အချိန်က ၂၀၀၁-၂၀၀၂
ပတ်ဝန်းကျင်လောက်။ နီရာက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့။ တိုက်ပွဲကျရေအခန်းက
ဗိုလ်မှူးကြီး စောတူးတူးလေး အခန်း......။ အကျွန်က အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု
ရုံးတာဝန်ခံ၊ ဗိုလ်မှူးကြီး စောထူးထူးလေးက KNU တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)၊
အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်။
တရက်နိန့် IDPs (Internal
Displace Peoples) ကိစ္စနန့် ထုတ်ပြန်ကြေငြာချက်တခု ထုတ်ဖို့ပျင်ကတ်တေ။
ယင်းထုတ်ပြန်ကြေငြာချက် မူကြမ်းမာ " အကြပ်အတည်း" ဆိုဘနာ ရွီးထားရေ။
အကျွန်က အကြပ်အတည်းမဟုတ်၊ အကျပ်အတည်းရာ ဖြစ်သင့်ရေဆိုဘနာ အကြံပီးရေ။
ဗိုလ်မှူးကြီးကလေ့ ရှေ့နေဆိုခါ အကျွန်ပြောစွာကို လက်မခံ။ အကျွန်က "
ကြပ်" ဆိုရေ အဓိပ္ပါယ်ရေ ကြီးကြပ်၊ ကြပ်မတ်၊ တပ်ကြပ်....စရေ အဓိပ္ပါယ်မျိုး
သက်ရောက်ပြီးကေ "ကျပ်" ဆိုစွာက လားဖို့လာဖို့မရ ကျပ်တေ၊ အကျဉ်းအကျပ်
အဓိပ္ပါယ်သက်ရောက်ရေအကြာင်းတိကို ယှင်းပြရေ။ ယကေလေ့ သူကလက်မခံ။
ယင်းပိုင်ငြင်းယက်ပင်း နောက်ဆုံးတခြားလူတိကို လှမ်းမီးဖို့ သဖောတူညီချက်ရကတ်တေ။
ပဌမဆုံး ကရင်စာရွီးဆရာ
ရဲဖော်ချောင်း(ပဒို မန်းငြိမ်းမောင်)ကို ဖုန်းခေါ်ဘနာ မီးရေ။ ပဒို
မန်းငြိမ်းမောင်ကလေ့ " ကြပ်" လတ်။ အရာတခါ ဒုတိယ ကရင်စာရွီးဆရာမ
ခိုင်မာကျော်ဇောကို လှမ်းမီးရေ။ သူကလေ့ " ကြပ်" လတ်။ ကရင်တိတောမာ
ရခိုင်တကောင်တည်း ၃ ယောက်တယောက် တခုပိုင်လေ့ မလှန်နိုင်ခဘဲ
ကိုယ့်ဖက်ကမှန်နီယင့်သားနန့် လက်မြှောက်အယှူံးပီးလိုက်ရရေ။
အယှူံးပီးလိုက်ရကေလေ့
ရင်ဖတ်ထဲမာ အခဲတခဲ မကြီနိုင်ဘဲ ကျန်နီခရေ။ ယင်းပိုင်နန့် နောက်(၃-၄)လ
လောက်ကြာရေခါ...တရက်နိန့် ပဒိုမန်းငြိမ်းမောင်က " ခိုင်ထွန်းထွန်း..ဖထီးကို
အိမ်တခေါက် လိုက်ပို့ပီးလို့ရဖို့လား" ဆိုဘနာ မီးလာရေ။ အကျွန်ကလေ့ ရပါရေ။
ဖထီးလားချင်ရေ အချိန်လိုက်ပို့ပီးမေလို့ ပြောလိုက်တေ။ အိမ်ကိုပြန်ပို့ယင်း
လမ်းတ၀က်လောက်မာ စာအုပ်ဆိုင်တဆိုင်မာ တချက်ချေတံ့ကတ်တေ။ ယင်းဆိုင်မာ မြန်မာစာ
အဘိဓါန်စာအုပ်ကိုမြင်စွာနန့် ဒါဏ်ရာဟောင်းက ပြန်ပေါ်လာရေ။
အကျွန်ယင်းစာအုပ်ကို
ချက်ချင်းကောက်ကိုင်ဘနာ ကြပ်၊ ကျပ် ဝေါဟာရအဓိပ္ပါယ်ကို အယင်လိုက်ဟြာလိုက်တေ။
တွိစွာနန့် ပဒိုမန်းငြိမ်းမောင်ကို " ဖထီး အယင် (၃-၄)လ လောက်က
ဗိုလ်မှူးကြီးစောထူးထူးလေးဖုန်းဆက်ဘနာ မီးစွာကို ပြန်လို့အတွက်ဖော်ပီးလိုက်တေ။ ယပြီးကေ....ယားးးးဒေမာကြည့်ဆိုဘနာ
ပြလိုက်တေ။
တခါတရီ ရီများကေ
ရီနိုင်၊ မီးများကေ မီးနိုင် လို့ အဆိုဟိကေလေ့ အမှန်တရားဆိုစွာ
တနိန့်မဟုတ်ကေတနိန့် နိုင်ဖို့ကျိန်းသီရေဆိုစွာကို လက်တွိပြလိုက်တေ။
အားလုံးကိုလေးစားစွာနန့်
-
Free4waddy
Ingen kommentarer:
Legg inn en kommentar