tirsdag 16. august 2011

ရန်ကုန်ချီး

အကျွန် အလယ်တန်းကျောင်းသားဘ၀က အဖြစ်အပျက်သျှေတခုဘာ….တရက်နိ စာသင်ခန်းထဲကို ကျောင်းသားသစ်ချေတယောက်ရောက်ပါလတ်တေ။ အတန်းပိုင်ဆရာမက ကျောင်းသားအားလုံးနန့် မိတ်ဆက်ပီးစွာက ဒေသူချေစွာ ရခိုင်ဖြစ်တေ။ ရန်ကုန် သာကေတ က ပြောင်းလာစွာဆိုဘနာ မိတ်ဆက်ပီးရေ။

ယင်းပိုင်နန့် ကျောင်းတက်လာကတ်စွာ တလကနှစ်လ၊ နှစ်လက သုံးလ ကြာပါလတ်ပြီးကေ အချင်းချင်းလေ့ စကေမီးထူးခေါ်ပြော အဆင့်ကိုရောက်ပါလတ်ကတ်တေ။ ယကေလေ့ free4waddy နားစွာ ယင်းသူပြောရေအောက်ချီးစကားသံတိကို ဂလန့်ဂျေးကြားရေ။ တခါတရီလေ့ ကျိပီကျိပက်ပိုင်ကြားရေ။ တခါလေ့ နားထဲကို တတည့်ဝင်လားခရေလို့မဟိ။ ဖလိသတ်၊ ဖလာသတ်ဝင်နီပိုင်ဂျေး ခံစားနီရရေ။

အောင့်ခံနီစွာ ကြာပါလတ်ခါ တရက်နိ ယင်းသူရို့စကားပြောနီဂတ်စွာမာ ယင်းသူကို တခုချေလေ့ မဆိုင်ဘဲနန့် စကားတခွန်းလားမီးလိုက်တေ -

“ ဝေး…မင်း သာကေတမာ နီခဘနာ ကောင်းအောက်ချီးစကားပြောဂါး။ ရန်ကုန်ရောက်ဖူးလား မင်း၊ ရန်ကုန်ချီးကိုကား မြင်ဖူးလား” ဆိုဘနာ မီးပလိုက်တေ။ ယင်းအချိန်မာ free4waddy က ရန်ကုန်ကိုမပြောကေ့ စစ်တွေကိုတောင် အလှပမရောက်ဖူးသိမ့်….းးးး))))။ ယကေ ဟိုသူကလေ့မခံ။ တယောက်နန့်တယောက် ရန်ဖြစ်ဖို့ပျင်ကတ်ဘနာ နောက်ဆုံး ဆရာမဘားကိုရောက်လားခရေ။

ယင်းဆရာမကလေ့ ဘာဘာနန့်မိတ်ဆွေဆိုခါ အားလုံးအကြောင်းသိ၊ အစင်းသိတိ။ ယင်းအချိန်က ဘာဘာလေ့ ရန်ကုန်မာသင်တန်းတက်နီလို့ အိမ်မာမဟိရေအချိန်။ ဆရာမက အထက်မာဖြစ်ပျက်ခရေ ပြဿနာတိကို စစ်ဘနာ နောက်ဆုံး အကျွန့်ကို ဆုံးမလိုက်စွာက -

“ယင်းသူက ရန်ကုန်ကလာစွာဖြစ်လို့ ရန်ကုန်ချီးကို မြင်ဖူးရေ။ နင်မမြင်ဖူးသိမ့်ဆိုဂေ နင့်ဖအဂုရန်ကုန်မာဟိမလား၊ နင့်ဖ ပြန်လာခါ ရန်ကုန်ချီးတထုပ် ပလစတစ်အိတ်ချေနန့် ထုပ်ယူခလို့ မှာလိုက်” လတ်။

ယင်းနိကဘင်စလို့ အခန်းထဲမာ free4waddy ကို ချစ်ကတ်တေ ကလိမေချေတိက free4waddy လာစွာမြင်ဂေ မကြားတကြားနန့် “ ထော…ထော…ရန်ကုန်ချီးလာယာထော….”ဆိုဘနာ ပြောဂတ်စွာတိကို နားထဲမာ ကြားမိယင်း……………………………

အားလုံးပျော်ဟြွင်နိုင်ဂတ်ပါဇီ……..

Free4waddy

0 kommentarer:

About This Blog

About This Blog

  © Free Blogger Templates Spain by Ourblogtemplates.com 2008

Back to TOP