ရခိုင်ပြည်ပညာရီး ပစ္စက္ခအခြေအနေ
အကျွန်ရို့ ရခိုင်ပြည်မာ လက်ဟိအနီအထားအရ ပညာရီးအခြီအနီပြောပြဖို့မကောင်းယောင်စုတ်ပြတ်သတ်နီ စွာကို ရင်နာနာနာင့် တစိချေတင်ပြလိုက်စွာပါ။
အဂုပစ္စက္ခအခြီအနီအရ ရခိုင်ပြည်မာ လူဦးရေ (၂၇)သိန်းဟိဖို့လို့ ခန်းမှန်းရပါရေ။ ပြည်နယ်စုစုပေါင်းဧရိယာ အကျယ်အ၀န်းရေ ၁၄၂၀၀ စတုရန်းမိုင်အကျယ်အ၀န်းဟိပါရေ။ မြို့နယ် (၁ရ)မြို့နယ်မာ စာရွီးသူလက်လှမ်းမီ သလောက်၊ သုတေသနပြုထားချက်အရ၊ တဆင့်မီးမြန်းချက်တိအပြင် ကိုယ်တိုင်ကွင်းဆင်း မျက်တွိလက်တွိတိ ကို တင်ပြစွာဖြစ်ကြောင်းပါ။
အထက်ကဆိုခရေအတိုင်း အကျွန်လေ့လာထားချက်အရ မူလတန်းကျောင်းတိမာ ကျောင်းသာဦးရေ တနှစ် ထက်တနှစ်နည်းလာစွာကို တွိရပါရေ။ ဂရပ်နန့်ဖော်ပြရဖို့ဆိုကေ မက္ကလာကိုထလန်းကြားလှန်ထားစွာပိုင်။ ဇာတီအဖျား အောက်သို့စိုက်ထားယှောင်ပိုင်ပါယေ။ ဆိုလိုစွာက ဒေပိုင်ပါ၊ ကျောင်းဝင်နှုန်းတနှစ်ထက်တနှစ် နည်းလာစွာကို ပြောစွာပါ။ အဓိကအားဖြင့် မူလတန်းမာ အခြီခံအကျဆုံးကျောရိုးဖြစ်တေ သူငယ်တန်း(၀ချေတန်း)ကျောင်းဝင်နှုန်းနည်းလာစွာရေ ကြောက်ဖို့တောင်ကောင်းပါရေ။
နောက်ဆယ်စုနှစ်လောက်မကြာခင် မူလတန်းကျောင်းတိကိုပိတ်ထားရဖို့အခြီအနီဖြစ်နီစွာ မျက်မြင်ကိုယ်တွိပါ။ သုံးမြို့နယ်၊ ငါးမြို့နယ်လောက် ကွင်းဆင်းစစ်ဆီးထားပါရေ။ တခြားမြို့နယ်တိကိုလည်း ခိုင်လုံသောသတင်းအ ချက်အလက်တိအရ သိထားပြီးဖြစ်ပါရေ။ (မူဆလင်လူမျိုးတိများရေရွာတိကို မဆိုလိုပါ)။ ယေဇူးနန့် ထုတ်ယူ ဆင်ခြင်၊ ခြုံငုံဆင်ခြင်သုံးသပ်ကြည့်ဖို့ဆိုကေ အမှန်ပင် မူလတန်း၊ သူငယ်တန်းကျောင်းဝင်နှုန်းနည်းလာစွာကို ဇာကြောင့်လဲ၊ ဇာအတွက်လဲလို့ စာရွီးသူလေ့လာကြည့်ရေခါ အောက်ပါအချက်တိကိုတွိရပါရေ။
ပထမတချက် ရခိုင်သမသျှေတိ အချေမပေါက်ကတ်ပါယာ။(အများစု)အချေပေါက်နှုန်းကျဆင်းလာပါရေ။ ကျေး ရွာတချို့ကိုရောက်ကေ အချေငိုသံကြားရခဲရေ။ ၀မ်းပူမ တွိရခဲရေ။ ဇာကြောင့် အချေမပေါက်ကတ်လဲလို့ ဆက် လို့ဆန်းစစ်ကြည့်ရေခါ ဆင်းရဲကျပ်တည်းလို့ဆိုရပါဖို့။ ဇာကြောင့်ဆင်းရဲကျပ်တည်းလဲဆိုခကေ အဖြေတိက အများကြီးပါ။ ယင်းအထဲက တချို့ကိုတင်ပြပါမေ။ ရခိုင်သားတိလုပ်စားမဖြစ်အောင် နည်းလမ်းမျိုးစုံနန့် ဗမာအစိုးရက နိုင်ထက်စီးနင်းလုပ်နီလို့မြင်သာရေ။ ဥပမာတခုပြောပါမေ။ အယင်ခေါက်က ဆန်စပါး၊ သားငါး တိကို ရခိုင်သားတိရာစားသုံးရေ၊ ကုန်သွယ်ရေ။ အေဂု ရခိုင်ပြည်ကိုသူရို့ပါးက စားဖို့ပစပေါက်(ပါးစပ်ပေါက်)တိလွှတ်လိုက်တေ။ တပ်ရင်းတိ မြို့တမြို့မာ သုံးရင်း၊ ငါးရင်း၊ ဆယ်ရင်းချလိုက်တေ။ စားဖို့လူတိပေါလာယာ။ ယပြီးကေ ယင်းသူရို့ကိုယ်တိုင်၊ ယင်းသူရို့နန့်နီးစပ်တေလူတိ ဆန်စပါးအစ၊ သားငါးအဆုံး၊ ဓါတ်ငွေ့မကျန် ကုန်သွယ်ရောင်းစားကတ်တေ။ ယေကေ ရခိုင်သားအများစုမွဲပြာကျလာရေ။ အကြီးဆုံးဆင်းရဲရရေ အကြောင်း တခုက အဂုအခါ ရခိုင်ပြည်မြို့၊ရွာတိုင်းမာ ချဲဒိုင်တိ။ စစ်တွေမြို့လမ်းမကြီးမာ ခွီးချီးပေါရေပိုင်ပေါလို့။ ချဲနန့် တိုက်ဆိုင်နီလို့ ကုန်းကောက်စရာမဟိစွာတမျိုး။ ယလောက်စွာမာ တရက်တရက်လာရေ ဗမာပြည်ကအရက် ကားတိ ပဒုန်းချင်းယှက်နီစွာကို ရခိုင်သားတိအရက်သောက်လို့ခြီကတ်စွာတဖုံ။ ယေခါမာ ရခိုင်သမတိမာ ခေတ်မီသယောင်နန့် (Family plan) လုပ်လာကတ်ပါရေ။ ယကေ မူလတန်းကျောင်းတိအတွက် ကုန်ကြမ်းမ လာယာနှက်ရာ။
တချို့ရွာတိမာ အချေတိတော့ တွိရပါရေ။ ငါးရှာ၊ ဟင်းခူး၊ ၀ါးခွပ်၊ ဈီးရောင်း၊ စားပွဲထိုး၊ ကူလီ၊ အလှူခံ။ ဒေအ ချေတိ ဇာကြောင့်ကျောင်းမရောက်ကတ်လဲ၊ ဆင်းရဲကတ်လို့။ တချို့မာ ဆင်းရဲကေလည်း လူရတတ်ကတ်ရေ။ ဖြီဆီးရာကား ယင်းယှင့်ရာဟိရေ။ ကျန်းမာရေအသိပညာလည်းနည်း။ ယင်းပိုင် မဟိဆင်းရဲသား မိဖတိဂျေးယာ အချေပေါက်ကတ်ပနာ ဟိရေလရတတ်(သထီး)တိကျကေ တယောက်ဆိုကေ ကျီယာ။
နောက်တခုက လင်ယောင်္ကျားတိ ပြည်တွင်း ဖားကန့်၊ ပြည်ပထိုင်းအဆုံး လားခကတ်တေ။ အချေတိ ဇာလာဖို့ လဲယေ။ နောက်တခုက ရယ်ဖို့တော့ခါကောင်းပါရေ။ ရခိုင်သမ ပညာတတ်တချို့ အပျိုကြီးလုပ်ကတ်တေ၊ ရခိုင် သားတချို့ သာသာနာဘောင်ဝင်ကတ်တေ၊ ယကေ ကျောင်းသို့အချေတိမရောက်ယာ။ ကျောင်းသားတိရာ နည်းလာလား၊ ဆရာ၊ ဆရာမတချို့ အကျင့်ပျက် ခြစားလာကတ်တေ။ စာမပြကတ်၊ နယ်မှာစပါးတောင်း ဆရာ တိနန့်လွှဲထားကတ်စွာ ၉၀ ရာခိုင်နှုန်း။
ဇာပြောကောင်းဖို့လဲ၊ အရာဝါ တွဲဖက်၊ တွဲချိတ်၊ စိုးတွဲ ကန်ကားမကန်၊ ရခိုင်ပြည်မြို့ရွာတိုင်းမှာ။ ယကေ မျက် ဖြူဆိုက်လီ၊ ဆရာကြိုက်လီ၊ ရခိုင်ပြည်က အရည်အချင်းမှီရေ အချေတိမထွက်ယာ။ ယကေ ဗမာအစိုးရ အုပ် ချုပ်လို့ ကောင်းလီနှက်ရာ။
ယပိုင်နက်လာလတ်စွာ ၂၀၀၈ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရခိုင်ပြည်နယ် အဆင့် (၁၅)ကိုကျလားခစွာ ကို ကြည့်ကတ်ပါဖိယေ။ ယလောက်ဆိုကေ ရခိုင်ပြည် ပစ္စက္ခပညာရေးအခြေအနေကို နားလည်ကတ်ဖို့လို့ ယုံကြည်ပါရေ။
ဒေစွာတိအားလုံးရေ အုပ်ချုပ်တေအစိုးရကြောင့် ဖိနှိပ်ခံနီရရေပြည်သူတိမာ နင်းပြားဘ၀က မလွတ်ရေလမ်းဖြစ် တေအတွက် ” အော် အဘာရို့ အမင်ရို့ ရခိုင်ပြည်သူ၊ ပြည်သားတိကို မကယ်နိုင်ကတ်ယာလားယဂေ၊ ပြည်ပ မာဂျေး နီကတ်ဖို့ယာလား၊ ပြည်တွင်းပြည်ပ ပေါင်းစည်းပနာ စည်းလုံးညီညာ အောင်ကြောင်းဖြာဖို့ အချိန်ကျ ယာဖြစ်ကြောင်း၊ တတ်နိုင်ဖို့ဖက်က ကူညီကတ်ပါအကြောင်း ရခိုင်သားအပေါင်းကို ဒေဆောင်းပါး တပိုင်းတစ နန့် နှိုးဆော်လိုက်ပါရေ။ ။
စေတနာ သစ္စာတရားနန့်
ခိုင်သွီးနီ (ကိန်းသာမြီ)
(၁၅၊ ၁၀၊ ၂၀၀၈)
မှတ်ချက်။ ။ ပြည်တွင်းမာ လက်ဟိကျောင်းဆရာ(သူငယ်ချင်း)တယောက်စာကို မူရင်းအတိုင်း ဖော်ပြလိုက်ပါရေ။