ပထွီးယုတ်လက်အောက်က ရခိုင်ပြည်
ရခိုင်ပြည်ပထွီးယုတ်လက်အောက်ကို ကျရောက်နီစွာ နှစ်ပေါင်း(၂၂၄)နှစ် မကြာခင် ပြည့်ပါဖို့ယာထော။ ရခိုင် ပြည်ထဲမာ ဇာဇာဖြစ်ပျက်နီကတ်တေဆိုစွာကို မျက်စိနန့် တပ်အပ်မမြင်ရကေလေ့ နိစိုင်နန့်အမျှ နားနန့်ကြား နီကတ်ရရေ။ စာတိ၊ သတင်းတိ ဖတ်နီကတ်ရရေ။ ယင်းသတင်းတိကို ကြားလိုက်ရကေ ကောင်းရေသတင်းဆို လို့ တခုလေ့မဟိ။ အားလုံး အမင်္ဂလာသတင်းတိဂျေးယာ။ အမင်္ဂလာကောင်တိ အုပ်ချုပ်နီသမျှကာလပတ်လုံး တော့ အမင်္ဂလာ သတင်းကိုမကြားချင်ကေလေ့ ကြားနီကတ်ရပါဖို့ယာ။ လူ့စိတ်ဓါတ်၊ လူ့ကိုယ်ကျင့်သိက္ခာဆိုလို့ တပြားဖိုးလောက်လေ့မဟိရေ အာဏာရူးတိလက်အောက်မာ အကျွန်ရို့ရခိုင်ပြည်သူ၊ ပြည်သားတိ ဇာ လောက်ထိ ဒုက္ခမျိုးစုံကို ရင်ဆိုင်ခံစားနီကတ်လီရဖို့လေ့ဆိုစွာကို စိုင်းစားကြည့်ဖို့ဆိုကေတောင် ဇာကစလို့ ဇာပိုင်စိုင်းစားရဖို့လေ့ မသိ။
ရခိုင်ပြည်မာ အကျွန်ရို့အချေခါဘ၀တိကို တခါတရီအတွက်ခံစိုင်းစားမိပါရေ။ အုပ်ချုပ်တေအစိုးရမကောင်းလို့ မတိုးတက်၊ မဖွံ့ဖြိုးကေလေ့ စားရေး၊ သောက်ရေး၊ နီရေး၊ ထိုင်ရေး၊ လားရေး၊ လာရေး အစစအရာရာ ဂုလက် ဟိအခြေအနေထက် အဆပေါင်း ရာထောင်မကကောင်းပါသိမ့်ရေ။ ဆန်ရီစပါး၊ သားငါးပုဇွန် ပေါရေတိုင်းပြည် ဖြစ်လို့ ဆင်းရဲသားတိအတွက်လည်း ဆန်မယှား၊ သားငါး၊ ပုဇွန်၊ ဂဏန်းဆိုကေလေ့ ကွန်ချေတလက်၊ ရင်းဒင်း ချေတခုဟိရေ ကိုယ့်မိသားစုစားဖို့အတွက်တင်မက အိမ်နီးနားချင်းတိကို အပြန်အလှန်ရောင်းစားလို့ အပိုအ လျှံဝင်ငွေတိရကတ်တေ။ ဟင်းသီး၊ ဟင်းရွက်ဆိုကေလေ့ မြစ်နားချောင်းနားကိုပင်လားလား၊ တောထဲတောင် ထဲကိုပင်လားလား တောဟင်း၊ တောင်ဟင်းတိ ကြိုက်တေဟင်းကို ခူးစားလို့ရရေ။ အိမ်တစ်အိမ်မာ တယောက် အလုပ်လုပ်ကေ တအိမ်သားလုံး လလောက်ငငှဝမ်းဝ နိုင်ခကတ်တေ။ ကိုယ့်လူမျိုးအချင်းချင်းရာဟိလို့ အချိန် တန်ကေ ရာသီလိုက်ပွဲတိပြင်တိ၊ ရိုးရာပွဲတော်တိကိုလည်း ပုံမှန်ကျင်းပနိုင်ခကတ်တေ။
အေချင့်တိကို ပြန်စိုင်းစားကေ အချေခါ အဘောင်သျှင်ရက်ပြတ်ပြောပြဖူးရေ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်လက် အောက်မာ ဇာပိုင်ဇာပိုင်နီခကတ်ရရေဆိုရေ အကြောင်းတိ။ ကုလားခွပ်ဖို့လိုက်လို့ ဇာပိုင်ပြီးခကတ်ရရေအ ကြောင်းတိ၊ စီးပွါးရေးအကြောင်းတိကိုပြောပြယာဆိုကေ ”အဂု ယင်းခေတ်မဟုတ်ယာ၊ ယင်းချင့်တိကို ပြောပြ နီလို့အပိုရာ” လို့ပြောကေ အဘောင်သျှင် ပြန်ဆဲစွာက ”ခေတ်မကောင်းမှာလူဖြစ်ဖို့ နင်ရို့” လို့စီမကြာမကြာ ပြန် ပြောခရေ။ ဒေဂု ယင်းပြောခရေအတိုင်း အကျွန်ရို့လက်ထက်မှာ အောက်သားမိစ္ဆာကောင်တိပါးမှာ နောက် ကုန်းကို ကျမွိနန့်အထောင်းခံရရေပိုင် ခံနီကတ်ရပါရေ။
ပထွီးယုတ်ပီပီ ရခိုင်ပြည်က ဟိသမျှသမိုင်းအမွီအနှစ်၊ ရိုးရာယိုင်ကျေးမှုတိကို ခိုးစွာတမျိုး၊ လုယူစွာတဖုံနန့် ရ ခိုင်ပြည်မှာ တလင်းတောင်မပွဲသိမ့် ဆွဲစရာပုတ်မဟိပါယာ။ သဘာဝအရင်းအမြစ်ဆိုကေလေ့ အားလုံးသိကတ် တေအတိုင်း ပင်လယ်ထွက် အစားအစာ၊ သဘာဝဓါတ်ငွေ့၊ ရနံဆီ အစဟိရေစွာတိကိုရောင်းစားစွာနန့် အားမ ရသိမ့်ဘဲ အဂုတခါ ရခိုင်ပြည်က လယ်ရိုင်း၊ မြေရိုင်းတိကို ဘင်္ဂလားဒေ့(ခ်ျ) ကုလားအစိုးရကို ငှားဖို့လုပ်နီပါရေ။ ရခိုင်ပြည်မာ ရခိုင်သားအတွက်နီစရာ၊ လုပ်စားစရာ မြီမဟိယာ။
ယင်းချင့်ထက်ပိုဆိုးစွာက ရခိုင်ပြည်မှာဟိသမျှ ချောင်းချေ၊ မြောင်းချေကအစ အားလုံးကိုလေလံပစ်ရောင်းစား နီရေ။ ယင်းယှင့်က တဖက်မှာ အိမ်ကြက်ချင်းအိုးမဲသုတ်ပနာ တိုက်ပီးနီစွာလည်းဖြစ်တေ။ တရက်ထက်တရက် ကုန်းကောက်စရာမဟိအောင် ရခိုင်ပြည်မှာ ဆင်းရဲတွင်းနက်လာကတ်တေ။ တောထဲ၊ တောင်ထဲမှာ ၀ါးချေတ လုံးခွပ်ဖို့၊ အပင်ချေတပင်ခွပ်ဖို့စွာကအစ ယင်း ယုတ်ပဲ့ရေမျက်နှာတိကိုကြည့်နီကတ်ရရေ။ ဗမာပြည်မှာလည်း မြစ်တိ၊ ချောင်းတိဟိကတ်ပါရေ၊ ယကေလေ့ ဂနိအချိန်ထိ ယင်းချောင်းတိ၊ မြစ်တိကို တနီရာမှာလည်း လေလံ ပစ်ရောင်းစားနီကတ်စွာကို မကြားဖူးပါသိမ့်၊ အကျွန်လေ့လာမှု အားနည်းလို့လည်းဖြစ်ချင်ဖြစ်ပါလိမ္မယ်။
ရခိုင်ပြည်က နင်းပြားလယ်သမတိခမာ စစ်တပ်ဆောက်ဖို့အတွက်လယ်တိအသိမ်းခံရစွာတမျိုး၊ အောက်သား ပြည်ကရောက်လာကတ်တေ ရွင့်ပြာသတ်တိအတွက်ရွာဆောက်ဖို့ ၊ လုပ်စားဖို့ကအစ ရခိုင်ပြည်သူ၊ ပြည်သား တိလိုင်ခြောင်းထဲကအစာကို မတရားထုတ်ပီးနီကတ် ရစွာဖြစ်ပါရေ။ ရေရှည်အတွက်ကြည့်ဖို့ဆိုကေ အေယှင့် စွာ တငွိငွိနန့် လူမျိုးတုံး မျိုးဖြုတ်နီရေအစီအစိုင်ပါ။ ဒေကိစ္စတိကို ၂၀၁၀မှာ တက်လာဖို့ ဒီမိုကရေစီလို့ပြောရေ အစိုးရအနီနန့်ကား ဇာပိုင်ဖြေယှင်းပီးဖို့လဲဆိုစွာ မေးခွန်းဖြစ်လာပါဖို့ယေ။
ကရင်ပြည်ရို့၊ ရှမ်းပြည်ရို့မာပိုင် ရွာတိကိုမီးတိုက်၊ ဒေသခံတိကိုအားဓမ္မအနိုင်ကျင့်ပနာ ထွက်ပြီးအောင်လုပ်နီ ကတ်စွာတိကို လူအများမြင်နိုင်ကေလေ့ အဂုရခိုင်ပြည်မှာပိုင် လူမျိုးတုံးမျိုးဖြုတ်နီရေအစီအစိုင်က နုညံ့သိမ်မွိပ နာ ပိုပြီးကေကြောက်ဖို့ကောင်းပါရေ။ ဇာကြောင့် အေနည်းကိုသုံးလဲဆိုကေ တခြားကရင်ရို့၊ ရှမ်းရို့ကိုလုပ်တေ ပိုင် ရခိုင်ကိုလုပ်လို့မရနိုင်ပါ။ ယင်းပိုင်လုပ်စွာနန့် စစ်တပ်ထဲကရခိုင်သား ပြောင်းဝတိ ယင်းသူရို့ဖက်ကိုလှည့် လာဖို့စွာကိုကြောက်တေ။ ဗမာစစ်တပ်ထဲမှာ အနှိမ်ခံဘ၀နန့် တာဝန်ထမ်းဆောင်နီကတ်ရရေ ရခိုင်သားတိ လည်း ယှယှင်းပြောရကေ လမ်းမမြင်လို့ မချစ်ကေလေ့ အောင့်ကာနမ်းနီကတ်ရစွာပါရာ။ ယင်းရခိုင်ရဲဖော်တိ ပဉ္စမံတပ်သားတိဖြစ်လာအောင်လုပ်ကတ်ရပါဖို့။ နောက်ဆုံး ဖြစ်နိုင်ကေ ရခိုင့်ကပစ (ကာကွယ်ရေး ပစ္စည်း စက်ရုံ)ကို အောက်သားစစ်တပ်ထဲမှာ ရအောင်တည်ကတ်ရပါဖို့။
ကျူးဘားသမတဟောင်း ကတ်စထရိုကို ဇာသူက ဇာပိုင်ပင်သမုတ်သမုတ်၊ အာဏာရှင်လို့ပြောပြော အကျွန့် ရင်ထဲက မဟာသူရဲကောင်းဆိုရေ ဝေါဟာရကို ပျက်ပြယ်နိုင်စွမ်းမဟိပါသိယေ။ အမေရိကန်တိ ကျူးဘားတနိုင် ငံလုံးကို လက်ဝါးကြီးအုပ်ပနာ မှောက်ချင်တိုင်းမှောက် ပြန်ချင်တိုင်းပြန်နီကတ်ခရေ။ တနိုင်ငံလုံးမှာဟိရေ သ ကြားခင်းတိ၊ ဆီးရွက်ကြီးခင်းတိ၊ သကြားစက်ရုံဟူသမျှလည်း အားလုံးအမေရိကန်တိကရာပိုင်ရေ။ ယင်းပိုင်အခြီ အနီကနီပြီးကေ ကတ်စထရိုဦးဆောင်ပနာ လူလေးငါးခြောက်ယောက်နန့် အမေရိကန်ပိုင်စွာတိအားလုံး ကို ပြန်သိမ်းယူခပနာ ကျူးဘား ပြည်သူတိလက်ထဲကို ပြန်ရောက်အောက် ပြန်ထည့်ပီးနိုင်ခရေ။
ယင်းပိုင် မကောင်းဆိုးဝါးမိစ္ဆာကောင်တိကို တိုက်ထုတ်ဖို့အတွက် အိုင်ယာလန်နိုင်ငံမှာပိုင် ”ဆင်ဖိန်း(Sinn Fein)”တိ ရခိုင်ပြည်မှာ အများကြီးလိုနီပါယာ။
ကဗျာဆရာ နောင်ရဲခိုင်ကတော့ ပေါက်တောရွှေမြေ၊ မဂ္ဂဇိန်း၊ အမှတ်(၂)မှာ ရွီးခရေ ကဗျာချေတပိုဒ်ပိုင် -
ဖိုးခေါင်တောင်ထက်မှာ
မျဉ်းဖြောင့်တကြောင်း
ဆွဲကြည့်ကတ်ဖို့ဆိုကေ
အကို ဇာနီရာမှာမဆို
ပါဖြစ်အောင်ပါဖို့ဆို။ လို့ ပြောထားပါရေ။
အကျွန့်အနီနန့် ပြောရဖို့ဆိုကေတော့ခါ ရခိုင်သားတိအားလုံး စစုစစည်းနန့် အိပ်ဇိုးဒတ်(Exodug)သင်္ဘော ချေတစင်းလောက် ဆောက်နိုင်ကတ်ဖို့ဆိုကေ ယင်းသင်္ဘောကုန်းပတ်ထက်မှာ သံချီးပင်ခေါက်ရခေါက်ရ၊လက် အံသီအောင် ရီပင်ပစ်ရပစ်ရ လိုက်ချင်ပါယင့် ----။ ။
”ကြောက်တတ်တေလူစွာ အမြဲတမ်းအခြောက်ခံရရေ”
ရခိုင်သားတိုင်း လွတ်လပ်အီးချမ်းနိုင်ကတ်ပါစီ။ (နိုဝင်္ဘလ (၃)ရက်၊ ၂၀၀၈ခုနှစ်)