onsdag 7. september 2011

စနစ်နန့် လူ

ကမ္ဘာ့တိုင်းပြည်တိမာ အုပ်ချုပ်ရေးစနစ်တိ အမျိုးမျိုးကွဲပြားဘနာ ဟိကတ်တေ။ ဆိုရှယ်လစ်၊ စစ်အာဏာရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ အရင်းရှင်စနစ်၊ ဒီမိုကရေစီစနစ်၊ ဆိုရှယ်ဒီမိုကရေစီစနစ်၊ သက်ဦးဆံပိုင်ဘုရင်စနစ်၊ စည်းမျဉ်းခံ ဘုရင်စနစ် ဆိုဘနာ ဟိကတ်တေ။
- အာဏာရှင်စနစ်နန့် သက်ဦးဆံပိုင်စနစ်ကလွဲကေ ကျန်ရေစနစ်တိစွာ နိုင်ငံရေးကိုကျွမ်းကျင်ရေ နိုင်ငံရေးသမားကြီးတိ ရီးဆွဲထားစွာဖြစ်လို့ များသောအားဖြင့် ကောင်းရေစနစ်တိဂျေးယာများရေ။ အဓိက အုပ်ချုပ်တေလူတိကြောင့်ရာ အနိမ့်၊ အမြင့်၊ အတက်၊ အကျ ကွာခြားလားစွာဖြစ်တေ။ ဇာလောက်ကောင်းရေကားအမျိုးအစားဖြစ်နီလီပက်စီ အမောင်းမတတ်ကေ တိုက်ဖို့၊ မှောက်ဖို့၊ နောက်ဆုံးစုတ်ပြတ်သတ်လီဖို့စွာ သေချာရေ။ ယင်းပိုင်ယာ စနစ်ဇာလောက်ပင်ကောင်းကောင်း ယင်းစနစ်ကိုမောင်းနှင်ရေ အစိုးရမကောင်းကေ ယင်းတိုင်းပြည်ကလူတိ ခွီးဖြစ်စွာယာ။

အရာ ဥပမာတခုပြရဖို့ဆိုကေ အကျွန်ရို့ဘ၀တလျှောက်လုံး ကွန်မြူနစ်စနစ် မကောင်းကြောင်း နည်းအမျိုးမျိုးနန့် သတ်သွင်းခံလာဂတ်ရလို့ ကွန်မြူနစ်လို့အသံကြားလိုက်ကေပင် ကြက်သိန်းထလားရေပိုင် ခံစားကတ်ရရေ။ ဂနိအချိန်မာ ကမ္ဘာကြီးမာ အမေရိကန်ကိုအားကျဘနာ ဒီမိုကရေစီစနစ်၊ အရင်းရှင်စနစ်တိ ပေါ်ပြူလာပိုင်ဖြစ်လာရေ။ ယကေလေ့ ဂနိလက်ဟိအခြေအနေ အမှန်မာ ဆင်းရဲသားအခြေခံရေ၊ သာတူညီမျှကောင်းစားရေးဝါဒ တရုတ်ကွန်မြူနစ်စနစ်ဘားမာ လူအများအထင်ကြီးလေးစားခံနီရရေ အမေရိကန်စွာ ဒေါ်လာဘီလီယံပေါင်း အများကြီး ဒါဒေါင်ကျနီရေ။ ကမ္ဘာ့အရင်းရှင်ကြီး အမေရိကန်က ဆင်းရဲသား သာတူညီမျှ ကောင်းစားရေးဝါဒ ကွန်မြူနစ်စနစ်နန့် အုပ်ချုပ်နီရေ တရုတ်ကို ဒါဒေါင်ပီးမကျီလောက်အောင် ဟိနီရေ။ ယင်းဇူးနန့် စနစ်ဆိုစွာ ပညတ်ချက်တခုရာဖြစ်ပြီးကေ တိုင်းပြည်ကို အုပ်ချုပ်တေလူတိကရာ အဓိကကျရေဆိုစွာကို ဒေချင့်က သက်သီပြနီရေ။ စနစ်နန့်လူမာ လူရာအဓိကဖြစ်တေ။

ဗမာပြည်မာလေ့ ယင်းပိုင်ယာ၊ နေ၀င်းတသက်လုံးနီးပါး ဆိုရှယ်လစ်စနစ်နန့် အုပ်ချုပ်ခရေ။ ဆိုရှယ်လစ်စနစ်မကောင်းလို့ မဟုတ်၊ အုပ်ချုပ်ရေအကောင်တိ စစ်တပ်အားကိုးနန့် အာဏာကိုမတရားယူဘနာ စိတ်ထင်တိုင်းမောင်းနီခလို့ တိုင်းပြည်ပင်လယ်ထဲကို ထိုးကျလားစွာဖြစ်တေ။

အရာ အဂု ဒီမိုကရေစီ၊ ဖက်ဒရယ်ဆိုဘနာ မိုးဦးကျ ဖဘူတိအော်ပိုင် အော်နီဂတ်ပြန်ယာ။ အော်ချင်ပိုင်အော်နီကတ်လီ၊ ဂနိလက်ဟိလွှတ်တော်မာ ဖက်ဒရယ်စနစ်ဆိုစွာကို အိမ်မက်တောင်မက်လို့မရသိမ့် အခြေအနေမာဟိရေ။

ဒေပိုင်မျိုးအခြေအနေမာတောင် ဟိုတရက်နိက လွှတ်တော်မာအသံတသံကြားလိုက်တေ။ ချင်းကိုယ်စားလှယ်က သူရို့ပြည်နယ်စွာ ဖွံ့ဖြိုးမှုအနည်းဆုံးပြည်နယ်ဖြစ်တေအတွက်နန့် တခြားတိုင်းဒေသကြီးတိ၊ ပြည်နယ်အစိုးရတိကို ဗဟိုအစိုးရက ဖေ့သျှာခွဲတမ်း (၁၀၀၀) ချပီးရေဆိုဂေ သူရို့ပြည်နယ်ကို (၁၂၀၀) လောက် ပီးသင့်ရေဆိုဘနာ တောင်းလာစွာတွိရရေ။ ဒေချင့်စွာရေ ယင်းသူရို့တိမျှော်လင့်နီရေ၊ ချောင်းနီရေ ဖက်ဒရယ် အနှစ်သာရ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်နန့် အန္တိမရည်မှန်းချက်ဖြစ်တေ။ ဖက်ဒရယ်ဆိုရေ “ဆင်ဖြူ” ကို မှီဘနာ ကြံရည်စုတ်ဖို့ ချောင်းနီဂတ်တေဆိုစွာကို ပြလိုက်စွာဖြစ်တေ။ အောက်သားတိလေ့ အတူတူယာ။ ဒို့တာဝန်အရေးသုံးပါးဆိုဘနာ လူကြားကောင်းအောင် “အူ” ပြနီဂတ်စွာရာဖြစ်တေ။ ယင်းသူရို့ ၀မ်းထဲမာ အူဇာနှစ်ခွေဟိလဲဆိုစွာကအစ ချဂြောင်းကို ကြောင်းလို့မြင်ရေ။

အမှန်အကန်စစ်မှန်ရေ ဖက်ဒရယ်ပြည်ထောင်စု စနစ်နန့်လားရေဆိုခဂေတောင် ပြည်နယ်တခုနန့်တခု၊ တိုင်းတတိုင်းနန့် တတိုင်းကို တညီတည်းလုပ်လို့မရ။ ယင်းပြည်နယ်တိ၊ တိုင်းတိမာဟိနီရေ သဘာဝသယံဇာတအရင်းအမြစ်တိ၊ ရင်းနှီးမြှုပ်နှံမှုတိနန့် ပြည်နယ်၊ တိုင်းအစိုးရတိ၏ စီမံခန့်ခွဲမှု၊ လုပ်ရည်ကိုင်ရည်မာ မူတည်ဘနာ ဆင်းရဲချမ်းသာ ကွာဟနီဖို့စွာက သေချာရေ။ ဗဟိုအစိုးရအနီနန့် ချမ်းသာရေပြည်နယ်က ဖေ့သျှာတိကို ဒမြတိုက်ဘနာ ဆင်းရဲရေပြည်နယ်တိကို ပီးခွင့်မဟိ။ ဂနိ ဒီမိုကရေစီစနစ် အမြစ်ကပင် နောင်းနီရေတိုင်းပြည်တိမာလေ့ ယင်းပိုင်ယာ။ ပြည်နယ်လောက်ကို မပြောကေ့၊ ခရိုင်တခုနန့် တခုတောင် စီးပွါးရေအခြေအနေ မတူဂတ်။

ယင်းပိုင်ဆိုကေ ဗမာပြည်မာ အတိုက်အခံလုပ်နီဂတ်တေ အောက်သားနတ်ယောင်ဂါးအုပ်စုတိနန့် တခြားတိုင်းရင်းသားတချို့ ဇာဖြစ်လို့ ဒီမိုကရေစီ၊ ဖက်ဒရယ်ဆိုစွာကို ငငမ်းတက်လို့ လိုချင်နီဂတ်လဲဆိုစွာကို မြင်ကတ်ဖို့ထင်ရေ။

ယင်းချင့်မာ တချို့နိုင်ငံရေး၊ တော်လှန်ရေးနာမေခံ ရခိုင်တချို့က “သူများယောင်လို့လိုက်ယောင်…အမောင် တောင်မှန်းမသိ၊ မြောက်မှန်းမသိ” နောက်က လိုက်အော်နီကတ်တေ။ ဖက်ဒရယ်စနစ်အကြောင်း စိချေထောက်ပြခီဂေ “ အောင်ဆန်း သဂျလီသံနန့်” လာ “ဟောင်”ရေ အကောင်တိက ဟိသိမ့်ရေ။ ယင်းပိုင်အကောင်တိကို ဖက်ဒရယ်စနစ်အကြောင်း မမီးခင် ဖက်ဒရယ်ဆိုရေစာလုံးကို အင်္ဂလိပ်ပိုင် မကြည့်ဘဲ တချက်ပေါင်းပြလို့ ပြောလိုက်ကေ နှိမ်ရေလို့ပြောဖို့။ မပြောယာ။

အေး…ဒေါသသံတိ ဟြိကိုဆက်ပါလားကေ မကောင်း။ ဒေလောက်နန့် တံ့လိုက်မေဖိ။ နောက်ဆုံး ပြောချင်စွာက “စနစ်ကို ယုံရေ၊ လူကို မယုံ” ။ ယုံရေလူတိ ရခိုင်ပြည်ကထွက်တေဆီကို ဖြည့်ဘနာ ယင်းကောင်တိမောင်းဖို့ ဖက်ဒရယ်ကားကြီးမာ နောက်ကတွဲလို့ လိုက်လီကတ်ဖိ………………။

Free4waddy

0 kommentarer:

About This Blog

About This Blog

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP