fredag 13. juni 2008

Poems

ဝီးလွင့်အိပ်မက်

ဖိုးခေါင်တောင်ထက်မှာ
မျဉ်းဖြောင့်တကြောင်း
ဆွဲကြည့်ကတ်ဖို့ ဆိုကေ
အကိုဇာနီရာမာမဆို
ပါဖြစ်အောင်ပါဖို့ ဆို။

ပင်မြင့်ထက်ကငှက်
အတောင်ကျွတ်ငှက်တော့
မဟုတ်ပါနှမ်းအကို။

ရီလာဖို့ အတွက်
မြောင်းသျှေဖောက်
ပေါက်တူးသျှေပေါက်လို့ 
စောင့်ကတ်ရဖို့ ဆို။

ဒေါသတရား ----
မာနတရား ----
ဥပေက္ခတရား ----
ငြိလားရေဆိုကေ
ကျွန်တော်လေ
မြောင်းဘောင်သျှေထက်ကဖြစ်ဖြစ်
သစ်ခြောက်ပင်အောက်ကဖြစ်ဖြစ်
စောင့်နီမေနှမ်း။

ပေါက်တောရွှေမြေမဂ္ဂဇင်း(၂)
နောင်ရဲခိုင်ရွက်နုပြန်ချိန် ရခိုင်ကဗျာသီးသန့် စုစည်းမှု စာအုပ်က ကူးယူဖော်ပြပါသည်။


မျဉ်းမတ်တိ

လူဆိုစွာ
ကမ္ဘာကိုမှီ ၂၃၁/၂ ဒီဂရီ
အခြီကပင် တိမ်းစောင်းနီရေလတ်
ဖြတ်လမ်းလိုက်လူလိုက်
နဖူးသိုက်တူးလူက တူးပနာ
မာနကို ခ၀ါချ
ခံယူချက်ကိုဆီးဆိုး
မိုးခါးရီသောက်လူကသောက်
တစ်ယောက် ----
နှစ်ယောက် ----
သုံးယောက် ----
ရွီမလောက်။

ကျောက်ဆောင်ကိုအားကျ
ဂျောင်သျှေထဲက ဖွဲရာကျသျှေတရွီ
ဆကြွီဒဿနတိနန့် ကျင်ကိုင်
သီအိုရီမှိုတက်တိနန့်  ရထားပြိုင်ဆွဲယင်း
လိုင်ကြောတင်းရေလို့  ဆိုချင်ဆို
အပိုမယှိရေ သိက္ခာတချပ်ကို
အလိုယှိရေ ရိက္ခာတနပ်မျိုဖို့ 
အချိုသကာ ပုရစ်မျက်နှာတပိုင်းနန့် 
သမိုင်းဘင်းဂျီ မခံနိုင်။

လှိုင်း (ဂစ္ဆပ)
ရွက်နုပြန်ချိန် ရခိုင်ကဗျာသီးသန့် စုစည်းမှု စာအုပ်က ကူးယူဖော်ပြပါသည်။
တာဝန်ကျီ

ကိုယ့်သားကိုယ့်သွီး
နီးရာဝီးပါး
မွီးဖွားကြီးပြင်း
အချင်းချင်းတိ။

စကားလီသံ
ကွဲစွာမှန်လည်း
အမှန်စိတ်ထား
တသွီးသားတည်း၊။

လူမျိုးမဖျောက်
မိန့် မပျောက်ဖို့ 
တယောက်ကိုယ်စီ
တာဝန်ကျီအောင်
ရောက်နီရေရပ်
စွမ်းဆောင်ကတ်မှ
ရခိုင်ပီပီ
တာဝန်ကျီ။

သဟာယမဂ္ဂဇင်း (၅)
အောင်မြတ် (ယိုးတရုတ်)
ရွက်နုပြန်ချိန် ရခိုင်ကဗျာသီးသန့် စုစည်းမှု စာအုပ်က ကူးယူဖော်ပြပါသည်။

Ingen kommentarer: