torsdag 5. juni 2014

ရခိုင်ပြည်သို့ အလည်တခေါက်



ရခိုင်ပြည်သို့ အလည်တခေါက် အပိုင်း(၁)

စစချင်း ဆောက်နန့်ထွင်း.....ဆိုရေပိုင် ဗီဇာစလို့လျှောက်တေလောက်ကပင် ပြဿနာတထွီးနန့်။ ထိုင်းသံရုံး websit မာ ဗီဇာလျှောက်ခ ဒေါ်လာ(၃၀) ဆိုဘနာ ရွီးထားရေ။ ယင်းသူရို့ရွီးထားရေအတိုင်း ဗီဇာလျှောက်လွှာ၊ လေယာဉ်လက်မှတ်၊ ပစပို့၊ ပစပို့ဓါတ်ပုံ(၂)ပုံနန့် နော်ဝေးခရိုနာ(၂၀၀)၊ ဗီဇာနန့် ပစပို့ကိုအကျွန့်ပါးသို့ပြန်ပို့ဖို့ စာအိတ်အပိုတအိပ်ထည့်ဘနာ (၂)ပါတ်လောက် ကြိုဘနာစာတိုက်က ပို့လိုက်တေ။ လေယာဉ်က ဇွန်လ(၂၉)ရက်နိန့် နိန့်ခင်း တနာရီမာကွင်းချိန်း။ (၂၈)ရက်နိန့်ထိ ဗီဇာနန့် ပစပို့ကို ထိုင်းသံရုံးက ပြန်မပို့။ အကျွန် ဖုန်းဆက်ခါမ ဗီဇာကြေး နော်ဝေခရိုနာ (၂၅၀) မပြည့်လို့ မပီးလတ်။ ဟိုနှစ်တိက ထိုင်းကိုလာဖို့လူမဟိလို့ ဗီဇာခ(၂၀၀) ထည့်ပီးလိုက်စွာကိုတောင် တပြားလေ့မယူဘဲ စာတိုက်ကပြန်ထည့်ပီးလိုက်တေ။ ကိုယ့်အမှားလား သူရို့အမှားလားတော့ မသိယာ။

ယင်းပိုင်နန့် အော်စလိုမာဟိရေ ညမချေတင်တင်ထက်ကို အသဲအသန်ဖုန်းဆက်ဘနာ အကျိုးအကြောင်းပြောပြရေ။ သူ့မာလေ့ အချေတဖက်နန့် မအား။ ယကေလေ့ မအားရေကြားထဲက ဖေ့သျှာ ခရိုနာ(၅၀)ကို သံရုံးမာလားဘနာ ထုတ်ပီးရေ။ သူကလေ့ စာတိုက်မာ အလုပ်လုပ်နီရေဆိုခါ အယင်ဆုံးရောက်နိုင်ဖို့နည်းနန့် အကျွန့်ပါးကိုပို့ပီးလိုက်တေ။ လေယာဉ်ကွင်းချိန်းအချိန်အမီ စာတိုက်က မမတယောက်လာပို့လားရေ။ ဒေပိုင်ကူညီပီးလို့ ကျေးဇူးကဘာလောက်တင်ရေ တင်တင်ထက်..............

လေယာဉ်ကမိုးထဖက်(၆)ချက်တီး Bergen airport က စထွက်ဖို့ဆိုခါ မိုးလင်းအာရုံ(၃)ချက်တီးလောက်ကပင်ထရရေ။ ယင်းလောက်စစောကြီး မြို့ထဲကို တခုလိုင်းကားလေ့မဟိ။ တက္ကစီကို ဖုန်းဆက်ခေါ်ဘနာ မြို့ထဲကိုလား၊ မြို့ထဲကမတဆင့် လီယဉ်ပျံကွင်းကို Bus ကားနန့်လား။
လေယာဉ်က မိုးထ(၆)ချက်တီးမာ နော်ဝေက နယ်သာလန်၊ အမ်မစတာဒန်ကွင်းကို စထွက်တေ။ နယ်သာလန်မာ တနားချေတံ့ဘနာ့ ပြင်သစ်၊ ပဲရစ်လေဆိပ်ကို ဆက်ပျံရေ။ ပဲရစ်မာ တနားချေ တံ့ဘနာ ဘန်ကောက်ကို ဆက်ပျံရေ။ ဘန်ကောက်၊ သုဝဏဘူမိကွင်းကို နောက်နိန့် မိုးထဖက် (၆) ချက်တီးလောက်မာ ရောက်လားရေ။ လီယာဉ်ကွင်းမာ အိမ်သျှင်မနန့် သူ့အဖော်တယောက်လာစောင့်နီရေ။ လေယာဉ်ကွင်းကတဆင့် တည်းနီကျဟော်တည် ကိုလားကတ်တေ။ ဟော်တည်မာ စားသောက်ပြီးစွာနန့် ဟော်တည်ဟြိကလမ်းကိုထွက်ဘနာ သရီဖနပ်တရံဝယ်လိုက်တေ။ ဘုတ်ဖနပ်တိ ဂျင်းဘောင်းဘီတိ အပူဒါဏ်ကို မခံနိုင်ယာ။

လူက ဘန်ကောက်မာ၊ စိတ်က ရခိုင်ပြည်ကိုရောက်ပစ်ချင်မချိယာ။ အယင်ရောက်ချင်ဇောနန့် အသိတယောက်ကို ဘန်ကောက်ဗမာသံရုံးမာ ဗီဇာချေယက်ချေရနိုင်ဖို့လား စုံစမ်းခိုင်းလိုက်တေ။ သတောင်းစားတိပီးလိုက်တေအဖြေက " နိုး " လတ်။ ယင်းကောင်တိ နိုးလို့ ပြောလိုက်ကေလေ့ အကျွန်ကစထွက်လာရေ လောက်ကပင် ရခိုင်ပြည်ကို တတည့်မရကေ ဘေးသတ်၊ စောင်းဂန်း၊ ဖလဖြတ် ရရေနည်းနန့် ကျချင်ပိုင်ကျလီ ၀င်လီဖို့ယာဆိုစွာကို ဆုံးဖြတ်ပြီးသားလာစွာ။ ယင်းလောက်စွာမာ မယားက ဘန်ကောက်မာ နှစ်ရက်၊ သုံးရက် နားဖို့သိမ့်လတ်။ အကျွန်က ဖြစ်နိုင်ကေ တစိလေ့ မတံ့ဘဲ ရခိုင်ပြည်ကို လားပစ်ချင်ယာ။ အကျွန့်စိတ်က ဘန်ကောက်မာ နီဖို့အတူတူ အနည်းဆုံး မဲဆောက်မာဟိနီရေ ရဲဖော်တိနန့်ရာ စားအတူ၊ သောက်အတူ အချိန်တိကို ဖြုန်းပစ်ချင်ရေ။ ယင်းပိုင်နန့် ဘန်ကောက်မာ တညဥ့်အိပ်ဘနာ နောက်နိန့်ညဥ့် ဘန်ကောက်က မဲဆောက်ကို လိုင်းကားနန့်ထွက်ပါလတ်တေ။
နောက်နိန့်မိုးလင်းအာရုံမာ မဲဆောက်ကို ရောက်ပါလတ်တေ။ မဲဆောက်မာ ဟြိဆက်ဖို့ခရီးစိုင်အတွက် လူကြီးတိနန့်တိုင်ပင်ကတ်တေ။ ပြည်ထဲမာ ရန်ကုန်-စစ်တွေကို လီယိုင်နန့်မလားရဘဲ ကားနန့်ရာလားရဖို့ကေ အချိန် (၄-၅)ရက် လမ်းမာ ပုပ်လားဖို့။ လီယိုင်လက်မှတ်တခုချေလောက်ရနိုင်အောင် ကြိုးစားကတ်တေ။ နောက်ဆုံး ဒုဥက္ကဌ ခိုင်စိုးနိုင်အောင် အကူအညီနန့် အပြင်းပြင်း ရန်ကုန်-စစ်တွေ လေယာဉ်လက်မှတ်ရရေ။ ပြည်ထဲက ၀ိုင်းဝန်းကူညီပီးကတ်တေ လူကြီးတိကိုလေ့ ကကောင်းကျေးဇူးတင်ပါရေ။ ဒေနီရာမာ နာမေနန့်တကွ ဖော်ပြပီးချင်ကေလေ့ မဖော်ပြလိုက်စွာကို နားလည်ခွင့်လွှတ်နိုင်ဖို့ထင်ပါရေ။


ရခိုင်ပြည်သို့ အလည်တခေါက် အပိုင်း(၂)

အိမ်ပြန်ချင်ဇောနန့်  မိုးထအိပ်ရာကထရေလောက်ကပင် လာခေါ်ဖို့ကားဆရာကို ထိုင်စောင့်နီစွာ မိုးထ(၁၀)ချက်တီးလောက်မ ကားဆရာကမန်းကတန်းရောက်ချလာရေ။ ကားဆရာရောက်တေဆိုစွာနန့် အထုပ်အပိုးတိကို ကားထက်တင်ကေ မြ၀တီကို စထွက်ကတ်တေ။ ကားဆရာက မြ၀တီ-မဲဆောက်တံတားထက်က ကားကိုမောင်းဝင်လားပြီးကေ အကျွန်ရို့က လောင်းနန့်မြ၀တီဖက်ကမ်းကို ကူးကတ်တေ။ မြ၀တီဂိတ်ပေါက်မာ ကားဆရာလာစောင့်နီပြီးကေ စားဖို့သောက်ဖို့ မြ၀တီက ရခိုင်စားသောက်ဆိုင်တဆိုင်ကိုလားကတ်တေ။ ယင်းဆိုင်မာ မိုးထစာ စားသောက်ပြီးစွာနန့် ကားကိုဆီဖြည့်ရေ။ လူဆီတိ ရိက္ခာဖြည့်ကတ်တေ။ ယင်းအချိန်လောက်ကပင် လမ်းမာတလမ်းလုံး သခြင်းတိကိုဇကုန်ဖွင့်ဘနာ သောင်းကျန်းပါလတ်ကတ်စွာ ကော့ကရိတ်မြို့နယ်ထဲက ထမင်းဆိုင်တဆိုင်မာ တံ့ဘနာ ညစာစားကတ်တေ။ ရန်ကုန်ကို ညဥ့်ခါဖက်သား ရောက်တေ။ သံလျင်က ကားဆရာအိမ်မာ တညဥ့်အိပ်ကတ်တေ။ မိုးလင်းခါမ တည်းဖို့၊ လေယာဉ်လက်မှတ်လုပ်ပီးဖို့အိမ်ကို လိုက်ပို့ပီးရေ။ လေယာဉ်လက်မှတ်ကိုစောင့်ယင်းနန့် သင်္ကန်းကျွန်းက အိမ်သျှင်မအမျိုးတိအိမ်မာ (၂)ရက်လောက်စောင့်လိုက်ရရေ။

နောက်တရက်နိန့် အခင်ကြီး သိန်းကျော်က လေယာဉ်လက်မှတ်အဆင်ပြေယာ။ အဲယားမန္တလေးကောင်တာမာ ကလိမေချေနာမေကို မီးဘနာ လားယူလိုက်ပါဆိုဘနာ ဖုန်းဆက်လာရေ။ သင်္ကန်းကျွန်းအိမ်ကကားနန့် လေယာဉ်ကွင်းထိလိုက်ပို့ရေ။ လေယာဉ်လက်မှတ်ယူရဖို့နီရာရောက်လားခစွာနန့် အကျွန်က ဖားပြုတ်ကေမြို့တက်လာစွာပိုင် ကြောင်တိကြောင်တောင် ဖြစ်နီရေ။ ယူနီဖောင်းတိကလေ့ အမျိုးမျိုး၊ ဘေးနားပတ်ဝန်းကျင်ကလူတိလေ့ ကိုယ့်ကိုမယုံသင်္ခါမျက်လုံးတိနန့် ကြည့်နီရေပိုင် ခံစားရရေ။ ယင်းအတွက်နန့် လေယာဉ်လက်မှတ်ကိစ္စတိအားလုံးကို အိမ်သျှင်မကိုလုပ်ခိုင်းလိုက်ဘနာ ဂျောင်ကျကျချေတနီရာမာ လားထိုင်နီရေ။ ကံကောင်းလို့ လေယာဉ်လက်မှတ်ကိစ္စတိ အားလုံးအဆင်ပြေလာရေ။ တယောက်ကို (၈၀၀၀၀)၊ ၂ ယောက်စာ (၁၆၀၀၀၀) ကျရေ။ အရာတခုကံကောင်းစွာက မဲဆောက်ကပင် ရန်ကုန်ထိကားအတူတူစီးလာကတ်တေ ရသေ့တောင်က အကောင်ချေတယောက်လေ့ လေယာဉ်ကွင်းမာပြန်ဖို့ အတူတူလာတွိရေ။ ယင်းသူချေက လားနီကျဆိုခါ လမ်းကြောင်းတိ၊ အထာတိအားလုံးသိရေ။

လေယာဉ်ပျံ ရခိုင်ပြည်ကိုရောက်လို့ စစ်တွေမြို့ထက်မာ ၀ဲနီရေခါ မြင်ကွင်းတိ၊ သဘာဝရှုခင်းတိကိုကြည့်ဘနာ အလိုလိုဝမ်းနည်းချင်ပိုင် တွိပါလတ်တေ။ ယကေလေ့ မျက်ရည်တော့ မကျ။ စစ်တွေမြို့ကို ညဥ့်ခင်းသား (၂)ချက်တီးခွဲ လောက်မာရောက်တယ်။ ရသေ့တောင်က အကောင်ချေက " အကို ဒေအချိန်ဆိုကေ ရချမ်းပြင် စက်လှေမီသိမ့်ရေ၊ ကျနော်ဖုန်းဆက်ထားလိုက်ယာ" လတ်။ (၂၃)နှစ်နန့် (၂)လ ၀ီးနီရေအိမ်ကို ရောက်ပစ်ချင် မချိယာ။ ယပိုင်ဆိုကေ စစ်တွေမာ ညဥ့်မအိပ်ယာဝေး...ကားတစီးကြည့်ငှားလိုက်။ ရချမ်းပြင်ကို ဆင်းကတ်မေလို့ပြောလိုက်တေ။ ကားတစီး (၈၀၀၀)နန့် ငှားလိုက်ဘနာ ဆင်းဖို့ပျင်နီကတ်တုန်း ဟြိကဖြတ်လားရေကားတစီးကို မျက်စိထဲမာ ဟြိတ်ခနဲမြင်လိုက်တေ။ ကားဂေါင်းခန်းမာထိုင်လိုက်လာရေ ကလိမေချေကိုလေ့ ချက်ချင်းမှတ်မိလိုက်ပြီးကေ........ဟေးးးးးးးးးးးးးးးးးးးးးးးးးး ဆိုဘနာ အော်တိုမက်တစ် လက်ပြမိပြီးသား ဖြစ်လားခရေ။

ယင်းကလိမေချေကတော့ ဇာတ်လိုက်မ Small Khine ဖြစ်နီရေ။ ဒေနိန့် ဒေလောက်ယာ...အရာကျန်စွာ နောက်ခါဆက်မေ...း)


ရခိုင်ပြည်သို့ အလည်တခေါက် အပိုင်း(၃)

လူ(၃)ယောက် ကားတစီးကို (၈၀၀၀)နန့် ငှားဘနာ ရချမ်းပြင်ဆိပ်ကို တန်းဘနာဆင်းလားခကတ်တေ။ စစ်တွေမြို့အလှတိကို ကားထက်က စကေရာခံစားဖို့ရခရေ။ ယကေလေ့ အားလုံးပြောင်းလဲလားခလို့ ဇာနီရာရောက်လို့ ရောက်မှန်းမသိပိုင် ခံစားရရေ။ ရချမ်းပြင်ဆိပ်မာ ကားထက်ကဆင်းစွာနန့် အချေတိပြီးပါလတ်တေ။ အထုပ်တိကို သူ့ထက်ငါအယင်လုကတ်တေ။ အကျွန်ရို့မာပါရေအထုပ်တိက လင်မယား(၂)ယောက်ပေါင်းထည့်လာစွာဖြစ်လို့ တော်ရုံသေတ္တာထက်ကြီးရေ။ အသျှေတိက ယင်းအကြီးသန်ကို ဖေ့သျှာအများရအောင် လုကတ်တေ။ အကျွန်က အထုပ်အငယ်ချေတိကို အသျှေတိကို ပီးလိုက်ဘနာ ယင်းအထုပ်ကြီးကို ကိုယ့်စွာကိုယ်ထမ်းချရေ။ အချေတိကို သနားလို့။ အသျှေတိကို ဖေ့သျှာအိမ်ရှင်မပီးလိုက်တေ မြင်ယင့်။ ဇာလောက်ပီးလိုက်လဲတော့ မသိ။

ယင်းစက်လှေက ရသေ့တောင်မြို့ထက်က စက်လှေဆိုခါ အသိချေ ယက်ချေတွိဖို့လား စက်လှေကို အထက်အောက်တပါတ် ပတ်ကြည့်ပလိုက်တေ။ လူတိမျက်နှာကို မြင်ဖူးယောင်တွိမိကေလေ့ တယောက်ကိုလေ့ မှတ်မရ။ အကျွန့်ကိုလေ့ တယောက်လေ့ နှုတ်ဆက်ဖို့လူမဟိ။ ယင်းပိုင်နန့် ကုန်းထက်ကိုပြန်တက်လာဘနာ ရသေ့တောင်ကအကောင်ချေနန့် ၀ီစကီတပြားသောက်ကတ်တေ။ မယားကတော့ ဘေးနားက နခေါင်းရှုံ့နီရေး) ယင်းဆိုင်မာလေ့ စက်လှေနန့်လိုက်ဖို့ ရသေ့တောင်ကလူတိ ရရောင်းသတ်ဘနာ စကားပြောနီကတ်တေ။ တယောက်ကို တယောက်မှတ်မရကတ်။

နောက်ဆုံး စက်လှေထက်ကိုရောက်လို့ ပတ်ဝန်းကျင်ရှုခင်းတိကိုမြင်ရအောင်ဆိုဘနာ အခေါင်ထက်ကလိုက်တေ။ ယင်းခါမှ ရသေ့တောင်က အကောင်ချေက မိတ်ဆက်ပီးရေ.....လွန်းးးးးးးးးးးးးးး အားလုံးကိုယ့်လူတိ။ လမ်းမာ အိမ်သျှင်မကတော့ ၀မ်းဆာချင် ဆာလီဖို့။ တခုခု စားချင်ကေ စားပလင့်လို့ပြောကေလေ့ သူကမစား။ အကျွန်ကတော့ ရန်ကုန်ကထွက်လာလောက်ကပင် စိတ်ဆုံးဖြတ်ပြီးသား။ နှစ်ပေါင်း (၂၀)ကျော် ငတ်မွတ်တမ်းတနီခရရေ မေမေလက်ရာထမင်းကို အိမ်ရောက်မစားဖို့။ လမ်းမာ တခုလေ့မစားဆိုဘနာ။

ဆက်ဖို့သိမ့် (ဟြည်လားကေ ဖတ်ဖို့လူ ဟိဖို့မဟုတ်) :D


 ရခိုင်ပြည်သို့အလည်တခေါက် အပိုင်း (၄)

ရသေ့တောင်ကို ညဥ့်(၈)ချက်တီးလောက်မာ ရောက်လားခရေ။ စက်လှေဆိပ်မာ ညီမတိလာစောင့်နီကတ်တေ။ အကျွန်တခါလေ့ မမြင်ဖူးရေ အာဂန္တုချေ (၂)ယောက်လဲ ပါလာရေ။ အကျွန့်ကို အခင်ကြီးးးးးးးးအခင်ကြီးလတ်.......အကျွန့်တူချေတိ။ ကဂေါင်းချစ်ဖို့ကောင်းရေ။ စကားပြောကေ အသူ့ကိုပင်ဖြစ်ဖြစ် " ပါ " နန့်ပြောကတ်တေ။ စက်လှေဆိပ်နန့် အကျွန်ရို့အိမ်က လမ်းလျှောက်ကေ (၁၅)မိနစ်လောက်ဆိုကေ ရောက်နိုင်ရေ။

လမ်းမာ အမျိုးအိမ်တိ၊ အသိမိတ်ဆွေတိကို မာကြောင်း၊ သာကြောင်း သတင်းမီးဘနာ လားပလိုက်စွာ နောက်ဆုံးအကျွန့်ပါပါချေက " ဝေးးးးးးးးးးး မီးမနီကေ့ဖိ....မဟုတ်ကေ မင်းဒေညဥ့် အိမ်ကိုရောက်လီဖို့မဟုတ်ယာ...လားဖိ...လားဖိ" ဆိုဘနာ ဟန့်ပလိုက်မ မမိုက်စစမ်းနန့် အိမ်ကိုရောက်လားခရေ။ လမ်းတိမာ မီးတလုံးလဲမဟိ။ မိုးခါလေ့ မိုးခါဆိုခါ မိုးမှောင်လေ့ ကျရေ။ ငါ ဒေပိုင်ပြောကေ ကျော်ကျော်မင်း(မီးမှူး) အကျွန့်ကို နခေါင်းငိုဖို့သိမ့်။ အကျွန့်သငယ်ချင်း အရင်းခေါက်ခေါက်၊ အချေကပင် အတူတူကျောင်းတက်ဖက်ဖြစ်လို့ ပြောစွာရာ။ ယင်းသူကို ဟြိဆိုင်လဲပြောခရေ။ မင်း မီးမှူးဖြစ်မ ငရို့လမ်းတိမာ မီးတလုံးလေ့ မဟိလိုက်ယာ ဆိုဘနာ...... :D

အရာဆက်ဖို့သိမ့်...စောင့်ဖတ်ကတ်နန်း၊ နောက်အပါတ်ဆိုကေ ဒေပိုင်ရွီးချင်မ ရွီးနိုင်ဖို့ယာ...


ရခိုင်ပြည်သို့ အလည်တခေါက် အပိုင်း(၅)

မိုးလင်းစွာနန့်အိမ်ဟြိကမုန့်တီဆိုင်မာ မုန့်တီတခွက်သောက်ပြီးကေ အိမ်နားပါတ်ဝန်းက လူတိကို လိုက်နှုတ်ဆက်တေ။ " ငရို့ထင်ယင့်ဒေ.......ဒေအိမ်မာ ညက အာဂန္တုတယောက်ရောက်တေ" ဆိုဘနာ ပြန်ပြောကတ်တေ။ အေးဟုတ်တေ...ယင်းချင့် အကျွန်ယေ...အာဂန္တုမဟုတ်....ရွာသား ဆိုဘနာ ပြန်ပြောလိုက်တေ။

ပြီးကေ အကျွန့်ကို (၉)တန်းနှစ်ကပင် ခရာတေးသင်ပီးခရေ အကျွန့်ဝရီး(ဆရာ) နန့် လားတွိရေ။ ယကေ ညစာသား လမ်းလျှောက်ထွက်ကတ်မေဝေး ဆိုဘနာပြောလို့ နာရီခွဲလောက် လမ်းထွက်လျှောက်ပလိုက်ကတ်ပြီးကေ လမ်းလျှောက်လို့အပြန်မာ ပုံမှန်လမ်းမဟုတ်တေ လမ်းတလမ်းက အကျွန်ကိုခေါ်လားရေ။ ရသေ့တောင်မြို့ သောက်ရီကန်ဘောင်နန့် အထက်တန်းကျောင်းလမ်းကြားက အနောက်ဖက်ကို လားရေလမ်းက ခေါ်ယူလားခရေ။
" ယော်....ခင်ခင်..ဇာလုပ်ဖို့လားလဲ ဒေလမ်းကို...ဟြက်ပင်တိစူး၊ ရီတိ၊ ကျုပ်တိများနန့်" ဆိုဘနာ အကျွန်ကမီးခါ " မင်းကိုငါ ပြစရာဟိရေလတ်" မင်းဘာကြီးကြားချင်နီရေ အပိုဒ်ရောက်ဖို့ယာဒေ............ :D

ယင်းပိုင်နန့် ရသေ့တောင်စေတီအောက်က အကျွန်ရို့အချေခါ ဇီးသီးလားခူးစားနီရေ ခြံတခြံကိုရောက်လားခရေ။ ယင်းခြံထဲမှာ တည်းချေတလုံးဟိရေ။ စေတီတောင်အောက်မာ ဘောလုံးလာကျောက်ကတ်တေ လူငယ်ချေတိလေ့ ဟိရေ။ တဲထဲမာ ပေါင်းအိုးတိ၊ ငါးကင်ချေတိ၊ ခရုပေါ်ဟင်းရည်သောက်ချေတိ......

ယင်းခြံချေနားကိုရောက်စွာနန့် အကျွန့်ဝရီးက အကျွန့်ကို သတိပီးရေ။ " ဝေး မထိုင်ကေ့...မထိုင်ကေ့....ထိုင်ကေ ချီးထုပ်တိမကန်လာဘနာ ထလို့ရောက်ဖို့မဟုတ်ဒေ" လတ်။ ယင်းတဲချေထဲကို ၀င်စွာနန့် " ဟေး......ငရို့အတွက် ဖန်ခွက်(၂)ခွက်ထည့်၊ စားစရာဇာဟိလဲ ဆိုဘနာ ဆိုင်သည်မကိုပြောလိုက်တေ။ ခရုပေါ်ချေဟိပါရေ ယူပါဖို့လား မီးစွာနန့် အေး တခွက်ပီးဆိုဘနာ ပြောလိုက်တေ။ မထိုင်ကေ့ဆိုရေအတိုင်း ယင်းရောက်လာရေ ဖန်ခွက်(၂)ခွက်ကို ရပ်စောက်မော့ဘနာ ခရုပေါ်ချေကို မြည်းယင်း တခြားဝိုင်းတိမဟိရေဖက်က ခွီးပိုင်ခြံဖောက်ဘနာ ပြန်ပြီးလာကတ်တေ.......


ရခိုင်ပြည်သို့ အလည်တခေါက် အပိုင်း(၆)

ယင်းပိုင် ခွီးထွက်ပေါက်ကထွက်လာပြီးကေ တူဝရီးနှစ်ယောက် စကားချေ တပြောပြောနန့် လမ်းလျှောက်ဘနာ အိမ်ပြန်လာကတ်တေ။ လမ်းမာ မယူမြစ်က ကွန်ပစ်ဘနာတက်လာရေ ကျောင်းနီဖက်သငယ်ချင်းတယောက်နန့်တွိရေ။ ငါ ဒေငါးတိကို မြို့ထဲမာရောင်းဖို့လားဖို့ ပျင်နီစွာဒေ.... မင်းဝယ်လီဖိ...ငါ မြို့ထဲကို မလားယာ။ ငသတစ်ချေ လက်ဝါးပြားလောက်တကောင်...ဟိုအရောရော ဒေ အရောရော ငါးချေ တကောင်နှစ်ကောင်...ကုလားပုဇွန်ချေ သုံးလေးကောင်....ဇာလောက်ပီးရဖို့လဲဆိုမာ တထောင်ပီးလီလတ်။ အကျွန်လေ့ အိတ်ထဲမာ ဖေ့သျှာအဆင်သင့်ပါစွာနန့် တပြားလေ့ မပြတ်ခ...

ယေတောင် အကျွန့်သငယ်ချင်းက ကုလားပုဇွန် နှစ်ကောင် သုံးကောင်ကို ချန်ထားချင်သိမ့်ရေ။ အကျွန်ကတော့ ချန်ချန် မချန်ချန် တခုလေ့ မပြော။ အကျွန့်ဝရီးက ဘေးကနီဘနာ " အူး......ယင်းပုဇွန်တိကိုပါ ထည့်ပီးလိုက်ပါဝေ" ပြောလို့ ထည့်ပီးလိုက်တေ။ အိမ်ကိုပြန်ရောက်ကေ ချက်စားရေ။ ငါ့ဝထု တပိုဒ်ဆုံးယာ............

Free4waddy

Ingen kommentarer: