fredag 29. oktober 2010

အဖမြီ

(က)
အထင်ကရသမိုင်း
ဖျောက်ဖျက်မရရေသမိုင်း
ဂန္တ၀င်သမိုင်းများကို
ရင်ဖက်တိထဲမာ
ကိုယ်စီကိုယ်ငှ
ထိုးထွင်းထားဂတ်တေ….။
သမိုင်း ဆိုရေစကလုံးတိစွာ
ရိုးအီနီဂေလေ့သော့
“သမိုင်းဆိုစွာ ဇာတိမာန်”
ယင်းဇာတိမာန်ကို
သမိုင်းက မွီးပီးလိုက်တေ….။

(ခ)
မြီဖုံးခရေ မြို့ပြများ
ပြာဖုံးခရေ မြို့ပြများ
သွီးစွန်းခရေ မြို့ပြများ
ယင်း မြို့ပြတိစွာ
လူးလှိမ့်ဘနာ လှုပ်ယှား
ဓါးသွီးရေအသံတိ
ဘ၀ဂ်ညံဖို့ဒေ….။

(ဂ)
အစိုဉ်အလာကြီးမားခြင်း
ရွှီရောင်လွှမ်းရေ မြို့ပြများ၏
ယိုဉ်ကျေးမှု ပြယုဂ်တိစွာ
ငါရို့ နှလုံးသားထဲမာ
ငါရို့ သွီးသားထဲမာ
ခိုင်မာစွာ တည်ဟိ
ခြွီဖျက်မရရေ သမိုင်းခွန်အား
ဒေမြီစွာ
ငါရို့အဖမြီ….။

(ဃ)
ပြာဖြစ်လားရေ ရခိုင့်ရွှီနန်းတော်
ဒေမြီမာ ပြန်ဘနာကျရောက်ခ
ငါရို့သွီးများစွာ
နှလုံးသွီးသားတိနန့် တသားတည်းဖြစ်
ယုံကြည်သူရို့
အသက်နန့် ထုဆစ်ခဂတ်တေ
အတောက်ပဆုံး သမိုင်း
အခမ်းနားဆုံးသော သမိုင်းအဖြစ်
ရဲရင့်ရေ ရက္ခိတသွီးတိနန့် ထုဆစ်ကတ်
ဖျောက်ဖျက်မရရေ သမိုင်းတွန်းအား
ဒေမြီစွာ
ငါရို့ အဖမြီ….။

(င)
တော်လှန်သူရို့၏
သွီးတိ
ချွီးတိ
ဘ၀တိ
အသက်တိနန့် ထုဆစ်ကတ်ကေ
ရွှီရောင် နိန့်သစ်တိစွာ
ဂန္တ၀င်သစ်၏ အမှတ်တရ
ဂန္တ၀င်သစ်၏ အထင်ကရသမိုင်းဖြစ်ရဖို့ဒေ
မမိနိုင်ရေ သမိုင်းစွမ်းအား
ဒေမြီစွာ
ငါရို့ အဖမြီ….။

(စ)
ဒေမြီစွာ
ရက္ခိတမြီ
အဖမြီ
ဘူမိရက္ခိတ ပုတ္တရမြီ
ဂန္တ၀င်မြီ
ငါရို့မြီ
အို….အဖမြီ။

ခိုင်လင်း (မေဃ၀တီ) (၁၀၊ ၆၊ ၀၅)

Ingen kommentarer: