tirsdag 17. januar 2012

ဘာဘာနန့် အကျွန်

ဘာဘာနန့် အကျွန်
လူတယောက်ဘ၀မာ ဘုရား၊ တရား၊ သံဃာ၊ မိဖ၊ ဆရာသမား ဂုဏ်(၅)ပါးဟိရေဆိုဂေ ဘာဘာစွာအကျွန့်အတွက် ဂုဏ်(၂)ပါးဖြစ်တေ မိဖနန့် ဆရာသမားဂုဏ်ထဲမာပါရေ။ ဘာဘာနန့်ပတ်သက်လို့ အကျွန်မှတ်မိစွာချေတိကို ရွီးယင်းဘာဘာကျေးဇူးကိုဆပ်ပါရစီ…ဘာဘာ။ အကျွန်က အသက်(၅)နှစ်မပြည့်ခင်ကပင် ကောင်းကျောင်းတက်ချင်ရေ။ ယင်းတွက်နန့်ပါပါကျောင်းတက်ဖို့လားဂေ ကျောင်းကိုရက်ပြက်လိုက်တေ။ ကျောင်းကိုရောက်လားခလို့ ဘာဘာစာပြဖို့ အတန်းတိကိုဝင်လားခကေ အကျွန်ကရုံးခန်းမာ တခြားအားနီရေ ဆရာတိနန့်စီနီခရေ။ ယင်းအချိန်က အကျွန့်ကို သုည(၀)ကို စသင်ပီးရေ ဆရာကြီးတယောက်ဟိခဖူးရေ။ ယင်းဆရာကြီးကလေ့ ပင်ချမ်းစားခါနီးနီယာ။ ဆရာကြီးက “၀” လုံးတလုံးကို စပွဲခုံထက်မာ ရွီးပြီးကေ အကျွန့်ကို ဒေချင့်ဇာလဲလတ်။ အကျွန်ကလေ့ ချက်ချင်းပြန်ဖြေလိုက်တေ….” သူမျ “ ဆိုဘနာ။ ယေခါ ဆရာကြီးက သူမျ မဟုတ်။ သုည လို့ခေါ်ရေလတ်…ယင်းခါကပင် သုညကို သိလိုက်တေး)။
ယင်းပိုင်နန့် ကျောင်းတက်ချင်အားကြီးလို့ အသက်မပြည့်ဘဲနန့်ကျောင်းထားလိုက်ရရေ။ ၀ချေတန်း စတတ်တေဆိုလောက်ကပင် ကျောင်းမာ ရက်ပြတ်ဖနပ်ပျောက်တေ။ ဇာနှစ်ရံပျောက်တေဆိုစွာ ရွီလို့မရအောင် ပျောက်တေလို့ပြောလို့ရရေ။ ယင်းအချိန်က အသက်မပြည့်ဘဲကျောင်းထားလိုက်ရစွာကိုလေ့ (၁၀)တန်းနှစ်ရောက်မ သတိထားမိရေ။ ဇာဖြစ်လို့လဲဆိုဂေ (၁၀)တန်း ပထမနှစ်ဖြေပြီးရေအချိန်မာ အကျွန့်အသက်က (၁၅နှစ်နန့် ၇ လ)ရာ ဟိသိမ့်လို့ ကိုယ့်စွာကိုယ် ပြန်တွက်ကြည့်စွာ။ (၁၀)တန်း ပထမနှစ်ဆိုကေ ဒုတိယနှစ်ဟိဖို့စွာက သေချာလားခယာ။ (၁၀)တန်း ပထမနှစ်မာ ရှူရေ။ ဇာဖြစ်လို့ ရှူလဲ လာမမီးဂေ့။ လျို့ဝှတ်…လုံးဝတယောက်ကိုလေ့ မပြော…သတ်ချင်ဂေ သတ်ပလိုက်………..း)။ ၀ချေတန်းအောင်လို့ (၁)တန်းရောက်စွာနန့် အိမ်နန့်ပါးရေမူလတန်းကျောင်းကိုပြောင်းလာရေ။ ယင်းကျောင်းမာ (၂)တန်းနှစ်မာ ပထမဆု၊ (၄)တန်းနှစ်မာ တတိယဆုရရေ။ ဘ၀မာ ပထမဆုံးနန့် နောက်ဆုံးဆု (၂)ဆု..။
မူလတန်းပြီးစွာနန့် အလယ်တန်းကျောင်းကိုပြောင်းရရေ။ ယင်းမာ ဘာဘာနန့်ပြန်တွိယာ။ ဘာဘာက အင်္ဂလိပ်စာပြရေ။ ကျောင်းမာလေ့ ပြပိုင် အိမ်မာလေ့အအီးချချမ်းနီဖို့မရ။ တရက်မာ မေနိ (၅)လုံးစီ အလွတ်ရအောင် နိန့်တိုင်းဖတ်ရရေ။ ပထ၀ီအတွက် မြေပုံတပုံစီ နိန့်တိုင်းဆွဲရရေ။ မြေပုံဆွဲဖို့အတွက် ဗလာစာအုပ်မာ ဂွင်ချေတိဆွဲပီးထားရေ။ ယင်းပိုင်ဆွဲပါလတ်စွာ နောက်ခါဆိုကေ မြန်မာပြည်မြေပုံကို ဂွင်ချေမပါဘဲ ကွက်တိနီးပါးဆွဲတတ်ပါလတ်တေ။ အင်္ဂလိပ်စာဆိုဂေ အလယ်တန်းအဆင့်စာမေးပွဲတိမာ (၉၉ မှတ်)ထိ အများဆုံးရဖူးခရေ။ အင်္ဂလိပ်စာက ဗမာပြည်မာ ကျောင်းပြီးခရေအချိန်ထိ အကျွန့်ကိုတခါလေ့ ဒုက္ခမပီးနိုင်ခ။ အလယ်တန်းအဆင့်ခါဆိုကေ စာမေးပွဲကာလတိမာ နက်ဖန်အင်္ဂလိပ်စာစစ်ဖို့ဆိုကေ အင်္ဂလိပ်စာကိုမဖတ်ဘဲနန့် တခြားမစစ်ရသိမ့်ရေ ဘာသာတခုခုကိုစီ ဖတ်တေ။ ဒေချင့်တိကို ရွီးပြနီလို့ ဘောရီးပစ်တေလို့ မထင်ကတ်ပါကေ့။ စာဖတ်သူရို့အချေအငယ်တိကိုလေ့ ဒေပိုင်ပြုစုပျိုးထောင်ပီးလို့ရရေ စေတနာနန့်ပါရာ။
ဘာဘာနန့်ပတ်သက်လို့ နောက်တခုသတိထားမိစွာဟိသိမ့်ရေ။ ယင်းအချိန်က ဘာဘာကအကျွန်ရို့အတန်းပိုင်ဆိုခါ ကျောင်းသားတိကိုနိန့်တိုင်းနာမေခေါ်ရရေ။ အကျွန့်ဘာဘာနာမေခေါ်ကေ တခြားဆရာတိနန့်မတူ။ ဥပမာ - တခြားဆရာတိက ခင်မောင်သန်း ဆိုဂေ ခိန်မောင်သန်း ဆိုဘနာ အသံထွက်ခေါ်ကတ်တေ။ ဘာဘာက ခင်မောင်သန်း၊ ………………ယင်းပိုင်စီခေါ်ရေ။ အချေခါက ယင်းပိုင်ခေါ်သံတိကို တခြားဆရာတိ ခေါ်ပိုင်မခေါ်လို့ သားတယောက်အနီနန့် ဟြက်တေပိုင်တွိခရေ။ ယကေလေ့ ဂနိအချိန်မာ ဇာဖြစ်လို့ယင်းပိုင်ခေါ်လဲဆိုစွာကို သဖောပေါက်ပါယာ။

ယပြီးကေ နီခါ ကျောင်းပိတ်ယာဆိုဂေ ဘာဘာနန့် တောင်နားတိမာ ထင်းခြွီဖို့စီလားကတ်တေ။ ထင်းတိက တောင်လမုန်းသားတိ၊ ဂျစ်သားတိ။ ထင်းကို တနီလုံးလားခြွီဘနာ အနားကအဖိုးဂျောဂျီအောင်ရို့တဲနားမာစီပုံထားကတ်တေ။ ထင်းခြွီယင်း တောထဲက သင်္ဖောဥတိ၊ ၀က်ဝဲဥတိ တူးရေ။ သဖောင်္ညွန့်တိ၊ ဖျံတုတ်တိ၊ ခြုံနုတိခူးရေ၊ တခါတရီ ပုရစ်တူးကတ်တေ။ ယင်းပိုင် တနီထင်းခွပ်ပလိုက်ပြီးကေ မိုးပြန်ကျဖို့ယာဆိုကေ ယင်းထင်းတိကို နွားဂါရီငှားဘနာစီ လားတင်ကတ်တေ။ အဂုအချိန်မာ ယင်းပိုင်လားခွပ်ကေ စစ်သားတိဘားမာ ဇာပိုင်ပုံစံမျိုးနန့် ဆက်ဆံခံရမေလေ့မသိ ဆိုဘနာလေ့ တခါတရီ စိုင်းစားမိရေ။ တခါတရီ အဖော်ကောင်းကေ လောင်းငှားဘနာ မြစ်တိ၊ ချောင်းတိကူးဘနာလေ့ ထင်းခြွီဖို့လားကတ်ခဖူးရေ။
ယင်းခေတ်က ဘာဘာကျောင်းအားကစားအပြင် မြို့နယ်အား/ကာ မာလေ့ လုပ်လို့ ဇာတ်ပွဲတိလေ့ ရက်ပြတ်အလကားကြည့်ရရေ။ တခါတရီ ဘောလုံး၊ ဘော်လီဘောမြို့နယ်ပြိုင်ပွဲတိဟိကေ စစ်တွေကိုလေ့ ယင်းအဖွဲတိနန့် နောက်ကကပ်လိုက်တေ။ အိမ်မာဆိုကေလေ့ ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်ပိုက်၊ သရီကွင်း အားကစားပစ္စည်းတိ အစုံဟိလို့ ကဇက်ချင်စွာကို ကဇက်လို့ရရေ။ (ဆက်ဖို့သိမ့်)

ရခိုင်စာပီနန့် အကျွန့်အမြင်

ရခိုင်စာပီ ပြန်လို့ဟြင်သန်လာဖို့အတွက် ဒေတခေါက်မာ အယင်တခေါက်တိနန့်မတူဘဲ ရှိတိုး၊ နောက်ဆုတ် စိချေပြန်စိုင်းစားမိရေ။ နည်းပညာအကူအညီတိ၊ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတိကတဆင့် ဂနိလက်ဟိ ရခိုင်စာပီအခြေအနေစွာ အယင်ဆယ်စုနှစ်တိထက်စာကေ အဆပေါင်းရွီတွက်လို့မရအောင် တိုးတက်ပြောင်းလဲလာရေလို့ပြောဂေ တယောက်လေ့ငြင်းလို့မရ။
အဂုလက်ဟိရောက်နီရေ အောင်မြင်မှုအတိုင်းအတာကို ဒေထက်ပိုကောင်းလာအောင် လက်ဆင့်ကမ်းထမ်းလားဂတ်ရဖို့တာဝန်စွာ ရခိုင်လူမျိုးတိုင်းမာ တာဝန်ဟိရေ။ အဂုလက်ဟိဗမာပြည်နိုင်ငံရေးလောကမာ သုံးနီဂတ်တေဝေါဟာရနန့်ပြောရဖို့ဆိုဂေ ဒေအခြေအနေကနီ နောက်ပြန်လှည့်လားလို့ တခုပိုင်လေ့မရ။ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် အားလုံးအားနန့်ပန်းတိုင်ထိရောက်အောင် ထမ်းလားဂတ်ရဖို့။

အဂု ရောက်နီရေအခြေအနေစွာလဲ ပပွင့်လလင်းပြောရဂေ ရာနှုန်းပြည့်ကျေနပ်အားရဖို့ကောင်းရေ အဆင့်ကို့ မရောက်သိမ့်လို့ ယူဆလို့ရရေ။ စနစ်တကျကွင်းဆင်းဘနာ စစ်တမ်းကောက်ထားစွာမဟုတ်ဘဲ အပြင်ဘန်းအမြင်နန့်သုံးသပ်ထားစွာဖြစ်လို့ အမှားအယွင်းတိ အားနည်းချက်တိ ဟိနိုင်ရေ။

အကျွန်မြင်ရေ အချက်(၂)ချက်ကို အယင်ချပြမေ။ ပထမတချက် ရခိုင်သားတိုင်း ရခိုင်စာရွီးရဖို့ဆိုရေအဆင့်ကိုမလားခင် ရခိုင်သားတိုင်းရင်ထဲ၊ အသဲထဲ၊ သွီးသားထဲမာ “ငရို့မာရခိုင်စာဟိရေ” ဆိုရေစိတ်ဓါတ်ကို အယင်ဆုံးပြုစုပျိုးထောင်ပီးရဖို့လို့ထင်ရေ။ ဇာဖြစ်လို့ ဒေပိုင်သုံးသပ်ရလဲဆိုဂေ ဂနိရခိုင်သား (၁၀၀%) ရခိုင်စာ မရွီးကတ်သိမ့်လို့ဖြစ်တေ။ လက်ဟိရခိုင်လူမျိုးထဲမာ လူကြီးပိုင်းတိနန့် လူလတ်ပိုင်းတိက ရခိုင်စာဟိရေဆိုစွာကို အတိုင်းအတာတခုထိ လက်ခံထားဂတ်ကေလေ့ ပြည်တွင်းကရခိုင်ချေတိ အကြောင်းအမျိုးမျိုးကြောင့် ရခိုင်စာဆိုစွာ ဟိမှန်းပင်သိလီကတ်ပါဖို့လား ကြောင့်ကြမိရေ။ ယင်း အချေတိ၊ နောက်မျိုးဆက်သစ်ချေတိသိလာဖို့အတွက် ဒေနိလူကြီးတိ၊ လူလတ်ပိုင်းတိမာ တာဝန်အပြည့်အ၀ဟိရေ။ တလုံးပင်ဝင်ဝင်၊ နှစ်လုံးပင်ဝင်ဝင် ယင်းအချေတိကို နားသွင်းပီးကတ်ရဖို့။ ယင်းကတဆင့် အချင်းချင်းကြားမာ ရခိုင်စာရွီးတတ်စွာတိကို ဂုဏ်ယူတတ်လာအောင် လုပ်လားဂတ်ရဖို့။ ဒေချင့်က ပဌမ သုံးသပ်ချက်ပါ။ ရခိုင်လူမျိုးတိုင်း ရခိုင်စာရွီးရစွာကို ဂုဏ်ယူတတ်လာမှ ရခိုင်စာပီတောက်ပလာဖို့ဖြစ်တေ။

နောက်တခုက လက်ဟိအငြင်းပွါးနီဂတ်ရရေ….လီယူ လီသိမ်းပြဿနာ။ အမှန်မာ ဒေကိစ္စစွာ ယင်းလောက်ထိကြီးမားရေပြဿနာ၊ ရှင်းလို့မကျင်းနိုင်ရေ ပြဿနာမဟုတ်။ ဇာဖြစ်လို့လဲဆိုဂေ ဒေပြဿနာစွာ အကျွန်ရို့ရခိုင်လူမျိုးတခုတည်းမာရာ ဟိစွာမဟုတ်။ တခြားလူမျိုးတိမာလေ့ မကန်ဟိရေ။ ဖေ့သျှာကိုတောင်ပိုင်ပုံဘနာ စာပီတိ၊ ပညာရေးစနစ်တိကို အသေအချာသုတေသနလုပ်နီဂတ်တေ တိုင်းပြည်တိမာတောင် ဒေပြဿနာတိကို မရှင်းနိုင်သိမ့်ဆိုဂေ အကျွန်ရို့ပိုင် ကိုယ်ထူကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး၊ နိုင်သလောက်ချေနန့်လားနီဂတ်တေလူမျိုးတမျိုးအဖို့ ဒေပြဿနာကို နိန့်ချင်းညချင်း ဥုံ..ဖွ…ပျောက်စီဆိုဘနာ လုပ်ပလိုက်ဖို့စွာ တခုပိုင်လေ့ မဖြစ်နိုင်။

အ၀ီးကြီးကိုလားကြည့်စရာမလို…ဂနိ ဗမာတိရွီးနီဂတ်တေ စာတိကိုလားကြည့်လိုက်။ အမျိုးမျိုး တယောက်တဖုံ စိတ်ထင်ပိုင်ရွီးနီကတ်တေ။ ယကေလေ့ အကျွန်ဆိုလိုစွာက ယင်းသူရို့ရွီးလို့ ငရို့လေ့နောက်ကလိုက်ရွီးရဖို့လို့ ဆိုလိုစွာမဟုတ်။ လက်ဟိအခြေအနေအရ အဖြစ်နိုင်ဆုံးနည်းလမ်းချေတခုကို စိုင်းစားချပြစွာရာဖြစ်တေ။ ယင်းဇူးနန့် အရွီးအသား၊ လီယူလီသိမ်းပြဿနာတိကို ကကြီးကျကျယ်လုပ်ဘနာ ချကန်ကန်လို့ငြင်းနီကတ်ဖို့ အချိန်မဟုတ်သိမ့်။ လောလောစိုင်အခြေအနေအရ လက်ဟိရွီးနီကတ်တေအဆင့်က ပြန်မကျလားလီရအောင် ထိမ်းသိမ်းထားကတ်ရဖို့။

တနိန့်နိန့် တချိန်ချိန် ရခိုင်စာပီကို ရခိုင်ရို့စတိုင်လ်နန့် ပပီပပြင်ဖန်တီးခွင့်ရလာရေနိန့် ဒေပြဿနာတိစွာ အမှိုက်ပါနီရေရီကို ရီစစ်နန့်စစ်ထုတ်ပလိုက်တေပိုင် သန့်ရှင်းလတ်ဆပ်တေ ရခိုင်စာပီ ရီအအီးချေတခွက် သောက်နိုင်ကတ်ပါစီလို့ ဆန္ဒပြုယင်း……………………..
ရခိုင်စာပီ တိုးတက်ဟြင်သန်ပါစီ………။
Free4waddy

tirsdag 10. januar 2012

ဖေ့သျှာကို ဇာပိုင်သုံးဂတ်ဖို့လဲ

အမေရိကန်၊ ဥရောပရို့ပိုင် ချမ်းသာရေတိုင်းပြည်တိမာတောင် ဖေ့သျှာဒင်္ဂါး အကျပ်အတည်းပြဿနာတိ တရက်ထက်တရက် တိုးပွါးလာနီရေဆိုဂေ အကျွန်ရို့ပိုင် ကျွန်သဘောက်ဘ၀အောက်က ရခိုင်ပြည်သူ၊ ပြည်သားတိအတွက် တချက်ချေစိုင်းစားလို့ရာကြည့်လီကတ်ပါဖိ။ သွီးစုတ်ဖုတ်ကောင်နန့်တူရေ လူမျိုးခြားအစိုးရလက်အောက်မာ တိုင်းပြည်နန့်လူမျိုးအခြေအနေတိကို မျက်စိမာတချက်ချေ မြင်ကြည့်ကတ်ပါ။

အကျွန်က စီးပွါးရေးပညာသျှင်မဟုတ်ပါ။ ယကေလေ့ ကိုယ့်ပါတ်ဝန်းကျင်မာ လက်ဟိဖြစ်ပျက်နီကတ်စွာတိ၊ မြင်ရ၊ ကြားရစွာတိကို မျှဝီပီးချင်စွာပါရာ။ ဖေ့သျှာတိ ဘြန်းစီးကာရဖြစ်ရစွာရေ အဓိကလူတယောက်ချင်းစီ ကိုယ့်ဝင်ငွေနန့် ထွက်ငွေကို မျှတအောင် မစီစိုင်တတ်လို့ဖြစ်တေ။ ယင်းပိုင် ဖေ့သျှာဒင်္ဂါးတိကို စီမံခန့်ခွဲမှုညံ့ဖျင်းစွာရေ ယင်းချင့်နန့်ပါတ်သက်တေ အသိပညာတိ၊ အလေ့အကျင့်တိ၊ ပညာရပ်တိကို တစိချေတောင်မသင်ဖူးခ၊ မကြားဖူးခကတ်လို့ဖြစ်တေလို့ပြောဂေ မာန်မပါကတ်ကေ့။ ယင်းအထဲမာ ရခိုင်သားထဲက ရခိုင်သားဖြစ်တေ အကျွန်ကိုယ်တိုင်လေ့ ပါရေ။

အကျွန်ရို့တိပိုင် အောက်ခြီလူတန်းစားတိက ဒေပိုင်သျှောင်အကြောင်းခြင်းရာတိကို မသိနားမလည်ကေလေ့ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်တေအကောင်တိ စကေတဘွေနားလည်ကေ ဖာထီးပီးလို့ရနိုင်ရေ။ အဂုက ယင်းကောင်တိလေ့ ငါ့ယောင်၎င်း ဆိုခါ….နောက်တချက်က တိုင်းပြည်ဖေ့သျှာကို ယောက္ခမဘားက အမွီရရေဖေ့သျှာအထင်နန့် ထင်ပိုင်ဘုန်းနီကတ်တေ။ ထားလိုက်ပါ…ယင်းကောင်တိ အကြောင်းကို။ ကိုယ့်အကြောင်း ကိုယ်ဆက်ရွီးမေ……..း)

ပဌမအဆင့်အနီနန့် ဒေကကျောင်းတိမာ အချေ၊ ကျောင်းသားလူငယ်ချေတိကို ဇာပိုင်နည်းတိနန့် စီမံခန့်ခွဲတတ်အောင်လုပ်လားလဲဆိုစွာကို လေ့လာမိသလောက် တင်ပြပီးပါမေ။ စနစ်တကျ ပြုစုပျိုးထောင်ပီးရေနီရာမာ ဖေ့သျှာ၊ အချိန်၊ နိန့်စိုင်အလုပ်၊ ဟြိလုပ်ငန်းစိုင်…..အစဟိရေ အချက်တိ အားလုံးပါရေ။

အနောက်နိုင်ငံက တိုင်းပြည်တိမာ အချေတိကို ကျောင်းသားအရွယ်ကပင် ဖေ့သျှာကိုစနစ်တကျသုံးစွဲတတ်အောင် နည်းလမ်းတိသင်ပြပီးရေ။ ပြုစုပျိုးထောင်ပီးရေ။ ဥပမာတခုအနီနန့်ပြရဖို့ဆိုဂေ အရွယ်ရောက်လာရေ ကျောင်းသားတိကို အစိုးရက ကျောင်းတက်နီရေအချိန်မာ ဖေ့သျှာထောက်ပံ့ပီးရေ။ အခြီခံလိုအပ်ချက်တိနန့် မသုံးမဖြစ်သုံးကိုသုံးရဖို့စွာတိ (အိမ်လခ၊ အစားအသောက်ခ၊ ကားခ….အစဟိသဖြင့်) ကို တွက်ဘနာ ကွက်တိနီးပါးလောက် ပီးထားရေ။ ယင်းဇူးနန့် ဒေနိုင်ငံတိမာ ကျောင်းသားဘ၀စွာ အဆင်းရဲဆုံးဘ၀ဆိုဘနာ ပြောကတ်တေ။

အရာတခါ ဒေပိုင်အထောက်အပံ့ကိုလေ့ တနှစ်ပါတ်လုံး ပီးစွာမဟုတ်ဘဲနန့် ဇူလိုင်၊ သြဂတ်(စ်) နွီရာသီကျောင်းပိတ်ရက်တိမာ တပြားချေလေ့မပီးဘဲ ကျောင်းသားတိုင်းကို ကိုယ့်ထမင်းကိုကိုယ် ဟြာစားခိုင်းရေ။ ဒေနီရာမာ အကျွန်ရို့ယိုင်ကျေးမှုနန့် လုံးဝမတူစွာတခုကို သတိထားဖို့လိုရေ။ အကျွန်ရို့ ယိုင်ကျေးမှုမာက အစိုးရဘားကမပီးကေ မိဖအိမ်မာတက်စားပလိုက်မေ ဆိုဘနာ စိုင်းစားကတ်ဖို့။ ဒေမာက ယင်းပိုင်မဟုတ်။ အသက်(၁၈)နှစ်ပြည့်လို့ မိဖနန့်အတူတူမနီယာဆိုလောက်ကပင် ကိုယ့်လမ်းကိုကိုယ်လားကတ်စွာယာ။ တယောက်မာ ဖေ့သျှာမဟိကေ တယောက်ဘားကချီးရေ အလေ့အထစွာ ဒေသူရို့မာ မဟိ။ အမိအဖဘားကလေ့ မချီးပီး။ အမိအဖတိကိုယ်တိုင်ကလေ့ ဒေပိုင်အလေ့အကျင့်တိကို လေ့ကျင့်ပီးရေပိုင် သားသမီးတိကိုယ်တိုင်ကလေ့ မာန ထားဂတ်တေ။

ဖေ့သျှာတိကိုက ကျောင်းမဖွင့်ခင်ကပင် ကျောင်းမာလျှောက်ရရေ။ ကျောင်းဖွင့်လို့ တလကျော်လောက်ကြာမ ပဌမအသုတ်အနီနန့် ဖေ့သျှာအများစကေ စုဘနာတခေါက်လာရေ။ ပြီးခါမှ နောက်လတိမာ စကေစကေပြန်ဖြတ်လားယင်းနန့် လစိုင်ပုံမှန်ပြန်ပီးလားရေ။ ယင်းပိုင် ပဌမအသုတ်၊ ဒုတိယအသုတ် ဆိုဘနာ စာသင်နှစ်တနှစ်မာ (၂)ခါလောက် ထုတ်ပီးရေ။ ထုတ်ပီးရေအချိန်မာ ဖေ့သျှာအများကြီးဟိရေဆိုဘနာ တခါတည်းသုံးပလိုက်လို့မရ။ ယင်းရရေဖေ့သျှာတိကို စာသင်နှစ်တနှစ်လုံး ပုံမှန်ကျောင်းတက်နိုင်အောင် စီမံခန့်ခွဲရရေ။ လစိုင်နန့်အမျှ အိမ်လခ၊ မီးခ၊ အစားအသောက်ခ၊ ကားခ…အစဟိသဖြင့် သီးသန့်စီခွဲထားရရေ။ ကိုယ့်မာမဟိကေ ပြည်မာမဟိ လို့ပြောရေ ရခိုင်စကားပုံစွာ ဒေသူရို့နိုင်ငံတိမာ ကွက်တိလာဖြစ်နီရေ (ဘဏ်က ချီးလို့ရစွာမပါ)။

တခါက ငယ်သငယ်ချင်းမိတ်ဆွေအရင်းအချာတစု ခရီးလားဖို့ လိုင်းကားထက်ကိုတက်လာကတ်တေ။ ယင်းအထဲက တယောက်က ဖေ့သျှာအိတ်မိကျန်ခဘနာ ကားမောင်းလူကိုကားခမပီးနိုင်။ ယေခါ ယင်းသူက တယောက်ကိုလေ့အပူမကပ်ဘဲနန့် မင်းရို့လားလီကတ်ဖိ။ ငါ နောက်ကလိုက်ပါလတ်မေ ဆိုဘနာ ကားထက်ကပြန်ဆင်းလားခစွာကို မြင်ဖူးရေ။ ဒေနီရာမာ ဇာတိတွိရလဲဆိုကေ တယောက်ဘားကတယောက် မျက်နှာငယ်ခံလို့ ဖေ့သျှာမချီး၊ ကိုယ့်စွာကို တာဝန်ယူဝံ့ရေသတ္တိ….ယင်းပိုင်စွာချေတိကိုလေု့ တွိရရေ။

ယင်းပိုင်စိတ်ဓါတ်မျိုးတိဝင်နီအောင်လေ့ ယင်းသူရို့လူမှုပါတ်ဝန်းကျင်တိ၊ ကျောင်းတိက အသျှေဘ၀ ကျောင်းနီလောက်ကပင် ရိုက်သွင်းပီးထားရေ။
ယပြီးကေ အရာရာကို ကြိုတင်ပြင်ဆင်တတ်အောင် စနစ်တကျ သင်ပီးထားရေ။ ဥပမာ - ကျောင်းကနီ ခရီးတခုခုထွက်ဖို့ဟိရေဆိုကေ ယူလာရဖို့ပစ္စည်းချေတိ၊ အချိန်၊ နီရာ၊ အစားအသောက်၊ အ၀တ်အစား….အစဟိသဖြင့် စနစ်တကျနန့် ကြိုတင်အသိပီးထားရေ။ တခုခုမိကျန်ခလို့ လူများဘားက ယူသုံးလိုက်မေဆိုလို့မရ။ နောက်ဆုံး….ကျောင်းအားချိန်တိမာ အချေတိအတွက် ကဇတ်တေအချိန်တိဟိရေ။ ယင်းကဇတ်တေအချိန်မာ မကဇတ်ဘဲ စာသင်ခန်းထဲမာ ထိုင်ကျန်နီခလို့မရ။ ယင်းအချိန် ဒေါင် လို့တီးစွာနန့် လိုအပ်တေပစ္စည်းတိကိုယူဘနာ အားလုံးအပြင်ထွက်ဘနာ ကဇတ်ရရေ။ စာသင်ခန်းတိကိုလေ့ အားလုံးသော့ပိတ်ပလိုက်တေ။ တခုခုမိန့်ကျန်ခလို့ ပြန်ဝင်ယူချင်လို့ မရယာ။ ယင်း ဇူးနန့်အချေတိစွာ အခန်းထဲက မထွက်ခင်လောက်ကပင် ကိုယ့်မာဇာဇာလိုအပ်ဖို့လဲဆိုစွာကို ဂေါင်းထဲမာအစီအစိုင်ချဘနာ မှတ်ထားဂတ်ရရေ။ အစားအသောက်လိုဖို့လား၊ အုပ်ထုပ်လိုဖို့လား၊ ဖိနပ်လိုဖို့လား…..အစဟိသဖြင့်။

ဒေအလေ့အကျင့်ချေတိစွာ သမန်ကာလျှံကာကြည့်ကေ မသိသာနိုင်ကေလေ့ အချိန်ကြာလာစွာနန့်အမျှ ဘ၀တခုလုံးကိုဖြတ်သန်းလာရရေအချိန်မာ အရာရာကို ကြိုတင်ပြင်ဆင်တတ်တေအကျင့်တိက အလေ့အကျင့်ပိုင်ဖြစ်နီကတ်တေ။ ဇာအလုပ်ကိုပင်လုပ်လုပ် ကြိုတင်ပြင်ဆင်ထားရေလူနန့် ဖြစ်ကတတ်ဆန်း တပွဲထိုးလုပ်တေလူ ပြိုင်လာကေ ကြိုတင်ပြင်ဆင်ထားရေလူ သာစွာဂျေးယာ။ ဒေပိုင် အတုယူစရာကောင်းရေ စနစ်ချေတိကို ကိုယ်ရို့စာသင်ကျောင်းတိမာ ကိုယ်ရို့စွာကိုယ်ရို့ တခုပိုင်လေ့ မလုပ်နိုင်ခါ ကိုလိုနီတိသွင်းရေ မကောင်းရေစရိုက်တိကိုဂျေး အသွင်းခံနီကတ်ရရေ။ ယင်းပိုင် မကောင်းရေစရိုက်တိ၊ အသိဥာဏ်တိ၊ အတွေးအခေါ်တိကို သွတ်သွင်းခံထားဂတ်ဂလို့ ဂနိ ငရို့ရခိုင်တိ လူမျိုးတမျိုးလုံး ဖီးသင့်ရေပိုင် လူမျိုးခြားတိလုပ်ချင်ပိုင်လုပ်နီဂတ်စွာကို ခံနီဂတ်ရစွာဖြစ်တေ။ ဂနိလက်ဟိ ရခိုင်လူမှုအသိုင်းတိကြားထဲမာ ဖြစ်နီဂတ်တေ ပြဿနာတိအားလုံး၏ အရင်းအမြစ်စွာ ဒေအခြေခံကလာစွာတိဖြစ်တေ။(ဆက်ဖို့သိမ့်)

Free4waddy