tirsdag 10. januar 2012

ဖေ့သျှာကို ဇာပိုင်သုံးဂတ်ဖို့လဲ

အမေရိကန်၊ ဥရောပရို့ပိုင် ချမ်းသာရေတိုင်းပြည်တိမာတောင် ဖေ့သျှာဒင်္ဂါး အကျပ်အတည်းပြဿနာတိ တရက်ထက်တရက် တိုးပွါးလာနီရေဆိုဂေ အကျွန်ရို့ပိုင် ကျွန်သဘောက်ဘ၀အောက်က ရခိုင်ပြည်သူ၊ ပြည်သားတိအတွက် တချက်ချေစိုင်းစားလို့ရာကြည့်လီကတ်ပါဖိ။ သွီးစုတ်ဖုတ်ကောင်နန့်တူရေ လူမျိုးခြားအစိုးရလက်အောက်မာ တိုင်းပြည်နန့်လူမျိုးအခြေအနေတိကို မျက်စိမာတချက်ချေ မြင်ကြည့်ကတ်ပါ။

အကျွန်က စီးပွါးရေးပညာသျှင်မဟုတ်ပါ။ ယကေလေ့ ကိုယ့်ပါတ်ဝန်းကျင်မာ လက်ဟိဖြစ်ပျက်နီကတ်စွာတိ၊ မြင်ရ၊ ကြားရစွာတိကို မျှဝီပီးချင်စွာပါရာ။ ဖေ့သျှာတိ ဘြန်းစီးကာရဖြစ်ရစွာရေ အဓိကလူတယောက်ချင်းစီ ကိုယ့်ဝင်ငွေနန့် ထွက်ငွေကို မျှတအောင် မစီစိုင်တတ်လို့ဖြစ်တေ။ ယင်းပိုင် ဖေ့သျှာဒင်္ဂါးတိကို စီမံခန့်ခွဲမှုညံ့ဖျင်းစွာရေ ယင်းချင့်နန့်ပါတ်သက်တေ အသိပညာတိ၊ အလေ့အကျင့်တိ၊ ပညာရပ်တိကို တစိချေတောင်မသင်ဖူးခ၊ မကြားဖူးခကတ်လို့ဖြစ်တေလို့ပြောဂေ မာန်မပါကတ်ကေ့။ ယင်းအထဲမာ ရခိုင်သားထဲက ရခိုင်သားဖြစ်တေ အကျွန်ကိုယ်တိုင်လေ့ ပါရေ။

အကျွန်ရို့တိပိုင် အောက်ခြီလူတန်းစားတိက ဒေပိုင်သျှောင်အကြောင်းခြင်းရာတိကို မသိနားမလည်ကေလေ့ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်တေအကောင်တိ စကေတဘွေနားလည်ကေ ဖာထီးပီးလို့ရနိုင်ရေ။ အဂုက ယင်းကောင်တိလေ့ ငါ့ယောင်၎င်း ဆိုခါ….နောက်တချက်က တိုင်းပြည်ဖေ့သျှာကို ယောက္ခမဘားက အမွီရရေဖေ့သျှာအထင်နန့် ထင်ပိုင်ဘုန်းနီကတ်တေ။ ထားလိုက်ပါ…ယင်းကောင်တိ အကြောင်းကို။ ကိုယ့်အကြောင်း ကိုယ်ဆက်ရွီးမေ……..း)

ပဌမအဆင့်အနီနန့် ဒေကကျောင်းတိမာ အချေ၊ ကျောင်းသားလူငယ်ချေတိကို ဇာပိုင်နည်းတိနန့် စီမံခန့်ခွဲတတ်အောင်လုပ်လားလဲဆိုစွာကို လေ့လာမိသလောက် တင်ပြပီးပါမေ။ စနစ်တကျ ပြုစုပျိုးထောင်ပီးရေနီရာမာ ဖေ့သျှာ၊ အချိန်၊ နိန့်စိုင်အလုပ်၊ ဟြိလုပ်ငန်းစိုင်…..အစဟိရေ အချက်တိ အားလုံးပါရေ။

အနောက်နိုင်ငံက တိုင်းပြည်တိမာ အချေတိကို ကျောင်းသားအရွယ်ကပင် ဖေ့သျှာကိုစနစ်တကျသုံးစွဲတတ်အောင် နည်းလမ်းတိသင်ပြပီးရေ။ ပြုစုပျိုးထောင်ပီးရေ။ ဥပမာတခုအနီနန့်ပြရဖို့ဆိုဂေ အရွယ်ရောက်လာရေ ကျောင်းသားတိကို အစိုးရက ကျောင်းတက်နီရေအချိန်မာ ဖေ့သျှာထောက်ပံ့ပီးရေ။ အခြီခံလိုအပ်ချက်တိနန့် မသုံးမဖြစ်သုံးကိုသုံးရဖို့စွာတိ (အိမ်လခ၊ အစားအသောက်ခ၊ ကားခ….အစဟိသဖြင့်) ကို တွက်ဘနာ ကွက်တိနီးပါးလောက် ပီးထားရေ။ ယင်းဇူးနန့် ဒေနိုင်ငံတိမာ ကျောင်းသားဘ၀စွာ အဆင်းရဲဆုံးဘ၀ဆိုဘနာ ပြောကတ်တေ။

အရာတခါ ဒေပိုင်အထောက်အပံ့ကိုလေ့ တနှစ်ပါတ်လုံး ပီးစွာမဟုတ်ဘဲနန့် ဇူလိုင်၊ သြဂတ်(စ်) နွီရာသီကျောင်းပိတ်ရက်တိမာ တပြားချေလေ့မပီးဘဲ ကျောင်းသားတိုင်းကို ကိုယ့်ထမင်းကိုကိုယ် ဟြာစားခိုင်းရေ။ ဒေနီရာမာ အကျွန်ရို့ယိုင်ကျေးမှုနန့် လုံးဝမတူစွာတခုကို သတိထားဖို့လိုရေ။ အကျွန်ရို့ ယိုင်ကျေးမှုမာက အစိုးရဘားကမပီးကေ မိဖအိမ်မာတက်စားပလိုက်မေ ဆိုဘနာ စိုင်းစားကတ်ဖို့။ ဒေမာက ယင်းပိုင်မဟုတ်။ အသက်(၁၈)နှစ်ပြည့်လို့ မိဖနန့်အတူတူမနီယာဆိုလောက်ကပင် ကိုယ့်လမ်းကိုကိုယ်လားကတ်စွာယာ။ တယောက်မာ ဖေ့သျှာမဟိကေ တယောက်ဘားကချီးရေ အလေ့အထစွာ ဒေသူရို့မာ မဟိ။ အမိအဖဘားကလေ့ မချီးပီး။ အမိအဖတိကိုယ်တိုင်ကလေ့ ဒေပိုင်အလေ့အကျင့်တိကို လေ့ကျင့်ပီးရေပိုင် သားသမီးတိကိုယ်တိုင်ကလေ့ မာန ထားဂတ်တေ။

ဖေ့သျှာတိကိုက ကျောင်းမဖွင့်ခင်ကပင် ကျောင်းမာလျှောက်ရရေ။ ကျောင်းဖွင့်လို့ တလကျော်လောက်ကြာမ ပဌမအသုတ်အနီနန့် ဖေ့သျှာအများစကေ စုဘနာတခေါက်လာရေ။ ပြီးခါမှ နောက်လတိမာ စကေစကေပြန်ဖြတ်လားယင်းနန့် လစိုင်ပုံမှန်ပြန်ပီးလားရေ။ ယင်းပိုင် ပဌမအသုတ်၊ ဒုတိယအသုတ် ဆိုဘနာ စာသင်နှစ်တနှစ်မာ (၂)ခါလောက် ထုတ်ပီးရေ။ ထုတ်ပီးရေအချိန်မာ ဖေ့သျှာအများကြီးဟိရေဆိုဘနာ တခါတည်းသုံးပလိုက်လို့မရ။ ယင်းရရေဖေ့သျှာတိကို စာသင်နှစ်တနှစ်လုံး ပုံမှန်ကျောင်းတက်နိုင်အောင် စီမံခန့်ခွဲရရေ။ လစိုင်နန့်အမျှ အိမ်လခ၊ မီးခ၊ အစားအသောက်ခ၊ ကားခ…အစဟိသဖြင့် သီးသန့်စီခွဲထားရရေ။ ကိုယ့်မာမဟိကေ ပြည်မာမဟိ လို့ပြောရေ ရခိုင်စကားပုံစွာ ဒေသူရို့နိုင်ငံတိမာ ကွက်တိလာဖြစ်နီရေ (ဘဏ်က ချီးလို့ရစွာမပါ)။

တခါက ငယ်သငယ်ချင်းမိတ်ဆွေအရင်းအချာတစု ခရီးလားဖို့ လိုင်းကားထက်ကိုတက်လာကတ်တေ။ ယင်းအထဲက တယောက်က ဖေ့သျှာအိတ်မိကျန်ခဘနာ ကားမောင်းလူကိုကားခမပီးနိုင်။ ယေခါ ယင်းသူက တယောက်ကိုလေ့အပူမကပ်ဘဲနန့် မင်းရို့လားလီကတ်ဖိ။ ငါ နောက်ကလိုက်ပါလတ်မေ ဆိုဘနာ ကားထက်ကပြန်ဆင်းလားခစွာကို မြင်ဖူးရေ။ ဒေနီရာမာ ဇာတိတွိရလဲဆိုကေ တယောက်ဘားကတယောက် မျက်နှာငယ်ခံလို့ ဖေ့သျှာမချီး၊ ကိုယ့်စွာကို တာဝန်ယူဝံ့ရေသတ္တိ….ယင်းပိုင်စွာချေတိကိုလေု့ တွိရရေ။

ယင်းပိုင်စိတ်ဓါတ်မျိုးတိဝင်နီအောင်လေ့ ယင်းသူရို့လူမှုပါတ်ဝန်းကျင်တိ၊ ကျောင်းတိက အသျှေဘ၀ ကျောင်းနီလောက်ကပင် ရိုက်သွင်းပီးထားရေ။
ယပြီးကေ အရာရာကို ကြိုတင်ပြင်ဆင်တတ်အောင် စနစ်တကျ သင်ပီးထားရေ။ ဥပမာ - ကျောင်းကနီ ခရီးတခုခုထွက်ဖို့ဟိရေဆိုကေ ယူလာရဖို့ပစ္စည်းချေတိ၊ အချိန်၊ နီရာ၊ အစားအသောက်၊ အ၀တ်အစား….အစဟိသဖြင့် စနစ်တကျနန့် ကြိုတင်အသိပီးထားရေ။ တခုခုမိကျန်ခလို့ လူများဘားက ယူသုံးလိုက်မေဆိုလို့မရ။ နောက်ဆုံး….ကျောင်းအားချိန်တိမာ အချေတိအတွက် ကဇတ်တေအချိန်တိဟိရေ။ ယင်းကဇတ်တေအချိန်မာ မကဇတ်ဘဲ စာသင်ခန်းထဲမာ ထိုင်ကျန်နီခလို့မရ။ ယင်းအချိန် ဒေါင် လို့တီးစွာနန့် လိုအပ်တေပစ္စည်းတိကိုယူဘနာ အားလုံးအပြင်ထွက်ဘနာ ကဇတ်ရရေ။ စာသင်ခန်းတိကိုလေ့ အားလုံးသော့ပိတ်ပလိုက်တေ။ တခုခုမိန့်ကျန်ခလို့ ပြန်ဝင်ယူချင်လို့ မရယာ။ ယင်း ဇူးနန့်အချေတိစွာ အခန်းထဲက မထွက်ခင်လောက်ကပင် ကိုယ့်မာဇာဇာလိုအပ်ဖို့လဲဆိုစွာကို ဂေါင်းထဲမာအစီအစိုင်ချဘနာ မှတ်ထားဂတ်ရရေ။ အစားအသောက်လိုဖို့လား၊ အုပ်ထုပ်လိုဖို့လား၊ ဖိနပ်လိုဖို့လား…..အစဟိသဖြင့်။

ဒေအလေ့အကျင့်ချေတိစွာ သမန်ကာလျှံကာကြည့်ကေ မသိသာနိုင်ကေလေ့ အချိန်ကြာလာစွာနန့်အမျှ ဘ၀တခုလုံးကိုဖြတ်သန်းလာရရေအချိန်မာ အရာရာကို ကြိုတင်ပြင်ဆင်တတ်တေအကျင့်တိက အလေ့အကျင့်ပိုင်ဖြစ်နီကတ်တေ။ ဇာအလုပ်ကိုပင်လုပ်လုပ် ကြိုတင်ပြင်ဆင်ထားရေလူနန့် ဖြစ်ကတတ်ဆန်း တပွဲထိုးလုပ်တေလူ ပြိုင်လာကေ ကြိုတင်ပြင်ဆင်ထားရေလူ သာစွာဂျေးယာ။ ဒေပိုင် အတုယူစရာကောင်းရေ စနစ်ချေတိကို ကိုယ်ရို့စာသင်ကျောင်းတိမာ ကိုယ်ရို့စွာကိုယ်ရို့ တခုပိုင်လေ့ မလုပ်နိုင်ခါ ကိုလိုနီတိသွင်းရေ မကောင်းရေစရိုက်တိကိုဂျေး အသွင်းခံနီကတ်ရရေ။ ယင်းပိုင် မကောင်းရေစရိုက်တိ၊ အသိဥာဏ်တိ၊ အတွေးအခေါ်တိကို သွတ်သွင်းခံထားဂတ်ဂလို့ ဂနိ ငရို့ရခိုင်တိ လူမျိုးတမျိုးလုံး ဖီးသင့်ရေပိုင် လူမျိုးခြားတိလုပ်ချင်ပိုင်လုပ်နီဂတ်စွာကို ခံနီဂတ်ရစွာဖြစ်တေ။ ဂနိလက်ဟိ ရခိုင်လူမှုအသိုင်းတိကြားထဲမာ ဖြစ်နီဂတ်တေ ပြဿနာတိအားလုံး၏ အရင်းအမြစ်စွာ ဒေအခြေခံကလာစွာတိဖြစ်တေ။(ဆက်ဖို့သိမ့်)

Free4waddy

Ingen kommentarer: