lørdag 31. mai 2014

စိုင်လာပျက် မုန့်တီ





သောင်းပြောင်ထွီလာ
ဒေကမ္ဘာမာ
ဆား၊ ငပိမပါ
စိုင်လာပျက်မုန့်တီတခွက်
ပေါ်ထွက်လို့လာ......။

ဟင်းရည်အိုးမှောက်သံ
ခွက်ကိုင်ပေါက်သံ
ဘ၀ဂ်ညံရေ
အမှန်တရား ပေါ်ထွက်ပါစီကား
ပြည်ကြီးရခိုင် လွတ်စီသား........။

Free4waddy

အတ္တ ရထားဆွဲပွဲ





တနီသတ် ချခြောက်
ရွာပြင်မာ ကုန်းကောက်
ရွာထဲမာ လာပစ်ပေါက်
အားလုံး လမ်းစပျောက်.......။

ဟြိကို မမြင်
နောက်ကိုငင်
ကိုဘင် အသိ
ချခြောက်စာ မိ..........။

ပြည်သူ့အသံ
နားထောင်ဇံ
ငရို့ရာအမှန်
အတ္တမလွန်ကေ့.....။

Free4waddy

အကြီးဆုံး ဘေး





လူ့လောကမာ မီးဘေး၊ ရီဘေး၊ လီဘေး၊ သခိုးဘေး၊ ဒမြဘေး ယင်းဘေးတိကို အကြီးဆုံးဘေးအန္တရယ်အဖြစ်သတ်မှတ်ထားကတ်တေ.....။

အမှန်မာ ယင်းဘေးတိထက် ကြီးရေဘေးတခုကို လူတိ မိနီကတ်တေ.....ယင်းဘေးက ဇာဘေးလဲဆိုကေ.....

"လူတဘ၀ဖြစ်လာပြီးကေ ကိုယ့်လူမျိုး လူမှု့အသိုင်းအ၀ိုင်းက ပစ်ပါယ်ခံရပြီးကေ လူရာအသွင်း မခံရရေဘေးဖြစ်တယ်"

မသီမချင်း စူးကျဝက်ပိုင် ဘ၀နန့်၊ ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်ဝံ့ဆိုရေပိုင် တနုံ့နုံ့ခံစားရဘနာ သီကျလားနိုင်ရေ။

Free4waddy

အချိန်နန့်အလုပ်ကို အကျိုးဟိစွာ စီမံခန့်ခွဲနည်း





အချိန်ဆိုစွာ အလုပ်ဟိကေလေ့ ကုန်ရေ၊ အလုပ်မဟိကေလေ့ ကုန်ရေ။ ယင်းပိုင် တမွိမွိကုန်နီရေအချိန်တိကို ကိုယ့်အတွက်ဇာပိုင်အသုံးချဖို့လဲဆိုစွာကို သတိထားမိရေလူလဲဟိဖို့ပိုင် သတိမထားမိရေလူတိလဲ ဟိကတ်ဖို့။ သတိထားမိဘနာ အကျိုးဟိဟိအသုံးချနိုင်ရေလူက သတိမထားမိရေလူတိထက်တော့ အကျိုးများဖို့စွာ သေချာရေ။ ယင်းဇူးနန့် အားလုံးသူ သတိထားမိလာအောင် ဒေစာပုဒ်ချေကို ရွီးလိုက်စွာဖြစ်တေ။

အချိန်ကို အကျိုးဟိဟိအသုံးချနိုင်ဖို့အတွက် တရက်စာပုံမှန်အချိန်စရင်း၊ တပါတ်စာပုံမှန်အချိန်စရင်းချေတိနန့် လေ့ကျင့်လုပ်ယူလားနိုင်စွာက အကောင်းဆုံး။ နောက်တခုက တချိန်တည်းမာ အလုပ်နှစ်ခု၊ သုံးခုလုပ်လို့ရရေ အလုပ်တိဟိပါရေ။

ဒေနီရာမာ အကျွန့်အတွိအကြုံချေတိနန့် မျှဘနာ တင်ပြပီးပါမေ။ အကျွန်ဆိုကေ မိုးထ(၅)ချက်တီး ဒေါင်ခနဲမြည်စွာနန့် အလုပ်လားဖို့ အိပ်ရာက ထရပါရေ။ (၅)ချက်တီးခွဲမာ အိမ်ကထွက်နိုင်မ အလုပ်ကိုအချိန်မီကွက်တိလောက် ရောက်နိုင်ပါရေ။ ယင်းနာရီခွဲချေအတွင်းမာ လုပ်စရာအလုပ်တိက မကန်ပါ။ ကိုယ်လက်သန့်စင်ဖို့၊ ကော်ဖီသောက်ဖို့၊ ဇာသတင်းတိထူးလဲ၊ ဒေနိ ရာသီဥတုအခြေအနေ ဇာပိုင်ဟိဖို့လဲ သတင်းတိကို မီတာ(၁၀၀) အပြီးနှုန်းနန့်ဖတ်ရဖို့၊ ထမင်းဗူးထည့်ရဖို့၊ အလုပ်လားဖို့ အ၀တ်အစားဝတ်ရဖို့၊ ဖနပ်ဝတ်ရဖို့ (အ၀တ်အစားတိကို ဆောင်းတွင်းဖက်ဆိုကေ သုံးလေးထပ် ၀တ်ရပါရေ)။

ယင်းအလုပ်တိအားလုံးကို နာရီခွဲအတွင်းမာ တခုပြီးမ တခုလုပ်ဖို့ဆိုစွာ အကျွန့်အတွက်တခုပိုင်လေ့ မဖြစ်နိုင်။ တယောက်အတွက်လေ့ ဖြစ်နိုင်ဖို့မထင်။ ယင်းဇူးနန့် အကျွန် အိပ်ရာကထထချင်း မီးဖွင့်၊ ရပူအိုးဆောက်၊ ကွန်ပြူတာဖွင့်ထားခပြီးကေ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ရေ အလုပ်တိကို လုပ်ပါရေ။ ဒေချင့်စွာ တချိန်တည်းမာ အလုပ်(၃)ခုကို တပြိုင်တည်းလုပ်နီစွာပါ။

အခန်းထဲကို ပြန်ရောက်စွာနန့် ကော်ဖီဖျော်၊ အိန်တာနက်ဖွင့် သတင်းဖတ်၊ တချိန်တည်းမာ အ၀တ်အစားတိကို ကော်ဖီသောက်ယင်း၊ သတင်းဖတ်ယင်း ကုလားထိုင်မာ ထိုင်လို့ဝတ်ပါရေ။ ယင်းချင့်တိကို ဗြုန်းဗြုန်းတပြိုင်တည်းလုပ်လို့ ပြီးစွာနန့် ထမင်းဗူးမာ ထမင်းထည့်ကေ အလုပ်ကိုပြီးရပါရေ။ တခါတရီ ကောက်ဖီကို ကုန်အောင်သောက်ဖို့မရခ။ ကျန်ရေကော်ဖီကို လမ်းမာလားယင်းနန့် သောက်လားပါရေ။



အလုပ်က နိန့်ခင်းဖက် (၂)ချက်တီးခွဲလောက်ဆိုကေ အိမ်ပြန်ရောက်ပါရေ။ အိမ်ပြန်ရောက်ကေ အိန်တာနက်ဖွင့်ဘနာ သတင်းတိပြန်ဖတ်၊ ဖတ်စရာ စာအုပ်တိဟိကေ စာဖတ်၊ စိတ်မာခံစားချက် ရွီးချင်စရာဟိကေ စာရွီး၊ Chat စရာဟိကေ Chat လုပ်ပြီးကေ ညစာ(၅)ချက် ဒေါင်ခနဲတီးစွာနန့် ညစာထမင်းချက်ပါရေ။ (၆)ချက်တီးစွာနန့် ရီချိုး၊ (၇)ချက်တီးကေ ရေဒီယိုသတင်းတိကို နားထောင်ယင်း ထမင်းစားရေ။ စားပြီးကေ တနားတပို အိန်တာနက်ပြန်သုံးဘနာ (၉)ချက်တီးကျော်လောက်ဆိုကေ အိပ်ရာဝင်ပါရေ။

ဒေချင့်စွာ အကျွန်၏ တရက်တာအချိန်လည်ပတ်မှုပါ။ အကျွန်ရို့ လူငယ်ချေတိ အချိန်ကို အလဟသ မဖြစ်စီဘဲ အကျိုးဟိဟိအသုံးချတတ်နိုင်ကတ်ပြီး အဖပြည်အတွက် ပိုလို့အကျိုးဟိရေအလုပ်တိကို လုပ်နိုင်ကတ်ပါစီ။

Free4waddy

ရခိုင်ညီလာခံ(ကျောက်ဖြူ) သို့ ဆုတောင်းသ၀ဏ်လွှာ





- ခေတ်ကာလနန့်အညီ ရခိုင်တမျိုးသားလုံး၏ လက်ဟိပဂတိအခြေအနေ လိုအပ်ချက်တိ၊ လိုအင်ဆန္ဒတိကို အရိပ်ကင်းလွတ်ပြီး လလွတ်လလပ်၊ ပပွင့်လလင်း တွိဆုံဆွေးနွေးပွဲကတဆင့် တမျိုးသားလုံး၏ဆန္ဒကို မှန်တချပ်၊ ကြီးမုံတချပ်ပိုင် ရောင်ပြန်ဟပ်စီနိုင်ရေ ညီလာခံကြီး ဖြစ်ပါစီကြောင်း ဆုမွန်ကောင်းတောင်း ဆန္ဒပြုလိုက်ပါရေ။

- တိုင်းပြည်နန့်လူမျိုး ရေရှည်တည်တံ့ခိုင်မြဲဖို့ အမျိုးသားလုံခြုံရေး၊ ပညာရေး၊ ကျမ္မာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတိအတွက် ရေတို၊ ရေရှည်စီမံကိန်းတိချမှတ်ပြီး ပေါက်မြောက် ထိရောအောင် အကောင်အထည်ဖော်နိုင်ကတ်ပါစီ။

- ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိအတွက် ထိုက်တန်သော၊ ရခိုင်တမျိုးသားလုံး နှစ်ပေါင်းမြောက်များစွာ မျှော်လင့်စောင့်စားနီသော မျှော်လင့်ချက်ရောင်ခြည်တိကို ဒေညီလာခံဘကြီးက ပြတ်သားကြည်လင်သော အလင်းရောင်အမျှင်တန်းတခုကို ပီးနိုင်ကတ်ပါစီလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါရေ။

- ညီလာခံကြီး အောင်မြင်ပါစီ.............


ခိုင်ထွန်းထွန်း
နော်ဝေနိုင်ငံ (ခေတ္တ)
သတင်း

အမေရိကန်ရောက် ဒုက္ခသည်အတု ရခိုင် သုံးလေးကောင် သို့........





ထိုင်းမာ လက်လုပ်လက်စားရခိုင်သားတိကို နိုင်ငံရေး၊ တော်လှန်ရေးနန့် တခါချေလေ့ မပါတ်သက်ဖူးရေလူတိကို ဒုဥက္ကဌ က ရခိုင့်ရေရှည်အကျိုးကို မျှော်ကိုးဘနာ မဟုတ်ကေလေ့ ဟုတ်ပါရေ။ မလုပ်ကေလေ့ လုပ်ပါရေ ဆိုဘနာ အမျိုးမျိုးကြံဖန်ဘနာ လုပ်ပီးလိုက်လို့ တတိယနိုင်ငံတိကိုရောက်လားခကတ်တေ။

တတိယနိုင်ငံတိကိုရောက်လားခကတ်တေနောက်ပိုင်းမာ အယင်ခါ ပေါက်တူးပေါက်နီရေလက်တိ၊ ကပ်ကျေးကိုင်နီရေလက်တိ ကွန်ပြူတာကီးဘုတ်မာ ကကျီးဇာနားမာ၊ ခခွေ ဇာနားမာ ဆိုစွာကို သိပါလတ်စွာနန့် ဇာတိနာပြလာကတ်တေ။ ပါတီကိုတိုက်ခိုက်တေ၊ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တေ။ ပုဇွန်ဦးနှောက်နန့် စမ်းဖီစမ်းဖန်း လိုက်ယမ်းနီကတ်တေ။

အေး...၀ါကျီးတိကတော့ ဖုန်းကြီးတောင် အရှုံးပီးရရေလူတိဆိုခါ တခုလေ့ ပြန်တုန့်ပြန်လီဖို့မဟုတိ။ သူရို့တိက ခန္ထီပါရမီ ပြည့်နီယာ။ မင်းရို့ဆုတောင်းထားရဖို့စွာတခုရာဟိရေ....မင်းရို့ ယင်းဖက်ဒို့ လည်ဖို့ရောက်တေအချိန်...ယင်းမာ ခိုင်ထွန်းထွန်းမဟိပါလီစီကေ့..မသိပါလီစီကေ့..လို့ရာဆုတောင်းထားကတ်။ မင်းရို့တိကို အချုပ်ခန်းထဲမာ ထည့်ထားဖို့ ငရို့မာ အချုပ်ခန်းမဟိ။ ထမင်းလေ့ အပိုမဟိ။ သတိပီးစွာ။

Free4waddy

ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)သို့ ဂုဏ်ပြုကဗျာ



ငရို့အလှည့်မာ
သမိုင်းတခေတ်ထုဆစ်ဖို့
သန္တာမြီ ကမ်းခြီမာ
အဖြီဟြာဖို့ စုနီကတ်ယာထော....။

အဖပြည်သာယာဖို့
အဖပြည်တိုးတက်ဖို့
ရက္ခိတရို့ အိမ်မက်
ရက္ခိတရို့ အသက်
မာန်တက်အားကြိုး
စည်းလုံးရေအမျိုး
ရန်စွယ်ဆိုးတိကို ဖြိုခွင်းဖို့
ငရို့ စုနီကတ်စွာဒေ.....။

ဒေက အလွန်
နက်ဖန်ရောက်ကေ
ငရို့ ကံကြမ္မာ
ငရို့ မဖန်တီးနိုင်ပါလို့
ဇာသူ အာမခံနိုင်ဖို့လဲယေ........။

Free4waddy