mandag 5. desember 2011

အာဏာရှင်နန့် ဘော်လုံး

လောကမာ လူလို့ဖြစ်လာဂေ လူတယောက်မာ အနည်းဆုံးဝါသနာတခုစီဟိကတ်တေ။ Free4waddy ရို့ဆိုဂေ ၀ါသနာတိများအားကြီးလို့ မြင်စွာကိုပျင်ပလိုက်ချင်ရေ။ အရက်ဝိုင်းတွိကေ ကျိုက်ပလိုက်ချင်ရေ၊ ဖဲဝိုင်းမြင်ကေ ဖျောင်းပလိုက်ချင်ရေ။ ပဆစ်ဝိုင်းတွိကေ ကြွိပလိုက်ချင်ရေ။ သဖောပြောပြစွာ - အရာ အဂေါင့်ထင်နီကတ်ဖို့သိမ့်း)။

ဒေနိ သတင်းစာတခုမာ သတင်းချေတပုဒ်ဖတ်မိလို့ ယင်းချင့်ကို အကျွန်လေ့ စိတ်လေ့ဝင်စားရေ။ နောက်ပြီးကေ တတ်ထားရေစာတလုံးနှစ်လုံးကို ပြန်မမိလားရအောင် အိုးကပ်ဟင်းကျန်ချေတိကို မသိုးလားရအောင် ခွင်မာတည်ဘနာ ပြန်ဆောက်ပစ်တေသဖောနန့် ဘာသာပြန်ဘနာ ဒေမာဟိရေ ကာဝမ်းရို့ကို ဖောက်သည်ချလိုက်စွာပါရာ။

ဆွီဒင်နိုင်ငံက Lars C. Tisell ဆိုရေ အလွတ်သတင်းထောက်ယောက်နန့် ကမ္ဘာမြီတနီရာက အာဏာရှင်ဟောင်းတယောက်ရို့ ဘောလုံးနန့်ပတ်သက်လို့ ဆွေးနွေးဖြစ်ခကတ်တေအကြောင်းကို ဒေနိသတင်းစာတစောင်မာ ဖတ်လိုက်ရရေ။ ယင်း အာဏာရှင်စွာ ဆွီဒင်နိုင်ငံက ဘောလုံးအသင်း Malmo FF ဆိုရေ ကလပ်အသင်းကို သူ့နိုင်ငံမာဟိရေ ရနံဆီနန့်ဝယ်ဖို့အတွက် စကားပြောဖြစ်ခကတ်တေ။
၁၉၇၈ ခုနှစ်၊ ဥရောပချန်ပီယံဖလားမာ Malmo FF အသင်းနန့် Monaco အသင်းရို့ ကဇက်ပြီးရေနောက်ပိုင်းမာ ယင်းအာဏာရှင်စွာ Malmo FF အသင်းကို ကဂေါင်းစိတ်ဝင်စားလားခရေ။

ယင်းပိုင်စိတ်ဝင်စားလားခပြီးရေနောက်ပိုင်းမာ ယင်း Malmo FF အသင်းတသင်းလုံးကိုဝယ်ဖို့အထိ စကားပြောလာရေ။
Lars C. Tisell ရေ ယင်းအချိန်က အာဖရိကတိုက်က တိုင်းပြည်တိမာလှည့်လည်ဘနာ အလွတ်သတင်းထောက်လုပ်နီရေအချိန်ဖြစ်ပြီးကေ ယင်းအာဏာရှင်ကလေ့ တိုင်းပြည်အာဏာကို ၁၉၆၉ ခုနှစ်ကပင် အာဏာသိမ်းဘနာ အုပ်ချုပ်နီရေကာလဖြစ်တေ။

ပထမဆုံးအဆက်အသွယ်ရစွာကတော့ ၁၉၆၉ခုနှစ်၊ စက်တင်္ဘာလ၊ အာဏာစသိမ်းရေအပါတ်ထမာပါ။ ယင်းအချိန်က အကျွန်စွာ အကျွန့်ဘာဘာအလွတ်သတင်းထောက်နန့်တတူ ယင်းနိုင်ငံထဲမာ ဟိနီခဘာရေ။ ဘာဘာက ဆွီဒင်နန့် နော်ဝေးနိုင်ငံတိက သတင်းစာတိအတွက် အလွတ်သတင်းထောက်လုပ်နီရေအချိန်ပါ။ အကျွန်ယင်းအာဏာရှင်ဇာတိမြို့ကိုလားလည်ရေအချိန်မာ Malmo FF နန့် Monaco အသင်းရို့ ဥရောပချန်ပီယံဖလားကျောက်ပြီးလားခကတ်စွာ ၁၀ နှစ်လောက်ကြာလားခပါယာ။ ယကေလေ့ ယင်းအာဏာရှင်ရေ Malmo FF ကဇက်ပုံ၊ ကဇတ်နည်းတိကို အဂုထက်ထိ စွဲမက်နီတုန်းပါသိမ့်။
ယင်းအာဏာရှင်စွာ မြင်းတိကိုဝါသနာပါရေပိုင် ဘောလုံးကိုလေ့ ကဂေါင်းစိတ်ဝင်စားပါရေ။ ယင်းအာဏာရှင်စွာ Monaco မင်းသားနန့်လေ့ အဆက်အဆံဟိပါရေ။ Lars C. Tisell နန့်တွိရေခါ ယင်းအာဏာရှင်ကမီးပါရေ -

အာဏာရှင်။ ။ “ Malmo FF အသင်းကိုဝယ်ဖို့ဆိုကေ သူရို့တိ ဈီးဇာလောက်တောင်းဖို့လို့ မင်းထင်လဲ”
Lars C. Tisell။ ။ ဘောလုံးကို ငါ့လေ့ကကောင်းချစ်တေလူတယောက်ရာ။ ယကေလေ့ ယင်းအသင်း စီးပွါးရေးအခြေအနေကို မသိလို့ ဈီးဇာလောက်တောင်းနိုင်ရေဆိုစွာကို ငါမပြောနိုင်။
ယပြီးကေ တဆက်တည်း Lars C. Tisell က ယင်းအာဏာရှင်ကို “ မင်းကကား ဇာလောက်ပီးနိုင်ဖို့လဲ” ဆိုဘနာ ပြန်မီးလိုက်တေ။ အာဏာရှင်ပြန်ဖြေလိုက်စွာက “ မင်း ငါ့ကို ဖေ့သျှာအကြောင်းနန့်ပါတ်သက်လို့ မီးစရာအကြောင်းမဟိ။ လာမပြောကေ့…ငါ့ (ငါ့တိုင်းပြည်)မာ ရနံဆီတိ မကန်ဟိရေ” လတ်။

ယကေလေ့ ယင်းအာဏာရှင်အနီနန့် ယင်းပိုင်ဘောလုံးအသင်းတခုဝယ်ဖို့စွာကို လူသိရှင်ကြားထုတ်ဖော်မပြောဝံ့၊ တခုခုအမှားအယွင်းဖြစ်လားခဂေ နောက်ဆက်တွဲဖြစ်လာဖို့ပြဿနာတိကို သူကြောက်ပုံရပါရေ။
ယင်းပိုင်နန့် ၁၉၉၀ ခုနှစ်၊ နောက်ပိုင်းကာလကပင် သူနန့်အာဏာရှင်အဆက်အသွယ်ပြတ်လားရေပိုင် အာဏာရှင်အနီနန့်လေ့ တခြားနိုင်ငံရေးအရှုပ်အထွီးတိမာ လုံးပမ်းနီရလို့ ဘောလုံးကိုစိတ်ဝင်စားမှုကလေ့ နည်းပါးလားပါရေ။

အာဏာရှင်စိတ်ကူးစွာ စားပွဲခုံထက်က စာရွက်အဆင့်လောက်ရာဟိခပြီးကေ အကောင်အထည်ဖော်ဖို့၊ လက်မှတ်ထိုးရေအဆင့်ကို မရောက်နိုင်ခပါ။
ဆွီဒင် Express သတင်းစာမာတော့ ၁၉၇၆-၉၈ ထိ Malmo FF အသင်းမန်နေဂျာ Cavalli Bjorkman နန့် အဆက်အသွယ်ဟိခကတ်တေဆိုဘနာ ရီးသားဖော်ပြကေလေ့ သူနန့်အာဏာရှင်ဖက်ကလူတိ တရားဝင်ဆက်သွယ်ခစွာ တခါလေ့ မဟိဖူးခဆိုဘနာ ငြင်းလားပါရေ။

အာဏာရှင် ဇာသူလဲ စာဖတ်တေလူတိ အဖြေပီးကတ်ပါး)။

အတတ်နိုင်ဆုံးကြိုးစားဘနာ ရခိုင်ပိုင်ပြန်ထားစွာပါ။ ဖတ်ရ အဆင်မပြေစွာတိဟိချင်ဟိပါဖို့။ ဟိကေ ပပွင့်လလင်းဝေဖန်ပီးကတ်ပါ။ နောက် ရီးဖြစ်ကေ ဒေထက်ပိုကောင်းအောင် ကြိုးစားပီးပါမေ။

အားလုံးကိုခင်မင်စွာနန့် -
Free4waddy

tirsdag 15. november 2011

ဘ၀တက္ကသိုလ်က မှတ်စုချေတိ

ဘ၀တက္ကသိုလ်က မှတ်စုချေတိ

လူတယောက်ချင်းကပင် စပနာ လူမျိုးတခု၊ တိုင်းပြည်တခုထိလှမ်းကြည့်လိုက်လို့ အဆင့်အတန်းဆိုစွာကို အကြမ်းဖျင်းခွဲကြည့်ဖို့ဆိုကေ သူရို့၏စိတ်ပိုင်းဆိုင်ရာနန့် ရုပ်ပိုင်းဆိုင်ရာတိကို ကြည့်ဘနာခွဲရဖို့။ ဒေနီရာမာ ရုပ်ပိုင်းဆိုင်ရာကို ဟန်ဆောင်ဖုံးကွယ်လို့ ရနိုင်ကေလေ့ စိတ်ပိုင်းဆိုင်ရာက ဟန်ဆောင်ဖုံးကွယ်ဖို့ ထင်သလောက်မလွယ်နိုင်။ ယင်းဇူးနန့် စိတ်ပိုင်းဆိုင်ရာက ရုပ်ပိုင်းဆိုင်ရာထက် ပိုအခြီခံကျရေ။ ယင်းစိတ်ဓါတ်ပိုင်းဆိုင်ရာ အခြီခံစွာ ဇာကလာလဲလို့ ခြီရာကောက်လိုက်ကေ ယင်းလူမှုအသိုင်းအ၀ိုင်းနန့် ယင်းနိုင်ငံ၏ ပညာရေးစနစ်က ပုံစံထုဘနာ ပုံသွင်းပီးလိုက်စွာဖြစ်တေ။ ဒေနီရာမာ အကျွန်တင်ပြချင်စွာက ဗမာပြည်ပညာရေးစနစ်ထဲက “မရောင်ရာ ဆီလူး” ဆိုပိုင် လိုက်လုပ်နီရေစွာတိကို အကျွန်လေ့လာထားရေ တခြားနိုင်ငံတချို့က ပညာရေးစနစ်တိနန့် နှိုင်းယှည်ပြချင်လို့။ ယကေလေ့ စာပုဒ်ရှည်လားကေ ကိုယ့်လူတိဖတ်ရစွာ ညီးငွေ့လားလတ်မေကြောက်လို့ သူများနိုင်ငံအကြောင်းမပြောခင်…အကျွန်ရို့ဖြတ်သန်းနီဂတ်ရရေဘ၀တိကို အယင်ကြည့်ကတ်မေ။

စာသင်ခန်းထဲကို ဆရာ၊ ဆရာမ ၀င်လာစွာနန့် “မင်္ဂလာပါ ဆရာ၊ ဆရာမ” လို့ နှုတ်ဆက်ကတ်စွာ အကျင့်ချေကောင်းရေ။ ယကေလေ့ တဖက်မာပြန်ကြည့်ကေ ရခိုင်ပြည်၊ ဗမာပြည်အတိုင်းအတာနန့် ယင်းစကားလုံးစွာရေ ကျောင်းသူ၊ ကျောင်းသားချေတိ၏ ရင်ထဲ၊ အသဲထဲက နနစ်ကကာလာရေစကားလုံးမဟုတ်ဘဲနန့် နိစ္စဓူဝ လုပ်ရိုးလုပ်စိုင်တခုကို လူများအော်လို့ လိုက်အော်လိုက်ရစွာလောက်ရာဖြစ်တေလို့ ယူဆလို့ရရေ။ ယင်းပိုင် ရင်ထဲကလာရေစကားမဟုတ်လို့လေ့ အချင်းချင်းတိကြားမာ တယောက်ကိုတယောက် အပြန်အလှန် လေးစားအသိအမှတ်ပြုမှု၊ ချစ်ခင် ရင်းနှီးမှုတိဖြစ်မလာနိုင်စွာဖြစ်တေ။ ယပြီးကေ အခန်းထဲမာ “သြကာသ….သြကာသ…”နိတိုင်းဆိုနီရစွာချေနန့်လေ့ ဘာသာတရားကိုင်းရှိုင်းမှုတိ၊ လောကကြီးကို အပြုသဖောဆောင်ဘနာ အကောင်းမြင်တတ်တေ၊ စိတ်ရှည်သည်းခံခွင့်လွှတ်တတ်တေစိတ်ဓါတ်တိ အမြစ်မတွယ်လာနိုင်ဆိုစွာကို အ၀ီးကိုလားကြည့်စရာမလို။ ဂနိ အကျွန်ရို့ရခိုင်လူမျိုးတိအပါအ၀င် ဗမာတပြည်လုံးမာဖြစ်ပျက်နီဂတ်တေ ပြဿနာပေါင်းစုံကိုကြည့်ခြင်းအားဖြင့် မြင်နိုင်ရေ။

အကျွန် အထက်မာပြောခစွာတိကို လူစကားတတ်တေ အဘုချေတိလောက်ကိုမပြောကေ့..မောက်တင်ချေ၊ ဇရွက်ချေ၊ ကျီးချေတိကို သင်ပီးထားကေတောင် ယင်းပိုင်အသံမျိုးထွက်ဖို့တတ်တေ။ လူမပြောကေ့ တိရိစ္ဆာန်တောင် လုပ်နိုင်ရေ။ အကျွန်ရို့ဆိုကေ (၂)တန်းနှစ်ခါ တနှစ်လုံး “ဣတိပိသော ဘဂ၀ါ”ကို ဆိုရရေ။ ဂုထိတောင် အလွတ်ရနီသိမ့်ရေ။ ယကေလေ့ အဓိပ္ပါယ်ဇာလဲလို့မီးကေ ဂုထက်ထိ ဂဃနဏမသိမ့်။ ယကေ ဇာအဓိပ္ပါယ်ဟိလဲ။ ယင်းပိုင်အချိန်တိမာ မျိုးချစ်စိတ်တိ၊ တိုင်းပြည်ကိုချစ်စိတ်တိ၊ လူတယောက်မာ ဟိသင့်ရေ စိတ်ဓါတ်ပိုင်းဆိုင်ရာတိ၊ ကိုယ်ကာယ ဖွံ့ဖြိုးမှု အစဟိရေစွာတိ လက်တွိအသုံးချလို့ရဖို့၊ အကျိုးဟိဖို့ နည်းလမ်းတိအများကြီးဟိရေ။

အခြီခံပညာအဆင့်မာ ယင်းပိုင်စွာတိကို မသင်ပီးလိုက်တေအပြင် “ကိုယ်ကလွဲကေ ကိုယ့်ဒူးကိုတောင် ကိုယ်မယုံဂေ”့….လတ်။ ဗမာပြည်ဖွတ်ခေါင်းဆိုးဖြစ်နီရရေအကြောင်းရင်းတိထဲမာ ဒေချင့်လေ့တခုပါရေ။ ကိုယ့်မိသားစုအချင်းချင်း၊ ကိုယ့်ဆွေမျိုးအသိုင်းအ၀ိုင်းအချင်းချင်း၊ ကိုယ့်လူမျိုးအချင်းချင်းတယောက်ကိုတယောက် မယုံကြည်လိုက်ယာဆိုလောက်ကပင် စိုင်းစားရာကြည့်လီကတ်ဖိ။ အကြီးသန်ကိုလားမစိုင်းစားကေ့။ ကိုယ့်အိမ်ချေတအိမ်မာ တယောက်ကိုတယောက် အယုံအကြည်မဟိဆိုကေ ယင်းအိမ်လောက်စိတ်ပျက်ညီးငွေ့စရာကောင်းရေအိမ် ကဗာမာဟိလီဖို့မဟုတ်ယာ။ အဲ…ဗမာပြည်ဆိုရေတိုင်းပြည်မာ အုပ်ချုပ်သူအဆက်ဆက်က တိုင်းသူပြည်သားတိကို ဒေပိုင်မျိုးစိတ်ဓါတ်တိကို ရိုက်သွင်းထားရေယေ။ သူရို့အချင်းချင်းလေ့ တယောက်နန့်တယောက်မယုံကြည်ရေပိုင် တိုင်းသူပြည်သားတိကိုလေ့ တယောက်နန့်တယောက် ယယုံကကြည် သွီးစည်းညီညွတ်လားဖို့စွာကို သီအောင်ကြောက်တေ။

ကြည်လင်၊ တောက်ပ၊ စူးရှဘနာ ကြင်းလို့လင်းလို့ ထုတ်ချင်းပေါက်မြင်နိုင်စွမ်းဟိရေ ငရို့စက္ခု(၂)ကွင်းကို သံသယဆိုရေမှိုင်းနန့် အတိုက်ခံလိုက်ရလို့ ကြက်ခိုးတိကပ်နီကတ်ရရေ။ နုပျို၊ လန်းဆန်း၊ တက်ကြွနီရေ ငရို့ဦးနှောက်တိကို အဆုံးမဟိနိုင်ရေ ကျွန်ဇာတ်ဆက်ကနိုင်ဖို့အတွက် ဓါတ်ခွဲခန်းသွင်းပနာ ဂျောင်ထိုးခံနီကတ်ရရေခါ အသက်ဟြင်ယက်တန်းလန်း လူသီကောင်ဘ၀ပိုင် ဖြစ်နီကတ်ရရေ။ ယင်းအကျိုးဆက်တိက ဒေနိအကျွန်ရို့ရခိုင်လူမျိုးတိ ဒေပိုင်အခြေအနေမျိုးထိ ရောက်လာကတ်ရခြင်း၏ အခြီခံပြယုဂ်လို့ဆိုကေ လွန်ဖို့မထင်။

နောက်စကားပုံတခုဟိသိမ့်ရေ….“ကိုယ်ကျင့်တရားဆိုစွာ ခါးဝတ်ပုဆိုးပိုင် မြဲမြံနီရဖို့”လတ်။ ခါးမာဝတ်ထားရေ ဒယောစွာ လူရှေ့သူရှေ့မာ အိနြေ္ဒဆောင်နိုင်ဖို့လောက်၊ မကျွတ်ကျနိုင်လောက်အောင်ရာ အာရုံစိုက်နိုင်ရေ။ ယေတောင် တခါတရီအကြောင်းအမျိုးမျိုးနန့် လူရှေ့သူရှေ့မာ ကျွတ်ကျလားစွာတိဟိသိမ့်ယင့်။ လူမဟိရေနီရာ၊ ဆိတ်ကွယ်ရေနီရာ၊ ညဥ့်ခါ(အိပ်ကေ) ကျွတ်ယာ ယင်းဒယော။ ယကေ ဇာမာလဲ…ယင်းသူရို့ပြောရေ ကိုယ်ကျင့်တရား ဆိုစွာ။ ယင်းသူရို့ပြောရေ ကိုယ်ကျင့်တရားဆိုစွာ လူတိကိုဟန်ဆောင်ဖို့ သတ်သတ်ပြောနီစွာလောက်ရာဟိရေ။ ဒေချင့်က လူတိကို သူတော်ကောင်းဟန်ဆောင်တတ်ဖို့ (hypocrisy) ဖြစ်အောင် ပြောရေအဆင့်လောက်ရာဟိရေ။

ဒေပိုင် ပညာရေးစနစ်၊ ဒေပိုင်နိုင်ငံတိမာ ကျွန်ဘ၀နန့်ဇာတ်သွင်းခံနီကတ်ရလို့ ဒေနိန့်အကျွန်ရို့အချင်းချင်းကြားမာ တယောက်ကိုတယောက် မယုံနိုင်၊ တယောက်ကိုတယောက် အသိအမှတ်မပြုနိုင်။ ဒေပိုင်ဖြစ်နီကတ်စွာတိကို မစိုင်းစားမိခါ မပြင်နိုင်ခကတ်ကေလေ့ စိုင်းစားမိရေအချိန်မာ သတိတရားနန့် စိုင်းစားချင့်ချိန်ဘနာ ရန်သူတိဖြစ်စီချင်ရေဆန္ဒကို အတတ်နိုင်ဆုံးမဖြစ်စီရ ဆိုရေစိတ်မျိုးမွီးဘနာ အဖရခိုင်ပြည်အတွက် သားကောင်းသမီးကောင်းတိ ဖြစ်နိုင်ဂတ်ပါစီလို့ ဆုတောင်းပီးလိုက်ပါရေ။

Free4waddy

lørdag 12. november 2011

ခုခံကာကွယ်စစ်က ချေမှုန်းရေးသို့

အမှန်က ကျနော် မလုပ်သင့်ဆုံးအလုပ်က စာရီးခြင်း။ ယင်းနောက်မာ စည်းရုံးခြင်း၊ ဟောပြောခြင်း….အစဟိရေ ယင်းပိုင်စွာချေတိ။ ဇာဖြစ်လို့လဲဆိုဂေ အကျွန်စကားကို ချချိုသသာမပြောတတ်၊ လူများနားဝင်အောင် ညောင့်လို့ချေ မပြောတတ်။ ကိုယ်မပြောတတ်တေကေလေ့ ပြောတတ်တေလူတိ ပြောဂတ်ပက်စီဆိုဘနာ အီးလို့မနီ။ ယင်းပိုင်ပြောတတ်တေ လူမျိုးတိကိုလေ့ မကြိုက်။ ဗီဇကပင် မကောင်းလို့ ပြောလို့ရရေး)။ အဂုလေ့ ပြောပါဖို့ယာဒေ။
ပြောဖို့အကြောင်းအရာက ရခိုင်နန့်ကုလား တိုက်ပွဲအကြောင်း…………

ဂနိ ရခိုင်လူမျိုးတိပြည်ပ မီဒီယာသတင်းဌာနတိကို နည်းအမျိုးမျိုးနန့်သပိတ်မှောက်၊ ဆန္ဒပြ၊ တိုက်ခိုက်နီကတ်တေ။ ပြည်ပ သတင်းမီဒီယာတိကို မကျေနပ်ကေ ကန့်ကွက်ရဖို့၊ ပြောကတ်ရဖို့။ ဒေချင့်စွာ အကျွန်ရို့ အခွင့်အရေးဖြစ်တေ။ ယကေလေ့ ယင်းအလုပ်စွာ ထင်သလောက်မထိရောက်ဆိုစွာလက်တွိဖြစ်တေ။ ယင်းသူရို့ကို မလုပ်ကေ့၊ မပြောကေ့၊ မကြော်ငြာကေ့ဆိုဘနာ လားပြောလို့မရ။ ယင်းကောင်တိစွာ ရခိုင်လူမျိုးလေ့ မဟုတ်။ ယပြီးကေ ယင်းချင့်စွာ ယင်းကောင်တိမာ လုပ်စားနီဂတ်စွာတိ။ အကျွန်က စာနန့် ဖုန်းနန့်မဟုတ်။ ပြည်ပရေဒီယိုက လူတချို့ကို လူချင်းတွိဘနာ စကားပြောပြီးယာ။ မျက်နှာချင်းဆိုင်ကျခါတော့ ‘ဟုတ်ကဲ့ပါ၊ မလုပ်ပါဘူး၊ ဘာ၊ ညာနန့်’ မျက်နှာလွှဲကေ ပြန်လုပ်ကတ်စွာယာ။ (အသံဖိုင်ပါ သိမ်းထားစွာဟိပါရေ)

ယင်းပိုင်ယာ….ကုလားတိကိုလေ့ Arakan လို့မပြောကေ့။ Rohingya လို့ မအော်ကေ့ဆိုဘနာ လားပြောလို့မရ။ ယင်းသူရို့လုပ်စရာဟိစွာကို လုပ်ကတ်ဖို့စွာယာ။ အေး အကျွန်ရို့စိုင်းစားကတ်ရဖို့စွာက “ ငရို့ ဇာလုပ်ကတ်ဖို့လဲ “ ဆိုစွာကို ဂေါင်းအအီးနန့် စိုင်းစားကတ်ရဖို့။ ကုလားတိုက်ကို ကျားဝင်ပိုင် ကမ္ဘာပြတ်ကို ပတ်ပနာ ကော်နှက်နီလို့မရ။ ကောက်ရိုးမီးပိုင် တချက်ချေ ဟုန်းဟုန်းတောက်ပနာ သီကျလားလို့လေ့မဖြစ်။ အလှပ အသေအချာ စနစ်တကျနန့်တုန့်ပြန်တတ်ဖို့လိုလာယာ။ တိုက်ပွဲက ဖြစ်နီယာ…တိုက်ပွဲကြားထဲမာ ကစိုင့်ကလျားနန့် ကူပါ၊ ကယ်ပါဆိုဘနာ ငပိကိုင်မိရေ မျောက်တိပိုင် ပြီးနီလို့မရ။ ကျဉ်ဆံစာ မိလားဖို့။

ဇာပိုင်တုန့်ပြန်ကတ်ဖို့လဲဆိုစွာကို စိုင်းစားမိခါ ပဌမတချက်က ဟုတ်စွာ၊ မဟုတ်စွာ အပထား။ ယင်းကုလားတိက နိုင်ငံတကာမာ အနည်းနန့်အများ ထောက်ခံမှုရနီဂတ်တေလို့ ပြောလို့ရရေ။ ယင်းကောင်တိ လိမ်စွာကို ခံနီဂတ်ရရေလို့ပြောပြော၊ ဖေ့သျှာနန့်ပေါက်တေလို့ဆိုဆို ယင်းကောင်တိကို လူလူချင်းဆိုရေအမြင်နန့်ဖြစ်ဖြစ် ကိုယ်ချင်းစာကတ်တေ။ ဇာဖြစ်လို့ ယင်းပိုင်ကိုယ်ချင်းစာလာကတ်လဲ။ ယင်းသူရို့ပြောရေစကားကို နားဝင်လို့၊ ယင်းသူရို့ရီးရေစာတိကို ဖတ်မိလို့ဖြစ်တေ။ ယင်းကုလားတိက ဒေနိ နောက်ဆုံးပေါ် အမေရိကန်လုပ်၊ ဗြိတိန်လုပ် “English” ဆိုရေ ခေတ်မှီလက်နက်တိနန့် ပစ်နီစွာမာ ရခိုင်တိက ဗန္ဓုလခေတ်ကသုံးခရေ “အောက်ချီးစာ” လက်နက်နန့် လားတိုက်နီလို့မရ။ ကမ္ဘာမာ ဗမာပြည်ကလွဲကေ တကောင်လေ့ နားမလည်။

ယင်းဇူးနန့် ရခိုင်သမိုင်း၊ ရိုးရာ၊ ယိုင်ကျေးမှုအမွီအနှစ်၊ စာပီ အစဟိရေစွာတိကို နိုင်ငံတကာကပိုသိလာအောင် အင်္ဂလိပ်ပိုင်ထုတ်နိုင်အောင် ကြိုးစားကတ်ရဖို့။ အဖွဲ့အစည်းတိက ထုတ်တေစတိတ်မန်းတိကိုလေ့ အင်္ဂလိပ်ပိုင်ထုတ်ကတ်ရဖို့။ ကုလားဆိုးတိ အန္တရာယ်၊ ယင်းကောင်တိ ရည်ရွယ်ချက်၊ ဦးတည်ချက်တိ ဇာနည်းဇာဖုံ ဟိရေဆိုစွာတိကအစ ဒီမိုကရေစီနန့် လူ့အခွင့်အရေးဆိုရေ အရီကိုခြုံဘနာ နယ်မြေလုဖို့ကြိုးစားနီရေဆိုစွာတိကို ကကွင်းကကွက်ပေါ်လာနိုင်အောင် ဖော်ပြတတ်ကတ်ရဖို့။ တချက်ခွပ်၊ နှစ်ချက်ပြတ် သဖောမျိုးနန့် ကုလားအဖွဲ့တိက ထိုင်းရို့၊ မလေးသျှားရို့ကို လူမှောင်ခိုကူးနီစွာတိကို ဖော်ထုတ်ကတ်ရဖို့။ (လူမှောင်ခိုကုန်ကူးလို့ အောင်မြင်လားခဂေ ယင်းကောင်တိအတွက်ဖေ့သျှာရရေ။ မအောင်မြင်ဘဲ အဖမ်းခံရကတ်ကေ ကမ္ဘာကိုပတ်လို့အော်ရေ။ ယကေ ဘုမသိ၊ ဘမသိ အနောက်နိုင်ငံတိကအကောင်တိ ယင်းကောင်တိကို လူသားချင်းစာနာရေဆိုဘနာလုပ်တေ။ ကုလားဥာဏ်တိ……..)
ဂနိလက်ဟိအချိန်မာ ကုလားတိကို ကိုယ့်ထမင်းကိုယ်စားဘနာ အမုန်းခံလို့တိုက်နီကတ်တေ ဆရာကြီး ဒေါက်တာအေးကျော်ရို့၊ ဒေါက်တာအေးချမ်းရို့၊ ဒေါက်တာအသျှင်နာယကရို့၊ ဆရာ ခင်မောင်စောရို့တိဆိုစွာ လူကြီးတိဖြစ်နီကတ်ယာ။ ဒေတာဝန်တိကို လက်ဆင့်ကမ်းယူဖို့ မျိုးဆက်သစ်တိ အဆင်သင့်ပြင်ထားကတ်ရဖို့ယာ။ ရခိုင်သမိုင်းပညာသျှင်ချေတိ မွီးထုတ်ကတ်ရဖို့။ အကျွန်ရို့ပိုင်အကောင် (၁၀၀၀)လောက် အခွန်းပေါင်း တသိန်း ပစပေါက်အောင်ပြောစွာနန့် ယင်းပိုင် Dr. …ချေတလုံး ပဒုံးပါရေလူတယောက် တခွန်းပြောစွာ ပိုထိရောက်တေ။

လောလောစိုင် ဖြစ်နိုင်ဖို့၊ လက်တွိကျဖို့ထင်စွာအလုပ်က လက်ဟိထွက်နီပြီးသား စာအုပ်၊ စာတမ်းတိထဲက ထိရောက်ဖို့အကြောင်းအရာချေတိကို ရွီးဘနာ အင်္ဂလိပ်ပိုင်ဘာသာပြန်ဖို့ အင်္ဂလိပ်စာကျွမ်းကျင်ရေ စေတနာ့ဝန်ထမ်း “volunteer” အဖွဲ့ချေတခုဖွဲ့ဘနာ လုပ်နိုင်ကေ ပိုထိရောက်ဖို့ထင်ရေ။ ယင်းချင့်တိကို စာအုပ်စာတမ်းပြန်ထုတ်နိုင်ဖို့အတွက် ဖေ့သျှာလိုရေ။ ယင်းလိုရေဖေ့သျှာတိကို ပြည်တွင်း၊ ပြည်ပမာဟိရေ သဌီးတိဘားက ကောက်ရဖို့။ ဒေချင့်စွာ အမျိုးသားရေးဖြစ်တေ။ အမျိုးသားအကျိုးစီးပွါးကို ကာကွယ်ဖို့အတွက် ရန်သူလူ၊ မိတ်ဆွေလူဆိုဘနာ ခွဲခြားနီရဖို့အချိန်မဟုတ်။ နောက်ဆုံး အစိုးရအဖွဲ့ဘားက ထောက်ပံ့ပီးကေလေ့ ယင်းဖေ့သျှာကို လက်ခံရဖို့စွာယာ။ ဒေတိုက်ပွဲမာ နိုင်ဖို့လိုရေ။ မနိုင်လို့ မဖြစ်။ အချစ်နန့်စစ်မာ တရားရေ၊ မတရားရေဆိုစွာ မဟိ။ အဓိက နိုင်ဖို့ရာလိုရေ…………။
အားလုံး စိုင်းစားဆင်ခြင်ဘနာ ဒေထက်ကောင်းရေ နည်းလမ်းတိရှာကတ်ပါ…………
Free4waddy

onsdag 7. september 2011

စနစ်နန့် လူ

ကမ္ဘာ့တိုင်းပြည်တိမာ အုပ်ချုပ်ရေးစနစ်တိ အမျိုးမျိုးကွဲပြားဘနာ ဟိကတ်တေ။ ဆိုရှယ်လစ်၊ စစ်အာဏာရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ အရင်းရှင်စနစ်၊ ဒီမိုကရေစီစနစ်၊ ဆိုရှယ်ဒီမိုကရေစီစနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ်၊ စည်းမျဉ်းခံ ဘုရင်စနစ် ဆိုဘနာ ဟိကတ်တေ။
- အာဏာရှင်စနစ်နန့် သက်ဦးဆံပိုင်စနစ်ကလွဲကေ ကျန်ရေစနစ်တိစွာ နိုင်ငံရေးကိုကျွမ်းကျင်ရေ နိုင်ငံရေးသမားကြီးတိ ရီးဆွဲထားစွာဖြစ်လို့ များသောအားဖြင့် ကောင်းရေစနစ်တိဂျေးယာများရေ။ အဓိက အုပ်ချုပ်တေလူတိကြောင့်ရာ အနိမ့်၊ အမြင့်၊ အတက်၊ အကျ ကွာခြားလားစွာဖြစ်တေ။ ဇာလောက်ကောင်းရေကားအမျိုးအစားဖြစ်နီလီပက်စီ အမောင်းမတတ်ကေ တိုက်ဖို့၊ မှောက်ဖို့၊ နောက်ဆုံးစုတ်ပြတ်သတ်လီဖို့စွာ သေချာရေ။ ယင်းပိုင်ယာ စနစ်ဇာလောက်ပင်ကောင်းကောင်း ယင်းစနစ်ကိုမောင်းနှင်ရေ အစိုးရမကောင်းကေ ယင်းတိုင်းပြည်ကလူတိ ခွီးဖြစ်စွာယာ။

အရာ ဥပမာတခုပြရဖို့ဆိုကေ အကျွန်ရို့ဘ၀တလျှောက်လုံး ကွန်မြူနစ်စနစ် မကောင်းကြောင်း နည်းအမျိုးမျိုးနန့် သတ်သွင်းခံလာဂတ်ရလို့ ကွန်မြူနစ်လို့အသံကြားလိုက်ကေပင် ကြက်သိန်းထလားရေပိုင် ခံစားကတ်ရရေ။ ဂနိအချိန်မာ ကမ္ဘာကြီးမာ အမေရိကန်ကိုအားကျဘနာ ဒီမိုကရေစီစနစ်၊ အရင်းရှင်စနစ်တိ ပေါ်ပြူလာပိုင်ဖြစ်လာရေ။ ယကေလေ့ ဂနိလက်ဟိအခြေအနေ အမှန်မာ ဆင်းရဲသားအခြေခံရေ၊ သာတူညီမျှကောင်းစားရေးဝါဒ တရုတ်ကွန်မြူနစ်စနစ်ဘားမာ လူအများအထင်ကြီးလေးစားခံနီရရေ အမေရိကန်စွာ ဒေါ်လာဘီလီယံပေါင်း အများကြီး ဒါဒေါင်ကျနီရေ။ ကမ္ဘာ့အရင်းရှင်ကြီး အမေရိကန်က ဆင်းရဲသား သာတူညီမျှ ကောင်းစားရေးဝါဒ ကွန်မြူနစ်စနစ်နန့် အုပ်ချုပ်နီရေ တရုတ်ကို ဒါဒေါင်ပီးမကျီလောက်အောင် ဟိနီရေ။ ယင်းဇူးနန့် စနစ်ဆိုစွာ ပညတ်ချက်တခုရာဖြစ်ပြီးကေ တိုင်းပြည်ကို အုပ်ချုပ်တေလူတိကရာ အဓိကကျရေဆိုစွာကို ဒေချင့်က သက်သီပြနီရေ။ စနစ်နန့်လူမာ လူရာအဓိကဖြစ်တေ။

ဗမာပြည်မာလေ့ ယင်းပိုင်ယာ၊ နေ၀င်းတသက်လုံးနီးပါး ဆိုရှယ်လစ်စနစ်နန့် အုပ်ချုပ်ခရေ။ ဆိုရှယ်လစ်စနစ်မကောင်းလို့ မဟုတ်၊ အုပ်ချုပ်ရေအကောင်တိ စစ်တပ်အားကိုးနန့် အာဏာကိုမတရားယူဘနာ စိတ်ထင်တိုင်းမောင်းနီခလို့ တိုင်းပြည်ပင်လယ်ထဲကို ထိုးကျလားစွာဖြစ်တေ။

အရာ အဂု ဒီမိုကရေစီ၊ ဖက်ဒရယ်ဆိုဘနာ မိုးဦးကျ ဖဘူတိအော်ပိုင် အော်နီဂတ်ပြန်ယာ။ အော်ချင်ပိုင်အော်နီကတ်လီ၊ ဂနိလက်ဟိလွှတ်တော်မာ ဖက်ဒရယ်စနစ်ဆိုစွာကို အိမ်မက်တောင်မက်လို့မရသိမ့် အခြေအနေမာဟိရေ။

ဒေပိုင်မျိုးအခြေအနေမာတောင် ဟိုတရက်နိက လွှတ်တော်မာအသံတသံကြားလိုက်တေ။ ချင်းကိုယ်စားလှယ်က သူရို့ပြည်နယ်စွာ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်ဖြစ်တေအတွက်နန့် တခြားတိုင်းဒေသကြီးတိ၊ ပြည်နယ်အစိုးရတိကို ဗဟိုအစိုးရက ဖေ့သျှာခွဲတမ်း (၁၀၀၀) ချပီးရေဆိုဂေ သူရို့ပြည်နယ်ကို (၁၂၀၀) လောက် ပီးသင့်ရေဆိုဘနာ တောင်းလာစွာတွိရရေ။ ဒေချင့်စွာရေ ယင်းသူရို့တိမျှော်လင့်နီရေ၊ ချောင်းနီရေ ဖက်ဒရယ် အနှစ်သာရ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်နန့် အန္တိမရည်မှန်းချက်ဖြစ်တေ။ ဖက်ဒရယ်ဆိုရေ “ဆင်ဖြူ” ကို မှီဘနာ ကြံရည်စုတ်ဖို့ ချောင်းနီဂတ်တေဆိုစွာကို ပြလိုက်စွာဖြစ်တေ။ အောက်သားတိလေ့ အတူတူယာ။ ဒို့တာဝန်အရေးသုံးပါးဆိုဘနာ လူကြားကောင်းအောင် “အူ” ပြနီဂတ်စွာရာဖြစ်တေ။ ယင်းသူရို့ ၀မ်းထဲမာ အူဇာနှစ်ခွေဟိလဲဆိုစွာကအစ ချဂြောင်းကို ကြောင်းလို့မြင်ရေ။

အမှန်အကန်စစ်မှန်ရေ ဖက်ဒရယ်ပြည်ထောင်စု စနစ်နန့်လားရေဆိုခဂေတောင် ပြည်နယ်တခုနန့်တခု၊ တိုင်းတတိုင်းနန့် တတိုင်းကို တညီတည်းလုပ်လို့မရ။ ယင်းပြည်နယ်တိ၊ တိုင်းတိမာဟိနီရေ သဘာဝသယံဇာတအရင်းအမြစ်တိ၊ ရင်းနှီးမြှုပ်နှံမှုတိနန့် ပြည်နယ်၊ တိုင်းအစိုးရတိ၏ စီမံခန့်ခွဲမှု၊ လုပ်ရည်ကိုင်ရည်မာ မူတည်ဘနာ ဆင်းရဲချမ်းသာ ကွာဟနီဖို့စွာက သေချာရေ။ ဗဟိုအစိုးရအနီနန့် ချမ်းသာရေပြည်နယ်က ဖေ့သျှာတိကို ဒမြတိုက်ဘနာ ဆင်းရဲရေပြည်နယ်တိကို ပီးခွင့်မဟိ။ ဂနိ ဒီမိုကရေစီစနစ် အမြစ်ကပင် နောင်းနီရေတိုင်းပြည်တိမာလေ့ ယင်းပိုင်ယာ။ ပြည်နယ်လောက်ကို မပြောကေ့၊ ခရိုင်တခုနန့် တခုတောင် စီးပွါးရေအခြေအနေ မတူဂတ်။

ယင်းပိုင်ဆိုကေ ဗမာပြည်မာ အတိုက်အခံလုပ်နီဂတ်တေ အောက်သားနတ်ယောင်ဂါးအုပ်စုတိနန့် တခြားတိုင်းရင်းသားတချို့ ဇာဖြစ်လို့ ဒီမိုကရေစီ၊ ဖက်ဒရယ်ဆိုစွာကို ငငမ်းတက်လို့ လိုချင်နီဂတ်လဲဆိုစွာကို မြင်ကတ်ဖို့ထင်ရေ။

ယင်းချင့်မာ တချို့နိုင်ငံရေး၊ တော်လှန်ရေးနာမေခံ ရခိုင်တချို့က “သူများယောင်လို့လိုက်ယောင်…အမောင် တောင်မှန်းမသိ၊ မြောက်မှန်းမသိ” နောက်က လိုက်အော်နီကတ်တေ။ ဖက်ဒရယ်စနစ်အကြောင်း စိချေထောက်ပြခီဂေ “ အောင်ဆန်း သဂျလီသံနန့်” လာ “ဟောင်”ရေ အကောင်တိက ဟိသိမ့်ရေ။ ယင်းပိုင်အကောင်တိကို ဖက်ဒရယ်စနစ်အကြောင်း မမီးခင် ဖက်ဒရယ်ဆိုရေစာလုံးကို အင်္ဂလိပ်ပိုင် မကြည့်ဘဲ တချက်ပေါင်းပြလို့ ပြောလိုက်ကေ နှိမ်ရေလို့ပြောဖို့။ မပြောယာ။

အေး…ဒေါသသံတိ ဟြိကိုဆက်ပါလားကေ မကောင်း။ ဒေလောက်နန့် တံ့လိုက်မေဖိ။ နောက်ဆုံး ပြောချင်စွာက “စနစ်ကို ယုံရေ၊ လူကို မယုံ” ။ ယုံရေလူတိ ရခိုင်ပြည်ကထွက်တေဆီကို ဖြည့်ဘနာ ယင်းကောင်တိမောင်းဖို့ ဖက်ဒရယ်ကားကြီးမာ နောက်ကတွဲလို့ လိုက်လီကတ်ဖိ………………။

Free4waddy

torsdag 25. august 2011

ငါ့အမြင် အပိုင်း(နှစ်)

အကျွန်ရို့မြို့မာ အကျွန်ရို့နီရေအပိုင်း(ရပ်ကွက်)စွာ တခြားအပိုင်းတိနန့်စာဂေ အဆင်းရဲဆုံးရပ်ကွက်လို့ပြောလို့ရရေ။ လက်လုပ်လက်စားတိများပြီးကေ ၀န်ထမ်းမိသားစုတိ အနည်းအကျဉ်းရာဟိရေ။ မြို့အတိုင်းအတာနန့် သဌီးလို့သတ်မှတ်ခံရရေအိမ် တအိမ်လေ့မဟိ။ ဖေ့သျှာမဟိကေလေ့ အကျွန်ရို့အပိုင်းမာ တခြားဖေ့သျှာဟိရေဆိုရေအပိုင်းတိထက် အားသာရေအချက်တိဟိရေ။ ယင်းချင့်က ဇာတိလဲဆိုဂေ အကျွန်ရို့အပိုင်းကလူတိစွာ ယင်းအပိုင်းမာ အကြာကြီးအတူတူနီလာဂတ်တေ ရပ်ဆွေရပ်မျိုးတိပိုင် တယောက်နန့်တယောက် စစည်းလလုံးပိုဟိရေ။ ဇာကြောင့်ဒေပိုင်ပြောနိုင်လဲဆိုဂေ တခြားရပ်ကွက်တိမာလောက် တခြားရွာတိ၊ မြို့တိက ပြောင်းလာရေလူတိ မဟိလို့။ တရပ်ကွက်လုံးမာ အများစုစွာ မိသားစုအကြီးသန်တခုနန့် တူနီရေ။

အကျွန်ရို့မြို့မာ ယင်းအချိန်က မိုးရာသီ ရပ်ကွက်လိုက် ဘောလုံးပွဲနှစ်တိုင်းချရေ။ များသောအားဖြင့် တနှစ်ကို လူကြီး၊ လူငယ် (Senior, Junior) ပွဲစီ ချစွာများရေ။ ဘောလုံးပွဲကျဖို့လာတိုင်း အဓိက တွိရရေပြဿနာက ရံပုံငွေကိစ္စဖြစ်တေ။ အပိုင်းဆင်းရဲလို့ ရံပုံငွေဆိုစွာ တပြားလေ့မဟိ။ ဘောလုံးသမတိအတွက် ၀တ်စုံဝယ်ဖို့ဖေ့သျှာ တခါလေ့မဟိ။ ယကေလေ့ ယင်းပိုင်အခက်အခဲဟိလို့ဆိုဘနာ ပြိုင်ပွဲမ၀င်ဘဲတခါလေ့မနီခ။ ဖေ့သျှာမဟိဂေ ဂေါင်းဆောင်လုပ်ကတ်တေလူတိဘားက နာရီဟိလူနာရီ၊ ပတီးဟိလူပတီး၊ လက်စွပ်ဟိလူလက်စွပ်တိကို ချွတ်ဘနာ ပေါင်ကတ်တေ။ ရရေဖေ့သျှာနန့် ၀တ်စုံဝယ်ဘနာ ပြိုင်ပွဲဝင်ကတ်တေ။ ပြိုင်ပွဲဝင်တိုင်းလေ့ အကျွန်ရို့ရပ်ကွက်စွာ နှစ်တိုင်း ဒိုင်းရရေ။ အကျွန်မှတ်မိသလောက် (၅)နှစ် ကျောက်စွာမာ လူကြီး၊ လူငယ် စုစုပေါင်း (၈) ဒိုင်းရရေ။ နောက်ဆိုဂေ တခြားအပိုင်းတိကလာဘနာ သူရို့အပိုင်းနန့် ဒရ၀မ်(သရေ)ချေလောက် ကျောက်ပီးပါ ဆိုဘနာ တောင်းပန်ယင်းနန့် ဖေ့သျှာလာပီးဂတ်စွာထိ ဖြစ်လာရေ။

ဒေအကြောင်းအရာကို ရရိုးချေကြည့်ကေ ရရိုးချေနန့်ပြီးလားလီဖို့။ ဘောလုံးကျောက်တေ၊ နိုင်ရေ၊ ဒိုင်းရရေ။ ယှယှင်းချေယာ။ ယကေလေ့ ယင်းပိုင်နိုင်လာဖို့အတွက် နောက်မာ အခြေခံအကြောင်းတရားတိ အများကြီးဟိရေ။ ပဌမအပိုဒ်မာပြောခစွာလေ့ တချက်အပါအ၀င်ဖြစ်တေပိုင် နောက်အခြေခံအကြောင်းတရားတိကို ရသလောက်ပြောရဂေ…အကျွန်ရို့အပိုင်းစွာ တခြားအပိုင်းတိထက် စည်းလုံးညီညွတ်မှုအား ပိုကောင်းရေ။ ဂေါင်းဆောင်လုပ်တေလူတိက မမှန်ကကန်နန့် အနစ်နာခံဦးဆောင်ဘနာ နောက်ကလိုက်တေလူတိကလေ့ ဂေါင်းဆောင်တိနောက်က တစိတ်တည်း၊ တ၀မ်းတည်းလိုက်ခဂတ်စွာကို တွိရရေ။ ယင်း ဘောလုံးသမားစရင်းထဲမာ မပါရေလူတိကလေ့ ကျရေတာဝန်ကို ထမ်းဆောင်ဂတ်တေ။ အကျွန်ဆိုကေ ယင်းအချိန်က အပိုင်းကဘောလုံးအသင်းမာ ဘောလုံးကောက်အဆင့်မာတောင်မဟိသိမ့်။ ယကေလေ့ ကိုယ့်အပိုင်းကို နိုင်ဇီချင်ရေစိတ်ဓါတ်နန့် ဘောလုံးသမတိကို နင်းပီးရဖို့လား၊ ဖျစ်ပီးရဖို့လား၊ နောက် အသင်းရံပုံငွေရဖို့အတွက် ဗီဒီယိုတိငှားဘနာပြဂတ်စွာရို့၊ သမ၀ါယမခေတ်ဖြစ်လို့ ကုန်ပဒေသာဆိုင်တိမာ အားကစားရံပုံငွေအတွက်ဆိုဘနာ နီးစပ်ရာလူကြီးတိဘားက ထောက်ခံစာတောင်းလို့ရရေ။ (ယင်းထောက်ခံစာနန့် ကုန်ပဒေသာဆိုင်က ပစ္စည်းထုတ်ဘနာ အပြင်မာရောင်းဂေ အမြတ်ရရေအလုပ်)။ လျှောက်လွှာစာရွက်မာစာရွီးကေ လက်ရွီးလှလို့ ယင်းအလုပ်တိကိုစီ လုပ်ရရေ။ ယှယှင်းပြောရဂေ ကိုယ့်အသင်းနိုင်ဖို့အတွက်ဆိုဂေ ခိုင်းချင်စွာခိုင်း၊ ခိုင်းစွာကိုလုပ်တေ။

တခြားလူတိလေ့ ယင်းပိုင်ယာ။ တချို့အသက်ကြီးရေလူကြီးတိ ပျော်လေ့ပျော်တတ်တေ လူကြီးတိက ဇာလုပ်ကတ်လေ့ဆိုဂေ ဘောလုံးအသင်း ဒိုင်းရလာလို့ အလံကိုင်ဘနာရပ်ကွက်ထဲကို ၀င်လာစွာနန့် အ၀ကနီဘနာ ဘောလုံးသမားတိကို ပန်းကုံးတိစွပ်ကတ်တေ။ ဒိုင်းရလို့ ဆုခံဖို့လားရေ တတ်နိုင်ရေအိမ်တိက ဘာလီတိ လိမ္မော်ရည်တိ တိုက်ကတ်တေ။ ကဂေါင်းပျော်ဖို့ကောင်းခရေ အချိန်တိကို မျက်စိထဲမာ ပြန်မြင်မိရေ။

ဒေပိုင်အောင်မြင်မှုရခစွာတိမာ အားလုံးကိုခြုံကြည့်ဂေ..အချင်းချင်းစည်းလုံးညီညွတ်မှုကို တွိဂတ်ရဖို့၊ စည်းလုံးညီညွတ်မှုကတဆင့် ကိုယ်ရို့စွာကိုယ်ရို့ ယုံကြည်မှု(Confidence) ဟိနီဂတ်စွာကို မြင်ဂတ်ရဖို့ (နာရီတိ၊ ပတီးတိ၊ လက်စွပ်တိကို ချွတ်ပေါင်ဘနာ ဘောလုံးကျောက်အကျီဝယ်ကတ်စွာရေ ငရို့ဒိုင်းရဖို့သေချာရေ ဆိုရေ ယုံကြည်မှုကြောင့်ဖြစ်တေ)။ လူကြီး၊ လူငယ်တိအားလုံး၊ တရပ်ကွက်လုံးကလူတိ အားပီးထောက်ခံစွာတိကို မြင်ကတ်ဖို့။ ဒေချင့်တိစွာရေ အောင်မြင်မှုရဖို့အတွက် မဟိမဖြစ်လိုအပ်တေစွာတိဖြစ်တေ။

အထက်က အကျွန်တင်ပြထားစွာရေ ဘောလုံးပွဲချေတခုအကြောင်းနန့် ရပ်ကွက်ချေအကြောင်းတခုလောက်ရာဖြစ်တေ။ ယေကေလေ့ ဇာအလုပ်မာဘင်ဖြစ်ဖြစ် အောင်မြင်ဖို့နည်းလမ်းတိစွာ အခြေခံအားဖြင့်တူနီတတ်တေ။ အင်အားကြီးစွာ၊ အင်အားငယ်စွာ၊ ဖေ့သျှာဟိစွာ၊ ဖေ့သျှာမဟိစွာ သာမညရာဖြစ်ပြီးကေ စည်းလုံးမှု၊ ယုံကြည်မှု၊ အားပီးထောက်ခံမှု (အားလုံး ပူးပေါင်းပါဝင်မှု) တိရာ အဓိက ကျရေ။

ဂနိ ရခိုင်ပြည်လေ့ မြန်မာနိုင်ငံမာ ဒုတိယအဆင်းရဲဆုံးဖြစ်နီရေ။ ယကေလေ့ အကျွန်ရို့မာ တခြားလူတိထက် အားသာချက်တိ အများကြီးဟိနီရေ။ အပါးဆုံး ဥပမာ တခုပြရဂေ ၂၀၁၀ ရွီးကောက်ပွဲကို ပြန်ကြည့်လိုက်ကတ်။ ယင်းပိုင် တခြားအားသာချက်တိကို ဟြာဂတ်ပါ။ စိတ်မပျက်ကတ်ကေ့၊ အားမငယ်ကတ်ကေ့။ အားနည်းချက်၊ အားသာချက်တိကို သမာသမတ်ကျကျ အပြန်အလှန်စိုင်းစားဘနာ ဆင်ခြင်သုံးသပ်နိုင်ရေနိန့်၊ စနစ်တကျ အကောင်အထည်ဖော်နိုင်ရေနိန့် ငရို့ “ဒိုင်း” ရကို ရရဖို့။



ဆက်ရွီးပါမေ…

Free4waddy

søndag 21. august 2011

ငါ့အမြင်

ရခိုင့်တော်လှန်ရေး အဓိပ္ပါယ်ဖွင့်ဆိုချက်။

ဂနိ ဗမာပြည်မာဖြစ်နီဂတ်တေ စစ်ပွဲတိကို ဗမာအပါအ၀င် တခြားတိုင်းရင်းသားတိနန့် နိုင်ငံတကာက ပြည်တွင်းစစ်ဆိုဘနာ ကင်းပွန်းတပ်ပြောဆိုနီဂတ်တေ။ ရခိုင်ရို့တိအနီနန့် တော်လှန်ရေးကို ယှင်းလင်းပြတ်သားစွာ အဓိပ္ပါယ်ဖွင့်ဆိုရကေ ရခိုင်ရို့အနီနန့် မတရားကျူးကျော်တိုက်ခိုက်ခံလိုက်ရလို့ ဆုံးယှူံးလားရေအချုပ်အခြာအာဏာကို ပြန်လည်ရယူဖို့တိုက်ခိုက်နီဂတ်စွာဖြစ်တေအတွက် ရခိုင်ရို့တိအတွက် ဒေချင့်စွာပြည်တွင်းစစ်မဟုတ်။ ပြည်ပက မတရားသဖြင့်ကျူးကျော်လာရေစစ်ကို ပြန်လို့တော်လှန်နီဂတ်စွာဖြစ်တေအတွက်နန့် “ပြည်ပ မတရားကျူးကျော်စစ်” ရာဖြစ်တေ။

ရန်သူနယ်ချဲ့ကောင်တိကိုအောင်မြင်နိုင်ရေနည်းလမ်း....

မတရားသဖြင့်ကျူးကျော်အနိုင်ကျင့်နီဂတ်တေအကောင်တိကို ပြန်လို့မောင်းထုတ်နိုင်ဖို့အတွက် အခြေခံအကျဆုံးနန့် အလိုအပ်ဆုံးက ပြည်သူတိစည်းလုံးညီညွတ်မှုဖြစ်တေ။ ဒေအချက်ကို အားလုံးရခိုင်သူ၊ ရခိုင်သားတိကလေ့ လက်ခံထားဂတ်တေ။ တော်လှန်ရေးတရပ်အောင်မြင်ဖို့အတွက် ရည်ရွယ်ချက်၊ ပန်းတိုင်ဆိုစွာတခုရာဟိသင့်ကေလေ့ အကျွန်ရို့လူမျိုးတိကြားထဲမာ ၀ိဝါဒကွဲနီဂတ်စွာတိ ဟိနီသိမ့်ရေ။ ကိုယ်ရို့ ဇာလိုချင်လဲဆိုစွာ မသဲကွဲဖြစ်နီသိမ့်ရေလို့ သုံးသပ်လို့ရရေ။

ဇာဖြစ်လို့ ဒေပိုင်သုံးသပ်လဲဆိုဂေ တချို့က ဒီမိုကရေစီ၊ ဖက်ဒရယ် ဖြစ်နီပြီးကေ တချို့က လွတ်လပ်ရေး ဆိုဘနာ အပိုင်း(၂)ပိုင်း ကွဲနီလို့ဖြစ်တေ။ ဒေ အခြီခံကွဲပြားရေအမြင် တထပ်တည်းကျအောင် မလုပ်နိုင်သရွိ ဟြိကိုဆက်လို့လားဖို့ဆိုစွာ မလွယ်။ ကိုယ်ရို့ ဇာကိုလိုချင်ရေလဲဆိုစွာကို ကိုယ်ရို့စွာကိုယ်ရို့တောင် ပြတ်ပြတ်သားသားမစိုင်းစား၊ မဆုံးဖြတ်နိုင်ဂတ်ကေ လက်တွိမာဖြစ်လာဖို့ဆိုစွာ ကဂေါင်းအခက်အခဲဟိရေ။ နှစ်ပေါင်း(၂၀၀)ကျော် ၉၆ ပါးရောဂါနန့် မချိဖြစ်နီရေလူတယောက်ကို ခြီနန့်လက်ကို ကိုင်ဘနာတယောက်တဖက် ဆွဲနီဂတ်ကေ နောက်ဆုံးမာ ယင်းလူနာသီကျလားစွာရာ အဖတ်တင်ဖို့။ ယင်းဇူးနန့် ငရို့ဇာလမ်းကိုလားဂတ်ဖို့လဲဆိုစွာကို ပပီပပြင်ရွီးဂတ်ရဖို့ အချိန်ကျနီယာ။

ညီညွတ်ရေးကို ဇာပိုင်တည်ဆောက်ဖို့လဲ -

လူမှု့ရေးအဖွဲ့အစည်းပင်ဖြစ်ဖြစ်၊ ဘာသာရေးအဖွဲ့အစည်းဘင်ဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်းဘင်ဖြစ်ဖြစ် လူတိကိုအခြီခံဘနာဖွဲ့ထားဂတ်စွာဖြစ်တေ။ ယင်းလူတိစွာ ပြည်သူပြည်သားတိဖြစ်တေ။ ငရို့တိဖြစ်တေ။ ပြည်သူပြည်သားတိ ပူးပေါင်းပါဝင်ဆောင်ရွက်စွာ မဟိဘဲနန့် ယင်းအဖွဲ့အစည်းတိ၊ ပါတီတိဆိုစွာ ရပ်တည်လို့မရ။ ရရေဆိုဂေလေ့ နာမေခံသက်သက်လောက်ရာဟိဖို့။

အကျွန်အထက်က အပိုဒ်ချေကို ဇာကြောင့်ပြောရလဲဆိုဂေ အကျွန်ရို့တိအားလုံး မျှော်လင့်တောင့်တနီခဂတ်တေ အမျိုးသားစည်းလုံးညီညွတ်မှု ဆိုရေအကြောင်းကို ပြောချင်လို့။ အမျိုးသားစည်းလုံးညီညွတ်ဖို့အတွက် ပါတီတိကိုတပေါင်းတစည်းတည်းဖြစ်အောင် ကြိုးစားခဂတ်တေ။ ယကေလေ့ ထင်ရေပိုင်ဖြစ်မလာ။ ဇာကြောင့်လဲလို့ ပြန်သုံးသပ်ရသလောက်ပြောရဂေ
(၁) အတ္တတိကြောင့်။
(၂) ပြည်သူပြည်သားတိ ရင်ထဲကလာရေ စစ်မှန်ရေစည်းလုံးမှုမဟုတ်လို့၊ ပြည်သူ့ဆန္ဒကို အခြီမခံခလို့၊ (NGOs တိအလိုကျ လမစိဘဲနန့် မွီးလာရေ ပေါင်းစည်းရေးဖြစ်လို့)။ ပေါင်းစည်းရေး၊ ညီညွတ်ရေးဆိုစွာ နာမေသက်သက်လောက်ရာဟိခရေ။ တခုလေ့ အလုပ်ဖြစ်မလာ။ ဒေပိုင်ဖြစ်ပျက်ခစွာတိကို “ပြီးလားခစွာ ပြီးပါလီဖိ….”ဆိုဘနာ မြတ်ခိုင်ကျော်သခြင်းပိုင် အော်ပစ်လို့မရ။ ဒေချင့်တိက သင်္ခန်းစာကိုယူဘနာ အရှုံးထဲက အမြတ်ကို ရအောင်လုပ်တတ်ဖို့လိုရေ။

အကျွန်ရို့အားလုံးပါတီတိ၊ တပ်မတော်တိအားလုံး တစုတစည်းတည်းနန့် ရန်သူကို တော်လှန်ဖို့ဆိုဘနာမျှော်လင့်နီခဂတ်စွာ ဆယ်စုနှစ်တိကျော်ပါလတ်ယာ။ ဂုထိဖြစ်မလာသိမ့်။ နည်းလမ်းဟောင်းတိနန့် မအောင်မြင်ခဂေ နည်းလမ်းသစ်တိကို အားလုံးဝိုင်းရှာကတ်ရဖို့။ မဖြစ်ကေ ဖြစ်နိုင်ဖို့နည်းကိုဟြာကြံဂတ်ရဖို့။ မဖြစ်နိုင်ရေနည်းလမ်းတိ၊ ဂြာအိုကျနီရေအတွေးအခေါ်တိနန့် ထပ်ကာတလဲလဲ အချိန်ကုန်ခံဘနာ လုပ်နီဖို့အစား အဖြစ်နိုင်ဆုံးနည်းလမ်းတိကို ဟြာကြံဂတ်ရဖို့စွာ အကျွန်ရို့လူငယ်ချေတိ တာဝန်ဖြစ်ပါလတ်တေ။ ဖြစ်နိုင်ဖို့မဟုတ်ထင်ဘနာ မလုပ်ဘဲထိုင်နီဖို့တပ်စား ထဘနာလုပ်ကြည့်လိုက်စွာက ပိုအကျိုးဟိရေ။ နောက်ဆုံး ထင်ထားရေပိုင် ဖြစ်မလာခဆိုဂေတောင် အနည်းဆုံး ဇာဖြစ်လို့ မဖြစ်ခလဲဆိုစွာချေတခုကို အတွိအကြုံတခုရလိုက်ဖို့။

ရခိုင်လူမျိုးတိုင်း ရခိုင်အဖွဲ့အစည်းတိမာ အဖွဲ့ဝင်ဖြစ်သင့်ရေ။

ပြည်သူတိ အောက်ခြီမာ အယင်စုစည်းအောင်လုပ်ကတ်ရဖို့။ ယင်းပိုင်စုစည်းရေနီရာမာ အယင် ဦးတည်ချက်၊ ရည်ရွယ်ချက်တူရေ အဖွဲ့ချေတိအချင်းချင်း ပေါင်းစည်းလာအောင်လုပ်ကတ်ရဖို့။ ဦးတည်ချက်၊ ရည်ရွယ်ချက်မတူဘဲ ချက်ချင်းဗြုန်းစားကြီး လိုင်းပူးမိကေ ရှော့(ခ်)ဖြစ်တတ်တေ။ လက်ဟိ ရခိုင်လူမှုအသိုင်းအ၀ိုင်းမာ အကြမ်းဖျင်း (၂)မျိုးခွဲလို့ရရေလို့မြင်ရေ။ ပဌမ တခုက တော်လှန်ရေးကို စိတ်အားသန်ရေလူတိနန့် နောက်တဖွဲ့က လူမှုရေး၊ ပညာရေး၊ ဘာသာရေးတိကို အားသန်ရေအဖွဲ့(၂) ဖွဲ့ တွိရရေ။ ဒေ လိုင်းကြီး (၂)လိုင်းရာ အပြန်အလှန် ဆက်စပ်မှု့တိနန့် ဟန်ချက်ညီညီချီတက်နိုင်ဂေ အကျွန်ရို့လိုချင်ငတ်မွတ်နီရေအဖြေရဖို့ ကျကျူးလလွန် နှစ်(၅၀)ယာ။

ရခိုင့်တော်လှန်ရေးပါတီတိ၊ နိုင်ငံရေးပါတီတိစွာ အပင်တပင်၏ ပင်စည်၊ အကိုင်းအခက်၊ အရွက်၊ အသီး၊ အပွင့်တိနန့်တူပြီးကေ အကျွန်ရို့ပြည်သူတိစွာ ယင်းအပင်၏ အမြစ်တိနန့်တူရေ။ အမြစ်တိ မခိုင်ဘဲနန့် ယင်းအပင် ဇာလောက်သန်သန်၊ ဇာလောက်လှလှ မခိုင်မြဲနိုင်။ လီတချက်ချေတိုက်စွာနန့် ဘုန်းခနဲလဲလားလီဖို့စွာ သေချာရေ။ ယင်းအတွက်နန့် အမြစ်နန့်တူရေ အကျွန်ရို့အားလုံး ခိုင်မာနီဖို့လိုအပ်တေ။ ရခိုင်မသားတိုင်းမာ တာဝန်ဟိရေ။ ပစကလေ့ ပြောနီဂတ်တေပိုင် လက်ကလေ့လက်တွိလုပ်ဖို့လိုအပ်ပါလတ်တေ။ ဒေနိအချိန်ခါ ရခိုင်သူ၊ ရခိုင်သားတိုင်း ကိုယ်အားသန်ရေလိုင်း တလိုင်းလိုင်းမာ အဖွဲ့ဝင်ဖြစ်နီသင့်ရေ။

လူတယောက်ကို မကြေနပ်လို့ ယင်းအဖွဲ့မာ ငါမလုပ်ဆိုရေ စိတ်ဓါတ်မျိုးတိကို အမြစ်ကပင် တူးပလိုက်ကတ်ရဖို့ယာ။ မျှော့တိကို ချရီပြန်ပိုင် ပြန်ပလိုက်ဖိ။ ယင်းလူကို မကြေနပ်လို့ ငါမလုပ်ဆိုစွာရေ ဇာနန့်လားတူလဲဆိုဂေ ယင်းသူကို မင်းလုပ်ချင်စွာလုပ်လီဖိဆိုဘနာ လုပ်ခွင့်ပီးလိုက်စွာနန့် တူရေ။ အရှုံးပီး လက်မြှောက်လိုက်စွာနန့်တူရေ။ အမှန်အကန် နားလည်ထားရဖို့စွာက ဒေချင့်စွာ ယင်းလူကုမ္ပဏီမဟုတ်၊ အမျိုးသားရေးအခန်းကဏ္ဍဖြစ်တေဆိုစွာကို နားလည်ထားဖို့လိုရေ။ ဖြစ်သင့်စွာက ယင်းလူမှားစွာတိလုပ်နီဂေ စေတနာမှန်မှန်၊ အချက်အလက်ခခိုင်မမာနန့် ထောက်ပြရဖို့၊ အဖွဲ့ဝင်အများစုသဖောမတူဂေ ဒီမိုကရေစီစနစ်အရ ပြန်လို့ရွီးကောက်တင်မြှောက်ပိုင်ခွင့်ဟိရဖို့။ မဲပီးပိုင်ခွင့်ဟိဖို့အတွက် ကိုယ်ကိုယ်တိုင်က ယင်းအဖွဲ့ဝင်ဖြစ်နီဖို့လိုရေ။ ကိုယ့်မဲတပြားက လီထက်မာ အွင်လိုင်းထက်မာ ပစသရမ်းနီစွာထက် အဆပေါင်းမရွီတွက်နိုင်အောင် ထိရောက်တေ။ လက်တွိလေ့ ကျရေ။
မူဝါဒ၊ လမ်းစိုင်တိနန့် လူပုဂ္ဂိုလ်ကို ခခွဲခခြားမြင်တတ်ဖို့လိုရေ။ ရခိုင်လူငယ်တိုင်း ရခိုင်အဖွဲ့အစည်းတိမာ အဖွဲ့ဝင်ဖြစ်နီသင့်ရေ။ ကမ္ဘာအရပ်ရပ်မာ ဟိနီရေ ရခိုင်အဖွဲ့အစည်းတိ တပေါင်းတည်း၊ အရိပ်တခုတည်းအောက်မာ ရောက်လာရေနိမာ ငရို့တိအားနန့် ရန်သူကိုမျက်ဖြူဆိုက်စီရဖို့။

အထက်မာပြောခရေ လူမှုရေး၊ ဘာသာရေး အစဟိရေအသင်းအဖွဲ့တိအားလုံး အယင်တပေါင်းတစည်းတိဖြစ်အောင် အယင်လုပ်ကတ်ရဖို့။ ဒေပိုင် အဖွဲ့အစည်းချေတိမာ ရည်ရွယ်ချက်၊ ရည်မှန်းချက်တိက ပါတီအဖွဲ့အစည်းတိလောက် ကကြီးမမားမဟိရေအတွက် ပေါင်းစည်းရစွာပိုလွယ်ဖို့ထင်ရေ။ ရခိုင်ပြည်သူပြည်သားတိနန့်ဖွဲ့စည်းထားရေ အဖွဲ့အစည်းချေတိပေါင်းစည်းမိစွာနန့် အကျွန်ရို့ ဇာလမ်းကိုလားချင်လဲ။ လားချင်ရေလမ်းကို အကျွန်ရို့ပြောဖို့။ အမြင်တူရေပါတီတိ လိုက်လာလိမ့်မေ။ အမြင်မတူရေ ပါတီတိ ကျန်ခလိမ့်မေ။ ကျန်ခရေပါတီတိစွာလေ့ ပြည်သူနောက်ခံအင်အားမဟိယာဖြစ်လို့ တောင်းဆိုး၊ ပလုံးဆိုးတိပိုင် လီမာရွင့်လို့ ပျောက်လားလိမ့်မေ။ ပြည်သူနောက်ခံအင်အားမဟိဘဲနန့် လူတယောက်စ၊ နှစ်ယောက်စနန့် အဟြက်မဟိရေမျက်နှာနန့် ပါတီနာမေခံဘနာ ဖျက်မြင်းလုပ်နီကေ ရခိုင်ပြည်သူတိ ဒါဏ်ခတ်စွာကို အလှပလှ ခံဂတ်ရလိမ့်မေ။ ဒေပိုင်စွာတိကို စိုင်းစားမိတိုင်း လှိုင်း (ဂစ္ဆပ) ရွီးရေ “မျဉ်းမတ်တိ” ဆိုရေ ကဗျာထဲက စာသားချေတိကိုစီ လားအတွက်ပေါ်ရေ….

ကျောက်ဆောင်ကိုအားကျ
ဂျောင်သျှေထဲက ဖွဲရာကျသျှေတရွီ
ဆကြွီဒဿနတိနန့် ကျင်ကိုင်
သီအိုရီမှိုတက်တိနန့်  ရထားပြိုင်ဆွဲယင်း
လိုင်ကြောတင်းရေလို့  ဆိုချင်ဆို
အပိုမယှိရေ သိက္ခာတချပ်ကို
အလိုယှိရေ ရိက္ခာတနပ်မျိုဖို့ 
အချိုသကာ ပုရစ်မျက်နှာတပိုင်းနန့် 
သမိုင်းဘင်းဂျီ မခံနိုင်။

တော်လှန်ရေး ဂေါင်းဆောင်တိကိုလေ့ သမိုင်းဘင်းဂျီအဖြစ်မခံဂတ်ပါကေ့လို့ တောင်းပန်ချင်ဘာရေ။ ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိ မျက်နှာကိုထောက်ကတ်ပါဖိ။ တခြားလူမျိုးတိမာ စည်းလုံးနီဂတ်ယာ။ ကရင်မာ KNU နန့် DKBA ပေါင်းနီကတ်ယာ၊ ရှမ်းမာ SSA တောင်ပိုင်းနန့် မြောက်ပိုင်း ပေါင်းနီဂတ်ယာ။ အောက်သားတိမာ သိန်းစိန်နန့် အောင်ဆန်းစုကြည် ပေါင်းဖို့ပျင်နီယာ..အကျွန်ရို့ ရခိုင်တိ ဇာဖြစ်လို့ မပေါင်းနိုင် ဖြစ်နီရစွာလဲ။ ဇာဇာ အာဃာတဟိခကတ်လို့၊ ဇာအကျိုးစီးပွါးကို မျှော်မှန်းလို့ မပေါင်းနိုင်ဂတ်လဲဆိုစွာကို ပါတီဂေါင်းဆောင်တိ ပြည်သူကိုဖြေယှင်းချက် ပီးရဖို့ဒေ။ ယင်းပိုင်ရာမဟုတ်ခကေ ဂေါင်းဆောင်ကြီးတိ မျိုးဆက်သစ်သားသမီးတိကို ရခိုင်လူမှုအသိုင်းအ၀ိုင်းထဲမာ သစ္စာဖောက်သားသမီးတိအဖြစ် ချန်ထားခဂတ်ဖို့လား ဆိုစွာကို အလီးအနက်စိုင်းစားဂတ်ပါ။

ဂေါင်းဆောင်ကြီးတိသက်တမ်းအပြင် နောက်လာဖို့သားစိုင်မြီးဆက် ရခိုင်ပြည်သူတိဘားမာ ခွီးပုတ်လောက်ကျဘ၀နန့် အသက်ဟြင်ကတ်ရဖို့ယေ။ စကားလုံးအသုံးအနှုံးတိရိုင်းလို့ တချို့က ကြိုက်ချင်မ ကြိုက်ဖို့။ မကြိုက်ကေလေ့ မတတ်နိုင်။ တခါတရီမာ လူတချို့ကို ဒေပိုင်စကားလုံးတိနန့်ရာ တန်ရေ။ ရုန့်ရင်းကြမ်းတမ်းရေစကားလုံးတိစွာ စည်းလုံးညီညွတ်မှုအတွက် အဆိပ်အတောက်ဖြစ်မှန်းသိရေ။ ဒေစကားလုံးတိစွာ ဇာလူတယောက်ကိုလေ့ ဦးတည်တိုက်ခိုက်နီစွာမဟုတ်တေပိုင် ဇာပါတီ၊ ဇာဂေါင်းခေါင်တိကိုလေ့ ဦးတည်ဘနာ ပြောနီစွာမဟုတ်ပါ။ အတွေးအခေါ် အယူအဆတိနန့် မဟာဗျူဟာ၊ နည်းဗျူဟာတိကို မြင်သလောက် ထောက်ပြစွာရာဖြစ်တေ။ စကားကြီး၊ စကားကျယ်ဖြစ်လားခလားတော့ မသိ။ (ထင်ချင်ပိုင် ထင်လီဂတ်ဖိ)

တော်လှန်ရေးကို အရှိန်မြှင့်ရဖို့….အောက်သားကျူးကျော်သူ နယ်ချဲ့တိကို မတော်လှန်နိုင်သမျှ၊ ကျွန်ဘ၀က မလွတ်မြောက်သမျှ ရခိုင်လူမျိုးတိ လူဖြစ်ရကျိုးနပ်လီဖို့မဟုတ်။ ယင်းဇူးနန့် ရခိုင်သား၊ သမီးတိုင်း ရင်ထဲ အသဲထဲမာ ဒေကောင်တိကို တော်လှန်ရဖို့ဆိုရေစိတ်ကို အသွီးထဲ၊ အသားထဲ၊ ရိုးတွင်းခြင်ဆီထဲမာ စွဲနီအောင် ထည့်ထားဂတ်ရဖို့။

ပါတီတိကို ဒေပိုင်မြင်ရေဒေ။

ရခိုင်တော်လှန်ရေးပါတီတိကို အကြမ်းဖျင်းသုံးသပ်ရဂေ တဆက်ဆက်ဆုတ်ယုတ်လာစွာကို မြင်နီရရေ။ (ဂနိဆိုဂေ မြန်မာပြည်အသိုင်းအ၀ိုင်းမာ အထီးကျန်ပိုင်ဖြစ်ပါလတ်တေ။ ယကေလေ့ လားရေလမ်းကြောင်းချင်း မတူလို့ ယင်းကိစ္စကို ကောင်းစိုင်းစားစရာမလိုလို့ထင်ရေ။) ရခိုင့်တော်လှန်ရေးပါတီတိ ဇာဖြစ်လို့ ဒေပိုင်ဆုတ်ယုတ်လာလေ့ဆိုစွာကို ပြန်သုံးသပ်ရကေ လူငယ်မျိုးဆက်သစ်တိ မမွီးထုတ်နိုင်လို့၊ မဟိလို့၊ လူငယ်တိကို နီရာမပီးလို့ ဖြစ်တေ။ ယင်းထက်ပိုဆိုးစွာက ပြည်သူတိနန့် ဆက်စပ်နိုင်မှု အားနည်းလို့ဖြစ်တေ။ ရခိုင်တော်လှန်ရေးအဖွဲ့တိစွာ ဒေနိခါဇာနန့်လားတူလဲဆိုဂေ ခြာချိုင်ကောင်နန့် တူနီရေ။ အလယ်မာ ခါးပြတ်နီရေ။

တချို့အဖွဲ့တိဆိုဂေ ပပွင့်လလင်းဝေဖန်ရကေ တိုင်းရင်းသားတိအချင်းချင်း မဟာမိတ်ဖွဲ့စွာမာတောင် ဒုတိယတန်းစား အဆင့်အတန်းနန့် ရရိုင်းပြောရဂေ အရက်ဝယ်၊ ကြက်သတ်၊ ထမင်းချက်အဆင့်နန့် တိုင်းပြည်နန့်လူမျိုးမျက်နှာကိုမထောက် ကိုယ်ရို့တော်လှန်ရေးအဖွဲ့ဟိရေဆိုစွာကို ပြချင်လို့ ဒူးထောက် ဖဗြားမှောက်ဘနာ တောက်တဲ့ကပ် ကပ်နီကတ်စွာတိကိုလေ့ မမြင်ချင်အဆုံး မြင်နီဂတ်ရရေ။ နိုင်ငံရေးသိက္ခာလေ့ မဟိ၊ အမျိုးသားအကျိုးစီးပွါးဆိုစွာကို စိတ်ပင်မကူး၊ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုရေပိုင် ရခိုင်ပြည်နန့် ရခိုင်လူမျိုးသိက္ခာကို ကိုယ်ကျိုးအတွက် ချနင်းပလိုက်စွာဖြစ်တေ။
(ဆက်ဖို့ဟိသိမ့်ရေ)...

tirsdag 16. august 2011

ရန်ကုန်ချီး

အကျွန် အလယ်တန်းကျောင်းသားဘ၀က အဖြစ်အပျက်သျှေတခုဘာ….တရက်နိ စာသင်ခန်းထဲကို ကျောင်းသားသစ်ချေတယောက်ရောက်ပါလတ်တေ။ အတန်းပိုင်ဆရာမက ကျောင်းသားအားလုံးနန့် မိတ်ဆက်ပီးစွာက ဒေသူချေစွာ ရခိုင်ဖြစ်တေ။ ရန်ကုန် သာကေတ က ပြောင်းလာစွာဆိုဘနာ မိတ်ဆက်ပီးရေ။

ယင်းပိုင်နန့် ကျောင်းတက်လာကတ်စွာ တလကနှစ်လ၊ နှစ်လက သုံးလ ကြာပါလတ်ပြီးကေ အချင်းချင်းလေ့ စကေမီးထူးခေါ်ပြော အဆင့်ကိုရောက်ပါလတ်ကတ်တေ။ ယကေလေ့ free4waddy နားစွာ ယင်းသူပြောရေအောက်ချီးစကားသံတိကို ဂလန့်ဂျေးကြားရေ။ တခါတရီလေ့ ကျိပီကျိပက်ပိုင်ကြားရေ။ တခါလေ့ နားထဲကို တတည့်ဝင်လားခရေလို့မဟိ။ ဖလိသတ်၊ ဖလာသတ်ဝင်နီပိုင်ဂျေး ခံစားနီရရေ။

အောင့်ခံနီစွာ ကြာပါလတ်ခါ တရက်နိ ယင်းသူရို့စကားပြောနီဂတ်စွာမာ ယင်းသူကို တခုချေလေ့ မဆိုင်ဘဲနန့် စကားတခွန်းလားမီးလိုက်တေ -

“ ဝေး…မင်း သာကေတမာ နီခဘနာ ကောင်းအောက်ချီးစကားပြောဂါး။ ရန်ကုန်ရောက်ဖူးလား မင်း၊ ရန်ကုန်ချီးကိုကား မြင်ဖူးလား” ဆိုဘနာ မီးပလိုက်တေ။ ယင်းအချိန်မာ free4waddy က ရန်ကုန်ကိုမပြောကေ့ စစ်တွေကိုတောင် အလှပမရောက်ဖူးသိမ့်….းးးး))))။ ယကေ ဟိုသူကလေ့မခံ။ တယောက်နန့်တယောက် ရန်ဖြစ်ဖို့ပျင်ကတ်ဘနာ နောက်ဆုံး ဆရာမဘားကိုရောက်လားခရေ။

ယင်းဆရာမကလေ့ ဘာဘာနန့်မိတ်ဆွေဆိုခါ အားလုံးအကြောင်းသိ၊ အစင်းသိတိ။ ယင်းအချိန်က ဘာဘာလေ့ ရန်ကုန်မာသင်တန်းတက်နီလို့ အိမ်မာမဟိရေအချိန်။ ဆရာမက အထက်မာဖြစ်ပျက်ခရေ ပြဿနာတိကို စစ်ဘနာ နောက်ဆုံး အကျွန့်ကို ဆုံးမလိုက်စွာက -

“ယင်းသူက ရန်ကုန်ကလာစွာဖြစ်လို့ ရန်ကုန်ချီးကို မြင်ဖူးရေ။ နင်မမြင်ဖူးသိမ့်ဆိုဂေ နင့်ဖအဂုရန်ကုန်မာဟိမလား၊ နင့်ဖ ပြန်လာခါ ရန်ကုန်ချီးတထုပ် ပလစတစ်အိတ်ချေနန့် ထုပ်ယူခလို့ မှာလိုက်” လတ်။

ယင်းနိကဘင်စလို့ အခန်းထဲမာ free4waddy ကို ချစ်ကတ်တေ ကလိမေချေတိက free4waddy လာစွာမြင်ဂေ မကြားတကြားနန့် “ ထော…ထော…ရန်ကုန်ချီးလာယာထော….”ဆိုဘနာ ပြောဂတ်စွာတိကို နားထဲမာ ကြားမိယင်း……………………………

အားလုံးပျော်ဟြွင်နိုင်ဂတ်ပါဇီ……..

Free4waddy

søndag 10. juli 2011

ကြက်နန့် ဘဲ

အဖသေ။ မီးချေ.......ဘာဘာမြို့ထဲလားဖို့ဒေ...ဘဲချေတိကို ကြည့်ဖို့လိုက်ဖို့လား။

သမီးသေ။ မီးချေက ဘဲချေတိကိုကြည့်ကေ ဘာဘာက ကြက်ချေတိကို ကြည့်ဖို့မလား။

်free4waddy

ဆူဒန်တောင်ပိုင်း လွတ်လပ်ရီးနိန့်အတွက် အမှတ်တရ

ဗမာပြည်မာ စစ်အာဏာရှင်စနစ်ကနီပြီးကေ ဒီမိုကရေစီအစိုးရဆိုဘနာပေါ်လာစွာ ရက်ပေါင်း(၁၀၀)ကျော်စချေဖြစ်ပါလတ်ယာ။ ရွီးကောက်ပွဲကာလမာ ဗမာအများစုနီရေဒေသတိကလွဲကေ တခြားလူမျိုးတိနီကတ်တေနီရာတိမာ သူ့ရို့လူမျိုးကို ကိုယ်စားပြုရေပါတီတိ အများစုအနိုင်ရလားခကတ်တေ။ ဒေချင့်က ဗမာလူမျိုးတိကို တခြားတိုင်းရင်းသားတိက ဇာလောက်ထိယုံကြည်မှုဟိလဲဆိုစွာကို ပြလိုက်စွာဖြစ်တေ။ ရှင်းရှင်းပြောရကေ ယင်းသူရို့လက်အောက်မာဖြစ်နိုင်ကေ တစိလေ့မနီလို့ ပြောလိုက်ကတ်စွာဖြစ်တေ။



ရွီးကောက်ပွဲကာလနန့် ရွီးကောက်ပွဲပြီးရေနောက်ပိုင်းမာ အနိုင်ရရေတခြားလူမျိုးတိပါတီတိက သူရို့လူမျိုးစာပီတိကိုဖော်ထုတ်ဖို့ပြောလာကတ်တေ။ ယင်းအသံတိထွက်လာစွာနန့် ဗမာတိစွာ အသံအမျိုးမျိုးထွက်ပါလတ်ကတ်တေ။ ဒေနီရာမာ လက်ဟိအစိုးရဆိုရေလူတိကိုထားဖိ။ ပြည်ပမာအခြီစိုက်တေ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေးဆိုဘနာ လျှာမာအရိုးမဟိတိုင်းအော်နီဂတ်တေ အောက်ချီးတိက “ ဗမာပြည်ကကျောင်းတိမာ ဘာသာရပ်တိများနီယာ….အရာလေ့ တိုင်းရင်းသားဘာသာတိကို ထပ်သင်ရဖို့ဆိုဂေ ကျောင်းသူကျောင်းသားတိအတွက် အများကြီးအခက်အခဲ ဟိလာဖို့” ဆိုဘနာ ဂယောင်ဂတန်းနန့် ငန်းလိုက်တေလူတိပိုင် ထအော်ဂတ်တေ။ အမှန်က ဒေကိစ္စစွာ ယင်းသူရို့နန့်တခုလေ့မဆိုင်။ ယင်းသူရို့ သင်စရာလေ့မလို။ ကိုယ့်ပြည်တိမာ ကိုယ့်စာကိုသင်ဖို့ပြောနီဂတ်စွာရာဖြစ်တေ။



ယင်းအသံတိစကေထွက်လာစွာနန့် လက်ဟိအစိုးရကလေ့ ၀န်ကြီးဌာနတိကို ပြန်ပျင်ပလိုက်တေ။ အဓိကအရေးအကြီးဆုံးဖြစ်တေ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနတိကို ပြန်ဖျက်ပလိုက်တေ။ ဒေလုပ်ရပ်စွာ လူမျိုးတမျိုးလုံးပစကို ပိတ်ပလိုက်စွာနန့်တူရေ၊ ဦးနှောက်တိကို ထုတ်စားပလိုက်စွာနန့်တူရေ။ ယင်းထက်စကားကို ကကြီးကျကျယ်ပြောရဂေ မဟာဗမာလူမျိုးကြီးဝါဒကို ဥပဒေနန့် အတိအကျသွတ်သွင်းပလိုက်စွာဖြစ်တေ။



တခြားကဗာက ယိုဉ်ကျေးရေ၊ လူ့အသိစိတ်ဓါတ် အပြည့်အ၀ဟိရေတိုင်းပြည်တိမာ သူရို့နန့် အသွီးအရောင်လေ့မတူ၊ ဘာသာအယူဝါဒလေ့မတူရေ အဘုချေတယောက်ပင်ဖြစ်လီပက်စီ ဒေသဆိုင်ရာအာဏာပိုင်တိနန့် စာသင်ကျောင်းတိက သူ့မိခင်ဘာသာစကားနန့် စာပီမပျောက်လားရအောင် စီစိုဉ်ပီးရေ၊ ဆရာတိကို ငှားဘနာသင်ပီးရေ။

ယပိုင်ဆိုဂေ အဖြေကယှင်းနီယာ။ ကိုယ်ရို့စာပီကိုသင်ချင်ရေ၊ ကိုယ်ရို့စကားကို လလွတ်လလပ်ပြောဆိုချင်ရေဆိုဂေ အကျွန်ရို့အတွက် တခြားရွီးချယ်စရာလမ်းမဟိ။ ဒေသူရို့လက်အောက်မာနီရသမျှကာလပတ်လုံး ယင်းစိတ်ကူးအိမ်မက်တိကို တခါလေ့အကောင်အထည်ဖော်လို့ရလီဖို့မဟုတ်ဆိုစွာကို တင်ပြယင်းနန့် နိဂုံးချုပ်လိုက်ပါမေ….။



အားလုံးကို ခင်မင်စွာနန့် -

Free4waddy

torsdag 2. juni 2011

လက်တွိ ဂြိုးကျောက် ပျောက်ဆီး

အကျွန်က ညစာသားထမင်းစားပြီးကေ အိမ်ဟြိကအဘောင်ချေကွမ်းယာဆိုင်မာ ထိုင်နီကျ။ ယင်းအချိန်ဆိုကေ ကလိမေချေတိ ရီခပ်ဖို့၊ ဖုရားလားဖို့လာဂတ်စွာတိကို ငေးယင်း၊ နတ်ယောင်ဂါးခံယင်း အချိန်ကုန်ရေ။

ယင်းပိုင် ထိုင်နီယင်း တရက်….“ဂြု………….ဂြု” နန့်ပင် ဂြိုးကျောက်ပါလတ်တေ။ ယေခါ အဘောင်ချေက “ဟိုက်…အိမ်ပြန်ဘနာ ရီ(၇)ကျိတ် အသက်အောင့်လို့သောက်ပစ်ခီ” ပြောလို့ လားသောက်ပစ်ခီဘနာ ပြန်လာထိုင်နီရေ။ ယေကေလေ့ ဂြိုးကျောက်စွာက တံ့မလားဘဲ ဆက်ကျောက်နီတုန်းသိမ့်။ မပျောက်စွာမြင်ခါ အဘောင်ချေက အဆက်အစပ်မဟိ စကားတခွန်းပြောလာရေ။

အဘောင်ချေ။ ။ ဟေး………နင် စီကာလိပ်သောက်ချင်ကေ ငါ့ကိုပြောဘနာ သောက်လို့ရစွာရာမလား၊ ခိုးသောက်စရာကားမလို။ ဒေဆိုင်မာ နင် ဇာစားစား ကြိုက်စွာကို ယူစားလို့ရရေ။ ခိုးစား စရာမလိုလတ်။

အကျွန်။ ။ ယော်…မဟုတ်စွာကို မပြောကေ့လေ့ အဘောင်ချေ။ ယင်းပိုင်အလုပ်တိကို စိတ်တောင်မကူးဖူး။ မဟုတ်စွာကိုချက် မပြောကေ့။ ယင်းပိုင်ငြင်းနီဂတ်ယင်း ဟြက်လေ့ဟြက်၊ ဒေါသလေ့အတုံးလိုက်ထွက်၊ မျက်နှာတိနီပြီးကေ အသားတိတောင် တုန်ပါလတ်တေ။ ဖြစ်နိုင်ကေ ယင်းဆိုင်တဆိုင်လုံးကို ဖြိုသတ်ပလိုက်ချင်စိတ် ပေါက်ပါလတ်တေ။ ယကေလေ့ အဘောင်ချေက မတံ့။ မျက်နှာသီချေနန့် ဆက်ပြောရေ -

အဘောင်ချေ။ ။ ငါ မဟုတ်စွာကို ပြောဖို့လား၊ နင်ခိုးသောက်စွာကို မြင်ရေလူဟိလို့ ငါ့ကိုလာတိုင်လို့ ငါပြောစွာ။

အကျွန်။ ။ ယကေ ဇာသူမြင်လဲပြော….(ဒေါသက အထွဋ်အထိပ်ကိုရောက်နီပြီးကေ ယင်းအချိန်က ဂြိုးကျောက်သိမ့်လား၊ မကျောက်ယာလားဆိုစွာတောင် မမှတ်မိလိုက်ယာ)

အဘောင်ချေလေ့ ဘေးဘီဝဲယာ ကြည့်ပလိုက်ပြီးကေ ဆိုင်ဖက်ကိုလာနီရေ (ယင်းအချိန်က ပုလိပ်နယ်ထိမ်း In-charge သား) ရွယ်တူအကောင်ချေကို လက်ညှိုးထိုးဘနာ “ထော…….ယင်းသူပြောရေယေ” လို့ ပြောလိုက်စွာနန့် အကျွန်ဆိုင်ထက်ကခုန်ဆင်းဘနာ ယင်းသူ့ပါးကို ဒုံးသီးပိုင်ပြီးပါလားပြီးကေ ဟိ့သမျှအားနန့်ဇကုန်သတ်ပလိုက်တေ။ အဘောင်ချေ နောက်က “ဟိုက်…ဟိုက်…မဟုတ်…မဟုတ်….ငါ အလကား ပြောစွာရာ”လို့ အော်ရေအသံကို ဂရုစိုက်ဖို့ အချိန်မရခ။ ယင်းသူလေ့ ဘုမသိ ဘမသိနန့်အသတ်ခံရခါ နောက်ဆုံး(၂)ယောက် ထွီးဘနာသတ်ပလိုက်ကတ်စွာ ဘေးနားကလူကြီး(၃-၄)ယောက် မနည်းဖျိုင်လိုက်ကတ်ရရေ။

နောက်ဆုံး သတ်ပွဲပြီးခါ အကျွန့်ပါပါရောက်လာဘနာ ဇာဖြစ်ကတ်စွာလဲလို့မီးခါ အဘောင်ချေက “ ယင်းသူ ဂြိုးကျောက်နီစွာမြင်လို့ ဂြိုးကျောက်ပျောက်လားအောင် လုပ်စွာ” လတ်။ ပါပါကလေ့ ပြန်ပြောရေ..“ အရီးမာ ဂြိုးကျောက်ပျောက်စွာကား ဟုတ်ယင့်…ဆီးရုံတိ၊ ဂါတ်တိရောက်လားဂတ်ဖို့အတပ်….မရောက်လားစွာကံကောင်းသိမ့်ရေ”လတ်။



အေမာဟိနီဂတ်တေ ညီအကိုမောင်နှမတိလေ့ ဂြိုးကျောက်ကေ ဒေနည်းနန့်စမ်းကြည့်ကတ်ပါ။ လုံးဝပျောက်ကြောင်း လက်တွိအာမခံဘာသည်။ ဂြိုးကျောက်ပျောက်ပြီးကေ နောက်ဆက်တွဲဖြစ်လာစွာကိုတော့ တာဝန်မယူနိုင်ဘာ…..။

အားလုံးပျော်ဟြွင်နိုင်ဂတ်ဘာဇီ………..



Free4waddy

søndag 27. mars 2011

ရခိုင့် ပညာရေးအနာဂါတ်

အကျွန်ဒေအကြောင်းအရာသျှေကို စာရွီးဖို့စိုဉ်းစားနီစွာကောင်းကြာပါယာ။ ရွီးလိုက် သိမ်းထားလိုက်နန့် အကျွန့်ကိုယ်အကျွန် မဆုံးဖြတ်နိုင်ဖြစ်နီဘာရေ။ ဇာလို့လဲဆိုဂေ တခါတရီ ကိုယ်ကစေတနာနန့် မှန်ရေလို့ယူဆဘနာ လုပ်လိုက်မိဂေလေ့ အခြားတဖက်မာ မခံချိမခံသာ ခံစားဂတ်ရစွာမျိုးတိ ဟိတတ်ပါရေ။ ဒေဂုရွီးဖို့စိုဉ်းစားမိရေအကြောင်းအရာက တခြားကိစ္စတိထက် ထိခိုက်လွယ်၊ ခံစားရလွယ်နိုင်ရေ ကိစ္စဖြစ်နီလို့ဘာ။ ကိုယ်ရွီးလိုက် ပြောလိုက်တေ ကိစ္စတခုကြောင့် လူငယ်ချေတိရင်ထဲမာ နာကြင်မှုတိ၊ ထိခိုက်ခံစားရရေအဖြစ်မျိုးတိကို စိုင်းစားမိစွာနန့်ဘင် လက်တွန့်နီဘာရေဒေ။ အကျွန်ရို့တိစွာ သာမန်အခြေအနေမာ ဖြစ်တေပိုင်နီတတ်ကေလေ့ ကိုယ်နိမ့်ကျရေအချိန်မာ အလိုလိုနီယင်း အားငယ်တတ်ကတ်စွာ လူ့သဘာဝပါ။ အထူးသဖြင့် ပြည်တွင်းမာပညာသင်နီဂတ်တေ အသျှေတိကိုဘာ။

ယကေလေ့ နောက်ဆုံးဒေစာကို ရွီးဘနာတင်ပြလိုက်ဖို့ယာလို့ ဆုံးဖြတ်မိစွာက မိရိုးဖလာဆိုရေပိုင် နဂိုဒါသီကျ လားလာလုပ်ကိုင်နီဂတ်တေ လမ်းဟောင်းကတဆင့် လမ်းသစ်ကိုဓါတ်တောင့်ထိုးပြကြည့်စွာဘာရာ။ နောက်တခုကလေ့ ရေရှည်အမျိုးသားအကျိုးစီးပွါးကိုတွက်ဆပြီးကေ အထောက်အကူချေတခုဖြစ်နိုင်ဖို့လားဆိုဘနာ အရဲစွန့်တင်ပြလိုက်ပါမေ။

လူလို့ဖြစ်လာဂေ ဘာသာရေးအရဘင်ဖြစ်စီ၊ လူမှု့ရေးအရဘင်ဖြစ်စီ ကိုယ်နန့် ကိုယ့်ပါတ်ဝန်းကျင်ကို အကောင်းမြင်ချင်ဂတ်တေ၊ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်ကို အီးချမ်းသာယာ တိုးတက်စီချင်ဂတ်တေ။ ယင်းထက် တဆင့်မြင့်လာဂေ ကဗာကြီးကိုငြိမ်းချမ်းစီချင်ဂတ်တေ။ ယင်းဇူးနန့်လေ့ လူတိုင်းလူတိုင်းစွာ ကိုယ်နိုင်သလောက် ယင်းပိုင်ကဏ္ဍတိမာ ပူးပေါင်းဆောင်ရွက်ကတ်ပါရေ။ အကျွန်ရို့ရခိုင်လူမျိုးတိမာလေ့ တခြားလူမျိုးတိထက်မက လုပ်ကတ်စွာတိဟိဘာရေ။ ရခိုင်သားမှန်ဂေ စေတနာ သဒ္ဒါတရား တခြားလူမျိုးထက်မနိမ့်ကျဘာ။ တခြားဘာသာတိုင်း၊ လူမျိုးတိုင်းမာ ဘာသာရေးကိုအခြေခံ၊ လူမှုရေးကိုအကြောင်းပြ၊ ရလာစွာကို အမျိုးသားအကျိုးစီးပွါးအတွက် ထထိရရောက် အသုံးချနိုင်ဂတ်ကေလေ့သော့ အကျွန်ရို့ရခိုင်လူမျိုးတိမာ ယင်းချင့်အားနည်းရေလို့ သုံးသပ်မိဘာရေ။ ဥပမာ ကုလားတိမာဆိုဂေ ဘာသာရေးနန့်ခြိမ်းခြောက်ပနာ အလှူဖေ့သျှာကိုကောက်တေ။ နှစ်စိုဉ်နှစ်တိုင်း ကိုယ့်ပိုင်ဆိုင်မှုကို(ချမ်းသာကြွယ်ဝမှု)ကို ပြရဘနာ ယင်းအထဲက ရာခိုင်နှုန်းဇာလောက်ကို မဟိဆင်းရဲသားတိအတွက်လှူရဖို့ဆိုဘနာ သတ်မှတ်ပီးရရေ။ ဒေကိစ္စနန့် ပတ်သက်လို့ ပြည်ပမာနီရေ ရခိုင်က ကုလားတယောက်ကို မီးဖူးဘာရေ။ “မာမူမာ ကိုယ့်ပိုင်ဆိုင်မှု ဇာလောက်ဟိရေဆိုစွာကို ၀ါလို့မရလား” ဆိုဘနာပြောခါ သူက “ အဘာလေး ဆရာ…ပုလိပ်တိ၊ တရားယုံးတိမာရာ လိမ်ဝံ့ဘာရေ၊ ဘုရားကိုတော့ မလိမ်ဝံ့ဘာ”လတ်။ ယင်းဖေ့သျှာတိစွာ စနစ်တကျနန့် ဇာကိုရောက်လားရေလဲဆိုစွာကိုတော့ စာဖတ်လူတိဥာဏ်မီသလောက် စိုဉ်းစားကြည့်လီကတ်ပါဖိ။

ကိုယ့်အကြောင်းကိုပြောဖို့လုပ်နီယင်းနန့် လူများအကြောင်းရောက်လားရေ။ ယကေ ကိုယ့်အကြောင်းကို ပြန်စဘာမေဒေ။ အဓိက ပညာရေးနန့် ပတ်သက်တေအကြောင်းကို အယင်ပြောဘာမေ။ အကျွန်ရို့ ရခိုင်လူမျိုးတိစွာ အခြေခံအားဖြင့် ပညာရေးကဏ္ဍကို ပိုအားသန်ဂတ်ပါရေ။ အားသန်ရေအလျောက် တနိုင်တပိုင်စီလုပ်နီဂတ်ပါရေ။ ယကေလေ့ ပြန်ရလာရေ အကျိုးအမြတ်ကို ပြန်တွက်ကတ်ဖို့လိုဘာရေ။ ပြန်တွက်တေနီရာမာတော့ အမြင်အမျိုးမျိုးကွဲပြားနိုင်ဘာရေ။ ဒေနီရာမာ ပပွင့်လလင်းဝန်ခံရဂေ အကျွန်စွာတော်လှန်ရေးဖက်တော်သားတယောက် အမြင်နန့်ကြည့်ဘာရေဒေ။

အကျွန့်အမြင်က အထဲနန့်အပြင်ကို စည်းခြားပစ်ချင်ဘာရေ။ ဆိုလိုစွာက အထဲကကိစ္စကို အထဲကလူတိ သူ့စွာသူနိုင်သလောက်လုပ်ကတ်ပါ။ အပြင်က ကိစ္စကို အပြင်မာသီးသန့်အကောင်အထည်ဖော်သင့်ရေလို့ မြင်မိဘာရေ။ ဇာဖြစ်လို့ဒေပိုင်စိုင်းစားမိလာရလေ့ဆိုဂေ အဂုအခြေအနေက အကျိုးအမြတ်ီ စီးပွါးရေးသမားပိုင် စီးပွါးတွက် တွက်ဖို့လိုအပ်လာဘာယာ။ ဇာသူမဆို အလုပ်တခုခုလုပ်တေဆိုကေ တခုခုကိုပြန်ရချင်လို့ လုပ်ကတ်စွာဂျေးပါယာ။ နောက်ဆုံး ဘာသာရေးမာ အလှူအတန်းလုပ်ကေ စေတနာသုံးတန်ပြတ်မ ကုသိုလ်ရရေလို့ ပြောထားဘာရေ။ စေတနာသုံးတန်ပြတ်တေဆိုကေတောင်မ နောက်ဆုံးမာ “ကုသိုလ်” ဆိုစွာကိုပြန်လိုချင်လို့ အလှူအတန်းလုပ်စွာပါလေ…မဟုတ်ပါလား..။

ယင်းပိုင်ဆိုဂေ ဒေနိခါ ပြည်ပနိုင်ငံတိမာနီထိုင်နီဂတ်တေ လူတိ၊ အဖွဲ့အစည်းတိက ပြည်တွင်းကအသျှေတိအတွက် ပညာဆက်သင်နိုင်အောင် နည်းအမျိုးမျိုးနန့် ထောက်ပံ့ပီးနီဂတ်တေ။ မွန်မြတ်တေအလုပ်ပါ။ ယကေလေ့ တဖက်က အကျိုးအမြတ်ပြန်တွက်တေခါ ဒေလုပ်ရပ်က ဇာနန့်လားတူလဲဆိုဂေ အစိုးရကို ပစကဇာလောက်ပင်မကောင်းပြောပြော လက်တွိမာ ယင်းအစိုးရကို သွယ်ဝိုက်တေနည်းနန့် ထောက်ခံပီးနီစွာနန့်တူရေ။ ယင်းအစိုးရယန္တရားတခုလုံး အရည်အသွီးမြင့်မားလာဖို့၊ ချောဆီတိ၊ စက်သုံးဆီထိလောင်းထည့်ပီးနီစွာနန့်တူရေ။ အစိုးရမကောင်းလို့ ပြည်သူတိမချိမဆန့်ခံစားနီဂတ်ရစွာကို နောက်ကုန်းချေကို အသာချေပွတ်ပနာ ချော့ပီးနီစွာနန့်တူရေ။

တနည်းအားဖြင့်ပြောရဖို့ဆိုဂေ တော်လှန်ရေးကို ထိခိုက်စီရေ။ ဒေပိုင်ပြောလို့ တချို့လူတိနန့် အမြင်တူချင်မှ တူဘာဖို့။ ယကေလေ့ ပြန်လို့သုံးသပ်သင့်စွာက “ငါရို့ထောက်ပံ့ပီးလိုက်လို့ ရခိုင်သျှေတိတချို့ ပညာတတ်ဖြစ်လားခစွာတော့ မှန်ပါယင့်။ ယင်းတတ်လားခရေ ပညာတိက ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက်ဖြစ်မလာဘဲ အောက်ချီးအုပ်ချုပ်မှုယန္တရား ပိုပြီးကေ ကျစ်လစ်ခိုင်မာချောမွတ်အောင် လုပ်ပီးနီစွာနန့်တူရေး။ ဒေနီရာမာ ၀ါသနာပါလို့ မျက်စိကို စဇိမှိတ်ဘနာငြင်းဂေတော့ မတတ်နိုင်။

ယင်းဇူးနန့် အကျွန်စိတ်ကူးမိစွာကို အထက်မာပြောခပိုင် ပြည်တွင်းက ကိစ္စကို ပြည်တွင်းက ပညာရေးကိုစိတ်ဝင်စားရေလူတိနန့် လုပ်ကတ်ပါ။ ပြည်ပကလူတိအတွက် နယ်စပ် (ထိုင်း၊ ဘင်္ဂလားဒေ့(ခ်ျ)၊ အိန္ဒိယ) သင့်တော်ရေနီရာတခုမာ တမျိုးသားလုံးနန့် အကျုံးဝင်ရေ ရခိုင်ကျောင်းတကျောင်းသီးသန့်ဖွင့်နိုင်အောင် အယင်ကြိုးစားသင့်ရေ။ ယင်းကတဆင့် အရှိန်ရလာစွာနန့်အမျှ နိုင်ငံတကာအဆင့်မီရေကျောင်း ဖြစ်လာအောင်လုပ်လားလို့ရပါရေ။ ယင်းပိုင်လုပ်နိုင်ဖို့အတွက်လေ့ ရခိုင်သားမာ လူသားအရင်းအမြစ်တိ ပြည်တွင်း၊ ပြည်ပမာအလုံအလောက်ဟိဘာရေ။ ယင်းပိုင်ဖွင့်နိုင်ဂေ ယင်းကျောင်းမာတက်တေအသျှေတိ -
- အမျိုးသားရေးအမြင်နိုးကြားလာဖို့၊
- ရခိုင်စာပီပိုပီပြင်လာဖို့၊
- နိုင်ငံတကာနန့် ပိုနီးစပ်လာဖို့၊
- လွတ်လပ်စွာစိုင်းစားတီထွင်၊ ကြံဆနိုင်ခွင့်ပိုရလာဖို့၊
- အတတ်ပညာ၊ နည်းပညာတိလေ့လာသင်ကြားခွင့် ပိုလွယ်ကူလာဖို့…..တခြားတခြား အားသာချက်တိ အများကြီးဖြစ်လာဖို့လို့ မျှော်လင့်မိဘာရေ။

နိဂုံးချုပ်အနီနန့် တင်ပြရဖို့ဆိုဂေ အယင်က ၁၀၀ ဖိုးရင်းလိုက်လို့ ကိုယ့်ဘားကို ၂၀ ဖိုး ပြန်ရောက်လာရေဆိုဂေ ဒေနည်းလမ်းက ၄၀ ဖိုးလောက် ပြန်ရောက်လာဖို့လားဆိုရေ မျှော်လင့်ချက်ချေနန့် စိုင်းစားမိစွာကို တင်ပြယင်း
လက်ဟိလုပ်နီဂတ်တေလူတိ စိုင်းစားလို့ရအောင် အကျွန်စိုင်းစားမိရေအကြောင်းချေကို မျှဝီတင်ပြလိုက်စွာရာ ဖြစ်ပါရေ။

အမျိုးသားရေးသစ္စာနန့်-
Free4waddy

lørdag 12. mars 2011

ပညာရေးနန့် တော်လှန်ရေးတည်ဆောက်ခြင်း

ဂနိလက်ဟိအခြေအနေအရ အကျွန့်အမြင်ကိုတင်ပြရဖို့ဆိုဘာဂေ ရခိုင်ပြည်နန့်ရခိုင်လူမျိုးတိအတွက် အဓိကအရေးအကြီးဆုံးက ဗမာကျွန်ဘ၀က လွတ်မြောက်ရေးပါ။ ဇာဖြစ်လို့ လွတ်မြောက်ချင်ရရေလဲဆိုစွာကိုတော့ မရိုးနိုင်ရေ (သို့) ရိုးအီနီရေ အကြောင်းပြချက်တိနန့် မတင်ပြချင်ဘာယာ…..ခံစားဖူးရေလူတိုင်း နားလည်ဂတ်ပြီးသားဘာရာ။
လွတ်မြောက်ဖို့အတွက် အလုပ်(၂)ခုကို အကျွန်ဥာဏ်မီသလောက် စိုင်းစားမိခါ ဦးစားပီးလုပ်ရဖို့အလုပ်(၂)ခု လားတွိဘာရေ။ ယင်းချင့်တိက -
- ပဌမ စစ်တပ်ကိုခိုင်မာအောင် တည်ဆောက်ကတ်ရဖို့။
- ဒုတိယ ပညာရေးကို မြှင့်တင်ဂတ်ရဖို့ဆိုဘနာ စိုင်းစားမိဘာရေ။

ပဌမအနီနန့် ပညာရေးနန့်ပါတ်သတ်လို့ ဒေပိုင်လုပ်နိုင်ဂေ ပိုမကောင်းနိုင်လားဆိုဘနာ စိုင်းစားမိစွာကို အယင်တင်ပြပါမေ။
ပညာရေးကဏ္ဍက စိတ်ဝင်စားရေလူလေ့များရေပိုင် လူတိုင်းလေ့ ပါဝင်နိုင်ဂတ်တေ။ အဂု အကျွန်စိုင်းစားမိရေကဏ္ဍမာ ရည်ရွယ်ချက်(၂)ခုဟိဘာရေ။ တခုက ရခိုင့်အမျိုးသားနိုင်ငံရေးနိုးကြားလာဖို့နန့် နောက်တခုက ရခိုင်စာပီတိုးတက်လာဖို့အတွက် လက်တွိအကောင်အထည်ဖော်ဖို့ ဖြစ်ပါရေ။
ရခိုင်လူမျိုးတိအတွက် ပညာရေးကိုမြှင့်တင်ဖို့အလုပ်မာ အပိုင်း(၂)ပိုင်း မြင်ပါရေ။ တပိုင်းက ပြည်တွင်း၊ တပိုင်းက ပြည်ပ။ ပြည်တွင်းမာ ရခိုင်လူငယ်ချေတိ ပညာရည်မြင့်မားဖို့အတွက် ရခိုင်သဟာယ အသင်းက အဓိကတတ်နိုင်သလောက်လုပ်နီကတ်ပါရေ။ ပြည်ပမာဆိုဂေလေ့ ပုဂ္ဂလိကတိ၊ အဖွဲ့အစည်းတိ တတ်နိုင်သလောက်လုပ်နီဂတ်စွာတိကို တွိရဘာရေ။ အထူးသဖြင့် တမျိုးသားလုံးနန့်သက်ဆိုင်ရေဆိုဂေ WAO လေ့ လုပ်နီဘာရေ။

အတိုချုံးပြောရဂေ အထဲနန့်အပြင်ကို စည်းခြားပစ်ချင်ဘာရေ။ ဆိုလိုစွာက အထဲကကိစ္စကို ရခိုင်သဟာယအသင်းက သူ့စွာသူနိုင်သလောက်လုပ်လီ။ အပြင်က ကိစ္စကို ပညာရေးကိုစိတ်ဝင်စားရေလူတိက အပြင်မာအကောင်အထည်ဖော်သင့်ရေလို့ မြင်မိဘာရေ။ ဇာဖြစ်လို့ဒေပိုင်စိုင်းစားမိလာရလေ့ဆိုဂေ တခါတရီ စီးပွါးရေးသမားပိုင် စီးပွါးတွက် တွက်လာမိဘာရေ။ စီးပွါးရေးတွက် တွက်တေဆိုစွာက ဒေပိုင်ပါ။ ဇာသူမဆို အလုပ်တခုခုလုပ်တေဆိုကေ တခုခုကိုပြန်ရချင်လို့ လုပ်ကတ်စွာဂျေးပါယာ။ နောက်ဆုံး ဘာသာရေးမာ အလှူအတန်းလုပ်ကေ စေတနာသုံးတန်ပြတ်မ ကုသိုလ်ရရေလို့ ပြောထားဘာရေ။ စေတနာသုံးတန်ပြတ်တေဆိုကေတောင်မ နောက်ဆုံးမာ “ကုသိုလ်” ဆိုစွာကိုပြန်လိုချင်လို့ အလှူအတန်းလုပ်စွာမဟုတ်ပါလား..။

ယင်းပိုင်ဆိုဂေ ဒေနိခါ ပြည်ပနိုင်ငံတိမာနီထိုင်နီဂတ်တေ လူတိ၊ အဖွဲ့အစည်းတိက ပြည်တွင်းကအသျှေတိအတွက် ပညာဆက်သင်နိုင်အောင် နည်းအမျိုးမျိုးနန့် ထောက်ပံ့ပီးနီဂတ်တေ။ ဒေလုပ်ရပ်က ဇာနန့်လားတူလဲဆိုဂေ အစိုးရကို ပစကဇာလောက်ပင်မကောင်းပြောပြော လက်တွိမာ ယင်းအစိုးရကို သွယ်ဝိုက်တေနည်းနန့် ထောက်ခံပီးနီစွာနန့်တူရေ။ ယင်းအစိုးရယန္တရားတခုလုံး အရည်အသွီးမြင့်မားလာဖို့၊ ချောဆီတိ၊ စက်သုံးဆီထိလောင်းထည့်ပီးနီစွာနန့်တူရေ။

တနည်းအားဖြင့်ပြောရဖို့ဆိုဂေ တော်လှန်ရေးကို ထိခိုက်စီရေ။ ဒေပိုင်ပြောလို့ တချို့လူတိနန့် အမြင်တူချင်မှ တူဘာဖို့။ ယကေလေ့ အမှန်အကန်ပြန်လို့သုံးသပ်ရဖို့စွာက ငါရို့ထောက်ပံ့ပီးလိုက်လို့ ရခိုင်သျှေတိတချို့ ပညာတတ်ဖြစ်လားခစွာတော့ မှန်ပါယင့်။ ယင်းတတ်လားခရေ ပညာတိက ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက်ဖြစ်မလာဘဲ အောက်ချီးအုပ်ချုပ်မှုယန္တရား ပိုခိုင်မာချောမွတ်လာအောင် ဖြစ်နီစွာက လက်တွိမဟုတ်ပါလား။

ယင်းဇူးနန့် အကျွန်ဖြစ်စီချင်ရေသဖောထားကို တင်ပြရဖို့ဆိုဂေ ပညာရေးကို ဒေပိုင်ပုံစံမျိုးနန့် ထောက်ပံ့ပီးပါ။ ပြည်တွင်းက ကိစ္စကို ပြည်တွင်းက ပညာရေးကိုစိတ်ဝင်စားရေလူတိနန့် ရခိုင်သဟာယအသင်းရို့က လုပ်ကတ်ပါ။ ပြည်ပကလူတိအတွက် နယ်စပ် (ထိုင်း၊ ဘင်္ဂလားဒေ့(ခ်ျ)၊ အိန္ဒိယ) တနီရာမာ နိုင်ငံတကာအဆင့်မီရေအထိ သီးသန့်ရခိုင်ကျောင်းတကျောင်းစဖွင့်ဘနာ လုပ်ဆောင်စွာက ပိုထိရောက်ဖို့ထင်ဘာရေ။ ယင်းကတဆင့် အရှိန်ရလာစွာနန့်အမျှ နိုင်ငံတကာအဆင့်မီရေကျောင်း ဖြစ်လာအောင်လုပ်လားလို့ရပါရေ။ ယင်းပိုင်လုပ်နိုင်ဖို့အတွက်လေ့ ရခိုင်သားမာ လူသားအရင်းအမြစ်တိ ပြည်ပမာအလုံအလောက်ဟိဘာရေ။ ယင်းပိုင်ဖွင့်နိုင်ဂေ ယင်းကျောင်းမာတက်တေအသျှေတိ -
- အမျိုးသားရေးအမြင်နိုးကြားလာဖို့၊
- ရခိုင်စာပီပိုပီပြင်လာဖို့၊
- နိုင်ငံတကာနန့် ပိုနီးစပ်လာဖို့၊
- လွတ်လပ်စွာစိုင်းစားတီထွင်၊ ကြံဆနိုင်ခွင့်ပိုရလာဖို့၊
- အတတ်ပညာ၊ နည်းပညာတိလေ့လာသင်ကြားခွင့် ပိုလွယ်ကူလာဖို့…..တခြားတခြား အားသာချက်တိ အများကြီးဖြစ်လာဖို့လို့ မျှော်လင့်မိဘာရေ။

နိဂုံးချုပ်အနီနန့် တင်ပြရဖို့ဆိုဂေ အယင်က ၁၀၀ ဖိုးရင်းလိုက်လို့ ကိုယ့်ဘားကို ၂၀ ဖိုး ပြန်ရောက်လာရေဆိုဂေ ဒေနည်းလမ်းက ၄၀ ဖိုးလောက် ပြန်ရောက်လာဖို့လားဆိုရေ မျှော်လင့်ချက်ချေနန့် စိုင်းစားမိစွာကို တင်ပြယင်း
လက်ဟိလုပ်နီဂတ်တေလူတိ စိုင်းစားလို့ရအောင် အကျွန်စိုင်းစားမိရေအကြောင်းချေကို မျှဝီတင်ပြလိုက်စွာရာ ဖြစ်ပါရေ။

torsdag 10. februar 2011

ပဉ္စမမြန်မာနိုင်ငံတော်နန့် မျိုးဆက်သစ်သျှေတိ ကံကောင်းပုံ

ဗမာပြည်နိုင်ငံရေးအသိုင်းအ၀ိုင်းတိကြားမာ လက်ဟိစစ်အုပ်စုကို၊ အထူးသဖြင့် သန်းရွှေကို ပဉ္စမမြန်မာနိုင်ငံတော်ကို ထူထောင်ဖို့ကြိုးစားနီရေဆိုဘနာ ပြောဆိုနီဂတ်သံတိကို ရက်ပြတ်ကြားနီရရေ။ သန်းရွှေကလေ့ မင်းရူး၊ ဗေဒင်ရူး၊ နတ်ကုတ်မရူးဆိုခါ ဟုတ်ချင်လေ့ ဟုတ်ဖို့။ တချို့ကလေ့ ယင်းချင့်ကို ကဂေါင်းစိုးရိမ်နီဂတ်တေ။

အကျွန်ကတော့ ပဉ္စမမြန်မာနိုင်ငံတော်ကို တစိသျှေလေ့မကြောက်တောင်မက ထူထောင်ဖို့လူကို အားရ၀မ်းသာကြိုဆိုရေ။ ဇာဖြစ်လို့လဲဆိုဂေ အကျွန်ရို့အချေဘ၀ ကျောင်းတက်ခခါ အောက်ချီးဘုရင်တိ၊ စစ်သူကြီးတိနာမေနန့် ကျောင်းမာ အလှည့်ကျသန့်ယှင်းရေးလုပ်ကတ်ရရေ။ အလောင်းဘုရား၊ ဘုရင့်နောင်၊ ဗန္ဓုလ၊ ကျန်စစ်သား ဆိုဘနာ။ ကျောင်းက တပါတ်မာ (၅)ရက်ဖွင့်ရေဆိုခါ တလင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓူး၊ ကြာသားပတီးဆိုကေ (၄)ကောင်ကုန်ယာ။ သောက်ကြာနိန့်အတွက် မကျန်ယာ။ သောက်ကြာနိန့်တရက်ကို ကျောင်းသားအားလုံးစုဘနာ လုပ်ကတ်ရရေ။

အဂု ပဉ္စမမြန်မာနိုင်ငံတော်ပေါ်လာဖို့ဆိုဂေ (၅)ကောင်ဖြစ်လာဖို့။ ယင်းပိုင်ဆိုကေ (၅)ရက် ကွတ်တိ။ သန်းရွှေဖြစ်ဖို့လား၊ မောင်အေးဖြစ်ဖို့လား၊ သိန်းစိန်ဖြစ်ဖို့လား။ ဖြစ်ချင်အကောင်ဖြစ်။ သောက်ကြာနိန့် သန့်ယှင်းရေးလုပ်ခိုင်းလို့ရရေ။ အနာဂါတ်မာ လာဖို့ကျောင်းသူ၊ ကျောင်းသားချေတိ ကံကောင်းရေလို့ ပြောရဖို့….သောက်ကြာနိန့်အတွက် ပူစရာမလိုယာ။

Free4waddy

lørdag 8. januar 2011

မတရားလူထိပ်






နီခါ အမေရိကား

မီးခီဂေ ရခိုင်သား

အောက်ချီးသံကြားမာ

ဖရား....ဖရား....လတ်ထော....။



free4waddy

fredag 7. januar 2011

သက်ဝင်ယုံကြည်မှု့ကို ကိုင်လှုပ်ခြင်း

မြတ်စွာဘုရားသျှင် ရခိုင်ပြည်ကိုရောက်ခရေဆိုစွာကို ရခိုင်လူမျိုးတိုင်း အသွီးအသားထဲမာ ယုံကြည်ကတ်တေ။ ယုံကြည်နိုင်လောက်တေ အထောက်အထားတိလေ့ ဟိကတ်တေ။ ဒေချင့်က ရခိုင်လူမျိုးရို့တိ ယုံကြည်မှု။ လက်ဟိ မန္တလေးမာစံပါယ်ကိန်းဝပ်နီရေ မဟာမြတ်မုနိရုပ်ပွားတော်ကို ဘုရားသျှင်ကိုယ်တိုင် ရင်ငွေ့တော်(၇)အုပ်နန့် သွန်းလုပ်ခရေလို့ ယုံကြည်ကတ်တေ။ ဒေချင့်စွာလူမျိုးတမျိုး၏ သမိုင်းဆိုဂေလေ့ရရေပိုင် ယုံကြည်မှုပါ။

အကျွန် ဘုရားသျှင် ရခိုင်ပြည်ကိုရောက်ခရေ၊ မရောက်ခဆိုရေအကြောင်းကို ဆွေးနွေးနီစွာမဟုတ်ပါနှင်း။ ယုံကြည်မှု ဆိုစွာကိုပြောနီစွာဘာ။ ဘုရားအကြောင်း၊ ဘုရားသမိုင်းကိုဆွေးနွေးနိုင်လောက်အောင် ယင်းအကြောင်းတိကို အကျွန်(၅)မိနစ်ပြည့်အောင်တောင် မလေ့လာဖူး။ သိလေ့ မသိ။ ယင်းပိုင်အကောင်တကောင်က စိတ်ထဲမာအထင်သျှေတခုနန့် “ရောက်ခရေ၊ မရောက်ခ”လို့ပြောပလိုက်ကေ ယင်းသမိုင်းကြောင်းတိကို တဘ၀လုံး ဘ၀ကိုပီးဆပ်ပနာ လေ့လာသုတေသနပြုနီခဂတ်တေ ရခိုင်မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းရို့၊ တခြားတခြား ရခိုင်သမိုင်းဆရာတိကို စော်ကားပိုင်ဖြစ်လားဖို့။ ယင်းဇူးနန့် အကျွန်တခုလေ့ မပြောဘာ။

ယကေလေ့ အကျွန်စိတ်ဝင်စားစွာတချက်ဟိရေ။ ဘုရားသျှင် ရခိုင်ပြည်သို့မရောက်ခလို့ပြောစွာရေ သွီးရိုးသားရိုးမဖြစ်နိုင်ဆိုဘနာ အကျွန့်စိတ်ထဲမာ သံသယ၀င်နီစွာကြာယာ။ ဒေချင့်မာ ပယောဂ ပါကိုပါလီရဖို့ထင်ရေ။ အကျွန်နောက်ဆုံးနှစ်ကျောင်းတက်ခခါ(ရန်ကုန်မာ) ဒေစကားကို မြန်မာစာဆရာမတယောက်ပြောဖူးရေ။ ပြောဖူးရေဆိုစွာထက် သင်ဖူးရေဆိုဂေ ပိုမှန်ဖို့ထင်ရေ။ ယင်းဆရာမက ဇာပြောလဲဆိုဂေ ဘုရားသျှင်စွာ ပွင့်ရေနီရာကပင် ယူဇနာ (….)ထိရာ ကြွရောက်ခရေ။ တခြားနီရာတိကို တခုကိုလေ့ မရောက်ခလို့ ပြောရေ။ ယင်းဆရာမ ဆိုလိုချင်စွာက ရခိုင်ပြည်ကိုလေ့ မရောက်ခလို့ ပြောချင်ပုံရရေ။ ယေဒါလေ့ ယင်းအချိန်က ဒေကိစ္စတိကို အချိန်ယူဘနာ စိုင်းစားဆင်ခြင်ဖို့မရခ။ တနှစ်တတန်းမှန်မှန်အောင်ဖို့အတွက် ဟြိကဆရာမပြောစွာကို နောက်က “၏၊ သည် မလွဲ”လိုက်မှတ်နီရရေ။ ဆရာမက မရောက်ခလို့သင်ပြထားစွာကို ကိုယ့်စွာကိုယ်လေ့လာဘနာ ရောက်ခဘာရေလို့ လားဖြေခီဂေ တနှစ်ရှူလီဖို့ယာ ..(ဗမာပြည်ပညာရေးစနစ်)။ ယှင်းယှင်းပြောရဂေ ဒေကိစ္စကို ယင်းလောက်ထိလေ့ အလီးအနက်မထားခ။

လွန်ခရေ နှစ်စိချေလောက်က ဒေကိစ္စအကျွန့်ဂေါင်းထဲကို ပြန်ရောက်ပါလတ်တေ။ ဘုရားသျှင်ကြွရောက်ခရေ ယူဇနာ ဇာလောက်လဲဆိုစွာကို အတိအကျသိချင်ပါလတ်တေ။ စာအုပ်တိကိုပြန်လှန်ကြည့်ဖို့အတွက် လက်ထဲမာစာအုပ်တအုပ်လေ့ မဟိယာ။ ယကေလေ့ အကျွန်အရှုံးမပီး။ ပြည်တွင်းက တက္ကသိုလ်နန့်နီးစပ်တေ၊ တက္ကသိုလ်တိမာ လက်ဟိလုပ်နီဂတ်တေ မိတ်ဆွေတိကို အကူအညီတောင်းရေ။ ဂနိအချိန်ထိ တယောက်လေ့တိကျရေအဖြေကိုမရသိမ့်။

ဒေကိစ္စစွာ ယုတ်မာကောက်ကျစ်တေအကောင်တိ အကြံဖြစ်ရဖို့။ လူမျိုးတမျိုး၏သမိုင်းကို ဖျောက်ဖျက်ပစ်ဖို့၊ လူမျိုးတမျိုး၏ဘိုးစိုဉ်ဘောင်ဆက် အသွီးအသားထဲကယုံကြည်လာဂတ်စွာကို ယုံထင်ကြောင်ထင် ဇဝေဇ၀ါဖြစ်လားပြီးကေ အမျိုးသားရေးစိတ်ဓါတ်တိကို ရိုက်ချိုးပလိုက်ဖို့ လုပ်ကြံဖန်တီးစွာရာဖြစ်ရဖို့လို့ ယူဆရေ…..။

လူတယောက်ပင်ဖြစ်ဖြစ်၊ လူမျိုးတမျိုးပင်ဖြစ်ဖြစ် စိတ်ဓါတ်ပိုင်းဆိုင်ရာတိ၊ ယုံကြည်မှုတိပျက်စီးလားယာဆိုဂေ ပြန်အဖတ်ဆည်လို့မရနိုင်လောက်အောင်ထိ အရှုံးနန့်ရင်ဆိုင်ရဖို့စွာမာ ကျိန်းသီယာ။ ယင်းဇူးနန့် ကိုယ်ရို့တိယုံကြည်မှုကို မသမာအောက်တန်းကျရေအကောင်တိကြောင့် တဖေ့သျှေလေ့ မယိုင်လားဖို့လိုအပ်တေ။ ယင်းအကောင်တိ မှိုင်းမမိလားဖို့ ကောင်းအရေးကြီးရေ။ အခြေအနေအရပ်ရပ်ကို ယုတ္တိကျကျ၊ ဓမ္မဓိဌာန်ကျကျ စိုင်းစားဆင်ခြင်နိုင်ဂတ်တေ ရခိုင်သူ၊ ရခိုင်သားတိဖြစ်နိုင်ဂတ်ပါဇီလို့ နှစ်သစ်မာဆုတောင်းပီးယင်း အကျွန့်အမြင်ကို မျှဝီပီးလိုက်ပါရေ။



Free4waddy