အကျွန်ရို့တိစွာ စကားစပြောတတ်တေအရွယ်၊ ကျောင်းစနီရေအရွယ်တိလောက်ကပင် လူတိုင်းအမီးခံဖူးရေ မီးခွန်းတခုဟိရေ။ ယင်းချင့်က “ ကြီးလာဂေ ဇာလုပ်ဖို့လဲ” လတ်။ ယင်းအချိန်က စိတ်မာဖြစ်ချင်ခစွာတိကို ဖြေဖူးခကတ်တေ လူတိဂျေးယာ။ ယကေလေ့ လက်တွိမာ ဖြစ်ချင်ခစွာနန့်ဖြစ်နီရရေဘ၀ တခြားစီဖြစ်နီရရေလူက ရခိုင်နှုန်းကဂေါင်းများလီဖို့ထင်ရေ။ ဒေပိုင်ဖြစ်လာရစွာရေ တိုင်းသူပြည်သားတိ ညံ့ဖျင်းလို့မဟုတ်။ အခြေခံအကျဆုံးတရားခံက ယင်းတိုင်းပြည်၏ ပညာရေးစနစ်ကြောင့်ဖြစ်ရစွာဖြစ်တေ။
တိုးတက်ထွန်းကားရေတိုင်းပြည်တိမာ လူတိုင်းကိုယ်ဖြစ်ချင်စွာကို လုပ်လို့ရရေ။ ယင်းပိုင်လုပ်နိုင်အောင်လေ့ ယင်းတိုင်းပြည်တိ၏ ပညာရေးစနစ်တိက အထောက်အကူပြုပီးထားရေ။ မိခင်ဘာသာစကား၊ အင်္ဂလိပ်၊ သမိုင်း၊ ပထ၀ီ၊ သိပ္ပံ အခြေခံဘာသာရပ်တိအပြင် တခြားဘာသာရပ်တိဖြစ်တေ ကွန်ပြူတာ၊ ပန်းချီ၊ လက်သမား၊ ပန်းထိုး၊ အချက်အပြုတ်၊ အားကစား အစဟိရေဘာသာရပ်တိကို အတန်းအလိုက် အခြေခံပညာကျောင်းတိမာသင်ပီးရေ။ ယင်းချင့်တိအပြင် ကျောင်းသား/သူ တယောက်ချင်းစီလိုက်လို့ သူရို့တိဝါသနာပါစွာကို လုပ်နိုင်အောင် ကျောင်းတိကလမ်းကြောင်းချပီးရေ။
ဥပမာ ကျောင်းသား/သူ တယောက်ယောက် ဓါတ်ပုံရိုက်ဖို့ ၀ါသနာပါရေဆိုပါဖိ။ ယင်းအချေအတွက် အချိန်စရင်းသီးသန့်ဆွဲဘနာ ဓါတ်ပုံပညာရှင်တိဘားက စာတွိလက်တွိပညာသင်ယူနိုင်အောင် ကျောင်းတိကစီစိုင်ပီးရေ။ တခြားဘာသာရပ်တိလေ့ ထိုနည်းအတိုင်းယာ။ ယင်းပိုင် သင်ပီးလိုက်တေ အသျှေတိစွာ အခြေခံပညာကျောင်း မပြီးခင်အချိန်မာ ကိုယ့်ကျောင်းက တခြားအတန်းအငယ်တိက အသျှေတိကို ယင်းဘာသာရပ်တိနန့်ပတ်သက်လို့ တဆင့်ခံပြန်လို့ ပို့ချပီးရရေ။ အခြေခံပညာကျောင်းအဆင့်မာလောက်ကပင် ယင်းအချေတိစွာ ကိုယ်ရို့ဖြစ်ချင်ရေစွာကို လမ်းတ၀က်လောက်ထိ ရောက်လားခရေလို့ ပြောလို့ရရေ။ ကိုယ်ရို့လားချင်ရေ၊ လုပ်ချင်ရေစွာကို အပူအပင်မဟိဘဲနန့် လလွတ်လလပ်လားနိုင်အောင် ဖန်တီးပီးထားရေ။
အခြေခံပညာအဆင့်ပြီးစွာနန့် တက္ကသိုလ်၊ ကောလိပ်ကို တခါတည်းဆက်တက်လို့မရ။ တက္ကသိုလ်၊ ကောလိပ်ကိုဆက်တက်ဖို့အတွက် ကြားခံကျောင်းတခုကို (၃)နှစ် ဆက်တက်ရရေ။ ဒေကြားခံကျောင်း(၃)နှစ်တက်တေ အချိန်မာ ကျောင်းသားတိစွာ ကိုယ်ရို့စိတ်ဝင်စားရေအလုပ်ကို ပိုလို့စာတွိ၊ လက်တွိ လုပ်လာနိုင်ရေပိုင် နွီရာသီကျောင်းပိတ်ရက်တိမာ သူရို့စိတ်ဝင်စားရေအလုပ်တိမာ ဖေ့သျှာဝင်ငွေရအောင် ၀င်လုပ်ကတ်ရရေ (ကျောင်းပိတ်ထားရေအချိန်မာ အစိုးရအထောက်အပံ့မပီးလို့)။ ပုလိပ်အလုပ်ကိုစိတ်ဝင်စားရေလူက ပုလိပ်ဌာနမာ အလုပ်သင်ဆင်း၊ ဈီးရောင်းဖို့ဝါသနာပါရေလူက စူပါမားကတ်တိမာ အရောင်းစရေးလုပ် ၀င်လုပ်ကတ်ရရေ။ ယင်းပိုင် လုပ်နိုင်အောင်လေ့ ကျောင်းတိ၊ ကုမ္ပံဏီတိနန့် အစိုးရကြားမာ ပူးပေါင်းဆောင်ရွက်မှုတိနန့် ချိတ်ဆက်ထားရေ။
ဗမာပြည်က ပညာရေးစနစ်တိနန့် နှိုင်းယှဉ်ရဖို့ကေ အကျွန်ကဒေပိုင်မြင်ရေ။ ခရီးတခု၊ ပန်းတိုင်တခုကို အတူတူလားကတ်စွာမာ တိုးတက်တေနိုင်ငံတိကအချေတိက ကိုယ့်စိတ်ကြိုက်လားခွင့်ရပြီးကေ ဗမာပြည်ကကျောင်းသားတိက ဇာနန့်တူလဲဆိုဂေ ဗိုက်စကုတိထဲမာ နာဇီတိက ဂျူးတိကို ရထားတွဲတိမာအလုံပိတ်ဘနာ သီမင်းစခန်းသို့ လားပို့စွာနန့်တူနီပိုင် တွိရေ။ အခြေခံပညာအဆင့်မာလေ့ တခုလေ့မသင်ပီးခ။ အခြေခံပညာပြီးလို့ အဆင့်မြင့်ပညာကိုရောက်ပါလတ်ကေလေ့ သူရို့သတ်မှတ်ထားရေ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထ၀ီ၊ သိပ္ပံ အစဟိရေ ရထားတွဲတိမာ ငပိသိပ်၊ ငချိုင်သိပ် အလုံပိတ်ဘနာ B.A, B.sc ဆိုရေ ဘူတာကိုပို့ရေ။ ဂိတ်ဆုံးကိုရာ ရောက်လားခရေ လမ်းတလျှောက်မာဟိနီရေ သဘာဝအလှတိကို မခံစားခရရုံတင်မက လမ်းမာ တောင်ဟိလား၊ ချောင်းဟိလား၊ ဂူခေါင်းဟိလား တခုချေလေ့ မသိခ။ ယင်းပိုင်နန့် အကျွန်ရို့တိစွာ တခေတ်ပြီးတခေတ် အသိပညာ၊ အတတ်ပညာ၊ နည်းပညာတိ ဆုတ်ယုတ်ပြီးယင်း ဆုတ်ယုတ်လာဂတ်တေ။
ယင်းချင့်တိထက်ပိုဆိုးစွာ ကိုယ့်တိုင်းပြည်မာ ကိုယ်မနီနိုင်ဘဲ သူများနိုင်ငံတိမာ ရရေအလုပ်ကိုဝင်လုပ်နီဂတ်ရရေ။ ရခိုင်ပြည်မာ ပန်းထိမ်ခွပ်နီခလူက တခြားတိုင်းပြည်တပြည်ရောက်ပါလတ်ကေ စိုက်ပျိုးရေးခြံမာ လုပ်ချင်ဂေလုပ်ရရေ၊ မိရိုးဖလာလယ်လုပ်နီခရေလူက ငါးဖမ်းဘုတ်တိမာ လိုက်ရရေ၊ ကျောင်းဆရာလုပ်နီခလူက အထည်ချုပ်စက်ရုံမာလုပ်နီရရေ။ ဘ၀မာ ငါ” ဇာဖြစ်ချင်ရေ” ဆိုရေ စိတ်ဓါတ်တိကို ရစရာမဟိအောင် အဖျက်စီးခံလိုက်ကတ်ရရေ။ အသက်မသီရုံတမယ် သိက္ခာမဟိ ဘ၀တိကိုရုန်းကန်နီဂတ်ရရေ။ ဇာသူ့ကြောင့်လဲ အကျွန်မပြော။ အစွန်းရောက်တေလို့ အပြောခံရလတ်မေကြောက်တေ။ စာဖတ်လူတိ စိုင်းစားကတ်ပါဖိ။
အကျွန့်မာ ” တနိန့်နိန့် တချိန်ချိန် ငရို့ရခိုင်ပြည်လွတ်လပ်ခဂေ” ဆိုရေ မျှော်လင့်ချက်ချေတခုဟိရေ။ ယင်းဇူးနန့် သူများတိုင်းပြည်တိက ပညာရေးစနစ်တိကို ဥာဏ်မီသလောက်လေ့လာရေ၊ မှတ်ထားရေ။ တချိန်ချိန်ကျဂေ ကိုယ့်အသျှေတိကို တခြားကမ္ဘာကအချေတိနန့် တန်းတူဖြစ်အောင်လုပ်ပီးချင်ရေ ဆန္ဒတိဟိရေ။ စကားလုံးတိ ကောင်းကြီးကျယ်လားယာလားမသိ။ စိတ်ကူးသလောက် လုပ်နိုင်ဖို့၊ မလုပ်နိုင်ဖို့စွာကို ကံသီ၊ ကံမပြောလို့မရကေလေ့ ဒေချင့်တိစွာ ရင်ထဲကဆန္ဒအမှန်တိပါရာ။ စကား ဆိုစွာက မပြောဘဲနီကေ တခုလေ့မဖြစ်။ ပြောမိလိုက်လို့ ပြောပိုင်မလုပ်နိုင်ဂေ ကိုယ့်ထမင်းကိုယ်စားလို့ လူများဘားမာ အထင်သေးခံရရေ။ ဇာပင်ဖြစ်ဖြစ် ဒေမှန်ကန်ရေသစ္စာစကားကြောင့် “ ရခိုင်ပြည် လွတ်လပ်ရေး ရဘာဇီ “
တခြားညီအကိုမောင်နှမတိကိုလေ့ ကိုယ်ရို့လက်ဟိကျင်လည်နီရရေဘ၀ပါတ်ဝန်းကျင်က အတွိအကြုံ၊ သင်ခဏ်းစာကို တနိန့်နိန့်တချိန်ချိန်မာ အဖရခိုင်ပြည်အတွက် ကောင်းရာကောင်းကျိုးပြန်လို့ မျှဝီပီးနိုင်အောင် လေ့လာဂတ်ပါလို့တိုက်တွန်းယင်း ဒေမာတံ့လိုက်ပါမေ။
Free4waddy
Ingen kommentarer:
Legg inn en kommentar