torsdag 10. desember 2009

ဘိလပ်ပြန် ဖားချေအဖိုးနန့် အင်္ဂလိပ်စာ

အင်္ဂလိပ်ခေတ်မာ ဖါးချေအဖိုးကို အင်္ဂလိပ်တိက ဟိုခိုင်း၊ ဒေခိုင်း ခိုင်းဖို့ ခေါ်ထားယင်း သံယောစိုင်ဖြစ်လားပနာ ဘိလပ်ကိုအလည်လိုက်ဖို့ ခေါ်လားခရေလတ်။ ဖါးချေအဖိုးက အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား တလုံးလေ့ မတတ်ဘဲ ဖလိသတ်၊ ဖလာသတ်နန့် အင်္ဂလိပ်တိနောက်က လည်ဖို့လိုက်လားခရေလတ်။ ရွာမာကျန်လိုက်တေ မိသားစုတိ၊ မိတ်ဆွေတိကလေ့ ကဂေါင်းကြောင့်ကြဘနာ ကျန်လိုက်ကတ်တေလတ်…
တလလောက်ကြာလို့ ပြန်ရောက်လာရေဆိုစွာနန့် ကျန်လိုက်ကတ်တေလူတိက ၀ိုင်းလာပနာ “အခင်…အင်္ဂလိပ်စကားတလုံးလေ့ မတတ်ဘဲနန့် ဘိလပ်ကိုလားခီစွာ ကဂေါင်းဒုက္ခရောက်ခဘာဖို့ဟံ…”ဆိုဘနာမီးကတ်တေခါ ဖါးချေအဖိုးက ဇာပြန်ပြောလိုက်လဲဆိုကေ…”အူး..ငါ ဒုက္ခရောက်ဖို့ မဆိုကေ့….ငါတခုပြောလိုက်တိုင်း ယင်းသူရို့ဂျေးယာ ခခဲမွိပနာ ဒုက္ခရောက်လားခဂတ်ယင့်…ငါ တခုတောင်မဖြစ်”ဆိုပြီးကေ ပြောလိုက်ပါရေလတ်။

ယင်းဇူးနန့် အင်္ဂလိပ်တိလေ့ ခခဲမမွိရအောင်၊ ရခိုင်တိလေ့ ခခဲမမွိရအောင် အေမာဟိနီကတ်တေလူတိမာ သားချေ၊ သမီးချေ ဟိလူလေ့ပါကတ်ဖို့ထင်ဘာရေ။ မဟိကတ်တေ လူတိမာလေ့ တူချေ၊ တူမချေတိ ဟိကတ်ပါဖို့။ ယင်းပိုင်လေ့ မဟိကတ်ဆိုကေကိုယ့်ပါတ်ဝန်းကျင်မာဟိနီကတ်တေ အဘုချေတိကို အေပိုင်တခေါက်ချေ လုပ်ကြည့်ကတ်ပါကား။ လူတိုင်းလေ့ သိရေ၊ လူတိုင်းလေ့ လုပ်နိုင်ပါရေ။ (အတွက်ဖော်ပီးစွာပါရာ)

(၁) အဘုချေတိကို တရက်မာ အင်္ဂလိပ်စာ ဝေါဟာရ (၅)လုံးလောက်စီ ပုံမှန်ရအောင် အလေ့အကျင့် လုပ်ပီးပါ။ (အချေကပင် အလွတ်ရထားရေ စကားတလုံးကို (၁၀)နှစ်လောက် ပြန်မဖတ်ဖြစ်ကေတောင် အလွယ်ချေနန့်ပြန်အတွက်ပေါ်ပါရေ။)
(၂) ကိုယ်ရို့လားနီကျ၊ လာနီကျလမ်းမာဟိရေ ဆိုင်နာမေတိ၊ လမ်းနာမေတိ၊ ဟော်တည်နာမေတိ အစဟိသဖြင့် အင်္ဂလိပ်ပိုင်ရွီးထားကေ ယင်းချင့်တိကို ရခိုင်ပိုင်သိအောင်လုပ်ပါ။ (တခါသိအောင်လုပ်ထားစွာနန့် ယင်းနီရာကိုရောက်တိုင်း ယင်းစကားလုံးတိကို ပြန်အတွက်ပေါ်နိုင်ဘာရေ)
(၃) ကိုယ်ရို့နိစိုင်သုံးနီကျ အသုံးအဆောင်တိထဲကလေ့ အင်္ဂလိပ်ဝေါဟာရတိကို ရခိုင်ပိုင်သိအောင် လုပ်လို့ရနိုင်ဘာရေ။
(၄) ကိုယ့်အိမ်မာဖြစ်ဖြစ်၊ အခန်းမာဖြစ်ဖြစ် ကိုယ်ရို့အတွက်အသုံးတည့်ဖို့ဝေါဟာရတိကို စာလုံးအကြီးသန်နန့် ရွီးပနာကပ်ထားပါ (တကူးတကဖတ်စရာမလိုဘဲ အလွတ်ရလားဘာလိမ့်မေ)။

နံပါတ်(၁)ကတော့ ပါပါက ကျနော်ရို့တိကို လေ့ကျင့်ပီးခစွာကို မျှဝီပီးလိုက်စွာဘာ။ တခြားစွာတိကတော့ ဘ၀တက္ကသိုလ်က သင်ပီးလိုက်စွာတိဘာ။ အေချင့်ကို ရခိုင်သူရခိုင်သားတိကို မျှဝီပီးယင်း ကျေးဇူးသျှင် မေမေနန့် ပါပါကို ရှိခိုးကတော့လိုက်ပါရေ….။

Free4waddy

tirsdag 17. november 2009

လူဆိုးနန့် အမှန်တရား

တခါက တရားရုံးတခုမာ….လူသတ်မှု၊ မုဒိန်းမှု၊ ခိုးမှု၊ ဓါးပြမှု အစဟိရေ အမှုပေါင်းသောင်းခြောက်ထောင်နန့် တရားခံတယောက်ကို အမှုစစ်တေ။ အမှုတိကို အားလုံးစစ်လို့ပြီးစွာနန့် တရားသူကြီးက
“အေး..မောင်မင်းကို ဒေအပြစ်ဒါဏ်တိ သက်သာအောင် နောက်ဆုံးအခွင့်အရေးပီးရေ အနီနန့် ရှေ့နေငှါးဖို့ဆိုဂေ ငှါးခွင့်ပြုရေ…” လို့ ပြောလိုက်တေ။
တရားခံက “အကျွန်ရှေ့နေ လုံးဝမငှါးဘာ” ဆိုဘနာ ချက်ချင်းပြန်ဖြေရေ။ တရားရုံးတရုံးလုံး ကဂေါင်းအံ့သြလားခဂတ်တေ။ တရားသူကြီးက ဇာဖြစ်လို့ မငှါးစွာလဲလို့ ထပ်မီးရေခါ တရားခံက “ဘ၀မာ ကျနော်ကျူးလွန်ခသမျှပြစ်မှုတိအားလုံးကို အမှန်အတိုင်း ၀န်ခံဖို့ဆုံးဖြတ်ထားပါရေ”………လတ်။

ဂနိ ကျနော်ရို့ပတ်ဝန်းကျင်မာလေ့ ဖေ့သာချမ်းသာလို့ပင်ဖြစ်ဖြစ်၊ ပညာတတ်လို့ပင်ဖြစ်ဖြစ်၊ ထုံးတမ်းစိုင်လာအရပင်ဖြစ်ဖြစ် လူအများက ယေဘူယျအားဖြင့် လေးစားအထင်ကြီးခံရရေလူတိစွာ တခါတရီမာ လူအများက လူဆိုး၊ သူခိုးအထင်ခံနီကတ်ရရေ လူတိလောက်တောင် အမှန်တရားကို တန်ဖိုးမထားတတ်စွာတိ ဟိတတ်ပါရေ။

ယေဇူးနန့် ရခိုင်သူ၊ ရခိုင်သားအားလုံး ကိုယ်ရို့ရုန်းကန်လှုပ်ယှား ဟြင်သန်နီဂတ်ရရေ ပါတ်ဝန်းကျင်မာ အမှန်တရားကို မြတ်နိုးတန်ဖိုးထားတတ်တေလူတိနန့် မုသ၀ါဒ သမားတိကို ခွဲခြားမြင်နိုင်ကတ်ပါစီ………။

Free4waddy

AMP Chat room အမီးအဖြေကဏ္ဍ

ညက အေအမ်ပီ ချက်ရုန်းမာ စကားပြောကတ်နီကတ်ယင်း ကလိမေသျှေတယောက်က မီးခွန်းတခုမီးလာရေ။ ယကေလေ့ ယင်းအချိန်မာ ချက်ချင်းပြန်ဖြေဖို့မရခဘာ။ ဇာဖြစ်လို့လဲဆိုကေ မီးရေကလိမေသျှေကလေ့ ကြက်ချခုတ်စားထားလားမသိ…အဆက်မပြတ်မီးစွာကတကြောင်း၊ အကျွန့်မာလေ့ လုပ်စရာစိချေ ဟိနီစွာကတကြောင်း၊ အင်္ဂလိပ်စာမတတ်စွာလေ့တကြောင်း…..နန့် အကြောင်းပေါင်းများစွာကြောင့် မဖြေပီးနိုင်ခဘာ။ ဂနိအချိန်ရလို့ သူ့မီးခွန်းကိုအေမာဖြေပီးလိုက်ပါရေ….။

အမီး။ ။ ရခိုင်ပြည်ကို ဗမာတိလေ့တိုက်ခရေ၊ အင်္ဂလိပ်တိလေ့ တိုက်ခရေ။ မုန်းစရာဟိကေ အင်္ဂလိပ်ကိုပါ ဗမာကိုပါ မုန်းရဖို့။ အဂု ရခိုင်တိက အင်္ဂလိပ်ကို မမုန်းဘဲ ဗမာကိုမ ဇာဖြစ်လို့ရွီးပြီးကေ မုန်းကတ်စွာပါလဲ?

အဖြေ။ ။ မသျှေမီးခွန်းကို အစ်ကို ဓါးမြ(၂)ကောင်နန့် ဥပမာသျှေတခု ပြောပြမေ။

ပထမ ဓါးမြတကောင်က မသျှေရို့အိမ်ကို ဓါးမြတိုက်တေ။ ပြီးကေ အဖကိုလေ့သတ်တေ၊ အိမ်ကိုလေ့မီးတိုက်ပစ်ခရေ။ အီးယောင်ကိုလေ့ အားဓမ္မသိမ်းပနာ မိသားစုတခုလုံးကို ပထွီးဘ၀နန့် အုပ်ချုပ်တေ။
နောက်တခါ အိမ်မာ ဘိုးစိုင်ဘောင်ဆက် ကိုးကွယ်ထားရေ ဘုရားကိုလေ့ သူ့အမျိုးတိဟိရေ ရွာကိုပို့ပလိုက်တေ။ အဖိုးသျှင်၊ အဘောင်သျှင်ရို့ကိုလေ့ မတရားသဖြင့် သတ်ပလိုက်တေ။ အိမ်မာဟိသမျှ အမွီအနှစ်တိကို ချင်ပိုင်ဖြုန်းတီးနီကေလေ့ မသျှေရို့အိမ်သားတိကို ထမင်းချေတလုပ်တောင် ၀အောင်မကျွေး….ညီသျှေ၊ ညမသျှေတိ ၀မ်းဆာလို့ ငိုကေ ဆဲရေ၊ သတ်တေ…..နိစိုင်နန့်အမျှ…..။

ဒုတိယ ဓါးမြတကောင်က မသျှေရို့ရွာကို ၀င်ဘနာဓါးမြတိုက်လားခရေ။ မသျှေရို့ မိသားစုလေ့ တရွာသားလုံးခံပိုင် ခံလိုက်ကတ်ရရေ။ ယေလေ့ ယင်းဓါးမြက သူလိုချင်စွာရပြီးစွာနန့် ရွာကပြန်ထွက်လားခရေ….ယင်းချင့်ကတော့ ကြာယာ။

ဒေ ဓါးမြ (၂)ကောင် အကြောင်းကို အသေအချာစိုင်းစားကြည့်ကေ မသျှေမီးရေ မီးခွန်းကို မသျှေကိုယ်တိုင် သိလာပါလိမ့်မေ…..
Free4waddy

tirsdag 10. november 2009

နယ်စပ် ကျောင်းဆရာ ဘဝ
ဆက်သွယ်ရေး သင်တန်း


နယ်စပ် ကျောင်းဆရာဘဝ
ခရစ်စမတ်

ခရစ်စမတ်




(၂၄) နှစ်မြောက် အာဇာနီနိ အခမ်းအနား














At office







Bagio in Philippine with the Philippine girls at the International Indigionous Youth Conference
Arakan Youth Conference in Thailand
Recording at ENS


With Arakanese Leaders











onsdag 4. november 2009

" လွတ်လပ်ခြင်း" ဖိတ်ခေါ်ကဗျာပြိုင်ပွဲ

၂၂၅ နှစ်မြောက် အဖရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနိန့်အထိမ်းအမှတ်
“လွတ်လပ်ခြင်း” ဖိတ်ခေါ်ကဗျာပြိုင်ပွဲ

# ဇာသူမဆို ၀င်ရောက်ယှဉ်ပြိုင် နိုင်ပါရေ။
# ရခိုင်စာ အရွီးအသား ဖြစ်ရပါဖို့။
# စာမူတိကို ဒီဇင်္ဘာလ(၂၅) ရက် ခရစ်စမတ်နိထိ နောက်ဆုံးထားလို့ လက်ခံလားဘာဖို့။
# ဆုရရေ ကဗျာကို ဒီဇင်္ဘာလ (၃၁)တရက်နိန့် ညဇာဖက် ကြော်ငြာပီးလားဘာဖို့။
# ဆုကြေး မတည်ထားရေဖေ့သာ ၁၀၀ ၀၀၀ ကျပ် (တသိန်းကျပ်)။ (စိတ်ဝင်စားရေလူတိက တတ် နိုင်သလောက် ဖေ့သာထည့်ပီးဂတ်ဖို့ဆိုကေ ဆုငွေပိုလာနိုင်ဘာရေ။ ဆု အမျိုးအစားတိလေ့ ပိုလာ နိုင်ဘာရေ။

ဒုတိယ အဆင့်အနီနန့်…..
အဆင်ပြေရေအချိန်မာ ပြိုင်ပွဲဝင်ကဗျာတိကို စာအုပ်အဖြစ် ထုတ်ဝီလားပါဖို့။

ဒေအစီအစိုင် ပိုပြီးကေအသက်ဝင် ဟြင်သန်လာအောင် ညီအကို မောင်နှမတိအားလုံးကို တတူတူ လက်တွဲလုပ်ကတ်ဖို့ ဖိတ်ခေါ်ဘာရေ။
- လူအား
- ဖေ့သာအား
- အကြံဥာဏ်အားတိ အားလုံးကို စောင့်နီဘာရေ….။


“ရခိုင်စာပီ ပြန်ဟြင်သန်လာရဖို့”

onsdag 28. oktober 2009

To

သို့
ဒေပြိုင်ပွဲမာ
မင်း အနိုင်မယူချင်ခဆိုဂေတောင်
ငါ ရှုံးရေ…ဆိုရေစကားကို
ကျေးဇူးပြုလို့ လက်ခံပီးဘာ ချစ်ရသူ………။
ဒူးထောက်၊ လက်မြှောက်
ဖဗြားမှောက်အောင်ထိ
အချစ်နန့် ဘ၀ကို
ငါ…. စပ်တမ်း ကဇက် ခရသူဘာ……..။
မဖြေသာ
ဝေဒနာ ရင်မာ မယှိ(ချိ)ကေလေ့
မင်း..မသာယာရေစိတ် မဖြစ်လားရအောင်
ဟန်ဆောင်နီခရသူဘာ......။
ငါ့ထိုက်နန့် ငါ့ကံဆိုကေလေ့
တောင်းဆိုခွင့်တခု ရခဖို့ဆိုဂေ…..
နောက်ဆုံးဖြစ်ဖြစ်
အောင်နိုင်သူ အပြုံးနန့်ဖြစ်ဖြစ်
သမင်လိုင်ပြန်သျှေဖြစ်ဖြစ်
တချက်ချေ ”စိုက်ပြီး”ကြည့်ခဘာ….။
ငါ ကျေနပ်စွာ ကြီကွဲစွာ
ငေး….ကျန်လိုက်နီချင်သိမ့်ရေ…….။
Free4waddy05:44 am Wed 2009

onsdag 7. oktober 2009

Share မထည့်မိလို့........

ဖါးချေတယောက် ဂနိမိုးထဖက် ဘူးသီးတောင်သင်္ဖောနန့်လိုက်ရဖို့မှန်း သိဂေလေ့ အိပ်ရာထနောက်ကျလားခရေ။ အိပ်ရာဒရုန်းဘရုန်းထဘနာ မျက်နှာသစ်၊ သွားတိုက်ပြီးကေ လမ်းမာတွိရေ ဆိုက်ကားတစီနန့် သင်္ဖောဆိပ်ကိုဆင်းပါလတ်တေ။ သဖောင်္ဆိပ်အ၀ကိုရောက်စွာနန့် ဆိုက်ကားထက်ကခုန်ဆင်းပနာ ဖောင်တော်ဖက်ကိုပြီးယင်း လက်ကနာရီကို လှမ်းကြည့်လိုက်တေ။ လက်မာ နာရီမပါလတ် မိကျန်ခယာ။ ဘေးနံကြည့်ပနာ အနားမာတွိရေ ၀ါကြီးတလုံးကို
” အခင်ကြီး...ဇာနှစ်ချက်တီးပါယာလဲ မသိ”
လို့ မီးလိုက်တေ။ ယေခါ ၀ါကြီးက ဒေါသဟဟုန်းထွက်ပျာ
” မပြောဝေး”
ဆိုဘနာ ပြန်ဟောက်ပလိုက်တေ။ ဖါးချေစကေတော့ လန့်လည်းလန့်လားရေ၊ ဟြက်လေ့ဟြက်လားခရေ။ နောက်ဆုံး အဟြက်ပြေချေနန့်......”ယော်.....အခင်ကြီးကလေ့ နာရီတချက်ချေ မီးစွာကိုပင်....ဇာဖြစ်လို့မပြောချင်စော်ဘာလဲ” လို့ မီးလိုက်တေ။ ၀ါကြီးက ဖါးချေမျက်နှာကို စဇိကြည့်ဘနာ ပြန်ပြောလိုက်စွာက ” ငါ..နာရီဝယ်ခါ..မင်း ဖေ့သျှာတပြားထည့်လို့လား” လတ်........။

free4waddy
အားလုံးပျော်ဟြွင်နိုင်ကတ်ပါစီ

fredag 25. september 2009

နောက်ဆုံးပေါ် ရခိုင် Rap သခြင်း

လွတ်လပ်ဖို့အတွက် ပြောဆိုဆွေးနွေး.....
စကားဝိုင်းက..ပြန်ထ..
မိကျ..
တခါလေ့ မရ....

Cho: ( ရခိုင်သားမာ အချေခါ ရရိုးချေရာ.......... ကြီးခါစင်စစ်........အောက်ချီးနောက်လိုက်)၂

စည်းလုံးရေးအတွက် ဆွေးနွေး...
နောက်က မယားကို လှမ်းဗျာလ်ဆဲ...
ကွဲပြဲ...
တခါလေ့ မမြဲ...

Cho: (ရခိုင်သားမာ အချေခါ ရရိုးချေရာ..........ကြီးခါစင်စစ်.......အောက်ချီးနောက်လိုက်)၂

အမျိုးသားရေး ဗန်းပြ....
တောင်းလိုက်တေ ဖေ့သာ မရမက....
မပီးရေလူ မဆလ
ဟာ ဟ....ရီရ.....

Cho: (ရခိုင်သားမာ အချေခါ ရရိုးချေရာ.........ကြီးခါစင်စစ်....အောက်ချီးနောက်လိုက်)၂

အမျိုးသားညီလာခံကျင်းပ........
ဆားမရ ရီမရ........
နောက်ဆုံးမာ ဗျ.....
ဟန်ပြ......

Cho: (ရခိုင်သားမာ အချေခါ ရရိုးချေရာ........ကြီးခါစင်စစ် အောက်ချီးနောက်လိုက်)၂

(ကဗျာမဟုတ်ပါနှင်း......Rap သခြင်းဖြစ်လို့ သခြင်းပိုင်ဆိုပနာ ဖတ်ကတ်ပါ....ဟီဟိ)

free4waddy

onsdag 23. september 2009

တခါလေ့ အရက်မစွဲရေလူ

တရက်နိ ”အရက်နန့် ကျန်းမာရေး” ဆိုရေ ဆွေးနွေးပွဲတခုကို ဟော်တယ်တခုမာလုပ်နီကတ်တေ။ ယင်းဆွေး နွေးပွဲမာ အရက်နန့်ပါတ်သက်လို့ ကျန်းမာရေးပညာပီးအဖွဲ့တိ၊ အရက်ထုတ်လုပ်တေ ကုမ္ပဏီပိုင်ရှင်တိ၊ အ ရက်သောက်တတ်တေလူတိ လူတန်းစားအစုံပါကတ်တေ။

ဆွေးနွေးပွဲစရေဆိုစွာနန့် အရက်နန့်ပါတ်သက်လို့ ဆိုးကျိုး၊ ကောင်းကျိုး၊ သူ့အမြင်၊ ကိုယ့်အမြင်တိကို အပြန် အလှန်ဆွေးနွေးကတ်တေ။ ဆွေးနွေးကတ်ယင်းနန့် အရက်ကိုဇာပိုင်သောက်ကေ စွဲတတ်တေဆိုရေအပိုင်း ရောက်ပါလတ်တေ....ရရောင်းသတ်လို့ ငြင်းဂတ်ခုန်ဂတ်တေ အသံတိဆူလာရေခါ ဆွေးနွေးပွဲစလောက်ပင်တ ခွန်းလေ့ဝင်မပြောဘဲ နောက်ဆုံးခုံမာထိုင်ငိုက်နီရေ ၀ါကျီးတလုံးနိုးကျလားခရေ။ နိုးစွာနန့်ချက်ချင်း လက် ထောင်လာပနာ....

”ကျနော်တခုလောက် ပြောချင်ပါရေ၊ အရက်စွဲရေဆိုစွာကို ကျနော်လုံးဝလက်မခံပါ”

”ဇာဖြစ်လို့ အေပိုင်ပြောနိုင်စွာပါလဲ” လို့ တခြားလူတိက ပြန်ပနာမီးကတ်တေခါ ယင်းဝါကျီးက

” ကျနော် အရက်ကို မိုးထဖက်မျက်စိနှစ်လုံးပွင့်လောက်ကပင် နီတ၀င်သောက်လာစွာ နှစ်ပေါင်းကောင်းကြာ လာပါယာ.....ကျနော်တခါလေ့ မစွဲပါကား....................လတ်”

မကြီကွဲဝံ့ပါ....

ဒေ အက္ခရာတိ
ကဗျာမကျ
စာမလှဘဲ
ကျိန်စာ ဖြစ်ခရကေတောင်။

အော်....ချစ်ရသူ

မင်းအတွက် ငါ
အခါတရာမက
ကျိန်ပြ၀ံ့ရေ
ငါလေ..... ”တခါမကြီကွဲဝံ့ပါ”........။
၁၂နာရီ ၅၀ မိနစ်။ ၂၃၊ ၉၊ ၂၀၀၉။

lørdag 19. september 2009

င၀ါခေါင် အောက်ချီး

တခါက ကယန်း(ပဒေါင်)တိနီရေ ရွာတရွာနားမာ ဗမာစစ်တပ်ကားတစီး တောင်ထက်ကနီ ဘြိတ်ပေါက်ပနာ မြောင်ထဲကိုထိုးကျလားခရေလတ်။ ယေခါ ကားဒရိုင်ဘာက အပါးဆုံးကယန်း(ပဒေါင်)ရွာ တရွာမာလားဘနာ ”ကျနော့်ကား”မှောက်”လားခလို့ တချက်ချေအကူအညီပီးကတ်ပါ”လို့လားပြောရေ။ ရွာသားတိကလေ့ အားတက်သရောနန့် ဒုက္ခရောက်နီကေ ကူညီရဖို့နန့်ရာဆိုဘနာ လူတိစု၊ လိုအပ်စွာပစ္စည်း၊ ပစ္စယတိကို ယူပြီးလိုက်လာကတ်တေ။
ကားထိုးကျလားခရေတောင်ထက်ကိုရောက်လို့ ကားကိုလည်းလှမ်းမြင်ရခါ ကူဖို့လိုက်လာရေ ကယန်းတိက ဒရိုင်ဘာကို ဆဲလူဆဲ၊ သတ်ဖို့ပုတ်ဖို့ပျင်လူကပျင် ဖြစ်လာကတ်တေ။ယေခါ ဒရိုင်ဘာက
”ဇာဖြစ်လို့လဲ ငါအေလောက်ဒုက္ခရောက်နီစွာကို မကူညီကတ်ဘဲနန့် ငါ့ကိုရာတခု ဆဲလူဆဲ၊ သတ်ဖို့ပျင်လူပျင် လုပ်နီကတ်တေဂါ” လို့ မီးလိုက်တေ။
ယေခါ အောက်သားစကားတတ်တေ ကယန်းလူကြီးတယောက်က
”မင်း ငါရို့ကိုဝါရေ” ဆိုပနာပြန်ပြောရေ။
ဒရိုင်ဘာက ”ဇာက၀ါခီဖို့လဲ..ဟိုမာမမြင်လား ကားမှောက်နီစွာကို” ဆိုပနာ လက်ညှိုးထိုးပြရေ ။
ယေခါ ယင်းဝါကျီးက ” ယော် မင်း အေလောက်မျက်စိဟြိမာ ကြဲဒေးကြောင်တောင် မြင်နီရစွာကိုတောင် အရာဝါနီသိမ့်ရေ မနားယေ......မင်း ပြောခါ မင်းကားမှောက်နီရေဆို...အဂု မင်းကားက ထလန်းဂါး(ပက်လက်)လန်နီစွာရာမြင်ရေ။ လုံးဝ မကူညီပီးဝေး မင်း..င၀ါခေါင်” ဆိုပနာ အားလုံးရွာကိုပြန်လားခကတ်တေလတ်..............။
အားလုံးပျော်ဟြွင်နိုင်ဂတ်ပါစီ.........။(ကယန်းလူမျိုး အသိတယောက်ပြောပြဖူးစွာကို ညီအစ်ကိုမောင်နှမရို့ကို ပျော်စီချင်လို့ မျှဝီပီးလိုက်စွာဘာရာ.....အားလုံးကိုကျေးဇူးတင်ပါရေ။
free4waddy

torsdag 17. september 2009

ဘဦးနန့် မိုးနတ်သား

ဘဦးဆိုရေလူက အချေကပင် စိတ်တိုတတ်စွာ ရွာမာနာမေကျော်။ ဂုတလိုင်း မိုး ကိုစိတ်တိုနီစွာ ကြာယာ။ ထို တရက်နှစ်ရက်ကလေ့ ငါးဟြာဖို့လားစွာ ခမောက်မပါလီလို့ ဟြာဖို့မရခဘဲ ဘဘြန်းတုန်ဘနာ အိမ်ပြန်ရောက် ပါလတ်တေ.......မိုးနှိပ်စက်လို့။ဂနိလေ့ မိုးထက အိမ်ကထွက်ဖို့ပျင်ခါ နီကကကြဲတောက်လို့ပူနီရေ။
ယင်းဇူးနန့် ဟင်းချေ ကျီးချေ တထပ်စာလောက်ရဖို့လားဆိုဗျာ ခမောက်ကိုမယူခဘဲ တောနားတောင်နား ယောင်ပါလတ်တေ။ ရွာပြင်ကိုထွက်လို့ စကေလောက်ရောက်သိမ့်ရေ..မိုးက ဘဦးဟိရေဖက်ကိုဦးတည်ပနာ တောင်နားယောင် ရွာပါလတ်တေ။ဘဦးစိတ်ထဲမာ ”အော်...အေမိုး.ငါ့မာ ခမောက်မပါမှန်းသိလို့ ငါ့ကိုသတ် သတ် ဒုက္ခလိုက်ပီးရေဆိုဘနာ” ကဂေါင်းဒေါသထွက်လားရေ။ ရွာကိုပြန်ပနာ ခမောက်ယူဖို့လေ့ အချိန်မရ လိုက်ယာ။ နောက်ဆုံး.....မိုးဘားမာအရှုံးမခံချင်စွာနန့် ယင်းရွာလာရေမိုးကို အားရဗရ တခွန်းဆဲဆဲဘနာ ”(အဝေး....(ပစကြမ်း)....မိုး.....မင်းဘားမာတော့ အစွတ်မခံနိုင်ဝေး အေမာကြည်လီကား”
”ဂျုံး................”
အနားမာဟိရေ ကန်းဘိုင်တခုထဲကို ခုန်ဆင်းပလိုက်တေ။ ပြီးကေ ကန်းဘိုင်ထဲက မိုးကိုအနိုင်ယူထားရေ မျက် နှာနန့် စောင့်ကြည့်နီရေ။ ကြည့်နီယင်း...ကြည့်နီယင်းနန့် မိုးက တောင်စိုင်အတိုင်းရွာလားဘနာ တံ့လားခ ရေ......ဘဦးဟိနီရေ ကွင်းပြင်အနားကိုမရောက်ခ.........။ ဘဦး ကန်းဘိုင်ထဲက ပြန်တက်ပနာ မိုးကိုကော်နှက် ပလိုက်စွာ..... လယ်ကွင်းထဲမာဟိရေ ကျွဲတိ၊ နွားတိ ပဒုံးထောင်ပနာ တောင်စိုင်ရီမရ ပြီးနီလီကတ်ယက်........)(ရခိုင် ခမောက်နန့် အောက်သားခမောက် မတူပါကား)လာဖတ်ကတ်တေလူတိကို ကျေးဇူးတင်ပါရေ........။
free4waddy

torsdag 10. september 2009

အကို ထိုင်ဖို့ဆိုဂေ....

ရပ်ကွက်ထဲ၊ မြို့ထဲမာ ဖါးချေဆိုရေအကောင် မကြိုက်၊ မျက်စိမကျရေ ကလိမေသျှေလို့ မဟိ။ မြင်ကေ အားလုံးကို ကြိုက်တေ၊ လိုက်ဘနာရည်းစားစကားပြောရေ။ ”မရကေအရင်း၊ ရကေအမြတ်” ဆိုစွာက သူ့လက်သုံးစကား။

ဂနိလေ့ ဖါးချေတယောက် တယောင်ယောင်နန့် လ္ဘက်ရည်ဆိုင်ဖက်ကို ထွက်ပါလတ်တေ။ ဆိုင်နားကိုမရောက်ခင် စကေအလိုမာ ဟြိက ကလိမေသျှေတယောက် နီကာမျက်မှန်တပ်လို့ ဇကုန်ဆင်ဘနာ ဆိုင်ထဲဝင်လခစွာကို ရိပ်ခနဲမြင်လိုက်တေ။ ဖါးချေလေ့ နောက်ယောင်ခံဘနာ ဆိုင်ထဲကိုလိုက်ဝင်လိုက်တေ။ မဟုတ်တကွန်ချေနန့် ယင်းကလိမေထိုင်နီရေခုံနားကို ကပ်လခပြီးကေ ဘေးကခုံလွတ်တလုံးကို ....
”မ.... ဒေခုံအားပါလားမသိ”
”အားပါရေ အကို”

ဖါးချေ မှိုရရေမျက်နှာနန့် ခုံမာထိုင်ဖို့ ပျင်စွာနန့် ယင်းကလိမေချေက ထပ်ပြီးကေ” အကိုထိုင်ဖို့ဆိုဂေ ဒေခုံလေ့ အားပါဖို့ဒေ” လို့ သူထိုင်နီရေခုံကို လက်ညှိုးထိုးပြဘနာ ဘေးက စပွဲထိုးချေကို လှမ်းမီးလိုက်တေ....
”မောင်ချေ အေမာ ဇာလောက်ကျလဲလတ်”...............
(စိတ်ကူးနန့် ပုံဖော်ပြီးကေ ဖတ်ကြည့်ကတ်ပါ။ အားလုံး ပျော်ဟြွင်နိုင်ဂတ်ပါစီ....)

lørdag 5. september 2009

သတ်ဖို့ မလိုယာ

တရက်နိ ညီအစ်ကိုနှစ်ယေက် ရွာနားကလယ်ပြင်မာ နွားတတူကျောင်းနီကတ်တေ။ နွားကျောင်းနီယက်ပင်း တောပုတ်ချေအကွယ်က ကန်းသင်းဘေးမာ အစ်မသေနန့် မြို့ကလည်ဖို့ရောက်နီရေ အာဂန္တုအကောင်တ ကောင်နန့် ချိန်းတွိနီကတ်စွာကို လားမြင်ကတ်တေ။ ယေခါ အစ်ကိုအကြီးက မကျေမနပ်ဖြစ်ပြီးကေ ညီသေကို -
”အဝေး ညီချေ…မင်း သူရို့နှစ်ယောက်ကိုကြည့်ထားလိုက်…မပျောက်စီကေ့။ ငါရွာထဲက အမျိုးတိကိုလားတိုင် ပစ်ခီမေ” ဆိုဘနာ ထွက်လားခရေ။

တနားနီကေ ရွာထဲကအမျိုးတိ အဆွီတိ ဒုတ်တိ၊ ဓါးတိကိုင်ပြီးကေ သတ်ဖို့လိုက်ပါလတ်ကတ်တေ။ လူတိသတ် ဖို့လိုက်လာစွာကိုမြင်ခါ အစောင့်ကျန်ခရေ ညီသေစွာ ခြုံပုတ်နောက်က ထွက်လာဘနာ သတ်ဖို့လိုက်လာရေ လူတိကို ဟန့်လိုက်တေ။ ” ယင်း မြို့ကလာရေဂိုးဂိုကို မေးမေ အောက်ကနီဘနာ လိုင်စိကိုညှစ်သတ် ထားစွာ ဂုဆိုကေ ဒယောတိတောင်ကျွတ်လို့ …တင်သားချေတခုရာ လှုပ်နိုင်ယာ၊ သတ်ဖို့မလိုယာ ပြန်လီကတ်ဖိ” လတ်။ ။
အားလုံးပျော်ဟြွင်နိုင်ကတ်ပါစီ…..။

lørdag 13. juni 2009

ဆရာကြီးပါမောက္ခ ဒေါက်တာအေးကျော် မိန့်ခွန်း

ပါမောက္ခ ဆရာကြီးဒေါက်တာအေးကျော်၏
ပထမအကြိမ် နိုင်ငံတကာ ရခိုင်အမျိုးသားအသင်း (ဥရောပ) ဋ္ဌာနခွဲ ပထမအကြိမ်ညီလာခံဖွင့်ပွဲမိန့်ခွန်း


WAO (ဥရောပ)က ကမကထလုပ်ပြီးကေ ဆောင်ရွက်တေ အေပွဲမာ ကျနော့ကိုဖိတ်တေအတွက်ကြောင့်အား လုံးသူကိုကျေးဇူးတင်ပါရေ။ နောက်ပြီးကေ ဂု အစိုင်အလာတခုဖြစ်လားအောင်အတွက် ကျနော်ရို့ National song အမျိုးသားသခြင်းကို သီဆိုပြီးဖွင့်လှစ်တေအတွက်ကြောင့် ပထမဆုံးသော ရခိုင်သမိုင်းမာ ပထမဆုံးအ ကြိမ်ဖြစ်ပါရေ။

ရခိုင်သမိုင်းမာ ပါဝင်ဆောင်ရွက်ကတ်တေ ဂုတက်ရောက်လာကတ်တေအားလုံးသူကိုလေ့ ကောင်းကောင်း ကျေးဇူးတင်ပါရေ။ ဂုဏ်လည်းယူပါရေ။ နောက်တခုကလေ့ ကျနော်ရို့မှာ ကျနော်ရို့နိုင်ငံအတွက် ကျဆုံးလားခ ကတ်တေ ဂေါင်းဆောင်တိ၊ လူငယ်တိအတွက်ကိုလေ့ အရိုအသေအလေး အမြတ်ထားပြီးကေ သတိတရနန့် ဂုဏ်ပြုအရိုအသေပီးကတ်တေအတွက်ကြောင့် ဆရာကြီးအနီနန့် အင်မတန်မှဝမ်းသာပါရေ။ ဂုဏ်လေ့ယူပါရေ။ ရခိုင်ဖြစ်ရစွာကိုလေ့ အချိန်မရွီး ဂုဏ်ယူပါရေ။

ယေတော့ခါ ကျနော်ရို့ ရခိုင်ဆိုတဲ့ဟာ(၃)မျိုးရှိရေ(နာမေအားဖြင့်)။ နံပါတ်(၁)က ရက္ခိတဆိုရေစကား။ ရက္ခိတ ဆိုတဲ့စကားဟာ ဗုဒ္ဒဘာသာကိုထိမ်းရေ၊ အမျိုးကိုထိမ်းရေ၊ ကိုယ့်ဘာသာစကား ကိုထိမ်းရေ။ ယင်းဟာကြောင့် ကိုယ့်အိမ်မာဟိရေ အသျှေတိကိုလေ့သော့ ရခိုင်စကားသင်ပီးကတ်ပါလို့ ဆရာကြီးကြုံရေအခါမှာ မိတ္တာရပ်ခံ ပါရေ။ ရခိုင်စကားလေ့တတ်တေ၊ ဗမာစကားလေ့တတ်တေ၊ မွန်စကားလေ့တတ်တေ၊ ကရင်စကားလေ့တတ် တေ၊ နော်ဝေးစကားလေ့တတ်တေ၊ အင်္ဂလိပ်စကားလေ့တတ်တေဆိုကေ အေအသျှေတိနောင်ရေးဟာ အင်မ တန်မှကျယ်ပြန့်ပါရေ။ အလင်းရောင်ကောင်းပါရေ။ ယင်းဟာက တခု။

နောက်တခုက ရခိုင်ဆိုစွာ အာရက္ခဆိုရေ စကားကလာရေအတွက်ကြောင့် အာရက္ခဆိုစွာက မိမိနိုင်ငံကို စောင့် ယှောက်တေ၊ ပတ်ဝန်းကျင်နိုင်ငံတိကိုလေ့ စောင့်ယှောက်တေလို့ အဓိပ္ပါယ်ရရေ။ ယင်းဟာကြောင့် အာရက္ခ ဆိုရေစကားကိုလေ့ ထိမ်းသိမ်းကတ်ဖို့အတွက် ကျနော်မိတ္တာရပ်ခံပါရေ။

နောက်တခုက ဘင်္ဂလားဒေ့(ချေ်)ကလူတိက ကျနော်ရို့ကို ”မော့ဂ်” လို့ခေါ်ရေ။ ”မော့(ဂ်) ”ဆိုစွာက မာဂဒ နိုင် ငံကလာရေ တိုင်းရင်းသားလို့ အဓိပ္ပါယ်ရရေ။ ယင်းမာဂဒ နိုင်ငံကလာရေ တိုင်းရင်းသားတိစွာ ဘုရားသျှင်မပွင့် ခင်လောက်ကပင် ကျနော်ရို့အင်ဒိုအာရီယန်လူမျိုးဖြစ်တေ ရခိုင်သားတိစွာ မာဂဒတိုင်းမာ နှစ်ပေါင်းများစွာ ဟိ လီကတ်ဖို့။ ယင်းဟာကြောင့် ဗုဒဘာသာကို ဘုရားသျှင်ပွင့်ပြီးပြီးချင်း ရခိုင်သားတိက ဦးစွာပဌမရရေလူမျိုးဖြစ် ပါရေ။ ယင်းဟာကိုလေ့သော့ ကျနော်ရို့အနီနန့် အများကြီးဂုဏ်ယူစရာဖြစ်ပါရေ။

နောက်တခုက အဟြိတောင်အာရှသမိုင်းမာ ဝေသာလီခေတ်ဆိုစွာဟိပါရေ။ ဝေသာလီခေတ်ဆိုစွာက နှစ်ပေါင်း(၁၀၀၀)ကျော်ကြာပါရေ။ အေဒီ (၃၃၀)လောက်ကစပြီးကေ ပုဂံခေတ် အနော်ရထာမင်း(၁၀၄၄)လောက်ထိ ရှည်လျားရေသက်တမ်းဟိရေ ဝေသာလီခေတ်ဆိုစွာ ထင်ရှားစွာဟိပါရေ။ ယင်းဟာအတွက်ကိုလည်း ပြန်လည် ဆန်းစစ်ပြီးကေ ဇာတိဇာတိ သုတေသနပြန်လုပ်သင့်ရေဆိုစွာကို လူငယ်တိကလေ့လာရပါဖို့။ ပေါ့ပေါ့တန်တန် နီလို့မဖြစ်ပါ။ ယေတော့ ယင်းကိစ္စနန့်ပတ်သက်လို့ ကျနော်တဆက်တည်းပြောချင်စွာက ရခိုင်ဆိုသည်မှာ ဇာ နိုင်ငံကိုဘဲရောက်ရောက်၊ ဇာနီရာကိုဘင်ရောက်ရောက် လူနည်းစုရာဖြစ်တေ။ ယင်းလူနည်းစုဖြစ်တေအတွက် ကြောင့် အရေးအကြီးဆုံးကဇာလဲဆိုကေ လူများထက်ပိုစည်းရုံးကတ်ရဖို့။ We have to be united more than any other peoples in the world because we are a minority, always and any kind of! ယင်းတခုမှာကြားချင်ရေ။ ရခိုင်လူမျိုးဟာ လူနည်းစုဖြစ်တေအတွက်ကြောင့် စည်းလုံးရဖို့၊ ညီညွတ်ရဖို့၊ သည်း ခံရဖို့။ ယင်းဟာတခု ဆရာကြီးမှာကြားချင်ရေ။

နောက်တခုက လူနည်းစုဖြစ်တေအတွက်ကြောင့် သူများထက်တော်အောင်လုပ်ရဖို့။ Quality peoples ဖြစ် အောင်လုပ်ရဖို့။ သူများထက်ပိုကြိုးစားကတ်ရဖို့။ ဗမာပြည်မှာသိရေအတိုင်းယာ ဗမာပြည်မာ ရခိုင်ဖြစ်တဲ့အ တွက်ကြောင့် ကျနော့်အနီနန့် တခါလေ့ပါမောက္ခဖြစ်လို့ အလားအလာမဟိ ပါ။ In Burma, I am not opportunity to be a professor, that’s exactly true but in America I can be professor and I am a professor. ယင်းကြောင့် အမေရိကန်ပိုင်နိုင်ငံတိ၊ နော်ဝေးပိုင်နိုင်ငံတိ၊ တခြားနိုင်ငံတိမှာ တန်းတူရည်တူအခွင့် အရေးပီးရေအတွက်ကြောင့် ငါရို့ရခိုင်သားချေ၊ ရခိုင်သူချေတိစွာ သူများထက်တော်အောင် Quality peoples ဖြစ်အောင်ကြိုးစားကတ်ပါ။ ဒါတခုကို ကျနော်ထပ်ပြီးကေ မှာပါရစီ။

နောက်တခုက သူများထက်တော်အောင်၊ Quality peoples အပြင် သူများထက်တော်အောင်၊ သူများထက်နာ မေကောင်းရအောင်။ ရခိုင်ပြည်မှာ သဇင်ပန်းဟာ နိုင်ငံတော်ပန်းဖြစ်တေ။ ယင်းနိုင်ငံတော်ပန်းဖြစ်တေပိုင် ငါရို့ ရခိုင်သူ၊ ရခိုင်သားတိက ဂုဏ်ယူနိုင်လောက်အောင် စန္ဒကူးနံသာပင်ဖြစ်အောင်လေ့ ကြိုးစားကတ်ပါ။ ယင်းပိုင် ယှောင် ကြိုးစားဖို့အတွက်၊ အောင်မြင်ဖို့အတွက် ကျနော်ရို့ ဗုဒ္ဓဘာသာကျမ်းဂန်မှာပါရေ ပဋ္ဌာန်းကျမ်းမာ အ ချက်(၄)ချက်ဖော်ပြထားရေ။

ယင်းအချက်(၄)ချက်က ဇာလဲဆိုလို့ရှိကေ ဆန္ဒဓိပဓိ၊ ဆန္ဒပြင်းထန်ရဖို့။ ဆန္ဒပြင်းထန်လို့ ရခိုင်တိဟာ နှစ် ပေါင်းသုံးထောင်လေးထောင်ခံနိုင်စွာ။ ကျနော်ရို့ဆန္ဒတိ ကောင်းကောင်းပြင်းထန်ရေ။ ဇာကြောင့်အေပိုင်ပြင်း ထန်လဲဆိုကေ ပင်လယ်ကမ်းမာနီရေ။ လီကလေ့ဝုန်းဝုန်းထနီရေ၊ မြစ်ရီကလေ့ တက်နီရေ။ ပင်လယ်လှိုင်းက လေ့တက်နီရေ။ တခါတခါ လီမုန်းတိုင်းကျရေ။ ယင်းကြားထဲက ရပ်တည်နိုင်ရေ နှစ်ပေါင်းသုံးထောင်လေး ထောင်ကာလဟာ အင်မတန်ကြံ့ခိုင်ရေစိတ်ဓါတ်ဟိစွာတော့ အင်မတန်ထင်ယှားရေ။ ယင်းဟာ ဆန္ဒဓိပတိပါ။ ကိုယ်ဖြစ်ချင်စွာကိုစွဲထားပါ မပျောက်စီကေ့။ ရခိုင်ပြည်လိုချင်ကေလေ့ ဆန္ဒကိုစွဲထားပါ၊ မပျောက်စီကေ့။ ပါ မောက္ခဖြစ်ချင်ကေလေ့ ဆန္ဒကိုစွဲထားပါ။ မပျောက်စီကေ့။ ယင်းဆန္ဒဓိပတိဆိုစွာက အေပဋ္ဌာန်းကျမ်းမာပါရေ ” ဆန္ဒဓိပတိ ဆန္ဒသမ္ပ ယုတ္တကာနံ ဓမ္မာနံ တံသမုဋ္ဌာနာနဉ္စ ရူပါနံ အဓိပဓိ ပစ္စယေန ပစ္စယော”။ ဆန္ဒဟာ ကောင်းအရေး ကြီးရေ။

နောက်တခုက ဇာအရေးကြီးလဲဆိုလို့ရှိဂေ ၀ီရိယာဓိပတိ။ ၀ီရိယဆိုစွာက Hard working ဖြစ်ရဖို့။ လူတ ယောက် Hard working ဖြစ်လာကေ လူတယောက်စွာ တော်လာရေ။ Hard working ဆိုစွာ ဇာလဲဆိုလို့ရှိ ဂေ ဆရာကြီးအတွိအကြုံအရ အခက်အခဲဆုံးက မှန်ကန်ရေကိစ္စ ၀ီရိယကို ထပ်ကာအလီလီ…ထပ်ကာအလီလီ မဖြစ်မချင်းလုပ်စွာဟာ ကောင်းကောင်းအခက်အခဲဖြစ်တေ။ လုပ်ကြည့်ကတ်ပါ။ ယင်းပိုင်ယှောင် ၀ီရိယာဓိပတိ ရှိရဖို့။ ဒါ နံပါတ်(၂)အချက်။

နံပါတ်(၃)အချက်က စိတ်တာဓိပတိ။ ” စိတ္တာဓိပဓိ စိတ္တသမ္ပယုတ္တကာနံ ဓမ္နာနံ တံသမုဌာနာနဉ္စ ရူပါနံ အဓိတိ ပစ္စယေန ပစ္စယော” စိတ်ဓါတ်ထက်သန်ရဖို့။ စိတ်ဓါတ်ထက်သန်ဖို့အတွက် ဘိန်း၊ ဘင်းကဇော် မသောက်ရ။ Drug မစွဲရ။ အရက်သေစာသောက်ကေလေ့ အပြင်းအထန်မသောက်ရ။ ယင်းပိုင်ယှောင်ဆိုလို့ရှိကေ စိတ်ဓါတ် ထက်သန်လို့ရရေ။

နောက်တခုက အချက်(၄)က ၀ိမံသာဓိပဓိ။ ပညာနန့် နှိုင်းယှဉ်ပြီး၊ ချင့်ချိန်ပြီးကေ လုပ်ရဖို့။ ပညာဆိုဟာက အ တန်းပညာကို ပြောဟာမဟုတ်။ အတန်းပညာဆိုစွာက သူ့အတန်းနန့်သူ တက်လာစွာ။ ၀ိမံသာဆိုရေပညာက ဘ၀အတွိအကြုံ၊ ဟြိအလားအလာ၊ ကိုယ့်ပါတ်ဝန်းကျင် အခြေအနေတိကိုအားလုံး စူးစမ်းပြီးကေ ကောင်းရေစွာ ကိုလုပ်စွာဖြစ်တေ။ ကောင်းရေကိစ္စကိုလုပ်တေဆိုစွာ ၀ိမံသာဓိပတိ။

ဆရာကြီးပြောချင်ရေအချက်က သုံးလေးငါးချက်လောက်ရာဟိရေ။ အကျဉ်းချုပ်ပြောရကေ ရခိုင်သားမည် သည်မာ တိုင်းပြည်တိုင်းမာ လူနည်းစုဖြစ်တေအတွက်ကြောင့် လူများထက်တော်အောင် ကြိုးစားကတ်ဖို့။ သူ များထက်စည်းရုံးအောင် ကြိုးစားကတ်ရဖို့။ နောက်တခုက ရခိုင်ရိုးမတောင်မာ သဇင်ပန်းတိဟာ လှိုင်လှိုင်ပွင့်နီ ရေပိုင် ဇာနိုင်ငံကိုရောက်ရောက် ရခိုင်သူ၊ ရခိုင်သားတိစွာ စန္ဒကူးနံသာပင်ဖြစ်အောင် ကြိုးစားကတ်ရဖို့။ ယင်းပိုင်ယှောင်ကြိုးစားဖို့အတွက် နံပါတ်(၁) ဆန္ဒဓိပတိကို ဦးစားပီးပါ။ နံပါတ်(၂) ၀ီရိယာဓိပဓိကို ဦးစားပီးပါ။ နံပါတ်(၃) စိတ်တာဓိပတိဖြစ်အောင် ဦးစားပီးပါ။ နံပါတ်(၄) ၀ိမံသာဓိပတိကို ဦးစားပီးပါ။ ယင်းပိုင်ယှောင်ဆိုကေ သုံးလေးငါးနှစ်အတွင်းမာ ရခိုင်ပြည်သူကိုစောင့်ယှောက်နိုင်ဖို့၊ ထိမ်းသိမ်းနိုင်ဖို့၊ အရောင်အ၀ါလေ့တောက်လာ ဖို့လို့ ဆရာကြီးအနီနန့် မိတ္တာလေ့ရပ်ခံရေ၊ ဆက်ပြီးကေလေ့ ကြိုးစားကတ်ဖို့တောင်းပန်ယင်း နိဂုံးချုပ်ပါရ စီ…… အားလုံး..၀မ်းသာပါရေ…..။

(လက်ခုပ်သံတိ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx)

ဆရာကြီး၏ မိန့်ခွန်းကို မူရင်းအသံအတိုင်းဖြစ်အောင် ကြိုးစားရွီးထားပါရေ။ အမှားအယွင်း တခုခုပါခရေဆို ကေ ပြန်လို့ကူးယူဖော်ပြပီးရေ အကျွန်၏တာဝန်ရာဖြစ်ပါရေ။

အားလုံးကိုကျေးဇူးတင်ပါရေ……..။
ခိုင်ထွန်းထွန်း

lørdag 6. juni 2009

Crazy thinking!

တမတ်တန် စီမံကိန်း (သို့မဟုတ်) အရူးစိတ်ကူး


တရက်တရက်လာဂေ လုပ်စရာအလုပ်ကလေ့ ထထွေထထူးမဟိစွာနန့် စာရွီးဘနာ ဘလော့ခ်မာတင်ဖို့ စိုင်း စားမိရေ။ ခက်စွာက စာရွီးဖို့ကုန်ကြမ်းကတခုလေ့ ဂေါင်းထဲမာမဟိခါ ချရွီးလို့မကျနိုင်။ ယင်းပိုင်နန့်ပင် နောက် ဆုံးမာ ရိုးတောင်ခရင်းက ရခိုင်ပြည်သူတိ၊ ကဘာအရပ်ရပ်က ရခိုင်တိဘားကို စိတ်ကရောက်လားခရေ။ ရခိုင် တိဘားကို စိတ်ကူးရောက်လခရေဆိုစွာနန့် ပြဿနာက စလာဗျာ။ ပြဿနာဆိုလို့ တခြားသူပြဿနာမဟုတ် ပါ။ ကျွန်တော့ပြဿနာပါရာ၊ ဇာအကြောင်းအရာကို ရွီးရမှန်းမသိရေ ပြဿနာပါ။ အေပိုင် မနီနိုင်၊ မထိုင်နိုင် လက်မျောက်လို့လေ့ တချို့လူတိက ကျွန်တော့ဘလော့ခ်ထက်မာ နတ်တိ၊ သကြားမင်းတိပိုင် ကိုယ်ရောင် ဖျောက်ပြီးကေ လာဟန့်ကတ်စွာ တိမြင်ခါ ကြက်သီးဖဖြန်းထမိပါရေ (အချေကပင် ဆိတ်ဆီကြောက်တတ်လို့)။

စိတ်ထဲမာ ရွီးချင်ပြောချင်နီစွာက ပြဿနာတိနန့် ဒါရိုက်(direct)သက်ဆိုင်နီခါ အေဖြစ်ပျက်နီရေ ပြဿနာတိ ကို ဇာပိုင်ဖြေယှင်းကတ်ဖို့လဲ စိုင်းစားမိရေ။ ယင်းအကြောင်းအရာတိကို လေ့လာဖို့စာအုပ်စာတမ်းတိက လက် ထဲမာတခုလေ့မဟိ။ နောက်ဆုံး အင်တာနက်ထက်မာ တခြားလူမျိုးတိ၊ အဖွဲ့အစည်းတိမှာ ပဋ္ဋိပက္ခတိကို ဇာပိုင် ဖြေယှင်းကတ်လဲဆိုစွာကို လိုက်ဟြာယင်း လိုက်ဟြာယင်းနန့် စာကြောင်းချေတခုကို မျက်စိရောက်လားခပြီး ကေ ယင်းစာသားသျှေကြောင့်ပင် အစကရွီးဖို့ပြောဖို့ မှန်းထားခရေ ဦးတည်ရေလမ်းကြောင်း (direction) တိ ပါ စိကေပြောင်းပါလားရေလို့ ထင်လိုက်တေ….။ ယင်းစာသားချေကတော့ ………… “Remember always to put yourself in their position” ပါလတ်။ ရခိုင်ပိုင်ပြောရဖို့ဆိုကေဒေါ့ခါ ဆန့်ကျင်ဖက်၊ အတိုက်အခံဖြစ်နီရေ လူနီရာမာ ၀င်ပြီးကေခံစားခိုင်းစွာပါ။ ယင်း(ဆန့်ကျင်ဖက်)လူနီရာမှာ ငါရာဆိုဂေ၀ါ …. (ပဇောင်ပိုင် ခံစားရဖို့ လဲ) ဆိုစွာကို အမြဲတမ်းအတွက်ပေါ်ပါ”လတ်။ ယင်းစကားချေကျေးဇူးနန့် အေ ”တမတ်တန်စီမံကိန်း”ဖြစ် လာရ စွာပါ။

ရခိုင်သားတိအားလုံးစွာ ရခိုင်လူမျိုးနန့် ရခိုင်ပြည်ကိုချစ်ကတ်စွာ တယောက်လေ့ငြင်းလို့မရပါ။ ရခိုင်သားတိုင်း အဂင့်ဂင့်ချစ်ကတ်ပါရေ။ တခြားလူမျိုးတိထက် ပိုချစ်ကတ်တေလို့ ကျနော်ယုံပါရေ။ တခြားလူမျိုးတိကလေ့ ယင်းပိုင်ထင်ကတ်ပါရေ။ အေနိ တယောက်နန့်တယောက်၊ တဖွဲ့နန့်တဖွဲ့၊ တပါတီနန့်တပါတီဖြစ်နီကတ်တေ ပုဂ္ဂိုလ်ရေးအမြင်မယှင်းစွာတိ၊ အာဃာတတိ၊ အငြိုးတိယင်းပြဿနာတိအားလုံးစွာ အမျိုးကိုချစ်လို့ ဖြစ်နီဂတ် စွာပါယှင့်။ ကိုယ့်စီးပွါးရေး တ၀မ်းတခါးအတွက်ရာ ရခိုင်တိအားလုံးလုပ်နီကတ်ဖို့ဆိုကေ အေပြဿနာတိ ပေါ် လာစရာအကြောင်းမဟိပါ။ ရခိုင်ပြည်နန့် ရခိုင်လူမျိုးကိုရာ မချစ်ကတ်ဆိုကေ ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိကြား မာ ဖြစ်ပျက်နီကတ်တေ ပြဿနာတိကို ကိုယ်နန့်မဆိုင်ရေပိုင် အားလုံးဥပေက္ခာပြုနီကတ်ပါဖို့နင်းရာ……။ ယယှင်းပြောရ ကေ ပိုတောင်စိတ်ချမ်းသာပြီးကေ အသက်ပိုရှည်ဖို့သိမ့် (ဟ..ဟ)…………။

ယပိုင်ဆိုကေ ယင်းလောက်ချစ်ကတ်ယင်းသားနင့် ဇာဖြစ်လို့အေပိုင်ပြဿနာတိ ဖြစ်နီကတ်ရလဲလို့ မီးစရာဟိ ပါရေ။ ဟုတ်ပါရေ။ ဖြစ်နီကတ်ရပါရေ။ အစွာဖြစ်လို့ ဒေပိုင်ယှောင်ဖြစ်နီကတ်ရလဲဆိုကေ ၀န်ပိနီလို့ပါ။ ကိုယ့် မာဟိနီရေအားက မြင်းကောင်ရေ တကောင်လောက်ရာဟိရေ။ ထမ်းရဖို့ဝန်က မြင်းကောင်ရေ ထောင်နန့် သောင်းနန့်ညီမျှရေ၀န်ဆိုခါ ရခိုင်သားတိစွာညောင်းလို့ ဖဖတ်သီနီကတ်ပါယာ။ ကြည့်လိုက်ကေ လုပ်စရာတိ ဂျေးယာဆိုခါ ဇာချင့်ကိုအယင်လုပ်လို့လုပ်ရမှန်းမသိ။ လုပ်လိုက်ပြန်ကေလေ့ ”နှမ်းတစိနန့် ဆီမဖြစ်”ဆိုပိုင် ကျနီပါရေ။ ယေခါ လုပ်နီကတ်ကိုင်နီကတ်တေလူတိစွာ လုပ်ယင်းကိုင်ယင်းနန့် ယင်းဝန်စွာ ဂေါင်းထက်ကိုတ ရက်ထက်တရက်ပိလာပနာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတိကအစ ဖိစီးလာပါရေ။ လူဆိုစွာ စိတ်ချမ်းသာ ကိုယ်ချမ်းသာနန့် အီးလို့နီရရေခါ ဂေါင်းကိုခြီနန့်ကျောက်ပစ်ကေလေ့ ရယ်ချင်ရယ်နီကတ်ပါဖို့။ အဲ…ညောင်း လာရေ၊ ပင်ပမ်းလာရေအချိန်မှာ ကိုယ့်နားမာ တခြားတယောက် လီပပြင်းရှူပလိုက်ကေတောင် ”လီကိုယင်း လောက်ပင် ပပြင်းရှူစရာလိုလား” ဆိုရေအကြည့်မျိုးနန့် ကြည့်တတ်ကတ်စွာ လူ့သဘာဝပါ။ ဂုကျနော်ရို့ထဲမှာ ဖြစ်ပျက်နီကတ်တေပြဿနာတိစွာလေ့ ယင်းအတိုင်းပါရာ။

အေနီရာမှာ ကျနော်ရို့အားလုံးက ဇာနန့်လားတူနီပိုင်တွိလဲဆိုကေ နှစ်ပေါင်း (၂၀၀)ကျော် ရီထဲမှာမြုပ်နီရေ သဖောင်္တစင်းကို နှိုးပနာချက်ချင်းမောင်းဖို့ကြိုးစားနီကတ်တေလူတိနန့် လားတူပါရေ။ လက်ဟိအခြေအနေမှာ ယင်းသင်္ဖောစွာ ပင်လယ်ကြမ်းပြင်အောက် ကျုပ်တောထဲကမထွက်နိုင်သိမ့်။ ယင်းသင်္ဖောပျက်ကို ပြန်အသက်
ဝင်လာစီချင်ရေဇောနန့် ဖော်ဖို့ကြိုးစားနီကတ်ကေလေ့ တယောက်တပေါက် ဘြန်းစီးကာရဖြစ်နီလို့ မအောင် မြင်ပါ။ မအောင်မြင်ရေအပြင် တရက်ထက်တရက် ပိုတောင်မြုပ်လာနီပါရေ။ စနစ်တကျ စီမံညွှန်ကြားနိုင်ရေ ပုဂ္ဂိုလ်မျိုးတိ မဟိပါသိမ့်။ ဗရမ်းဗရာ မောင်းဖို့ကြိုးစားနီကတ်ကေလေ့သင်္ဖောက ရီပြင်ကိုလေ့ မရောက်သိမ့်ပိုင် စက်တိကလေ့ သံချီးကိုက်နီတုန်းသိမ့်၊ ကပ္ပတိန်လေ့မဟိသိမ့်၊ သင်္ဖောသားလေ့မဟိသိမ့်၊ ဆီလေ့မဟိသိမ့်…. ကြည့်လိုက်ကေ တခုလေ့အဆင်သင့်မဖြစ်သိမ့်။ ယင်းပိုင်ကြိုးစားယင်း၊ ရုန်းယင်းကန်ယင်းနန့် အားကုန်လာ ကတ်တေခါ တချို့ကလေ့ စိတ်ကုန်လာကတ်တေစွာတိဟိရေပိုင် တချို့ကလေ့ ညောင်းအားကြီးလို့ ဘေးနား ကလူ လီပပြင်းရှူကေတောင် အပြစ်မြင်လာကတ်တေ အခြေအနေပါရာ။ လက်မလျှော့ကတ်ပါကေ့။ ကျနော်ရို့ ကျုပ်တောထဲက ကြမ်းပြင်ကိုအယင်ရောက်အောင်လုပ်ကတ်ပါမေ။ ကြမ်းပြင်ကတဆင့် ရီထက်၊ ရီထက်ကတ ဆင့် ဒေါက်ကျင်း၊ ဒေါက်ချပြီးကေ ရခိုင်ပြည်ကို အလံလွှင့်လို့မောင်းရေနိ အညောင်းတိ အားလုံးပြေလား ပြီးကေ ယင်းအချိန်ခါ သင်္ဖောထက်မှာ တယောက်ကိုတယောက် ဂေါင်းကိုခထောက်နန့်ပင်ကျောက်ကျောက်၊ နောက်ကုန်းကို တန်းတောင် နန့်ပင်ထုထု မပြစ်မမြင်ဘဲ လိုင်ဖင်းဖက်ဘျာလ် အိမ်ပြန်ကတ်ဖို့နင်းရာ………..။

သင်္ဖောမြုပ်တေနိကပင် ပြန်ဖော်ဖို့ကြိုးစားခကတ်စွာ သင်္ဖောကအထက်ကိုမတက်လာရေအပြင် တရက်ထက် တရက် ပိုမြုပ်လာနီစွာ လူတိုင်းအသိဖြစ်ပါရေ။ ယေဇူးနန့် ဒေနည်းအတိုင်းဆက်ဖော်နီလို့ အလုပ်မဖြစ်ပါယာ။ ပထမဆုံးကြိုးစားရဖို့အလုပ်က ကဘာအရပ်ရပ်မာရောက်နီကတ်တေ ရခိုင်သားတိပါးက ဖေ့သျှာကောက်ရပါ ဖို့။ ဖေ့သျှာကောက်တေနီရာမှာ အဟြိဟြိကျအောင် စံတခုသတ်မှတ်ရပါဖို့။ ယင်းစံက ပဇောင်ပိုင်ဖြစ်သင့်လဲ ဆိုကေ နိုင်ငံတိုင်းမှာ အလုပ်သမားတိအတွက် အနိမ့်ဆုံး(တနာရီ/တရက်)လုပ်အားခဖေ့သျှာသတ်မှတ်ထားစွာ တိဟိပါရေ။ ယင်းချင့်ကိုမူတည်ပြီးနာ ဇာနှစ်ရာခိုင်နှုန်းကောက်ခံသင့်လဲဆိုစွာကို အများသဖောတူဆုံးဖြတ် ကတ်ရပါဖို့။ ယင်းဖေ့သျှာတိကိုကောက်ခံဖို့၊ စီမံခန့်ခွဲဖို့၊ သုံးစွဲဖို့အတွက် ရခိုင်အများစု လေးစားယုံကြည်ရ ရေ၊ အားကိုးအားထားပြုရရေ အဖွဲ့အစည်းတခု (သို့) လူတစု လိုပါရေ။

ဒုတိယအဆင့်မှာ အထက်မှာကျနော်ပြောခရေပိုင် လူအမျိုးမျိုး၊ စိတ်ဝင်စားမှုအမျိုးမျိုးဟိနီကတ်တေအတွက် တူရေအုပ်စုတိကို တစုစီခွဲထုတ်ကတ်ရပါဖို့။ ဥပမာ စစ်ရေး၊ ပညာရေး၊ စီးပွါးရေ၊ ကျမ္မာရေး၊ လူမှု့ရေး၊ ရခိုင့်သ မိုင်းဆိုင်ရာယိုင်ကျေးမှု့တိကို ထိမ်းသိမ်းကာကွယ်ရေး၊ သတင်းနန့်မီဒီယာ အစဟိရေ ယင်းပိုင်အုပ်စုတူတိကို တခုချင်းစီခွဲထုတ်ကတ်ရပါဖို့။ စစ်ရေးဆိုကေ စစ်ရေးကို စိတ်ဝင်စားရေလူတိ တစုစုပနာ စစ်ရေးကိုဇောက်ချပ နာလုပ် (ဖြစ်နိုင်ကေ အမျိုးသားတပ်မတော် တရပ်ပေါ်အောင်ထိလုပ်)။ မီဒီယာကို စိတ်ဝင်စားရေလူတိကလေ့ ဖြစ်နိုင်ကေ ရခိုင်အသံလွှင့်ဌာနတခု ရုပ်မြင်သံကြားတခုပေါ်အောင်ထိလုပ်။ ပညာရေးကို စိတ်ဝင်စားရေလူတိ ကလေ့ ပြည်တွင်း၊ ပြည်ပအားလုံးပါဝင်နိုင်အောင် အစုအဖွဲ့တခုဖွဲ့ပနာ ပညာရေးနန့်သက်ဆိုင်ရေစွာတိကို လုပ်။ ဂုနား ကပြောခရေ တခြားတခြား အဖွဲ့တိလေ့ ယပိုင်အစုခွဲပနာလုပ်လားကတ်ဖို့ဆိုကေ အခြေအနေ တမျိုးပြောင်းကိုပြောင်းလာပါဖို့။

ဒေ အစုအဖွဲ့တိ အလုပ်လုပ်နိုင်ဖို့အတွက် ဖေ့သျှာကို ပထမအဆင့်မှာ တင်ပြခရေ အဖွဲ့အစည်းတခု(သို့)လူတစုက အခြေအနေကိုကြည့်ပနာ ဇာနီရာမှာဇာလောက်သုံးသင့်ရေဆိုစွာကို စီမံခန့်ခွဲ ပီးရပါဖို့။ အေနီရာမာ တခုထပ်ပြီးကေ သတိထားရဖို့စွာက အေယှင့်တိကိုလုပ်တေကိုင်ရေနီရာမာ Volunteer (စေတနာ့ဝန်ထမ်း)ပုံစံ မျိုးနန့် လားလို့ကောင်းအလုပ်မဖြစ်ပါယာ….။ စေတနာ့ဝန်ထမ်းက အားဂေ လုပ်တေ….မအားဂေ မလုပ်ဆိုခါ များသောအားဖြင့် ကဂေါင်းလျော့ရိလျော့ရဲဖြစ်တေ။ ထင်သလောက် ခရီးမရောက်ပါ။

ဂနိ ကဘာကြီးမာ အောင်မြင်ကျော်ကြားနီကတ်တေလူတိကိုကြည့်ကြည့်၊ အဖွဲ့အစည်းတိကိုကြည့်ကြည့်၊ နိုင်ငံ တိကိုပင်ကြည့်ကြည့် အားလုံးကိုစနစ်တကျနန့် စီမံခန့်ခွဲလာကတ်လို့ အောင်မြင်လာဂတ်စွာဂျေးပါယာ။ ဗရမ်း ဗရာနန့် အောင်မြင်လာကတ်စွာမဟုတ်ပါ။ ယင်းဇူးနန့် ကျနော်ရို့ရခိုင်တိမာလေ့ ဇာပင်လုပ်လုပ် အားလုံးကို စနစ်တကျစီမံခန့်ခွဲတတ်တေအကျင့်ဟိဖို့နန့် လက်တွိအ ကောင်အထည်ဖော်ကတ်ရဖို့အချိန်ကျနီပါယာ……။ ယင်းပိုင် မလုပ်နိုင်သမျှကာလပတ်လုံး ဇာပင်လုပ်လုပ် ”ကြက်ဖင်မာ ရီဆုံးဆုံးလို့” ဖြစ်နီပါဖို့။ အလုပ်လုပ်ကတ် တေ ကိုင်ကတ်တေနီရာတိမာလေ့ တယောက်ကိုတယောက်၊ တဖွဲ့ကိုတဖွဲ့ အပြစ်တင်စွာတိ၊ စိတ်ပျက်လက် လျှော့လားစွာတိက အတတ်နိုင်ဆုံး ရှောင်ယှားနိုင်ကတ်အောင် ”Remember always to put yourself in their position” ဆိုရေ စကားချေကို အေစာနန့်တတူ အားလုံးကိုမျှဝီ ပီးလိုက်ပါယင့်……..။

ခိုင်ထွန်းထွန်း

torsdag 21. mai 2009

Depression on Arakan future!!!!

ရခိုင့်ရှိရီး ရင်လီးရေ


ရခိုင်လူမျိုးတိရေ တခြားလူမျိုးတိနန့်စာကေ ပင်ကိုယ်ဗီဇ သဖောသဘာဝအားဖြင့် သသီးခခြားနနန့်် အီးချမ်း လွတ်လပ်စွာနီထိုင်တတ်တေလူမျိုးတမျိုးလို့ပြောကေ ရဖို့ထင်ပါရေ။ ကိုယ့်မိသားစု၊ ကိုယ့်ပါတ်ဝန်းကျင်၊ ကိုယ့် ရပ်ကိုယ့်ရွာ အသိုင်းအ၀ိုင်း သာရေးနာရေး၊ လူမှု့ရေးကိစ္စတိကလွဲပြီးကေ တခြားပုဂ္ဂိုလ်ရေးကိစ္စမှာ ကိုယ်နန့် မဆိုင်ကေ ၀င်မရှုပ်၊ ၀င်မပြောက်တတ်ကတ်ပါ။ ကူညီစရာဟိကေတော့ စိတ်ထားဖြူစင်စွာနန့် အားတက်သ ရော အကူအညီပီးတတ်ကတ်ပါရေ။ အခြေခံရိုသားရေစိတ်ဓါတ်ကြောင့် တယောက်နန့်တယောက်ကြားမှာ သ၀န်တိုရေ၊ မနာလိုစိတ်ဖြစ်ကတ်တေဆိုစွာ ကဂေါင်းနည်းကတ်ပါရေ။ ရခိုင်ပြည်မှာက မြို့နီလူဦးရေထက် ကျွန်း(ရွာ)နီလူဦးရေက ပိုများရေအတွက် အများစုကိုအခြေခံပနာတင်ပြစွာရာဖြစ်ပါရေ။ သူများလူမျိုးတိနန့်မတူရေ ကဂေါင်းချစ်ဖို့ကောင်းရေ အမူအကျင့်သျှေတိ၊ ရိုးရာဓလေ့ထုံးတမ်းစိုင်လာသျှေတိ ဒေသတိုင်းမှာကွဲပြားခြားနား စွာလေ့ ဟိကတ်ပါရေ။

ယကေလေ့ ဂနိအချိန်မှာယင်းချင့်တိ ကောင်းမှုန်ဝါးဝါးဖြစ်လာရေ။ တချို့ရိုးရာထုံးစိုင်ချေတိ၊ ရိုးရာပွဲချေတိဆို ကေ မမိပပျောက်တောင်ဖြစ်နီကတ်ပါယာ။ ဇာကြောင့်ဂုပိုင်ဖြစ်လာလဲလို့မီးကေ အရာရာနန့်အကြောင်း ကြောင်းဆိုပိုင် အကြောင်းတိတော့ အများကြီးဟိပါဖို့။ ယင်းချင့်တိထဲမှာ့ စီးပွါးရေးအခြေအနေစွာ အဓိကအကျ ဆုံးလို့ ကျနော်ထင်ပါရေ။ “အူမတောင့်မှ သီလစောင့်နိုင်ရေ” ဆိုပိုင် စီးပွါးရေးအဆင်မပြေကတ်ခါ လူတိစွာစိတ် ဓါတ်ရေးရာအရ ပျက်စီးဆုတ်ယုတ်လာရေ။ ကိုယ့်စွာကို မယုံကြည်မှုတိ၊ ကိုယ့်စွာကိုယ်သိမ်ငယ်စိတ်တိ၊ ဘေး ပါတ်ဝန်းကျင်ကို အရွဲ့တိုက်ချင်ရေစိတ်တိဝင်လာရေ၊ နောက်ဆုံး တောင်စိုင်းစား မြောက်စိုင်းစားနန့် ”ဘ၀မှာ မထူးယာဝေ…ဖြစ်ချင်စွာဖြစ်လီဖိ”….ဆိုရေစိတ်ဓါတ်မျိုးတိ ၀င်လာတတ်ပါရေ။
အေကိစ္စစွာ လူတယောက်စ၊ နှစ်ယောက်စဖြစ်ခါ အရေးမကြီးပါ။ ဘေးကပုံမှန်လူတိက ၀ိုင်းဝန်းထိမ်းပီးလို့ရ ကေလေ့ အဂုက တမျိုးသားလုံး ယင်းအခြေအနေကိုရောက်နီပါယာ။ တောင်မင်းကို မြောက်မင်းမကယ်နိုင် ဆို ရေပိုင် ကိုယ့်အပူနန့်ကိုယ်တောင် ပူဖို့မလောက်ကတ်တေလူတိဂျေးပါယာ။

ယင်းပိုင် ဒုက္ခပင်လယ်ထဲမှာ ရီဆန်ဘ၀တိကို နိစိုင်နန့်အမျှ လက်ပိုက်ကူးနီကတ်ရရေ အကျွန်ရို့ရခိုင်လူမျိုးတိ အနီနန့် အထက်ကဖော်ပြခရေကိစ္စတိကို့ စိုင်းစားဖို့၊ လုပ်ကိုင်ဖို့၊ ထိမ်းသိမ်းဖို့ဆိုစွာ တခုပိုင်လေ့ မဖြစ်နိုင်ပါ။ အခြားတဖက်မှာ အောက်သားယိုင်ကျေးမှု့တိကို အသာအသာနန့် အားဓမ္မသွတ်သွင်းလာရေ။ ယင်းချင့်က Indirect အဆင့်ရာဟိပါသိမ့်ရေ။ ယိုင်ကျေးမှု့ကိုသွတ်သွင်းလာရေပိုင် ဂနိဆိုကေ ရခိုင်ပြည်မြောက်ပိုင်းမှာ အောက်သားရွာပေါင်း ရွီမရပါယာ။ ဘာသာစကားကိုပါ ပျောက်အောင်ဖျောက်ပါလတ်တေ…..။ ယင်းအမျိုး(အောက်သား)တခုတည်းရာလားဆိုကေ ယင်းထက်ဆိုးရေအကောင်တိ(ကုလား)ကလေ့ ရခိုင်ပြည်ကိုအသီရရ၊ အရှင်ရရ အမဲဝိုင်းဖျက်ဖို့ အကွက်ကောင်းချောင်းနီကတ်တေ။ အေကိစ္စကို တရက်စကားစပ်မိလို့ ဗမာပြည် ပြင်ပမှာနီပြီးကေ ကွန်ပြူတာနန့် ညဥ့်တိုင်းအလုပ်လုပ်နီရေ ရခိုင်သမသျှေတယောက်ကို ပြောမိခီလို့ “ရခိုင် ပြည်မှာ ကုလားနန့်အတူတူနီလာကတ်စွာ နှစ်ပေါင်းကြာလာယာ…ဂုမှ ကုလားက ရခိုင်ပြည်ကိုလုဖို့ကြံလာရေ ဆိုစွာကို အကျွန်နားမလည်ပါ…ဇာပိုင်လုဖို့ ကြံလာစွာပါလဲလတ်……..လူရို့…………” အေစာကိုဖတ်မိရေလူတိ သူ့ကို(သူ့ပိုင်ရခိုင်တိ)ကြုံကေတချက်ချေရာ ယှင်းပြပီးလိုက်ကတ်ပါဖိ။အေအတိုင်းဆိုကေ ရခိုင်ပြည်နန့် ရခိုင် လူမျိုးအတွက် အမျိုးကိုပဇောင်လောက်ပင်ချစ်တေဆိုလီပက်စီ ဇာလောက်ဆက်ပြီးကေ ထိမ်းထားနိုင်ကတ်ပါ ဖို့လဲဂု………..။
(ရွီးယင်း….ရွီးယင်းနန့် စိသျှေအားလွန်ပါလားရေ…ပြန်စကတ်ပါမေ)
ဇာတွက်နန့် ဂုပိုင်ဖြစ်လာရလေလို့ ပဌမတချက်စိုင်းစားမိစွာက ရခိုင်ပြည်စွာ အာဖရိကတိုက်က တိုင်းပြည်တ ချို့ပိုင် စိုက်စား၊ ပျိုးစားစရာ နီရာမဟိလို့လား။ ရခိုင်ပြည်ကထွက်တေ ဆန်စပါး၊ သားငါး ပုဇွန်၊ သစ်သီး၊ သစ် ရွက်တိကို ရခိုင်သားစားလို့မကုန်ဆိုစွာရေ အတိတ်ကိုလွမ်းဘနာ ”ဒိုင်းကျီဟိယင့် ဆန်ဟိယင့်…ဘားဘူဟိယင့် ရီဟိယင့်”..ကိုအာဂုံဆောင်ပနာ လိုက်ဆိုနီစွာမဟုတ်ပါနှမ်း… လက်ဟိအချိန်ထိ ရခိုင်ပြည်မှာ ဇာလောက်ပေါ သိမ့်လဲဆိုစွာ အားလုံးသိကတ်ပါရေ။

ယကေ နောက်တခုက ရခိုင်ပြည်မှာဟိရေ ရခိုင်သားတိစွာ နလပိန်းတုံးတိ (စာမတတ်၊ ပီမတတ်)ဖြစ်နီကတ် လို့လား။ ဗမာတိရခိုင်ကိုဇာလောက်ပင်နှိမ်နှိမ် လက်ဟိမြန်မာပြည်လို့ခေါ်ရေတိုင်းပြည်တဲမှာ တခြားလူမျိုးတိ နန့်စာကေ ဂနိထိရခိုင်လူမျိုးပညာရေးအဆင့်အတန်းစွာ ယင်းလောက်မနိမ့်ကျပါသိမ့်။ ဗမာတိကနှိမ်ရေလို့ ပြောကေ လူတချို့က ကျနော့်ကိုဗမာမုန်းတီးရေးသမား(အစွန်းရောက်တေ)ပိုင်မြင်ကတ်ပါရေ။ ကျနော် ဒေ အကြောင်းအရာတိကို ကိုယ့်ခံစားချက်သက်သက်နန့် မျက်စိစုံမှိတ်ပနာရွီးနီစွာ….ဟုတ်လား၊ မဟုတ်လား သိ ချင်ကေ ဒေစာအုပ်ချေကိုရှာပြီးကေ ဖတ်ကြည့်လိုက်ကတ်ပါ။ ၂၀၀၀ခုနှစ်ကျော်ကျော်ချေလောက်က ဗကသ (နိုင်ငံခြားရေးရာကော်မတီ)ကနီပြီးကေ ဗမာပြည်ပညာရေးစစ်တမ်း အင်္ဂလိပ်ပိုင် Report (စာအုပ်ချေ)တအုပ် ထုတ်ခဖူးလီပါရေ။ ကျနော်ယင်းစာအုပ် (Report) ချေကိုဖတ်ကြည့်ပနာ ဗမာနန့်ရခိုင်ဇာလောက်ကွာလဲလို့ တွက်ကြည့်ရေခါ ဗမာတိနီထိုင်ရေတိုင်း(၇)တိုင်းမှာ ပျမ်းမျှခြင်းအားဖြင့် တိုင်းတစ်တိုင်းမှာ တက္ကသိုလ်၊ ကော လိပ် (အဆင့်မြင့်ပညာသင်ကျောင်းတိအပါအ၀င်) တစ်တိုင်းမှာ (၁၆)ကျောင်း ဟိရေအချိန်မှာ ရခိုင်ပြည်မှာ (၄)ကျောင်းရာလားတွိပါရေ။ (၁၆x၇= ၁၁၂) အဖြေက ဗမာလူမျိုးအတွက် (၁၁၂)ကျောင်း ဟိရေအချိန်မှာ ရခိုင် အတွက် (၄)ကျောင်းရာ ဟိပါရေယေ…မှားကေလေ့ ကျနော်သင်္ချာညံ့လို့ရာဟိပါဖို့။ ယင်းစာအုပ်ချေကိုဖတ်ဖူး ခရေအချိန်ကတော့ ၂၀၀၄ခုနှစ်ကပါ။ ကျနော့်ကို သံသယဟိရေလူတိ မယုံကေ ယင်းစာအုပ်ကိုရှာပြီးကေ ပြန် ဖတ်ကြည့်ကတ်ပါ။

ရခိုင်သားတိ အသိပညာဗဟုသုတပြည့်ဝလာကတ်ဖို့၊ စီးပွါးရေးအရတောင့်တင်းလာဖို့၊ အချင်းချင်း ချစ်ချစ် ခင်ခင် စည်းစည်းရုံးရုံးဖြစ်လာကတ်ဖို့စွာကို အောက်သား(ဗမာ)တိက သီလောက်အောင်ကြောက်တေ။ ယင်း တွက်နန့်လည်း အစစအရာရာ နလန်မထူနိုင်အောင်လုပ်ထားရေ။ အချင်းချင်းတယောက်နန့်တယောက်၊ တဖွဲ့နန့်တဖွဲ့ကြားမှာ ပြဿနာမဖြစ်ကေဖြစ်အောင်ဖန်တီးပီးရေ။ တခြားလူမျိုးတိနန့် တိုက်ပီးရေ။ ရခိုင်သား တိ အမျိုးသားရေး၊ နိုင်ငံရေးတိဖက်ကို အာရုံမရောက်လာနိုင်အောင် လမ်းကြောင်းတိကို လွဲနိုင်သမျှလွဲလား အောင် လွှဲပီးနီစွာရာဖြစ်တေ။ အေချင့်တိကို စိုင်းစားနိုင်ရေ၊ စိုင်းစားဖို့အချိန်လေ့ပီးနိုင်ရေလူတိက အယင် ပြုပြင်ကတ်ရပါဖို့။ ယင်းပိုင်မဟုတ်ဘဲ ယင်းသူရို့ဖြစ်စီချင်ရေ၊ လားစီချင်ရေလမ်းကြောင်းကို သိသိကြီးနန့် ရှိဆက်လားနီကတ်ကေတော့ နောက်ဆယ်စုနှစ်ချေလောက်အတွင်းမှာ ရန်သူ(အောက်သား)ပိုက်ချထုပ် ထဲကို ရောက်လီကတ်ရပါဖို့ယာ……။ (ပိုက်ချထုပ်ကိုရောက်လားခရေငါးက နောက်ဆုံးငပိလုပ်ကေတောင် ငပိ ကောင်းမဖြစ်လားမသိယာ ထင်ရေ)

အေပြဿနာတိကိုယှောင်ယှားနိုင်ဖို့၊ အောက်သားတိအကွက်ဆင်ထားရေ ထောင်ချောက်ထဲကို သိယင့်သား နန့် ရှိကိုဆက်မလားမိကတ်ဖို့အတွက် ရခိုင်သားတိုင်းလုပ်ရဖို့တာဝန်တိကတော့ ဖွဲရာကျနီရေစီးပွါးရေးကို ပြန်နလန်ထလာအောင် လုပ်ကတ်ရပါဖို့။ အနှိမ်ခံရလို့ တရက်ထက်တရက်နိမ့်ကျလာရေ ရခိုင့်ပညာရေးကို တတ်နိုင်သလောက် မြှင့်တင်ပီးကတ်ရပါဖို့။ ရခိုင့်ရိုးရာ ယိုင်ကျေးမှုတိ၊ အမွီအနှစ်တိကို အားလုံးဝိုင်းဝန်းလို့ ဖော်ထုတ်ပီးကတ်ရပါဖို့။ အချင်းချင်းကြားမှာ ဖြစ်ပျက်ခကတ်တေ၊ လက်ဟိမှာလေ့ဖြစ်တည်နီရေ၊ ရှိမာလေ့ ဆက်ဖြစ်နိုင်သိမ့်ရေ ယင်းပိုင်ပဋ္ဋိပက္ခတိ၊ ပြဿနာတိကို ယှောင်ယှားနိုင်ကေ ရန်သူ့ပရိယာယ်စက်ကွင်းက ရုန်းထွက်လွတ်မြောက်နိုင်ကတ်ပါလိမ့်မေ……..
အားလုံးကိုကျေးဇူးတင်ပါရေ။

ခိုင်ထွန်းထွန်း

tirsdag 5. mai 2009

ရခိုင်လူမှု့အသိုင်းအ၀ိုင်းနန့် ပဋ္ဋိပက္ခ



ပဋ္ဋိပက္ခဆိုစွာရေ သက်ဟိသတ္တ၀ါတိုင်းမာဟိကတ်ပါရေ။ လောကမှာ လူလို့ဖြစ်လာရေလောက်ကပင် ဆင်းရဲ လူပင်ဖြစ်ဖြစ်၊ ချမ်းသာလူပင်ဖြစ်ဖြစ် လူထုလူတန်းစားမရွီး ပဋ္ဋိပက္ခတိနန့် နိစိုင်နန့်အမျှ တနည်းမဟုတ်ကေ တနည်း ရင်ဆိုင်ကြုံတွိကတ်ရပါရေ။ ပြဿနာမဟိရေလူလို့ လောကမှာမဟိပါ။
ယေကေလေ့ အေနီရာမှာ ကွားခြားလားကတ်စွာက ယင်းဖြစ်လာရေ ပြဿနာတိ၊ ပဋ္ဋိပက္ခတိကို ဇာပိုင်ဖြေ ယှင်းကတ်လဲဆိုစွာမှာ ကွားခြားလားကတ်ပါရေ။ အကြမ်းဖျင်းပြောရဖို့ဆိုပါကေ စိုင်းစားချင့်ချိန်နိုင်ကတ်တေ လူတိက ပြဿနာတိကို ဂေါင်းအီးအီးနန့် သသေသသပ်ဖြေယှင်းလားနိုင်ရေလူတိဟိပိုင်၊ စိတ်လိုက်မာန်ပါနန့် ဒေါသကိုရှိထားပနာ ဖြေယှင်းကတ်လို့ ပြဿနာတိက မယှင်းရေအပြင် အတိုးနန့်တက်လာကတ်စွာတိလေ့ ကျ နော်ရို့လူမှု့အသိုင်းအ၀ိုင်းမှာ အများကြီး တွိနီကတ်ရပါရေ။ ဥပမာ - ထိုင်းနိုင်ငံမှာဆိုကေ ရခိုင်သားတိကို ထိုင်း လူမျိုးသတ်လို့သီကတ်ရစွာ တမျိုး၊ ကရင်တိ သတ်လို့သီကတ်ရစွာတဖုံ၊ အချင်းချင်းသတ်ကတ်၊ထိုးကတ်လို့ သီကတ်ရစွာ ရွီမရ….ယင်းပိုင်အခြေအနေဖြစ်နီပါရေ။ သတင်းတိ မကြားချင်မှအဆုံးပါ။

နောက်တချက်က ဂနိကျနော်ရို့ ရခိုင်လူမှု့အသိုင်းအ၀ိုင်းမှာ ဘေးကိုကြည့်ကြည့်၊တောင်ကိုကြည့်ကြည့်၊ မြောက်ကိုကြည့်ကြည့်၊ အောက်ကိုပင်ငုံ့ကြည့်ကြည့်၊ အထက်ကိုပင်လှန်ကြည်ကြည့် အချင်းချင်းကြားထဲမှာ ပဋ္ဋိပက္ခအသွင်ဆောင်နီရေ မိုးရိပ်တိက အာကာပြိုကျလားအောင်ထိ ရွာဖို့မိုးပိုင် အားယူနီကတ်တေပိုင်မြင်မိ ပါရေ။ အယင်ခါ လူကြီးသူမတိကပြောကတ်ပါရေ။ ရခိုင်သားမှာ ဂေါင်းနှစ်လုံးက သုံးလုံးပူးကေ ပြဿနာဖြစ် ကတ်ပါရေလတ်။ အဂု ယင်းဆိုရိုးစကားက ခေတ်မမှီ လိုက်ပါယာ။ ဇာဖြစ်လို့လေ့ဆိုကေ ဂုက ဂေါင်းတလုံး လေ့ပူးစရာမလို၊ တယောက်ကိုတယောက် မြင်လေ့မမြင်ဖူးဘဲနန့် အင်တာနက်တိမှာတက်ပနာ ရန်ဖြစ်နီကတ် ပါယာ……ရခိုင်သားတိက တိုးတက်တေနိုင်ငံတိကို တနိထက်တနိ၊ တရက်ထက်တရက် ပိုရောက်ပါလတ်ကတ် တေ။ ယေကေလေ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာတိက သူကငါကစလို့ တိုးတက်ပြောင်းလဲ လာကတ်စွာကောင်း မတွိရ။ ကောင်းအားနည်းရေလို့ ထင်မိရေ။

ကျနော်ရို့တိမှာ တယောက်ကိုတယောက်အပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားမှုတိလေ့ ကဂေါင်းအားနည်း နီကတ်ပါသိမ့်ရေ။ အေချင့်က ကျနော်ရို့ရခိုင်လူမျိုးတခုတည်းမှာ ကွက်ပြီးကေဖြစ်နီ စွာတော့မဟုတ်ပါ။ တခြား ဗမာပြည်ကလူမျိုးတိထဲမှာလေ့ ယင်းပိုင်ပါ။ လူတယောက် သက်ဟိထင်ရှားဟိနီရေ၊ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံလုပ်နီကတ်တေခါ အသိအမှတ်ပြုဖို့စွာထား……ထမင်းစားပြီးယာလားလို့ပင် မီးဖို့လူ ဟိချင်မှဟိဖို့။ အဲ..ယင်းလူလေ့သီယာလား… အသုဘအခမ်းအနားမှာ ယူဂျုံးမရရေမျက်နှာပေါက်တိနန့် ဂုဏ် ပြုလွှာတိ၊ ၀မ်းနည်းကြောင်းသ၀ဏ်လွှာတိနန့် ချီးမွှမ်းထောပနာပြုတတ်ကတ်စွာလေ့ ရိုးရာအစိုင်အလာတခု ပိုင်ဖြစ်နီကတ်ယာ။ အမှန်ဆိုကေ ယင်းလူသက်ဟိထင်ရှားဟိနီရေအချိန်ခါရာ ယင်းလူလုပ်ကိုင်နီစွာတိမှာ စ ကားချေတခွန်းပင်ဖြစ်ဖြစ်၊ ဖေ့သာသျှေတပြားတချပ်ပင်ဖြစ်ဖြစ် တတ်နိုင်ရေနည်းလမ်းနန့် အားပီးအားမြှောက် ပြုသင့်ရေ။

လက်ဟိမှာဖြစ်ပျက်နီကတ်စွာက ယင်းလူ ဇာတခုမှားဖို့လဲဆိုစွာကို မသိမသာနန့် ထိုင်စောင့်နီ ကတ်တေပိုင် ဖြစ်နီရေ။ တခုမှားရေဆိုစွာနန့် ပြောဆိုဝေဖန်တိုက်ခိုက်ဖို့လူတိက အဆင်သင့်။ ပစ်လိုက်ကတ်ဖို့ နှစ်ပိုင်းကျိုး တိက တောင်ပုံယာပုံဟိပါဖို့ယေ……..။ ကျနော်ပြောစွာကို မယုံကေ ကိုယ်တိုင်စမ်းကြည့်ချင်ကေလေ့ စမ်း ကြည့်ကတ်ပါ……။ တိုက်တလုံးစာ နှစ်ပိုင်းကျိုးအုတ်ခဲ လောက်ကတော့ တနားချေဟိပါဖို့ယေ…..ဟဟ။

အေပြဿနာတိ ပဋ္ဋိပက္ခတိက ကျနော်ရို့လူမှု့အသိုင်းအ၀ိုင်းမှာ တရက်ထက်တရက် အရိုးစွဲလာ ကေလေ့ ကြည့်ရေလူလောက်ရာမြင်နိုင်ပါရေ။ မြင်ကေလေ့ ယင်းပြဿနာ၊ ပဋ္ဋိပက္ခတိကို ဇာပိုင်ဖြေယှင်းရဖို့လဲဆိုရေ အဖြေကလေ့ ကဂေါင်းနုညံ့သိမ်မွိပါသိမ့်ရေ။ ဂနိကျနော်ရို့ ရခိုင်လူမှု့အသိုင်းအ၀ိုင်းမှာ ပြဿနာတိ၊ ပဋ္ဋိပက္ခတိ ကို ဖန်တီးဖို့လွယ်ကတ်သလောက် ပြန်လို့ဖြေယှင်းဖို့ ကကောင်းခက်ခဲနီရေအနီအထားပါ။ အဓိကပြဿနာက ပြဿနာတခုဖြစ်လာယာဆိုကေ ပြေလည်အောင်ဖြေယှင်းကတ်ဖို့စွာထက် ကိုယ်လွတ်ရုန်းထွက်ဖို့ ကြိုးစား ကတ်စွာက ပိုများနီပါရေ။ ပြဿနာတခုခုကို နှစ်ဦးနှစ်ဖက် ပပြေလလည်မဖြေယှင်းနိုင်သရွိကာလပတ်လုံး ယင်းပြဿနာ မအီးချမ်းနိုင်ပါ။ ကိုယ်လွတ်ရုန်းထွက်လားကတ်ကေလေ့ ရုန်းထွက်လားရေလူတိအတွက် ယင်းပြ ဿနာ၏ ၀န်ထုပ်ဝန်ပိုးက ထာဝရအီးချမ်းမှုကို ပီးနိုင်ဖို့မဟုတ်ပါ။ လောလောစိုင် တချက်ချေအတွက် အဆင် ပြေချင်ကေပြေပါလိမ့်မေ….။ ရခိုင်သားတိမှာ များသောအားဖြင့် တခြားလူမျိုးတိနန့်ကျကေ ဖြူး….ခံနီကတ် တေ….တခုလေ့ အထစ်အငေါ့မဟိပါ။ တချို့ဆိုကေ လူကိုထားဖိ….ကုလားတိနန့်တောင် လိုင်ဖင်းချေဖက် ဗျာလ် ငြိမ့်ခံနီကတ်တေ……….။ ကိုယ့်အချင်းချင်းကျကေ ဘား..ဘား..ဒီး…ဒီး……..လုပ်ချင်ပိုင်လုပ် တခုပိုင် လေ့ လှည့်လို့မရစွာတိကလေ့ အများကြီး။

အေပိုင်ဇာကြောင့်ဖြစ်နီကတ်တေလဲ။ အရင်းစစ်ကေ အမြစ်မြီမှာဆိုပိုင်…လူမျိုးတမျိုးလုံးက နှစ်ပေါင်း (၂၀၀)ကျော် ကျွန်ဖြစ်နီကတ်ရပြီးကေ အရာတခါ ကျွန်ပညာရေးစနစ်အောက်မှာ စိတ်ဓါတ် ပိုင်းဆိုင်ရာတိကို စနစ်တ ကျအရိုက်သွင်းခံလိုက်ကတ်ရလို့ဖြစ်ပါရေ။ စိုင်းစား၊ ဆင်ခြင်၊ ဖန်တီးနိုင်ခွင့်တခုလေ့မဟိရေ ပညာရေးစနစ် အောက်မှာ လက်ဟိကျနော်ရို့အားလုံးတင်မက မိဖ၊ အဖိုး သျှင်၊အဘောင်သျှင် အစဟိရေ မျိုးဆက် (၄-၅)ဆက်လောက် အောက်သားလက်အောက်မှာ ငပိကို ကိုင်သိပ်တေပိုင် သူရို့တိဖြစ်စီချင်ရေပုံစံမျိုးကို နည်းအမျိုး မျိုးနန့် အသေအချာ သွတ်သွင်းခံလိုက်ကတ်ရပါရေ။ ဂုလည်းခံနီကတ်ရတုန်းပါ။ နောက်ခါ ပဇောင်ပိုင်ဖြစ်လာ ဖို့လဲဆိုစွာကိုတော့ အားလုံးဝိုင်းလို့စိုင်းစားကတ်ပါဖိ……….။

ရခိုင်တိအချင်းချင်းကြားမှာ အေပြဿနာတိ ပဋ္ဋိပက္ခတိကိုဖြေယှင်းဖို့ဆိုစွာထက် နည်းနိုင်သမျှနည်းလာကတ် အောင် အထောက်အကူချေတခုဖြစ်ဖို့လားလို့ စိုင်းစားမိပနာ ကျနော်လွန်ခရေ (၇-၈ နှစ်၊ အတိအကျမမှတ်မိ)လောက်က ကျနော်နန့်တတူနီဖူးခရေ လုပ်ဖော်ကိုင်ဖက်ချေတယောက်၊ ရဲဖော်ရဲဖက်ချေတယောက် ပြောဖူးခ ရေစကားတခွန်းကို မျှဝီပီးချင်ပါရေ။ အေစကားကိုပြောခရေ ရခိုင်သားချေစွာ ကျနော့်ထက်အသက်အရွယ် အရသော်၎င်း၊ အတွိအကြုံ၊ ပညာဇာလောက်ပင်ငယ်ပါပက်စီ။ မှတ်သားသင့်ရေစကားတခွန်းဖြစ်လို့ အေ လောက်အချိန်ကြာလားခကေလေ့ ကျနော့်နားထဲကမထွက်သိမ့်ပိုင် မှတ်သားထိုက်တေ စကားတခွန်းလေ့ဖြစ် လို့ ဂနိထိအမှတ်ရနီပါသိမ့်ရေ။ ယင်းကလေချေ ကျနော့်ကိုပြောဖူးခရေ စကားကတော့



”ကျနော့်ဘ၀မှာ ရခိုင်သား(လူမျိုး)နန့် ဇာအကြောင်းနန့်ပင်ဖြစ်ဖြစ် လုံးဝရန်မဖြစ်စီရ ဆိုပြီးကေ ဆုံးဖြတ်ထားပါရေ”



လို့ ပြောခပါရေ။ ယင်းသူချေကိုယ်တိုင်လေ့ ဆုံးဖြတ်ထားရေအတိုင်း လုံးဝရန်မဖြစ်တေပိုင် ကျနော်ကိုယ်တိုင် လေ့ ထိပ်တိုက်တွိကတ်ရဖို့ ပြဿနာတိ၊ ပဋ္ဋိပက္ခတိကို ယင်းစကားချေတခွန်းကြောင့် အများကြီးယှောင်ယှား နိုင်ခပါရေ။ ကျနော်ပီးချင်ရေ မက်ဆေ့(ခ်ျ)က ရခိုင်စကားနန့်ဆိုကေ ရောဂါဖြစ်နီရေလူတိအတွက် တောဆီး တောင်ဆီးအဆင့်လောက်ရာ ဖြစ်ချင်ကေဖြစ်နီပါဖို့။ ယေကေလေ့ တယောက်ပင်သက်သာသာ၊ နှစ်ယောက် ပင် သက်သာသာ….သက်သာရေလူဟိကေ ကျနော်ကျေနပ်ပါရေ…….။

ရခိုင်လူမျိုးတိ အချင်းချင်းစည်းလုံးညီညွတ်စွာနန့် တယောက်နန့်တယောက်ချစ်ခင်၊ ကူညီရိုင်းပင်းနိုင်ကတ် ပါစီ……….

ခိုင်ထွန်းထွန်း