fredag 17. september 2010

စည်းလုံးညီညွတ်ရေးနန့် အကျွန့်အမြင်

ဒေနိ ရခိုင်လူမျိုးတိုင်း အချင်းချင်းစည်းလုံးညီညွတ်ဖို့စွာကိုလိုချင်ကတ်တေ။ တချို့က ပြောကတ်တေ.. ” ရခိုင်သားတိ ဒေနိစည်းလုံးညီညွတ်ကေ နက်ဖန်ခါလွတ်လပ်ရေးရရေ” ။ တချို့က ”ရခိုင်သားတိ ညီစွာနန့် လွတ်လပ်ရေး ၅၀ % ရယာ” လတ်…..ယပိုင်ဆိုဂေ ရခိုင်သားတိအထဲမာ စည်းလုံးညီညွတ်ရေးစွာ ဒေလောက်၊ အသက်လောက်အရေးကြီးမှန်းသိနီဂတ်ယင့်နန့် ဇာဖြစ်လို့မလုပ်နိုင်ဂတ်စွာလဲလို့ မီးခွန်းပေါ်လာရေ။ အသေချာဆုံးအဖြေက စည်းလုံးညီညွတ်ရေးဆိုစွာကို လူကြားကောင်းအောင် အော်နီဂတ်ပြီးကေ လက်တွိမလုပ်ကတ်လို့ဖြစ်တေ။ စည်းလုံးညီညွတ်ရေးကို လိုချင်ဂေ စည်းလုံးညီညွတ်ဖို့အတွက် အခြေခံလိုအပ်ချက်တိ၊ နည်းလမ်းတိကို လူတိုင်းကရှာပနာ လိုက်လုပ်ကတ်ဖို့အရေးကြီးရေ။ ပစက အော်နီစွာလောက်နန့်မရဆိုစွာကို အားလုံးသဖောပေါက်သင့်ယာ။

အချင်းချင်းစည်းလုံးညီညွတ်ဖို့အတွက် အခြေခံလိုအပ်ချက်တိကတော့ အများကြီးဟိနိုင်ဘာရေ။ ယင်းအထဲက အရေးကြီးရေထင်ရေ အချက်ချေတိကို အကျွန့်အထင် တင်ပြရကေ..

(၁) ရင်းနှီးမှု -
တယောက်နန့်တယောက် ရင်းနှီးအကျွမ်းဝင်မှုမဟိဘဲနန့် စကားပြောဖို့စွာမလွယ် (အကျွန်ရို့ ရခိုင်လူမျိုးတိမာ ပိုဆိုးရေ။ ကိုယ်နန့် မသိ၊ မရင်းနှီးကေ စကားပြောဖို့အင်ရေ အကျင့်ဟိကတ်တေ)။ ယင်းဇူးနန့် တယောက်နန့်တယောက် ရင်းနှီးအကျွမ်းဝင်မှုဟိအောင် စကားပြောကတ်ဖို့လိုအပ်တေ။

တယောက်နန့်တယောက် ရင်းနှီးလာကေ တယောက်စိတ်ဓါတ်ကိုတယောက်သိလာဖို့၊ တယောက်ခံစားချက်ကို တယောက်နားလည်လာဖို့၊ တယောက်နန့်တယောက် အပြန်အလှန် ဘြန်းစီးကာ ပုတ်ခတ်တိုက်ခိုက်နီဂတ်စွာတိကနီဘနာ ”ခွီးကိုသတ်ချင်ဂေ ခွီးရှင်မျက်နှာကိုကြည့်” ဆိုရေစကားပိုင် လုံးဝလျော့ကျလားဖို့လို့မြင်ရေ။
ယင်းဇူးနန့် အချင်းချင်းကြားမာ တယောက်နန့်တယောက် အကျွမ်းဝင်အောင်၊ ရင်းနှီးအောင်အယင်လုပ်ကတ်ရဖို့။ ဒေချင့်က အခြေခံအကျဆုံးအချက်ဖြစ်တေ။

ဇာကြောင့် ဒေစကားကိုပြောရလဲဆိုကေ ဒေနိဒေမာဖြစ်ပျက်နီဂတ်တေ အခြင်းအရာတိကိုမြင်လို့၊ တစိချေလေ့ စိတ်မချမ်းသာလို့ ပြောရစွာ။ ဒေမာ ၀င်ဘနာပြောဆိုဆွေးနွေးနီဂတ်တေလူတိထဲမာ ရင်းနှီးမှုဆိုရေ အခြေခံမဟိလို့ ဒေပိုင်ဖြစ်နီဂတ်စွာ။ အမျိုးသားရီးအတွက် ကောင်းရာကောင်းကျိုး ဇာလောက်ပင်ပြောဆိုဆွေးနွေးနီဂတ်ကေလေ့သော့ တယောက်နန့်တယောက် မသိဂတ်၊ မသိအောင်လေ့ နာမေ၀ှတ်တိကို သုံးနီဂတ်တေ။ တယောက်ကိုတယောက် ပြောချင်ပိုင်ပြောလို့ရရေ။ ဆဲချင်ပိုင်ဆဲလို့ ရရေ။

ယင်းပြောဆိုဆွေးနွေးနီဂတ်စွာတိက ကြာလာခါ ဇာလောက်ထိဖြစ်လာလဲဆိုဂေ အမျိုးသားရေး၊ တော်လှန်ရေးအတွက် အားဆီးသျှေတခွက်၊ ကောင်းကျိုးသျှေတချက် မဖြစ်တေအပြင် သွယ်ဝိုက်တေနည်းနန့်(သို့) ဒါရိုက်(Direct) နိုင်ငံရေး၊ တော်လှန်ရေးကို ဖျက်ဆီးပိုင်ဖြစ်လာရေ။ ရခိုင့်အနာဂါတ်မျိုးဆက်သစ်ချေတိစိတ်ဓါတ်ကို အောက်ချီးတိဖျက်စီးစရာမလိုဘဲနန့် ရခိုင်တိက (volunteer) စေတနာပေါက် ဖျက်ဆီးပီးနီဂတ်စွာနန့်တူရေ။ ”ချစ်ရာမရောက်ဘဲ နှိပ်ရာရောက်နီရေ” မေသေ့သူတယောက်ကိုလေ့ တိုက်ခိုက်နီစွာမဟုတ်ပါနန်း။ အားလုံးကိုခြုံဘနာ အကြမ်းကောက်ချက်ချကြည့်စွာပါရာ။ ဟုတ်၊ မဟုတ်ကို ပြန်ဆွေးနွေးလို့ ရဘာရေ။

အကျွန်ရို့ရခိုင် အသိုင်းအ၀ိုင်းမာ အများစုက လက်ဟိအခြေအနေအရ ” နငယ်ကို လုံးတင်ဖို့ပျင်သိမ့်….နိုင်ငံရေးလာဖို့ယာလားမသိ” ”သဝေထိုး တ၀န်းဗူယီးချာ…စွာနန့် တော်လှန်ရေး လာဖို့ယာလားမသိ” ဆိုဘနာ သန်ဖက်ဝင်နီဂတ်စွာမာ ဒေပိုင်ပြောဆိုဆွေးနွေးနီဂတ်စွာတိရေ ကိုယ်ရို့အတွက် အကျိုးဟိနိုင်လား၊ အကျိုးယုတ်နိုင်လားဆိုစွာကို ပြန်ဘနာသုံးသပ်ကတ်ဖို့ အချိန်တန်ပါယာ လူရို့။

(လောလောစိုင် ဒေလောက်နန့် တံ့ထားလိုက်ပါဖို့သိမ့်….လိုအပ်တေလို့ထင်ဂေ ဆက်တင်ပြပီးပါမေ….)
အားလုံးကို လေးစားစွာနန့် -
Free4waddy

Ingen kommentarer: