torsdag 5. juni 2014

ကျူးဘားတော်လှန်ရေးနန့် ရခိုင့်တော်လှန်ရေးကို စိချေလေ့လာသုံးသပ်ကြည့်ခြင်း





ကျူးဘားက ကတ်စထရိုဂေါင်းဆောင်ရေ ကျူးဘားတော်လှန်ရေးနန့် ရခိုင်ပြည်က ဥက္ကဌကြီးခိုင်မိုးလင်းဂေါင်းဆောင်ရေ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ရို့စွာ တော်လှန်ရေးအခြီခံသဖောတရားတိ၊ ခံယူချက်တိ၊ လုပ်ပုံကိုင်ပုံတိမာ များသောအားဖြင့် တူညီနီစွာကို တွိရရေ။ ယင်းဇူးနန့် ယင်းအချိန်က ဥက္ကဌခိုင်မိုးလင်းအပါအ၀င် ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဂေါင်းဆောင်ပိုင်းတိရေ ကတ်စထရိုအကြောင်းတိကို လေ့လာလီခကတ်လီဖို့လို့ ယူဆလို့ရရေ။

ဒေနီရာမာ တူညီစွာတိ ဟိရေပိုင် မတူညီစွာတိလေ့ ဟိရေ။ အားသာချက်တိ ဟိရေပိုင် အားနည်းချက်တိလေ့ ဟိရေ။ တူညီစွာတိကို အကြမ်းဖျင်းပြောရဖို့ဆိုကေ တော်လှန်ရေးအခြေခံသဖောတရားတိ၊ စွန့်လွှတ်အနစ်နာခံမှုတိ၊ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကလွဲလို့ တခြားမဟိ ဆိုရေ ခံယူချက်တိဖြစ်တေ။

မတူညီစွာက ဇာလဲဆိုကေ ကတ်စထရိုဂေါင်းဆောင်ရေ တော်လှန်ရေးက ကိုယ့်အမျိုးသားအချင်းချင်း၊ ကိုယ့်တိုင်းပြည်ထဲက အစိုးရတရပ်ကို ဖြုတ်ချဖို့တော်လှန်ရစွာဖြစ်တေ။ ကိုယ့်အမျိုးသားအချင်းချင်းဆိုကေလေ့ ယင်းအချိန်က အာဏာရှင် ဘာတစ္စတာအစိုးရ၊ အမေရိကန်လက်ကိုင်ဒုတ် အစိုးရကို ဖြုတ်ချနိုင်ဘနာ တိုင်းပြည်ကိုပြန်လို့ နလန်ထူလာအောင် လုပ်ဖို့စွာလောက်ရာဖြစ်ပြီးကေ ဥက္ကဌခိုင်မိုးလင်းဂေါင်းဆောင်ရေ ရခိုင်ပြည်လွတ်မြောက်ရေးပါတီနန့် တပ်မတော်က တိုင်းတပါးက မတရားကျူးကျော်သိမ်းပိုက် အုပ်ချုပ်ထားရေ အောက်သားတိကို ရခိုင်ပြည်က ပြန်လို့မောင်းထုတ်ဘနာ လွတ်လပ်တေရခိုင့်သမတနိုင်ငံထူထောင်ဖို့စွာ ဖြစ်တေ။
ကျူးဘားတော်လှန်ရေးစွာ ကျူးဘားပြည်၊ အိုရီယန်တေပြည်နယ်ထဲက ဆီးယားရားတောင်ထက်မာ အခြီစိုက်လှုပ်ယှားနိုင်ခကေလေ့ ရခိုင်ပြည်တော်လှန်ရေးစွာ ဂနိထက်ထိပြည်တွင်းထဲမာ အခြီမစိုက်နိုင်သိမ့်စွာရေ အားနည်းချက်တခုဖြစ်တေ။ ပြည်တွင်းထဲမာရာ အခြီစိုက်လို့ လှုပ်ယှားနိုင်ခကေ ဂနိလက်ဟိရခိုင်သားတိပိုင် နိုင်ငံရေးနိုးကြားလာစွာတိနန့်ပေါင်းစုလိုက်နိုင်ကေ အောက်သားစစ်တပ်ကအကောင်တိ ခြံပြင်ကိုတောင် ထွက်ဝံ့လီဖို့မထင်။

နောက်တခု အရိုးသားဆုံးဝန်ခံရကေ ကတ်စထရိုနန့် ရခိုင်ဂေါင်းဆောင်တိကြားမာ ပညာကွာလားရေ။ ကတ်စထရိုက ပြည်သူကြားထဲက ပြည်သူတိခံစားချက်ကို ထပ်တူထပ်မျှသိရေ။ ထပ်တူထပ်မျှခံစားရေ။ အတိအကျပြောရကေ တောသူတောင်သား လယ်သမား အခြီခံလူတန်းစားတိဘ၀ကို ပိုလို့သိရေ။ ရခိုင်တော်လှန်ရေး ပြည်ထဲမာ အခြီမစိုက်နိုင်လို့ ပြည်သူတိနန့် ကင်းကွာရေ။ ပြည်သူတိကို အသိပညာ မပီးနိုင်။ ဒေချင့်စွာ ရခိုင့်တော်လှန်ရေးအတွက် အဓိကအားနည်းချက်လို့ ဆိုကေတောင်ရရေ။

ကတ်စထရို ဆိုရေလူစွာ ပညာအရာမာ အစိုးရကို တရားလိုဘ၀က အော်တိုမက်တစ် တရားခံဘ၀ကိုရောက်လားအောင်ထိ တရားရုံးမာ ပြောဆိုချေပနိုင်စွမ်းဟိရေ။ သူ့ ချေပချက်တိစွာ ကမ္ဘာကျော်လားရေ။

လက်နက်ခဲယမ်းဆိုကေလေ့ ယင်းအချိန်က တောင်အမေရိကတိုက်ရို့မာ ဖေ့သျှာဟိကေ ကြိုက်သလောက်ဝယ်လို့ရရေ။ ရခိုင်ပြည်မာ သနပ်တလက် ကျည်ဆံတတောင့်ရဖို့စွာ ဇာလောက်ခက်ခဲလဲဆိုစွာ လူတိုင်းသိရေ။

ယကေလေ့ ဇာပိုင်ပင်ဖြစ်ဖြစ် ငရို့ အောက်သားကျွန်ဘ၀က တနိန့်နိန့် လွတ်ကိုလွတ်မြောက်ရဖို့ဆိုစွာကို ယုံကြည်ထားရေ။ အကျွန်ယုံကြည်ရေပိုင် ဒေမာဟိရေလူတိ၊ ရခိုင်ပြည်မာ ဟိရေလူတိ၊ ကမ္ဘာအနှံ့မာ ပြန့်ကြဲနီကတ်တေ ရခိုင်တိအားလုံး ယုံကြည်လာရေတနိန့်......ငရို့တိ အောက်သားလက်အောက်မာနီလို့ တခုပိုင်လေ့ လူမဖြစ်ယာလို့ သိရေနိန့်.....ရခိုင့်သမတနိုင်ငံအလံကို အိမ်တိုင်းမာ လွှင့်ရေနိန့်ပါယေ.....။

အားလုံးကိုလေးစားစွာနန့် -
Free4waddy

Ingen kommentarer: