင်းသူရို့အလိုကျပြောင်းပလိုက်ကတ်ဖို့ အကြံပီးလိုက်ယင့်။ အောက်သား အလိုကျ ဖြစ်ဖို့ အရေးကြီးရေ။
 စစ်တွေ - စေ့တွယ်
ရသေ့တောင် - ယသဲ့တောင်
မင်းပြား - မိန်းပျား
 ကျောက်ဖြူ - ကျောက်ဖျူ
 မြေပုံ - မျေပုံ
 ရမ်းဗြဲ - ယမ်းပျဲ
 မြောက်ဦး - မျောက်ဦး

 Free4waddy

lørdag 11. mai 2013

ချစ်လီ၊ ညီလီ၊ စည်းရုံးလီ

ဒေစကားစွာ ရခိုင်လူမျိုးတိ လက်သုံး။ အတိတ်မာလေ့ စည်းလုံးညီညွတ်မှုမဟိလို့ တိုင်းပြည်ပျောက်ခဖူးရေ။ တော်လှန်ရေးသမားတိုင်း၊ နိုင်ငံရေးသမားတိုင်း၊ မျိုးချစ်ပြည်ချစ် ရခိုင်လူမျိုးတိတိုင်း ပြောကတ်တေ။ တချို့က ပြောကတ်တေ ရခိုင်တိညီညွတ်ကေ တိုင်းပြည်တ၀က် ရယာလတ်။ ယကေလေ့ ယင်းညီညွတ်ရေးကို တယောက်လေ့ ထထိရရောက်မလုပ်နိုင်ကတ်သိမ့်။ တချို့ဂေါင်းဆောင်တိ ကြိုးစားဖူးခကတ်တေ။ ယကေလေ့ ယင်းညီညွတ်ရေးစွာ သန္ဓေတည်ရေလောက်ကပင် မျိုးရိုးဗီဇမှန်ခလို့ (၉၆)ပါးရောဂါနန့် မွီးပါလတ်တေ။ ရခိုင်ပြည်သူ ပြည်သားတိ ဆန္ဒမဟိဘဲနန့် NGO အလိုကျ လုပ်လိုက်ရရေ အမျိုးသားညီညွတ်ရေးဖြစ်လို့ တာဟြည်မခံခစွာဖြစ်တေ။ လုပ်ခရေလူတိကို အပြစ်ပြောစွာမဟုတ်။ အဖြစ်အပျက်တိထဲက သင်ခဏ်းစာယူစရာကို ထောက်ပြစွာရာဖြစ်တေ။ စည်းရုံးရေး၊ ညီညွတ်ရေးဆိုစွာကို လူကြားကောင်းအောင် ပြောနီကတ်ရုံလောက်နန့် အလုပ်မဖြစ်။ ပါးစပ်ကပြောရေပိုင် လက်တွိလေ့အကောင်အထည်ဖော်ဖို့လိုရေ။ မဟုတ်ကေ တခါလေ့ ရလီဖို့မဟုတ်။ ယပြီးကေ ဒေနိအချိန်မာ ပိုလို့အရေးကြီးစွာတခုက တပါတီနန့် တပါတီ၊ တဖွဲ့နန့်တဖွဲ့ သပုပ်လီလွင့်တိုက်ခိုက်နီကတ်စွာတိကို ရပ်သင့်ယာ။ ကိုယ့်အတွက်လေ့အကျိုးမဟိ၊ အများအတွက်လေ့ အကျိုးမဟိဆိုကေ ယင်းစကားတိကို မပြောစွာအကောင်းဆုံး။ ဆွေးနွေးကတ်တေအခါ Compromise တိကို အတက်နိုင်ဆုံး လျှော့ချဖို့၊ ရှောင်ရှားဖို့လိုရေ။ ငါလိုချင်စွာ၊ ငါဖြစ်ချင်စွာကိုရမှ စကားပြောဖို့ ဆွေးနွေးဖို့ဆိုရေ မလိုအပ်တေ အတ္တ၊ မာနတိကို ခ၀ါချဘနာ အမျိုးသားအကျိုးစီးပွါးကို ကာကွယ်ဖို့ဆိုရေ အခြီခံရပ်တည်ချက်မာ ရပ်တည်ဖို့လိုပါလတ်တေ။ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းမာ ပါတီကွဲ၊ အဖွဲ့အစည်းကွဲတိဟိကတ်တေ။ ယကေလေ့ အမျိုးသားအကျိုးစီးပွါးကို ကာကွယ်ရေနီရာမာ ဘုံရပ်တည်ချက်တခုနန့် အလုပ်တွဲလုပ်လို့ရကတ်တေ။ ဒေနီရာမာ အထက်ကပြောလားခရေ Compromise နန့် မတူရေချဉ်းကပ်မှုတခုကို တရုတ်ဂေါင်းဆောင်ကြီး မော်စီတုံးကျင့်သုံးလားခစွာတခုကို သတိထားမိရေ။ ဂျပန်ကို တိုက်ဖို့အတွက် မော်စီတုံးဦးဆောင်ရေ တရုတ်ပြည်ကွန်မြူနစ်ပါတီနန့် ရှန်ကေချိတ်ဦးဆောင်ရေ ကူမင်တန်ပါတီ ပူးပေါင်းဖို့လိုပါလတ်တေခါ မော်စီတုံးက - ပြည်တွင်းစစ်ကို ရပ်စဲဖို့၊ ဒီမိုကရေစီလွတ်လပ်မှုတိပီးဖို့၊ အမျိုးသားညီလာခံကျင်းပဖို့၊ ဂျပန်ကိုခုခံဖို့အတွက် အယင်ဆုံးပြင်ဆင်ဖို့နန့် ပြည်သူတိ နီထိုင်မှုဘ၀ကောင်းမွန်အောင်လုပ်ပီးဖို့ ဆိုရေဂတိ(၅)ချက်ကို မင်းရို့လုပ်ပီး။ ငရို့ဖက်ကလေ့ နိုင်ငံရေးအာဏာ(၂)ရပ် အတိုက်အခံဖြစ်နီစွာတိကို ပါယ်ဖျက်ဖို့၊ တပ်နီတော်ကိုလေ့ နာမေပြောင်းဖို့၊ တော်လှန်ရေးအခြီခံဒေသတိမာ ဒီမိုကရေစီစနစ်သစ်ကျင့်သုံးဖို့၊ မြီရှင်တိပါးက မြီယာတိသိမ်းယူထားစွာတိကို ရပ်တံ့ဖို့ဆိုဘနာ ဂတိ(၄)ချက်ပီးရေ။ ဒေချင့်စွာ စည်းလုံးရေး၊ ညီညွတ်ရေးအတွက် တခြားလူမျိုးတိ ဇာပိုင်လုပ်ခကတ်လဲဆိုစွာတိထဲက ဥပမာချေတခုရာဖြစ်တေ။ တခြား အစ္စရေးက ဂျူးတိမာလေ့ ဟာဂါးနားတပ်ဖွဲ့၊ အိုင်ယာဂန်တပ်ဖွဲ့တိကြားမာ အာရပ်တိရန်ကိုကာကွယ်ဖို့ အပီးအယူလုပ်ခကတ်ရစွာတိဟိရေ။ ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိကို စေတနာအမှန်နန့် ငရို့ရခိုင်အဖွဲ့အစည်းတိ၊ ပါတီတိ ညီညွတ်ဖို့လိုယာ ဆိုစွာကို အပြောသက်သက်မဟုတ်ဘဲ အလုပ်နန့်လက်တွိလုပ်ကတ်ဖို့ဆိုကေ (၃) နှစ်ဆိုရေ အချိန်တောင် ကောင်းကြာဖို့လားမသိထင်ရေ။ ရခိုင်ပြည်က လူရိုသေ၊ သျှင်ရိုသေ အဖွဲ့ချေတဖွဲ့ ဖွဲ့ဘနာလုပ်ကေ ရခိုင်လူမျိုးတိုင်းလိုချင်တောင့်တနီရေ ညီညွတ်ရေးကို မရနိုင်ဆိုစွာမဟိ။ နော်ဝေးလူမျိုးတိမာ စကားပုံတခုဟိရေ။ အဓိပ္ပါယ်ကတော့ “အလုပ်တခုခုလုပ်ဖို့ဆိုကေ ယင်းအလုပ်ထဲကို ခြီချေတလှမ်း အယင်ဝင်ကြည့်လိုက်ပါ” လတ်။ ရခိုင်သားတိလေ့ ညီညွတ်ရေးကိုလိုချင်ရေဆိုကေ ညီညွတ်ရေးအလုပ်ထဲကို ခြီချေတလှမ်း စ၀င်လိုက်ကတ်ပါ။ အားလုံးညီညွတ်လာကတ်ပါလိမ့်မေ။ Free4waddy

mandag 15. april 2013

အားကေ စာဖတ်ကတ်

ဂိုးဘဲလ်ဆိုရေလူစွာ အငယ်ချေကပင် သသွက်လလက်နန့် ဥာဏ်ပညာလေ့ ထက်မြက်တေ။ ယကေလေ့ အသက်(၅)နှစ်သားလောက်မာ ကံဆိုးမိုးမှောင်ကျဘနာ လီငန်းလိုက်လားပြီးကေ ခွဲစိတ်ကုသမှုခံလိုက်ရရေ။ ဆီးပညာတိကလေ့ ဂနိအချိန်ခါပိုင် မတိုးတက်သိမ့်ရေအတွက် ယင်းခွဲစိတ်ကုသမှုကြောင့် ဘယ်ဖက်ခြီထောက်စွာ ညာဖက်ခြီထောက်ထက် (၄)လက္မ တိုလားခဘနာ ထော့ကျိုးဘ၀ကို နိချင်းရက်ချင်းရောက်လားခရေ။ ယင်းပိုင် ထော့ကျိုးဘ၀ကိုရောက်လားခရေအတွက် ကျောင်းမာ အပေါင်းအသင်းတိကြားထဲမာ အနှိမ်ခံဘ၀နန့် ပေါင်းဖို့သင်းဖို့လူမဟိ။ နောက်ဆုံး အကို(၂)ယောက်တောင် သူ့ကြောင့်မျက်နှာငယ်ရရေဆိုဘနာ အပေါင်းအသင်းမလုပ်ကတ်။ ယကေလေ့ ဂိုးဘဲလ်မာ မိတ်ဆွေအစစ်တိကို ဟြာလို့တွိခီရေ။ ယင်းမိတ်ဆွေအပေါင်းအသင်းတိစွာ သက်ဟိလူတိတော့မဟုတ်။ သက်မဲ့စာအုပ်တိဖြစ်တေ။ သူစွာတချိန်လုံး ထပ်ခိုးအခန်းချေထဲမာနီဘနာ တချိန်လုံးစာဖတ်တေ။ တွိသမျှစာအုပ်၊ ရသမျှစာအုပ်၊ စာအုပ်ဆိုကေ ဇာစာအုပ်ပင်ဖြစ်ဖြစ် အားလုံးကိုဖတ်တေ။ စွယ်စုံကျမ်းတိကို အစကနီအဆုံးထိ ရွီလို့မရအောင် အခေါက်ပေါင်းအများကြီးဖတ်တေ။ ယင်းပိုင်နန့် သူစွာရေ ဒုတိယကမ္ဘာစစ်အတွင်းမာ ဟစ်တလာမဟိဘဲ ဂိုးဘဲလ်ဆိုရေလူ ဟိနိုင်ဖို့မဟုတ်ပိုင် ဂိုးဘဲလ်မဟိဘဲနန့်လေ့ ဟစ်တလာဆိုစွာ ဒေလောက်ထိ ဘုန်းတဂိုးကြီးလီဖို့မဟုတ်လို့ ပြောရလောက်အောင် နာဇီပါတီမာ စည်းရုံးရေး၊ ၀ါဒဖြန့်ချီရေး၊ ပြန်ကြားရေးဝန်ကြီးအဖြစ်နန့် ဂျာမဏီမာ ဟစ်တလာပြီးကေ အတော်ဆုံးလူတယောက်ဖြစ်တေ။ အကျွန့်ကိုယ်တွိအဖြစ်အပျက်ချေတခုကို ထပ်လို့တင်ပြရဖို့ဆိုကေ အကျွန်တပ်ပေါင်းစုတခုမာ တာဝန်ထမ်းဆောင်နီခရေအချိန်က လူမျိုးစုချေတခုကို တပ်ပေါင်းစုမာ အဖွဲ့ဝင်အဖြစ်သွင်းဖို့အတွက် တပ်ပေါင်းစုအဖွဲ့ဝင်ဂေါင်းဆောင်တယောက်က စကားကြုံ(ပွဲစားလုပ်ဘနာ) ယူလာလတ်တေ။ ယင်း Agenda ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမာ အဆိုတင်သွင်းရေ။ ယေခါ ယင်းလူမျိုးစုချေနန့် သက်ဆိုင်ရေလူမျိုးစုက ယင်းလူမျိုးစုချေစွာ ငရို့လူမျိုးရာဖြစ်တေဆိုရေအကြောင်းကို သမိုင်းအချက်အလက်နန့် ချက်ကျလက်ကျ ပြန်လို့ချေပလိုက်နိုင်ရေအတွက် ယင်းလူမျိုးစုချေကို အဖွဲ့ဝင်အဖြစ် လက်မခံဖို့ သဘောထားကျလားရေ။ အဆိုတင်သွင်းလာရေလူထက် ပြန်လို့ချေပရေလူစွာ စာတိအများကြီးဖတ်ထားလို့၊ အတွိအကြုံဗဟုသုတများလို့ ကိုယ်ဖြစ်စီချင်စွာကို ဖြစ်အောင်လုပ်နိုင်လိုက်စွာဖြစ်တေ။ အကျွန်ရို့ ရခိုင်လူမျိုးတိအနီနန့် အထက်မာဖော်ပြခရေပိုင် အဖြစ်အပျက်ချေတိ တနိန့်မဟုတ်ကေတနိန့် အောက်သား(သို့)ကုလားတိနန့် ပြောကိုပြောလာကတ်ရဖို့။ ယင်းဇူးနန့် အကျွန်ရို့တိ ယင်းသူရို့တိထက်ပိုလို့ သိထား၊ တတ်ထားဖို့လိုရေ။ ယင်းပိုင် ယှဉ်လို့မပြောနိုင်ခလို့ ဘင်္ဂလားပင်လယ်အော် တပိုင်းပဲ့ပါလားခယာ။ ဒေတခါဆိုကေ ရခိုင်ပြည်ပါပျောက်လားနိုင်ရေ။ ဒေမာဟိရေ ညီအကိုမောင်နှမတိကို အားရေအချိန်တိမာ စာဖတ်ကတ်ဖို့ တိုက်တွန်းချင်ဘာရေ။ အမိ၊ အဖတိကိုလေ့ အချေတိကို စာဖတ်ဖို့အကျင့်ဟိလာအောင် လေ့ကျင့်ပီးကတ်ပါ။ ကာတွန်းစာအုပ်၊ ၀ထုစာအုပ်ဖတ်ကေ ရည်းစားထားဖို့တတ်တေဆိုရေ စုတ်ပီစုတ်ပက် အတွေးအခေါ်တိကို ဂုကပင်စလို့ ဂေါင်းထဲက ထုတ်ပလိုက်ကတ်ဖိ။ Free4waddy