søndag 12. oktober 2008

Puppy and Parties!!!!

ပါပီကလေး ပုတုတု
သူ့ စကားက ၀ုဝု
သူ့ စကားလူမသိ
လူ့ စကား သူမသိ
သနားပါဘိ။


အေကဗျာချေစွာ ကျနော်ရို့အချေမူလတန်းကျောင်းသားဘ၀ခါ ဆိုလို့ကောင်းရေ အတွက်ကျောင်းသားတိုင်းနီးပါးအလွတ်ရလီကတ်ဖို့ထင်ပါရေ၊ အဓိပါယ်ကလည်း လွယ်ရေ။ ရှင်းလည်းရှင်းရေအတွက် အချေတိအတွက် မျက်စိထဲမှာ ကွင်းကွင်းကွက် ကွက်မြင်ပြီးကေ ခံစားလည်းခံစားနိုင်ပါရေ။ ကျနော်ဇာဖြစ်လို့ ဒေကဗျာချေကို ပြန် ပြောင်းသတိရလာလဲဆိုကေ အဓိကအရင်းခံကတော့ ရခိုင့်တော်လှန်ရီးအကြောင်း ကို လက်ဟိရခိုင့်တော်လှန်ရီးပါတီ၊ အဖွဲ့အစည်းတိ အခြေအနေတိကို စိုင်းစားယင်း၊ စိုင်းစားယင်းနန့် အေနီရာကိုရောက်လာရစွာပါ။
အေနိထက်ထိ ရခိုင်ပြည်နန့်ရခိုင်လူမျိုးအတွက်ဆိုပြီးလုပ်နီကတ်တေ ရခိုင့်တော် လှန်ရီးပါတီတိ၊ အဖွဲ့အစည်းတိ ရွီလို့မရလောက်အောင်ဟိပါရေ။ ယေဒါလေ့ ဂနိ ရခိုင် ဇာဖြစ်နီလေ။ အမြင့်က အောက်ကိုရောက်လာရေ။ ရှိကနီနောက်ကိုရောက်လာ ရေ။ အဂုဆိုကေ ရခိုင့်တော်လှန်ရီးအခင်းအကျင်း၊ အခြီအနီစွာ ဗမာပြည်အသိုင်း အ၀ိုင်းကြားမှာတောင် ”ချဘိတ်”အဆင့်မှာပါ။ သင်္ချာဗေဒနန့်ဆိုကေ အနှုတ်ဇာ လောက်ပြလို့ဟိလီလေးမသိယာ။ အောက်သားတိက ကမ္ဘာမာရာနောက်ကျကေ လည်း ဗမာပြည်မာ ထိပ်က။

ဇာကြောင့် ဂုပိုင်ဖြစ်ရလဲဆိုစွာတိကိုကြည့်ကေ အမြင်အမျိုးမျိုး၊ အထင်အမျိုးမျိုး၊ အသံအမျိုးမျိုးတိကို နားနန့်မကန်အောင် ကြားကတ်ရပါဖို့ယေ။ အေချင့်ကတော့ လူ့သဘာဝပါ။ မြင်ပိုင်၊ ထင်ပိုင်၊ ပြောပိုင်ခွင့်ဟိစွာ လူ့အခွင့်အရေးတခုပါ။ ကျနော် စိုင်းစားမိစွာတိကတော့ ဂုပိုင်ဖြစ်လာရစွာရေ ရခိုင်လူမျိုးတိကိုယ်တိုင်က နိုင်ငံရီးကို စိတ်မ၀င်စားကတ်လို့လား၊ ပါတီ အဖွဲ့အစည်းအတိကြားမှာ စည်းလုံးညီညွတ်မှုမဟိ ကတ်လို့လား၊ လက်ဟိခေါင်းဆောင်တိ အရည်အချင်းမဟိကတ်လို့လား၊ မဟုတ်ကေ ရခိုင့်နိုင်ငံရီးကိုစိတ်ဝင်စားမှု ယုတ်လျော့လာကတ်လို့လား၊ ယပိုင်ဆိုကေ နောက် ထပ်ခေါင်းဆောင်ချေတိကိုကား မွီးထုတ်ပီးကတ်ဖို့ တမျိုးတဖုံပြန်မစိုင်းစားကတ်ယာ လား ~~~~~~~~~~~~ ယင်းပိုင်~~~~~ယင်းပိုင် လားပေါင်းများစွာနန့် စိုင်းစားမိပေါင်းလည်း ရွီလို့မရလိုက်ပါယာ။ လက်ဟိအခြေအနေမာဆိုကေ ရခိုင့် တော်လှန်ရီးအင်အားစုစွာ ခြာချိုင်ချေနန့်တူပိုင်မြင်ပါယက်ထော။ ခါး မဟိ။ ဇာပင် ဖြစ်ဖြစ် အေယှင့်ကိုလောလောစိုင် ထားလိုက်ပါ။

ကျနော့အမြင်တဖေ့သျှေကို ဆွေးနွေးကြည့်ပါမေ။ ပထမအချက်က ရခိုင့်တော်လှန်ရီး ကို အင်(န်)ဂျီအိုတိ ဖေ့သျှာတစိချေပြပနာ ဖျက်ဆီးလိုက်တေ၊ ဒုတိယအချက်က ရခိုင့်တော်လှန်ရီးကို ဗမာ့ဒီမိုကရေစီ ပြဒါးကျလားခရေလို့ထင်ပါရေ။

အင်(န်)ဂျီအိုတိ ခေတ်မစားခင် ရခိုင်ပြည်မာ ၀တုတ်စားပြီးကေတိုက်နီခကတ်တေ ပြောက်ကျားတိ ရွာတိုင်းနီးပါးမာဟိခရေ။ မင်းပြား၊ ရသေ့တောင် စရေမြို့တိကိုတောင် တက်သိမ်းခပနာ အောက်သားအစိုးရ ဘဏ်တိကိုဝင်သိမ်း၊ ဆင်းရဲရေပြည်သူတိကို အလုပ်အကျွေ့းပြုခကတ်တေ။ တော်ရုံတန်ရုံပလိပ်၊ စစ်သားသုံးလေးကောင်လောက်နန့် ကျွန်းတိကိုလားဖို့စွာကို ဖင်တုန်အောင်ကြောက်ခကတ်တေ။ ပြည်သူတိ အားရ၀မ်းသာဖြစ်လိုက်ကတ်တေပင်။

ပြောက်ကျားတိအတွက်ဆန်၊ ထမင်း၊ ငါး၊ ဟင်းကအစ အိမ်တိုင်းမာဟိခကတ်တေ။ ဘုန်းကြီးကျောင်းတိုင်းမာ ဟိခကတ်တေ။ အထူးသဖြင့် ကျွန်းရွာချေတိမာဖြစ်တေ။ အေချင့်တိစွာ ရခိုင်ပြည်သူတိ နိုင်ငံရေးတက်ကြွမှုနန့် အမှန်တရားကို ချစ်မြတ်နိုးစွာ တိကို ပြသစွာဖြစ်ပါရေ။ အေအခြင်းအရာ အဖြစ်အပျက်တိစွာ ၁၉၇၀ ခုနှစ်ဝန်းကျင် လောက်ထိ ရခိုင်ပြည်နန့် ရခိုင့်တော်လှန်ရီးအခြေအနေ တစိတစောင်းချေပါ။

လွန်ခရေနှစ်စိချေလောက်က ရခိုင်အမျိုးသားတရပ်လုံး လိုလားတောင့်တနီရေ အမျိုးသားစည်းလုံးညီညွတ်မှုကိုအခြီခံရေ တပ်ပေါင်းစုတခု အင်(န်)ဂျီအိုအားကိုးနန့် ဖြစ်တော့ဖြစ်လီခပါရေ။ ယေဒါလေ့ ယင်းတပ်ပေါင်းစုရေ သန္ဓေစတေရေလောက်ကပင် စောင်းဂီစောင်းဂန်းနန့်တည်ပြီးကေ အချိန်မစိ၊ လမပြည့်ဘဲ အန်(င်)ဂျီအိုညှစ်အားနန့်မွီးလာစွာဖြစ်လို့ ရောဂါဘယတိ၊ အမှောင့်ပယောဂတိ သောင်းခြောက်ထောင်လောက်နန့် မွီးရာပါကာလနာရောဂါထက်တောင်ဆိုးပါသိမ့်ရေ။ ယင်းဗိုင်းရပ်(စ်)ပိုးတိကိုယှင်းထုတ်ဖို့ နည်းပညာရှာမတွိကတ်ပါသိမ့်။ စည်းလုံးညီညွတ်ရေးလမ်းကြောင်းကိုရောက်ကတ်ရဖို့အစား အချင်းချင်းတိုက်ခိုက်ပျက်သုဉ်းရေးလမ်းကြောင်းကို ဦးတည်နီကတ်တေလို့ဆိုကေ ကောင်းတော့လွန်ဖို့မထင်။ အေချင့်စွာ ပြည်သူ့ဆန္ဒအစစ်အမှန်ကိုအခြီမခံခကတ်ဘဲ မိမိရို့ထင်ရာ၊ မြင်ရာကိုစိုင်းခကတ်လို့ ရလာရေဆိုးကျိုးတိဖြစ်ပါရေ။ အစကပင် ပြည်သူ့ဆန္ဒကို အခြီခံပနာ ပြည်သူ့အားနန့်တည်ဆောက်ခဖို့ဆိုကေ ယင်းမကောင်းဆိုးဝါး ဗိုင်းရပ်(စ်)ပိုးတိကို ပြည်သူတိကလည်း အကပ်ခံလီကတ်ဖို့မထင်။ လစိ၊ နိစိနန့် ခွန်အားဗလပြည့်ဝရေ ရခိုင်တပ်ပေါင်းစုကြီးတခု မွီးဖွားသန့်စင်လီဖို့ထင်ယင့်။

ယင်းနောက်ပိုင်းမှာ ဇာတိဖြစ်လာကတ်လဲဆိုကေ ဂုနားကပြောခရေပိုင် ပြောက်ကျား တိလမ်းလိုက်မှားလာကတ်တေ။ တောထဲကနီပြီးကေ မြို့ထက်ရောက်လာကတ်တေ၊ မြို့ထက်ကနီပြီး ဟော်တည်ထက်တိကို ရောက်လာကတ်တေ၊ အချင်းချင်း စားခွက် လု ရန်စောင်လာကတ်တေ။ စားခွက်မရရေအဖွဲ့က အောက်သားပါးမာ လက်နက်ချ ဒူးထောက်တေ။ ပြည်သူအကျိုး၊ အမျိုးသားအကျိုးထက် ကိုယ့်အကျိုးစီးပွါးအတွက် တော်လှန်ရီးကို အသုံးချလာကတ်တေ။ ဒီမိုကရေစီကို ပါးစပ်ကလူကြားကောင်း အောင် အော်ပနာ မိမိရို့ကိုယ်၌က အာဏာရှင်ဆန်နီကတ်တေစွာတိ အများကြီး။

ယင်းပိုင် ယင်းပိုင်နန့် ပြည်သူနန့် တော်လှန်ရီးသမားတိကြားမာ ကင်းကွာမှန်းမသိ ကင်းကွာလာရေ၊ အဆက်အဆံ နည်းလာရေ၊ တော်လှန်ရီးအဖွဲ့အစည်းတိက ဇာ လုပ်လို့ ဇာကိုင်နီကတ်မှန်းပြည်သူတိ တခုလည်းမသိ။ ပြည်သူတိ ဇာကိုလိုချင် ရေလဲဆိုစွာကို တော်လှန်ရီးသမားတိ အတွက်မခံ(မစိုင်းစား)။ အောက်သား ဒီမိုက ရေစီ ပြဒါးကျပနာ ကိုယ့်ရည်မှန်းချက်၊ ဦးတည်ချက်တိ အခြီမခိုင် ယိုင်နဲ့လာကတ် တေ၊ အန္တိမရည်မှန်းချက် ဇဝေဇ၀ါဖြစ်လာရေ။ ကျနော် ကာလံဒေသံ၊ ဧကံဓနံ ဆိုရေ အယူအဆ အတွေးအခေါ်ကို အတိုင်းအတာတခုအထိလက်ခံပါရေ။ တခါက မိတ် ဆွေတယောက်နန့် ဒေကိစ္စကို ဆွေးနွေးဖြစ်ခကတ်ပါရေ။ ယေခါ သူက တော်လှန်ရီး သမားတိ အခြေအနေပြောင်းလဲလာကတ်စွာကို ထောက်ပြပါရေ။ ယေဒါလည်း ကျနော်က အခြေအနေ၊ အချိန်အခါအရ ပြောင်းလဲလာကတ်စွာကို စောင့်ကြည့်သင့် ပါရေဆိုပြီးနာ မယုတ်မလွန်ပြောခပါရေ။ သူကတော့ အေချင့်စွာလုံးဝမဖြစ်သင့် ကြောင်း။ မိမိရို့ ရည်မှန်းချက်ပန်းတိုင်ကိုလားရေလမ်းမာ ဇာအကြောင်းကြောင်း ကြောင့်နန့်မဆို ဇဝေဇ၀ါမဖြစ်သင့်ကြောင်း၊ အေချင့်စွာအမျိုးသားတော်လှန်ရီးအ တွက် ရေရှည်မာအန္တရာယ်ဖြစ်နိုင်ကြောင်းတိကို ထောက်ပြ ခဖူးပါရေ။

ဂနိလက်ဟိအခြေအနေတိကို ပြန်ကြည့်ကေ ကျနော်လည်းသူ့ပိုင် တရက်ထက် တရက်ခံစားလာရပါရေ။ ယင်းကြောင့် ရုပ်သီးရုပ်တော်လှန်ရေးသမားတိဘ၀ ကို ရောက်မှန်းမသိရောက်နီကတ်တေဘ၀တိက အယင်ဆုံးရုန်းထွက်ပနာ အမျိုးသား တော်လှန်ရီးခရီးကို ပြန်အသက်သွင်းကတ်ဖို့ တာဝန်ယူလုပ်ကိုင်နီကတ်တေ ပုဂ္ဂိုလ် အပေါင်းရို့ကို စေတနာမှန်နန့် ရိုးသားပွင့်လင်းစွာ ပြောချင်ပါရေ။

နောက်ဆုံးမာ အချိန်မီမပြုပြင်ကေ ”ဓါးလည်းမရ၊ ဖွတ်လည်းဆုံး” ဆိုရေအဖြစ်မျိုး ဆိုးကျိုးတိကို ဧကန်မုချတွိကတ်ရပါဖို့။ ဂနိလက်ဟိ ရခိုင့်တော်လှန်ရီးပါတီတိ၊ အဖွဲ့အစည်းတိနန့် ပြည်သူတိကြားထဲက ဆက်သွယ်ရေးကတော့ အထက်မာ ကျနော် ဖော်ပြခရေ ကဗျာချေပိုင် -

ပါပီကလေး ပုတုတု
သူ့ စကားက ၀ုဝု
သူ့ စကားလူမသိ
လူ့ စကား သူမသိ
သနားပါဘိ။

ခိုင်နောင်ဂျိန်
တော်လှန်ရီးသမားတိုင်းကိုပြောစွာမဟုတ်ပါနှမ်း။ ယကေလေ့ မတရား လူ ”ထိပ်” ပါရာ၊