lørdag 31. mai 2014

ရခိုင်ပြည်က သင်္ကြန်အကြောင်း





ရခိုင်ပြည်မြောက်ပိုင်းက သင်္ကြန်အကြောင်းကို ရခိုင်ပြည်တောင်ဖက်ပိုင်းက ညီအကိုမောင်နှမတိကို စိချေ ဖောက်သေချလိုက်မေ...။

အကျွန်ရို့ဘားမာ သင်္ကြန်ကျစွာ တမြို့နန့်တမြို့ မတူကတ်ပါ။ အပါးဆုံးဥပမာ ပြရဖို့ဆိုကေ စစ်တွေကစလို့ ပြပါမေ။ ဒေနိန့်ခါ စစ်တွေမာ သင်္ကြန်အကျ ဆိုကေ အကျွန်ရို့ ရသေ့တောင်မာ နက်ဖန်ခါမ သင်္ကြန်ကျပါရေ။ ဘူးသီးတောင်မာ သန်ဖက်နိန့်ခါ မကျပါရေ။ မောင်တောမာ အဖီးနိန့်ခါမ ကျပါရေ။ ဒေချင့်စွာ နှစ်စိုင်နှစ်တိုင်း ပုံမှန်ကျကတ်စွာပါချင့်။ ယင်းဇူးနန့် စစ်တွေမာ ကျပြီးကေ ရသေ့တောင်၊ ရသေ့တောင်မာ ကျပြီးကေ ဘူးသီးတောင်၊ ဘူးသီးတောင်မာ ကျပြီးကေ မောင်တော မြို့ရိုတိကို ပတ်ဘနာသင်္ကြန်ချဖို့ တောင်ပိုင်းကလူတိကို ဖိတ်ခေါ်လိုက်ပါရေ။

အရာ ယင်းထက်ပျော်ဖို့ကောင်းစွာဟိပါသိမ့်ရေ။ အကျွန်ရို့ ရသေ့တောင်မြို့နယ် မယူကမ်းက သင်္ကြန်ပွဲပါ။ မယူကမ်းမာ ရွာပေါင်းဇာလောက်ဟိလဲဆိုစွာကိုတော့ အကျွန်အသေအချာ မမှတ်မိပါ။ အကျွန်မှတ်မိသလောက်ပြောရဖို့ဆိုကေ မယူကမ်းတောင်ဖက်အစွန်းဆုံး အငူမော်ကုန်တန်းရွာက နီဘနာ ရသေ့တောင်မြို့နယ်အဆုံး မြောက်ဖက်အစွန်းဆုံး ဆင်အိုးရွာထိ အနည်းဆုံးမဟိဆိုကေလေ့ ရွာပေါင်းရာနန့်ချီလို့ဟိပါရေ။ ယင်းတကမ်းလုံးမာ တရွာကိုတရက် အလှည့်ကျစနစ်နန့် မိုးမကျ မချင်း၊ လယ်မထွန်မချင်း သင်္ကြန်ပွဲကို ချကတ်ပါရေ။

အယင်ခါ ရခိုင်ပြည်မာ ဘားဘူဟိယင့် ဆန်ဟိယင့်၊ ဒိုင်းကျီဟိယင့် ရီဟိယင့်ဆိုပိုင်...ဒေပိုင်ချစ်ဖို့ကောင်းရေ ယိုင်ကျေးမှုတိကို ပိုင်ဆိုင်နိုင်ခကတ်ကေလေ့...ဒေနိ အောက်သားတိလက်အောက်မာ ငရို့အမျိုးတိ သင်္ကြန်ပင် ချနိုင်ကတ်သိမ့်ယင့်လား မဆိုနိုင်ယာ...........

Free4waddy

Ingen kommentarer: