torsdag 2. juni 2011

လက်တွိ ဂြိုးကျောက် ပျောက်ဆီး

အကျွန်က ညစာသားထမင်းစားပြီးကေ အိမ်ဟြိကအဘောင်ချေကွမ်းယာဆိုင်မာ ထိုင်နီကျ။ ယင်းအချိန်ဆိုကေ ကလိမေချေတိ ရီခပ်ဖို့၊ ဖုရားလားဖို့လာဂတ်စွာတိကို ငေးယင်း၊ နတ်ယောင်ဂါးခံယင်း အချိန်ကုန်ရေ။

ယင်းပိုင် ထိုင်နီယင်း တရက်….“ဂြု………….ဂြု” နန့်ပင် ဂြိုးကျောက်ပါလတ်တေ။ ယေခါ အဘောင်ချေက “ဟိုက်…အိမ်ပြန်ဘနာ ရီ(၇)ကျိတ် အသက်အောင့်လို့သောက်ပစ်ခီ” ပြောလို့ လားသောက်ပစ်ခီဘနာ ပြန်လာထိုင်နီရေ။ ယေကေလေ့ ဂြိုးကျောက်စွာက တံ့မလားဘဲ ဆက်ကျောက်နီတုန်းသိမ့်။ မပျောက်စွာမြင်ခါ အဘောင်ချေက အဆက်အစပ်မဟိ စကားတခွန်းပြောလာရေ။

အဘောင်ချေ။ ။ ဟေး………နင် စီကာလိပ်သောက်ချင်ကေ ငါ့ကိုပြောဘနာ သောက်လို့ရစွာရာမလား၊ ခိုးသောက်စရာကားမလို။ ဒေဆိုင်မာ နင် ဇာစားစား ကြိုက်စွာကို ယူစားလို့ရရေ။ ခိုးစား စရာမလိုလတ်။

အကျွန်။ ။ ယော်…မဟုတ်စွာကို မပြောကေ့လေ့ အဘောင်ချေ။ ယင်းပိုင်အလုပ်တိကို စိတ်တောင်မကူးဖူး။ မဟုတ်စွာကိုချက် မပြောကေ့။ ယင်းပိုင်ငြင်းနီဂတ်ယင်း ဟြက်လေ့ဟြက်၊ ဒေါသလေ့အတုံးလိုက်ထွက်၊ မျက်နှာတိနီပြီးကေ အသားတိတောင် တုန်ပါလတ်တေ။ ဖြစ်နိုင်ကေ ယင်းဆိုင်တဆိုင်လုံးကို ဖြိုသတ်ပလိုက်ချင်စိတ် ပေါက်ပါလတ်တေ။ ယကေလေ့ အဘောင်ချေက မတံ့။ မျက်နှာသီချေနန့် ဆက်ပြောရေ -

အဘောင်ချေ။ ။ ငါ မဟုတ်စွာကို ပြောဖို့လား၊ နင်ခိုးသောက်စွာကို မြင်ရေလူဟိလို့ ငါ့ကိုလာတိုင်လို့ ငါပြောစွာ။

အကျွန်။ ။ ယကေ ဇာသူမြင်လဲပြော….(ဒေါသက အထွဋ်အထိပ်ကိုရောက်နီပြီးကေ ယင်းအချိန်က ဂြိုးကျောက်သိမ့်လား၊ မကျောက်ယာလားဆိုစွာတောင် မမှတ်မိလိုက်ယာ)

အဘောင်ချေလေ့ ဘေးဘီဝဲယာ ကြည့်ပလိုက်ပြီးကေ ဆိုင်ဖက်ကိုလာနီရေ (ယင်းအချိန်က ပုလိပ်နယ်ထိမ်း In-charge သား) ရွယ်တူအကောင်ချေကို လက်ညှိုးထိုးဘနာ “ထော…….ယင်းသူပြောရေယေ” လို့ ပြောလိုက်စွာနန့် အကျွန်ဆိုင်ထက်ကခုန်ဆင်းဘနာ ယင်းသူ့ပါးကို ဒုံးသီးပိုင်ပြီးပါလားပြီးကေ ဟိ့သမျှအားနန့်ဇကုန်သတ်ပလိုက်တေ။ အဘောင်ချေ နောက်က “ဟိုက်…ဟိုက်…မဟုတ်…မဟုတ်….ငါ အလကား ပြောစွာရာ”လို့ အော်ရေအသံကို ဂရုစိုက်ဖို့ အချိန်မရခ။ ယင်းသူလေ့ ဘုမသိ ဘမသိနန့်အသတ်ခံရခါ နောက်ဆုံး(၂)ယောက် ထွီးဘနာသတ်ပလိုက်ကတ်စွာ ဘေးနားကလူကြီး(၃-၄)ယောက် မနည်းဖျိုင်လိုက်ကတ်ရရေ။

နောက်ဆုံး သတ်ပွဲပြီးခါ အကျွန့်ပါပါရောက်လာဘနာ ဇာဖြစ်ကတ်စွာလဲလို့မီးခါ အဘောင်ချေက “ ယင်းသူ ဂြိုးကျောက်နီစွာမြင်လို့ ဂြိုးကျောက်ပျောက်လားအောင် လုပ်စွာ” လတ်။ ပါပါကလေ့ ပြန်ပြောရေ..“ အရီးမာ ဂြိုးကျောက်ပျောက်စွာကား ဟုတ်ယင့်…ဆီးရုံတိ၊ ဂါတ်တိရောက်လားဂတ်ဖို့အတပ်….မရောက်လားစွာကံကောင်းသိမ့်ရေ”လတ်။



အေမာဟိနီဂတ်တေ ညီအကိုမောင်နှမတိလေ့ ဂြိုးကျောက်ကေ ဒေနည်းနန့်စမ်းကြည့်ကတ်ပါ။ လုံးဝပျောက်ကြောင်း လက်တွိအာမခံဘာသည်။ ဂြိုးကျောက်ပျောက်ပြီးကေ နောက်ဆက်တွဲဖြစ်လာစွာကိုတော့ တာဝန်မယူနိုင်ဘာ…..။

အားလုံးပျော်ဟြွင်နိုင်ဂတ်ဘာဇီ………..



Free4waddy